ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ဳိးသမီးေတြအေနနဲ႔ အသက္ ၁၃ ႏွစ္နဲ႔ ၁၅ ႏွစ္ၾကားမွာ ဓမၼတာ စတင္ေပၚ ေပါက္ေလ့ရွိပါတယ္။ တခ်ဳိ႕တေလကေတာ့ ဒီအသက္ထက္ေစာၿပီး ဓမၼတာလာတေတြ ရွိသလုိ အသက္ ၁၈ ႏွစ္ေလာက္မွ ဓမၼတာ စတင္လာသူေတြလည္း ရိွပါတယ္။ သင္ရဲ႕ ပထမဆံုးဓမၼတာလာတဲ့အသက္အရြယ္က သင့္မွာ တျခားက်န္းမာေရး ျပႆနာ ျဖစ္ႏုိင္ေျခ ရွိ မရွိနဲ႔ တျခားက်န္းမာေရးအေျခအေနကုိ ေျပာျပႏုိင္ပါတယ္။

၁။ သင့္ခႏၶာကုိယ္အေလးခ်ိန္ေပၚမွာ သက္ေရာက္မႈရွိျခင္း
သုေတသနျပဳသူေတြက ဓမၼတာေစာေစာလာသူေတြဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ကုိယ္အေလးခ်ိန္ျမင့္တက္လာႏုိင္သလုိ အသက္ႀကီးလာတဲ့အခါမွာလည္း အ၀လြန္ေရာဂါျဖစ္ႏုိင္ေျခ ျမင့္မားတယ္လုိ႔ ထုတ္ေဖာ္ထားပါတယ္။ က်န္းမာေရးကၽြမ္းက်င္သူေတြကလည္း ေစာေစာစီးစီး ဓမၼတာလာသူေတြက BMI ကုိယ္အေလးခ်ိန္စံၫႊန္းျမင့္တယ္လုိ႔ ယံုၾကည္ထားၾကပါတယ္။

၂။ ႏွလံုးက်န္းမာေရးေပၚ သက္ေရာက္မႈရွိျခင္း
အသက္ ၁၀ ႏွစ္မတုိင္ခင္ ဒါမွမဟုတ္ အသက္ ၁၇ ႏွစ္ေနာက္ပုိင္းမွာမွ ဓမၼတာ စတင္လာသူေတြက ႏွလံုးေရာဂါျဖစ္ႏုိင္ေျခ အလြန္ျမင့္မားတယ္လုိ႔ သုေတသီေတြ က ထုတ္ေဖာ္ထားပါတယ္။ ဒါ့အျပင္ ေလျဖတ္ႏုိင္ေျခနဲ႔ ေသြးဖိအားျမင့္မားႏုိင္ေျခလည္း ရွိပါတယ္။ အသက္ ၁၃ ႏွစ္အရြယ္မွာ ဓမၼတာစတင္လာသူေတြက ႏွလံုးေရာဂါျဖစ္ႏုိင္ ေျခအလြန္နည္းပါးပါတယ္တဲ့။

၃။ ဆီးခ်ဳိေရာဂါျဖစ္ႏုိင္ေျခေပၚ သက္ေရာက္မႈရွိျခင္း
အသက္ငယ္ငယ္နဲ႔ ဓမၼတာစတင္လာသူေတြက အမ်ဳိးအစား (၂) ဆီးခ်ဳိေရာဂါ ျဖစ္ႏုိင္ေျခ အလြန္ျမင့္မားပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ အပ်ဳိျဖစ္သူေတြက BMI ျမင့္မားတာနဲ႔ ဆက္စပ္မႈရွိတဲ့အတြက္ အမ်ဳိးအစား(၂) ဆီးခ်ဳိေရာဂါျဖစ္ႏုိင္ေျချမင့္တယ္လုိ႔ ဆုိပါတယ္။ ဒါ့အျပင္ အပ်ဳိေဖာ္၀င္ခ်ိန္မွာ ေဟာ္မုန္းေျပာင္းလဲမႈမ်ားတဲ့အတြက္ အင္ဆူလင္ခံႏုိင္ရည္ရွိမႈကလည္း ျမင့္မားသြားတာေၾကာင့္ပါ။

၄။ ကုိယ္၀န္ေပၚ သက္ေရာက္မႈရွိျခင္း
ငယ္ငယ္ရြယ္ရြယ္နဲ႔ အပ်ဳိျဖစ္သူေတြက ကုိယ္၀န္ေဆာင္ေနာက္ဆက္တြဲဆုိးက်ဳိး အလြန္ျမင့္မားပါတယ္။ ကုိယ္၀န္ဆိပ္တက္ႏုိင္ေျခမ်ားတဲ့အျပင္ ဒီျပႆနာကုိ ကုသမႈမခံယူခဲ့ရင္ မိခင္ေရာ၊ ကေလးမွာပါ အသက္အႏၲရာယ္ရွိႏုိင္ပါတယ္။

၅။ သားျမတ္ကင္ဆာျဖစ္ႏုိင္ေျခအေပၚ သက္ေရာက္မႈရွိျခင္း
အသက္ ၁၂ ႏွစ္မတုိင္ခင္မွာ အပ်ဳိေဖာ္၀င္သူေတြအေနနဲ႔ သားျမတ္ကင္ဆာျဖစ္ႏုိင္ေျခ ၂၀ ရာခုိင္ႏႈန္းျမင့္မားတယ္လုိ႔ သုေတသီေတြက ထုတ္ေဖာ္ထားပါတယ္။

သင္အပ်ဳိေဖာ္၀င္စအရြယ္ကုိ သင့္ဘာသာသင္ သတ္မွတ္လုိ႔ မရပါဘူး။ ဒါ့အျပင္ သင္ဟာ အသက္ ၁၀ ႏွစ္ ဒါမွမဟုတ္ ၁၈ ႏွစ္အရြယ္မွာပဲ အပ်ဳိေဖာ္စ၀င္တာျဖစ္ခဲ့ရင္ေတာင္ ဒီေရာဂါေတြအားလံုးရမယ္လုိ႔လည္း ေသခ်ာေပါက္မေျပာႏုိင္ပါဘူး။ ေဆးလိပ္ေသာက္တာနဲ႔ အထုိင္မ်ားတဲ့ ဘ၀ေနထုိင္မႈပံုစံလုိမ်ဳိး က်န္းမာေရးနဲ႔ မညီၫြတ္မွသာ ျဖစ္ႏုိင္ေျခ ပုိမ်ားသြားႏုိင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ဘ၀ေနထုိင္မႈပံုစံ၊ စားေသာက္မႈပံုစံေတြကုိ လိုက္နာက်င့္သံုးၿပီး ပံုမွန္ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ပါ။ ဒါ့အျပင္ ဖ်ားနာတာျဖစ္ခဲ့ရင္ အခ်ိန္ေစာင့္မေနဘဲ ဆရာ၀န္နဲ႔ ခ်က္ခ်င္း ေဆြးေႏြးတုိင္ပင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခင္မုိးမုိး
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေအနေနဲ့ အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြားမှာ ဓမ္မတာ စတင်ပေါ် ပေါက်လေ့ရှိပါတယ်။ တချို့တလေကတော့ ဒီအသက်ထက်စောပြီး ဓမ္မတာလာတတွေ ရှိသလို အသက် ၁၈ နှစ်လောက်မှ ဓမ္မတာ စတင်လာသူတွေလည်း ရှိပါတယ်။ သင်ရဲ့ ပထမဆုံးဓမ္မတာလာတဲ့အသက်အရွယ်က သင့်မှာ တခြားကျန်းမာရေး ပြဿနာ ဖြစ်နိုင်ခြေ ရှိ မရှိနဲ့ တခြားကျန်းမာရေးအခြေအနေကို ပြောပြနိုင်ပါတယ်။

၁။ သင့်ခန္ဓာကိုယ်အလေးချိန်ပေါ်မှာ သက်ရောက်မှုရှိခြင်း
သုတေသနပြုသူတွေက ဓမ္မတာစောစောလာသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်အလေးချိန်မြင့်တက်လာနိုင်သလို အသက်ကြီးလာတဲ့အခါမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ထုတ်ဖော်ထားပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူတွေကလည်း စောစောစီးစီး ဓမ္မတာလာသူတွေက BMI ကိုယ်အလေးချိန်စံညွှန်းမြင့်တယ်လို့ ယုံကြည်ထားကြပါတယ်။

၂။ နှလုံးကျန်းမာရေးပေါ် သက်ရောက်မှုရှိခြင်း
အသက် ၁၀ နှစ်မတိုင်ခင် ဒါမှမဟုတ် အသက် ၁၇ နှစ်နောက်ပိုင်းမှာမှ ဓမ္မတာ စတင်လာသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားတယ်လို့ သုတေသီတွေ က ထုတ်ဖော်ထားပါတယ်။ ဒါ့အပြင် လေဖြတ်နိုင်ခြေနဲ့ သွေးဖိအားမြင့်မားနိုင်ခြေလည်း ရှိပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ ဓမ္မတာစတင်လာသူတွေက နှလုံးရောဂါဖြစ်နိုင် ခြေအလွန်နည်းပါးပါတယ်တဲ့။

၃။ ဆီးချိုရောဂါဖြစ်နိုင်ခြေပေါ် သက်ရောက်မှုရှိခြင်း
အသက်ငယ်ငယ်နဲ့ ဓမ္မတာစတင်လာသူတွေက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အပျိုဖြစ်သူတွေက BMI မြင့်မားတာနဲ့ ဆက်စပ်မှုရှိတဲ့အတွက် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပျိုဖော်ဝင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုများတဲ့အတွက် အင်ဆူလင်ခံနိုင်ရည်ရှိမှုကလည်း မြင့်မားသွားတာကြောင့်ပါ။

၄။ ကိုယ်ဝန်ပေါ် သက်ရောက်မှုရှိခြင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ အပျိုဖြစ်သူတွေက ကိုယ်ဝန်ဆောင်နောက်ဆက်တွဲဆိုးကျိုး အလွန်မြင့်မားပါတယ်။ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေများတဲ့အပြင် ဒီပြဿနာကို ကုသမှုမခံယူခဲ့ရင် မိခင်ရော၊ ကလေးမှာပါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

၅။ သားမြတ်ကင်ဆာဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုရှိခြင်း
အသက် ၁၂ နှစ်မတိုင်ခင်မှာ အပျိုဖော်ဝင်သူတွေအနေနဲ့ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းမြင့်မားတယ်လို့ သုတေသီတွေက ထုတ်ဖော်ထားပါတယ်။

သင်အပျိုဖော်ဝင်စအရွယ်ကို သင့်ဘာသာသင် သတ်မှတ်လို့ မရပါဘူး။ ဒါ့အပြင် သင်ဟာ အသက် ၁၀ နှစ် ဒါမှမဟုတ် ၁၈ နှစ်အရွယ်မှာပဲ အပျိုဖော်စဝင်တာဖြစ်ခဲ့ရင်တောင် ဒီရောဂါတွေအားလုံးရမယ်လို့လည်း သေချာပေါက်မပြောနိုင်ပါဘူး။ ဆေးလိပ်သောက်တာနဲ့ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံလိုမျိုး ကျန်းမာရေးနဲ့ မညီညွတ်မှသာ ဖြစ်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကို လိုက်နာကျင့်သုံးပြီး ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပါ။ ဒါ့အပြင် ဖျားနာတာဖြစ်ခဲ့ရင် အချိန်စောင့်မနေဘဲ ဆရာဝန်နဲ့ ချက်ချင်း ဆွေးနွေးတိုင်ပင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာခင်မိုးမိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top