မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

ရက်​စက်​လိုက်​ကြတာဗျာ

ဖော်ထုတ်ပေးကြပါ




လောကတ္ထစရိယ

Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
ရက်စက်လိုက်ကြတာဗျာ
၂၅.၂.၂၀၁၈ (မိုးကောင်းမြို့)

ဖော်ထုတ်ပေးကြပါ
ရက်စက် ယုတ်မာ လွန်းတယ်ဗျာ

မိုးကောင်းမြို့ အောင်မင်္ဂလာ ရေရှင်အုပ်စု ဦးအိုက်ကွမ်း+ဒေါ်မြရင်တို့၏ သမီး လေးတန်းကျောင်းသူ အသက် (၁၂) နှစ်ခန့် မမိုးမိုးအေး (ခ) မအေမွှေး သည် ထင်းခုတ်သွားစဉ် တောထဲ၌ အတင်းအဓ္ဓမ ကာမရယူခံရကာ လယ်ပင်းပျက်ရှ၊ ညာဖက်ခါး၊ ဝိုက်းဗိုက်၊ ရင်ညွန့်၊ နောက်ကျော၊ လက်၊ ပေါင် များတွင် ထိုးသွင်းဒဏ်ရာများဖြင့် ရက်စက်စွာလူသတ် ကျူ းလွန်ခံရမှု ဖြစ်ပွား၊

ဖြစ်စဉ်မှာ ၂၅.၂.၂၀၁၈ ရက် နံနက်ပိုင်းတွင် မောင်နှမနှစ်ဦး တောထဲသို့ ထင်းခွေသွားရင်း အမဖြစ်သူ မမိုးမိုးအေး (ခ) မအေမွှေး (၁၂)နှစ်သည် ရေဆာ၍ လယ်တဲသို့ ရေသွားသောက်စဉ် ပြန်မလာ၍ လိုက်ရှာသောအခါ နံနက် ၁၁ နာရီ ခန့်တွင် အမဖြစ်သူ သေဆုံးနေကြောင်း မောင်ဖြစ်သူမှ တွေ့ရှိ အကြောင်းကြားလာပါသည်။

ထိုဖြစ်စဉ်နှင်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးအား လေးစားသောသူ များအနေဖြင့် လည်း ဖြစ်စဉ်အမှန်အားရဲတပ်ဖွဲ့သို့ကူညီသတင်းပေးပို့ ကြပါရန်နှင့် အဆိုပါသက်ငယ်မုဒိမ်း လူသတ်မှုဖြစ်စဉ်အား စောင့်ကြည့်လေ့လာပြီး အမှုမှန်ပေါ်ပေါက်စေရန် ပြစ်မှုကျူ းလွန်ခဲ့သူအား ထိရောက်စွာအရေးယူနိုင်ရန် စောင့်ကြည့်ကူညီသတင်းမျှဝေပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

လောကတ္ထစရိယ
အခမဲ့ လူမှုကူညီရေးအသင်း
မိုးကောင်းမြို့၊ ကချင်ပြည်နယ်

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top