ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တံတားေတြမွာအေစာင့္ေတြရွိတယ္ျကားဖူးတယ္ဟုတ္ ဒါကတျခားမဟုတ္ဘူး ေနစရာေနရာအပိုင္ေပးျပီး အေစာင့္လုပ္ခိုင္းထားတဲ႔ သရဲတစ္မ်ိဳးပါပဲ တေစၧနဲ႔သရဲ ကြာျခားခ်က္ကိုသိျကပါသလား က်မထင္တာကေတာ့ တေစၧကေတာ့ လူဘဝကေန ကူးေျပာင္းျပီး လူ႕ဘဝကအမွတ္တရေတြ မေမ့ေသးတဲ႔ လူစ္တ္မေပ်ာက္ေသးတဲ႔ ပရေလာကသားေပါ့ သရဲကေတာ့ အရုိင္းစိတ္ဝင္ေနျပီး လူေတြကိုဒုကၡေပးခ်င္တဲ႔ ပရေလာကသားလို႔ထင္ပါတယ္ က်မအျမင္ေျပာတာပါ က်မေျပာျပခ်င္တာက တံတားေစာင့္ဆိုတာ သရဲပါပဲ က်မတို႔အရင္က ျမိတ္မွာ အိုးလုပ္ျပင္ဆိုတဲ႔ေနရာတစ္ခုရွိပါတယ္ တံတားေတြကိုယ္ပိုင္ေဆာက္ျကတယ္ ေလွေတြကမ္းကပ္ဖို႔လုပ္ထားတဲ႔ရပ္ကြက္ေပါ့ ဒီေနရာမွာဆို စက္ေလွနဲ႔ပတ္သက္တဲ႔ဆိုင္ေတြ လူေတြပဲ အေတြ႔ရမ်ားပါတယ္ က်မတို႔ကုမၸဏီပိုင္တံတားတစ္စင္းရွိခဲ႔ဖူးပါတယ္ ရွိခဲ႔ဖူးတယ္ဆိုတာက ။

အခုမပိုင္ဆိုင္ေတာ့လို႔ ရွိခဲ႔ဖူးတယ္လို႔ သံုးႏႈန္းျခင္းျဖစ္ပါတယ္ ၂၀၀၅ ဒီဇင္ဘာမွာ ျမိတ္ျမိဳ႔မွာ မီးအျကီးအက်ယ္ေလာင္ျပီး ျမိတ္ျမိဳ႔တစ္ဝက္ျပာပံုကိုျဖစ္ကေရာ က်မတို႔တံတားလည္းပါေရာ တရားက်စရာကိုျဖစ္လို႔ အင္း ေျပာခ်င္တာက ပိုင္ဆိုင္ခဲ႔တဲ႔အခ်ိနိတုန္းက တံတားေစာင့္အေျကာင္းေပါ့ ဒီလိုပါ က်မတို႔က ငါးဖမ္းစက္ေလွေတြလည္းလုပ္ပါတယ္ ဒီေတာ့ ပင္လယ္ျပင္ကလာျပီဆို တံတားမွာ လူကိုစည္လို႔ ငါးေစ်းဒိုင္အျကီးတစ္ခုလိုေပါ့ ဖမ္းလာသမ်ွေတြကို အမ်ိဳးအစားခြဲတယ္ ဆိုဒ္ခြဲတယ္ Class ခြဲတယ္ ကီလိုခ်ိန္တယ္ ေစ်းျဖတ္တယ္ ေရာင္းတယ္ ဒီလိုမ်ိဳးအခ်ိန္ဆို လူေတြ အစံုအကုန္ေတြ႔ရတတ္တယ္ က်မတို႔ဒီလိုသာလုပ္ေနရင္း ေျခာက္လေျမာက္ေလာက္မွာ က်မအေမေမာင္ေပါ့ သူက ငါးဖမ္းစက္ေလွမွာ လိုက္တာေပါ့ အေဖကလည္း သူ႔ေယာက္ဖေတြ အကုန္ သူ႔အလုပ္ထဲထည့္တာ ငါးဖမ္းစင္ေလွဝင္လာျပီဆို သူတို႔မိန္းမေတြက ပင္လယ္ျပင္ကလာတဲ႔ေယာက်ာ္းကိုလာျကိုျကတာေပါ့

 ဒါနဲ႔ အလုပ္ေတြျပီးေတာ့ ဦးေလးကလည္း သူ႔မိန္းမကို ဆိုင္ကယ္ေပၚတင္ျပန္မယ္ေပါ့ ဒါနဲ႔ သူ႔မိန္းမကိုဆိုင္ကယ္ေပၚတင္ေတာ့ အရမ္းပိန္းပါးလြန္းတဲ႔ သူ႔မိန္းမဟာ အရင္ကနဲ႔ကိုမတူေအာင္ သူတက္လိုက္တာနဲ႔ ဆိုင္ကယ္က အိက်သြားေရာ ဒါနဲ႔ သူလည္းသိပ္သတိမထားမိပါဘူး ဆိုင္ပ ကယ္ကေလးကိုစီး အခ်စ္ကေလးကိုတင္ေပါ့ လာရင္းနဲ႔ သူကစကားေတြေျပာလာတာ ဟိုက အင္း အင္း အင္းနဲ႔ ပဲ ပါလာတာ ျမိဳ႔သစ္တံတားအေက်ာ္ေလာက္မွာ ကုန္းေက်ာ္တံတားေလးတစ္ခုရွိတယ္ ကုန္းေလးအေက်ာ္ေရာက္ေရာ ဒုန္းကနဲ အသံျကားတယ္ ဒါေပမယ့္ သူကဘာမွန္းမသိဘူး ေနာက္ေတာ္ေတာ္လွမ္းလွမ္းေရာက္ေတာ့ အေနာက္လွည့္ျကည့္ေတာ့ သူ႔မိန္းမမရွိေတာ့ဘူး သူလည္း ဟာကနဲ ျဖစ္သြားေရာ ဆိုင္ကယ္ အေနာက္ျပန္ေကြ႔ေတာ့ ကုန္းေက်ာ္တံတားအနားလမ္းေဘးေလးမွာ ေခြေခြကေလး သူ႔မိန္းမကိုေတြ႔ေရာ သူကျပာသြားတာေပါ့ သူျပန္ေျပာျပတာက အဲ႔တုန္းက သူ႔ဆိုင္ကယ္က သူ႕မိန္းမက်သြားခ်ိန္မွာေတာင္ မေပါ့သြားဘူးတဲ႔ ေနာက္ေတာ့ အသံအရမ္းတိတ္သြားလို႔ လွည့္ုျကည့္မွ မရွိမွန္းသိတာ ဦးေလးလည္း လဲက်ေနတဲ႔ သူ႔မိန္းမကို တြဲျပီးဆိုင္ကယ္ေပၚတင္တဲ႔အခ်ိန္မွာ ဇာတ္လမ္းစတာပဲ အေဒၚဟာ တဟီးဟီးနဲ႔ စ ညည္းေနေတာ့ နာလို႔ပဲထင္ေနတာ ေနာက္ေတာ့ ေခါင္းကကိုင္းတိုင္းတိုင္းနဲ႔ ဦးေလးကေတာ့ ဘာျဖစ္မွန္းမသိတာ အိမ္ကိုေခၚလာေတာ့ အခန္းထဲတန္းဝင္သြားတာ ေယာက်ာ္းကိုေရာ သမီးေလးကိုပါ အကပ္မခံဘူး ဦးေလးလည္းထူးဆန္းတယ္ပဲ စိတ္ထဲထင္ေနတာ

သူထင္တာက ဆိုင္ကယ္ေပၚကက်သြားလို႕ သူ႔ကိုစိတ္ေကာက္တယ္ပဲထင္ေနတာ ဒါနဲ႔ သူကဘာမွမေျပာေတာ့ဘူး ဘုရားစင္ေရွ႔မွာ သမီးေလးနဲ႔အိပ္ေနတာ ညက်ေတာ့ ေနာက္ေဖးကေန အသံျကားေတာ့ထျကည့္တာ အားလားလား သူ႔မိန္းမ ေလွေပၚကယူလာတဲ႔ ငါးေတြ အစိမ္းတိုင္းျကီးစားေနတာ ငါးကြန္းရွပ္ ( ဘိတ္အေခၚ ဘီးဇင္းေပါ့ ) ေခါင္းကေနစားတာ အရုိးပါဝါးလို႔ သူလည္းေျကာင္သြားျပီး သူ႔မိန္းမကို ျကည့္ေတာ့လည္း ငါးေခါင္းျကီး က်ြတ္က်ြတ္ဝါးလို႔ သူက ထေအာ္တာေပါ့ မင္းဘာျဖစ္တာလဲ ဘာလုပ္တာလဲ ဘာလို႕စားတာလဲ လို႔ေမးေတာ့ သူဗိုက္ဆာလို႔တဲ႔ ျပန္ေျဖတာကေယာက်ာ္းသံျကီး ျပီးေတာ့ေျပာလိုက္ေသးတယ္ နင္တို႔တံတားမွာ ငါေစာင့္တာျကာျပီ ငါ့ကိုအစာလည္းမေက်ြးဘူး ငါဆာတယ္တဲ႔

ဒီေတာ့မွ ဦးေလးက တစ္ခုခုေတာ့မွားေနျပီဆိုေတာ့ မိန္းမကို ပါးခ်ေရာ တကယ္ေတာ့ လန္႔လြန္းလို႔လုပ္လိုက္တာ က်မေျပာဖူးတယ္ေလ ျမိတ္မွာ ညဆို တိတ္ဆိတ္ေရာလို႕ ဒီေတာ့ ဒီလိုညနက္ျကီး ဒီလိုျမင္ရေတာ့ ေသြးပ်က္တာေပါ့ ေနာက္သူက သရဲေျကာက္တတ္တယ္ ဒီေတာ့ လုပ္မိလုပ္ရာ လုပ္ေတာ့ ဟိုကသူ႔ကိုမ်က္လံုးျပဴးျကီးနဲ႔ျကည့္တာ ျပီးေတာ့ မင္းငါ့အေျကာင္းေကာင္းေကာင္းသိမယ္လို႔ ထလိုက္တာ ပထေတာ့ ဦးေလးက ထြက္ေျပးမလို႔ ေနာက္ပိုင္းဦးေလးကေျပာတယ္ ဒီအခ်ိန္မွာသူသတိရလိုက္တာက သူ႔သမီးေလးအိပ္ေနတာဆိုေတာ့ အိမ္အေပၚထပ္တက္ေျပးေတာ့ ဟိုက လိုက္လာတယ္ ေလွခါးထစ္ေတြ ကဆယ့္ငါးဆယ့္ေလာက္ရွိတာ တစ္ခါ တစ္ခါ ခုန္တက္တာ သံုးဆစ္တစ္ခါေလာက္ခုန္ျပီးလိုက္တာတဲ႔ ဦးေလးလည္း ေျပးျပီးဘုရားစင္ေရွ႔ကသမီးေလးကိုေပြ႔ထားလိုက္တယ္

ေလွခါးအေပၚဆံုးအဆစ္ေရာက္ေတာ့ ဟိုကလိုက္မလာဘူးတဲ႔ ေလွကားမွာထိုင္ျပီး သူ႔ကိုမ်က္လံုးနီျကီးနဲ႔ျကည့္ေတာက္ေခါက္ေနတာ ဦးေလးတို႔အိမ္ကဒီလို ေအာက္ထပ္မွာ ေရခ်ိဳးခန္း မီးဖိုေခ်ာင္ အိမ္ခန္း အကုန္လုပ္ထားျပီး အိမ္ေပၚမွာ ဘုရားစင္တစ္ခုပဲထားတာ သူ႔မိန္းမကိုက ဘုရားတရားသိပ္မလုပ္ဘူး ဝတ္ေက်တမ္းေျကပဲ ဦးေလးလည္း ပင္လယ္မွာခ်ည္းဆိုေတာ့ ဒါေတြသိပ္ဂရုမစိုက္ဘူး ဘုရားစင္မွာ ပန္းေျခာက္ေတြေတာင္ဖုန္ကပ္လို႔ အဲ႔လိုေနတာ ဒါေပမယ့္ အဲ႔ညတုန္းက ဦးေလးေကာင္းေကာင္းသိသြားတာက သူဒီလို ဘုရားတရားမလုပ္ျဖစ္တာေတာင္ ဘုရားဆင္းတုေတာ္ေလးက သူ႔အသက္ကိုကယ္သြားတာ တကယ္လုပ္ရင္ဆိုတဲ႔အေတြးေလးဝင္ျပီး ခုမ်ားလုပ္လိုက္တဲ႔ဘုရားတရား တကယ္အဟုတ္ေနာ္ ျကံဳဖူးမွသိတာ ဒါနဲ႔ဆက္ေျပာမယ္သူတို႔အိမ္အေပၚထပ္မွာ ဝရံတာေလးထုတ္ထားတာ တကယ္လို႔မ်ား လိုက္လာရင္ သူခုန္ခ်မယ္ေပါ့

သူကသမီးေလးကိုေပြ႔ထားတာ ဟိုကမလိုက္လာေတာ့ သူလည္းဘုရားစင္ေရွ႔ကမခြာေတာ့ဘူး တစ္ညလံုးပဲ သူ႔မွာ မ်က္ေတာင္ေတာင္မခတ္ရဲဘူး ဟိုကေတာက္ေခါက္လိုက္ အံျကိတ္လိုက္ ေလွကားကို ေျခနဲ႔တဒုန္းဒုန္းေဆာင့္တာေနာ္ အိမ္ကခါရမ္းေနေရာ ဒီပိန္ေသးေသးေလးက လုပ္တာေနာ္ သူ႔ကိုလည္း ကုတ္ခ်ိဳးမယ္ဘာမယ္နဲ႔ျကိမ္းတာ မနက္ေလးနာရီေလာက္ေတာ့ သူ႔ကိုေတာက္ခတ္ျပီး အိမ္ေအာက္ဆင္းသြားတယ္ အိမ္ခန္းထဲဝင္ေရာ သူလည္းဘာေျပာေကာင္းမလဲ ပတ္ဝန္းက်င္ကိုေခၚ အကူညီေတာင္းတာေပါ့ အိမ္နီးနားခ်င္းေတြလာေတာ့ သူအိမ္ေအာက္မဆင္းရဲေတာ့ ဟိုက တံခါးကန္ဖ်က္ျပီးလာတာ လူအုပ္နဲ႔ဆိုေတာ့ သူ႔မိန္းမကျငိမ္လို႔ သူေျပာျပေတာ့ ဟိုကဘာမွမသိသလိုအထာနဲ႔ မ်က္လံုးေလး ကလယ္ကလယ္ ( ေရႊမႈန္ရတီမဟုတ္ ) ဒါနဲ႔ လူေတြကလည္းဘာျဖစ္မွန္းမသိ ဒါနဲ႔ သူတို႔ရပ္ကြက္ကဆရာေခၚလာေတာ့ ပြဲေတြဘာေတြေပးတာေပါ့ ဟိုကအဲ႔ေတာ့မွထလာျပီး မီးထြန္းထားတဲ႔ ဖေယာင္းတိုင္ေရာ အေမႊးတိုင္ပါ ဝါးစားပါေလေရာ လာျကည့္တဲ႔မိန္းမေတြကအိမ္ေပၚကဆင္းေျပးေရာ ျဖစ္ခ်င္ေတာ့

ဦးေလးကပြဲေပးမယ္ဆိုေတာ့ ငါးကင္ထည့္ရမယ္ဆိုေတာ့ ကင္တုန္းဟိုက ေရာက္ခ်လာေတာ့ ေျကာက္ျပီးငါးကင္တံကိုလႊတ္ခ်လိုက္တယ္ အဲ႔ဒီမွာ မီးဖိုထဲက ငါးကင္ကိုလက္နဲ႔ႏႈိက္လိုက္တယ္ ျပီးေတာ့ မီးခဲေတြပါစားေရာ ဒါမွပိုဆိုးေရာ ဆရာပါအိမ္ေပၚကဆင္းေျပးေတာ့ က်န္တဲ႔သူေတြလည္း အေျခအေနမဟန္ေတာ့ အကုန္ေျပး ဦးေလးလည္းဘယ္ေနမလဲ ေျပးတာေပါ့ ဒါနဲ႔အေမ့ဆီေရာက္လာေတာ့ အေမက ကသူလိုက္ျကည့္မယ္ဆိုျပီးသြားတာ အေမက ပရိတ္ျကီး ၁၁ သုတ္အလႊတ္ရတာဆိုေတာ့ ပရိတ္ရြတ္ျပီးလိုက္သြာတယ္ အိမ္ဝေရာက္ေတာ့ ဒူးတစ္ေခ်ာင္းေထာင္ျပီးထိုင္ေနတာ အေမ့ကိုျမင္ေရာ ဆဲတာမွအစံု နင့္ကိုမျမင္ခ်င္ဘူးဆိုပဲ အေမက လည္း အိမ္နားမေရာက္တေရာက္အထိတိုးသြားျပီး နတ္ေတြဘာေတြပင့္ ပရိတ္ကို အသံထြက္ရြတ္တာ ဒါနဲ႔ဟိုကထငိုေရာ မရြတ္ပါနဲ႔ေတာ့ သူ႔ကိုသနားပါဆိုျပီး ျကမ္းျပင္ေပၚလဲခ်ျပီးငိုတာ အဲ႔အခ်ိန္မွွာ ရပ္ကြက္ထဲကလူတစ္ေယာက္က ဘုန္းျကီးေျပးေခၚတာပဲ ဘုန္းျကီးလိုက္လာေတာ့ ဘုန္းျကီးကခပ္တည္တည္ပဲ ဘုရားစင္ကိုေမးျပီး အိမ္အေပၚတန္းတက္သြားျပီး ေနရာလုပ္ခိုင္းျပီး ထိုင္ျပီး အေဒၚကိုေခၚလာခိုင္တာ ဟိုကမလိုက္ဘူးပဲျငင္းေနေတာ့ ေယာက်ာ္ျကီး သံုးေယာက္မနည္းေပြ႔ေခၚရတယ္ ဘုရားစင္ေရွ႔ေရာက္ေတာ့ ဘုန္းျကီးကေမးတာေပါ့ ဘယ္ကလာလဲ ဘယ္လိုဝင္ပူးကပ္တာလဲေပါ့ဆိုေတာ့ ဟိုကေျပာျပတာက သူကတံတားမွာေစာင့္တာတဲ႔ တံတားထိပ္ကတိုင္မွာသူေနတယ္

စကသူကဘုန္းျကီးေက်ာင္းမွာေနတယ္ ေက်ာင္းကျပန္အသစ္ေဆာက္ေတာ့ ဒီတိုင္ကပါလာေတာ့ တံတားေရာက္ေတာ့ တံတားမွာေစာင့္ေပးတယ္ သူေျခာက္လေလာက္ေစာင့္ေနတာ ေလွေတြဒီေလာက္ဝင္လာလို႔ငါးေတြအမ်ားျကီးရတာေတာင္သူ႔ကိုအစာမေက်ြးဘူးေပါ့ တစ္ေန႔ ဒီမိန္းမက တံတားထိပ္မွာ ငါးေျကာ္တယ္တဲ႔ သူကလည္းစားခ်င္လို႔ႏႈိက္စားတာေပါ့ သူႏႈိက္လို႔ေအာက္က်သြားတာကို ျပန္ေကာက္သြားေတာ့ အဲ႔ဒီကတည္းကမေက်နပ္တာေပါ့ ေလွဝင္လာတဲ႔ေန႔က အဲ႔မိန္းမေနာက္သူလိုက္လာတာ ကုန္းေက်ာ္တံတားေလးေရာက္ေတာ့ သူတြန္းခ်ျပီး ဝင္ပူးကပ္လိုက္တာေပါ့ အကုန္ေျပာျပျပီးငိုေတာ့ ဘုန္းျကီးက ဒီလိုဆိုရင္ မင္း ငါးစား႐ရင္ ထြက္မလားဆိုေတာ့ ေခါင္းညိတ္ျပတယ္ ဒါနဲ႔ သူ႔ကိုဘယ္လိုစားခ်င္လဲေမးေတာ့ ငါးအစိမ္းျကီးပဲေတာင္းတာ ငါးအေကာင္ျကီးေျခာက္ေကာင္ေလာက္စားျပီးေတာ့ အေဒၚေမ့လဲသြားတယ္ ဘုန္းျကီးကသိတယ္ထြက္သြားျပီဆိုတာ ပရိတ္ေရေတြဘာေတြတိုက္ေတာ့ သတိရလာတယ္ ဒါေပမယ့္ ဘာမွကိုမမွတ္မိတာ ေနာက္ေန႔ေတာ့ တံတားမွာ ပရိတ္ခ်ည္ေတြ လိုက္ခ်ည္တယ္ပရိတ္ရြတ္တယ္ ကမၼဝါဖတ္ေတာ့ ဒီလိုမ်ိဳးေတြထပ္မျကံဳရေတာ့တာအမွန္ပါ...

 ျပီးပါျပီ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thayae
# Unicode Version ျဖင့္ ဖတ္ပါ #
တံတားတွေမှာအစောင့်တွေရှိတယ်ကြားဖူးတယ်ဟုတ် ဒါကတခြားမဟုတ်ဘူး နေစရာနေရာအပိုင်ပေးပြီး အစောင့်လုပ်ခိုင်းထားတဲ့ သရဲတစ်မျိုးပါပဲ တစ္ဆေနဲ့သရဲ ကွာခြားချက်ကိုသိကြပါသလား ကျမထင်တာကတော့ တစ္ဆေကတော့ လူဘဝကနေ ကူးပြောင်းပြီး လူ့ဘဝကအမှတ်တရတွေ မမေ့သေးတဲ့ လူစ်တ်မပျောက်သေးတဲ့ ပရလောကသားပေါ့ သရဲကတော့ အရိုင်းစိတ်ဝင်နေပြီး လူတွေကိုဒုက္ခပေးချင်တဲ့ ပရလောကသားလို့ထင်ပါတယ် ကျမအမြင်ပြောတာပါ ကျမပြောပြချင်တာက တံတားစောင့်ဆိုတာ သရဲပါပဲ ကျမတို့အရင်က မြိတ်မှာ အိုးလုပ်ပြင်ဆိုတဲ့နေရာတစ်ခုရှိပါတယ် တံတားတွေကိုယ်ပိုင်ဆောက်ကြတယ် လှေတွေကမ်းကပ်ဖို့လုပ်ထားတဲ့ရပ်ကွက်ပေါ့ ဒီနေရာမှာဆို စက်လှေနဲ့ပတ်သက်တဲ့ဆိုင်တွေ လူတွေပဲ အတွေ့ရများပါတယ် ကျမတို့ကုမ္ပဏီပိုင်တံတားတစ်စင်းရှိခဲ့ဖူးပါတယ် ရှိခဲ့ဖူးတယ်ဆိုတာက ။

အခုမပိုင်ဆိုင်တော့လို့ ရှိခဲ့ဖူးတယ်လို့ သုံးနှုန်းခြင်းဖြစ်ပါတယ် ၂၀၀၅ ဒီဇင်ဘာမှာ မြိတ်မြို့မှာ မီးအကြီးအကျယ်လောင်ပြီး မြိတ်မြို့တစ်ဝက်ပြာပုံကိုဖြစ်ကရော ကျမတို့တံတားလည်းပါရော တရားကျစရာကိုဖြစ်လို့ အင်း ပြောချင်တာက ပိုင်ဆိုင်ခဲ့တဲ့အချိနိတုန်းက တံတားစောင့်အကြောင်းပေါ့ ဒီလိုပါ ကျမတို့က ငါးဖမ်းစက်လှေတွေလည်းလုပ်ပါတယ် ဒီတော့ ပင်လယ်ပြင်ကလာပြီဆို တံတားမှာ လူကိုစည်လို့ ငါးဈေးဒိုင်အကြီးတစ်ခုလိုပေါ့ ဖမ်းလာသမျှတွေကို အမျိုးအစားခွဲတယ် ဆိုဒ်ခွဲတယ် Class ခွဲတယ် ကီလိုချိန်တယ် ဈေးဖြတ်တယ် ရောင်းတယ် ဒီလိုမျိုးအချိန်ဆို လူတွေ အစုံအကုန်တွေ့ရတတ်တယ် ကျမတို့ဒီလိုသာလုပ်နေရင်း ခြောက်လမြောက်လောက်မှာ ကျမအမေမောင်ပေါ့ သူက ငါးဖမ်းစက်လှေမှာ လိုက်တာပေါ့ အဖေကလည်း သူ့ယောက်ဖတွေ အကုန် သူ့အလုပ်ထဲထည့်တာ ငါးဖမ်းစင်လှေဝင်လာပြီဆို သူတို့မိန်းမတွေက ပင်လယ်ပြင်ကလာတဲ့ယောကျာ်းကိုလာကြိုကြတာပေါ့

 ဒါနဲ့ အလုပ်တွေပြီးတော့ ဦးလေးကလည်း သူ့မိန်းမကို ဆိုင်ကယ်ပေါ်တင်ပြန်မယ်ပေါ့ ဒါနဲ့ သူ့မိန်းမကိုဆိုင်ကယ်ပေါ်တင်တော့ အရမ်းပိန်းပါးလွန်းတဲ့ သူ့မိန်းမဟာ အရင်ကနဲ့ကိုမတူအောင် သူတက်လိုက်တာနဲ့ ဆိုင်ကယ်က အိကျသွားရော ဒါနဲ့ သူလည်းသိပ်သတိမထားမိပါဘူး ဆိုင်ပ ကယ်ကလေးကိုစီး အချစ်ကလေးကိုတင်ပေါ့ လာရင်းနဲ့ သူကစကားတွေပြောလာတာ ဟိုက အင်း အင်း အင်းနဲ့ ပဲ ပါလာတာ မြို့သစ်တံတားအကျော်လောက်မှာ ကုန်းကျော်တံတားလေးတစ်ခုရှိတယ် ကုန်းလေးအကျော်ရောက်ရော ဒုန်းကနဲ အသံကြားတယ် ဒါပေမယ့် သူကဘာမှန်းမသိဘူး နောက်တော်တော်လှမ်းလှမ်းရောက်တော့ အနောက်လှည့်ကြည့်တော့ သူ့မိန်းမမရှိတော့ဘူး သူလည်း ဟာကနဲ ဖြစ်သွားရော ဆိုင်ကယ် အနောက်ပြန်ကွေ့တော့ ကုန်းကျော်တံတားအနားလမ်းဘေးလေးမှာ ခွေခွေကလေး သူ့မိန်းမကိုတွေ့ရော သူကပြာသွားတာပေါ့ သူပြန်ပြောပြတာက အဲ့တုန်းက သူ့ဆိုင်ကယ်က သူ့မိန်းမကျသွားချိန်မှာတောင် မပေါ့သွားဘူးတဲ့ နောက်တော့ အသံအရမ်းတိတ်သွားလို့ လှည့်ုကြည့်မှ မရှိမှန်းသိတာ ဦးလေးလည်း လဲကျနေတဲ့ သူ့မိန်းမကို တွဲပြီးဆိုင်ကယ်ပေါ်တင်တဲ့အချိန်မှာ ဇာတ်လမ်းစတာပဲ အဒေါ်ဟာ တဟီးဟီးနဲ့ စ ညည်းနေတော့ နာလို့ပဲထင်နေတာ နောက်တော့ ခေါင်းကကိုင်းတိုင်းတိုင်းနဲ့ ဦးလေးကတော့ ဘာဖြစ်မှန်းမသိတာ အိမ်ကိုခေါ်လာတော့ အခန်းထဲတန်းဝင်သွားတာ ယောကျာ်းကိုရော သမီးလေးကိုပါ အကပ်မခံဘူး ဦးလေးလည်းထူးဆန်းတယ်ပဲ စိတ်ထဲထင်နေတာ

သူထင်တာက ဆိုင်ကယ်ပေါ်ကကျသွားလို့ သူ့ကိုစိတ်ကောက်တယ်ပဲထင်နေတာ ဒါနဲ့ သူကဘာမှမပြောတော့ဘူး ဘုရားစင်ရှေ့မှာ သမီးလေးနဲ့အိပ်နေတာ ညကျတော့ နောက်ဖေးကနေ အသံကြားတော့ထကြည့်တာ အားလားလား သူ့မိန်းမ လှေပေါ်ကယူလာတဲ့ ငါးတွေ အစိမ်းတိုင်းကြီးစားနေတာ ငါးကွန်းရှပ် ( ဘိတ်အခေါ် ဘီးဇင်းပေါ့ ) ခေါင်းကနေစားတာ အရိုးပါဝါးလို့ သူလည်းကြောင်သွားပြီး သူ့မိန်းမကို ကြည့်တော့လည်း ငါးခေါင်းကြီး ကျွတ်ကျွတ်ဝါးလို့ သူက ထအော်တာပေါ့ မင်းဘာဖြစ်တာလဲ ဘာလုပ်တာလဲ ဘာလို့စားတာလဲ လို့မေးတော့ သူဗိုက်ဆာလို့တဲ့ ပြန်ဖြေတာကယောကျာ်းသံကြီး ပြီးတော့ပြောလိုက်သေးတယ် နင်တို့တံတားမှာ ငါစောင့်တာကြာပြီ ငါ့ကိုအစာလည်းမကျွေးဘူး ငါဆာတယ်တဲ့

ဒီတော့မှ ဦးလေးက တစ်ခုခုတော့မှားနေပြီဆိုတော့ မိန်းမကို ပါးချရော တကယ်တော့ လန့်လွန်းလို့လုပ်လိုက်တာ ကျမပြောဖူးတယ်လေ မြိတ်မှာ ညဆို တိတ်ဆိတ်ရောလို့ ဒီတော့ ဒီလိုညနက်ကြီး ဒီလိုမြင်ရတော့ သွေးပျက်တာပေါ့ နောက်သူက သရဲကြောက်တတ်တယ် ဒီတော့ လုပ်မိလုပ်ရာ လုပ်တော့ ဟိုကသူ့ကိုမျက်လုံးပြူးကြီးနဲ့ကြည့်တာ ပြီးတော့ မင်းငါ့အကြောင်းကောင်းကောင်းသိမယ်လို့ ထလိုက်တာ ပထတော့ ဦးလေးက ထွက်ပြေးမလို့ နောက်ပိုင်းဦးလေးကပြောတယ် ဒီအချိန်မှာသူသတိရလိုက်တာက သူ့သမီးလေးအိပ်နေတာဆိုတော့ အိမ်အပေါ်ထပ်တက်ပြေးတော့ ဟိုက လိုက်လာတယ် လှေခါးထစ်တွေ ကဆယ့်ငါးဆယ့်လောက်ရှိတာ တစ်ခါ တစ်ခါ ခုန်တက်တာ သုံးဆစ်တစ်ခါလောက်ခုန်ပြီးလိုက်တာတဲ့ ဦးလေးလည်း ပြေးပြီးဘုရားစင်ရှေ့ကသမီးလေးကိုပွေ့ထားလိုက်တယ်

လှေခါးအပေါ်ဆုံးအဆစ်ရောက်တော့ ဟိုကလိုက်မလာဘူးတဲ့ လှေကားမှာထိုင်ပြီး သူ့ကိုမျက်လုံးနီကြီးနဲ့ကြည့်တောက်ခေါက်နေတာ ဦးလေးတို့အိမ်ကဒီလို အောက်ထပ်မှာ ရေချိုးခန်း မီးဖိုချောင် အိမ်ခန်း အကုန်လုပ်ထားပြီး အိမ်ပေါ်မှာ ဘုရားစင်တစ်ခုပဲထားတာ သူ့မိန်းမကိုက ဘုရားတရားသိပ်မလုပ်ဘူး ဝတ်ကျေတမ်းကြေပဲ ဦးလေးလည်း ပင်လယ်မှာချည်းဆိုတော့ ဒါတွေသိပ်ဂရုမစိုက်ဘူး ဘုရားစင်မှာ ပန်းခြောက်တွေတောင်ဖုန်ကပ်လို့ အဲ့လိုနေတာ ဒါပေမယ့် အဲ့ညတုန်းက ဦးလေးကောင်းကောင်းသိသွားတာက သူဒီလို ဘုရားတရားမလုပ်ဖြစ်တာတောင် ဘုရားဆင်းတုတော်လေးက သူ့အသက်ကိုကယ်သွားတာ တကယ်လုပ်ရင်ဆိုတဲ့အတွေးလေးဝင်ပြီး ခုများလုပ်လိုက်တဲ့ဘုရားတရား တကယ်အဟုတ်နော် ကြုံဖူးမှသိတာ ဒါနဲ့ဆက်ပြောမယ်သူတို့အိမ်အပေါ်ထပ်မှာ ဝရံတာလေးထုတ်ထားတာ တကယ်လို့များ လိုက်လာရင် သူခုန်ချမယ်ပေါ့

သူကသမီးလေးကိုပွေ့ထားတာ ဟိုကမလိုက်လာတော့ သူလည်းဘုရားစင်ရှေ့ကမခွာတော့ဘူး တစ်ညလုံးပဲ သူ့မှာ မျက်တောင်တောင်မခတ်ရဲဘူး ဟိုကတောက်ခေါက်လိုက် အံကြိတ်လိုက် လှေကားကို ခြေနဲ့တဒုန်းဒုန်းဆောင့်တာနော် အိမ်ကခါရမ်းနေရော ဒီပိန်သေးသေးလေးက လုပ်တာနော် သူ့ကိုလည်း ကုတ်ချိုးမယ်ဘာမယ်နဲ့ကြိမ်းတာ မနက်လေးနာရီလောက်တော့ သူ့ကိုတောက်ခတ်ပြီး အိမ်အောက်ဆင်းသွားတယ် အိမ်ခန်းထဲဝင်ရော သူလည်းဘာပြောကောင်းမလဲ ပတ်ဝန်းကျင်ကိုခေါ် အကူညီတောင်းတာပေါ့ အိမ်နီးနားချင်းတွေလာတော့ သူအိမ်အောက်မဆင်းရဲတော့ ဟိုက တံခါးကန်ဖျက်ပြီးလာတာ လူအုပ်နဲ့ဆိုတော့ သူ့မိန်းမကငြိမ်လို့ သူပြောပြတော့ ဟိုကဘာမှမသိသလိုအထာနဲ့ မျက်လုံးလေး ကလယ်ကလယ် ( ရွှေမှုန်ရတီမဟုတ် ) ဒါနဲ့ လူတွေကလည်းဘာဖြစ်မှန်းမသိ ဒါနဲ့ သူတို့ရပ်ကွက်ကဆရာခေါ်လာတော့ ပွဲတွေဘာတွေပေးတာပေါ့ ဟိုကအဲ့တော့မှထလာပြီး မီးထွန်းထားတဲ့ ဖယောင်းတိုင်ရော အမွှေးတိုင်ပါ ဝါးစားပါလေရော လာကြည့်တဲ့မိန်းမတွေကအိမ်ပေါ်ကဆင်းပြေးရော ဖြစ်ချင်တော့

ဦးလေးကပွဲပေးမယ်ဆိုတော့ ငါးကင်ထည့်ရမယ်ဆိုတော့ ကင်တုန်းဟိုက ရောက်ချလာတော့ ကြောက်ပြီးငါးကင်တံကိုလွှတ်ချလိုက်တယ် အဲ့ဒီမှာ မီးဖိုထဲက ငါးကင်ကိုလက်နဲ့နှိုက်လိုက်တယ် ပြီးတော့ မီးခဲတွေပါစားရော ဒါမှပိုဆိုးရော ဆရာပါအိမ်ပေါ်ကဆင်းပြေးတော့ ကျန်တဲ့သူတွေလည်း အခြေအနေမဟန်တော့ အကုန်ပြေး ဦးလေးလည်းဘယ်နေမလဲ ပြေးတာပေါ့ ဒါနဲ့အမေ့ဆီရောက်လာတော့ အမေက ကသူလိုက်ကြည့်မယ်ဆိုပြီးသွားတာ အမေက ပရိတ်ကြီး ၁၁ သုတ်အလွှတ်ရတာဆိုတော့ ပရိတ်ရွတ်ပြီးလိုက်သွာတယ် အိမ်ဝရောက်တော့ ဒူးတစ်ချောင်းထောင်ပြီးထိုင်နေတာ အမေ့ကိုမြင်ရော ဆဲတာမှအစုံ နင့်ကိုမမြင်ချင်ဘူးဆိုပဲ အမေက လည်း အိမ်နားမရောက်တရောက်အထိတိုးသွားပြီး နတ်တွေဘာတွေပင့် ပရိတ်ကို အသံထွက်ရွတ်တာ ဒါနဲ့ဟိုကထငိုရော မရွတ်ပါနဲ့တော့ သူ့ကိုသနားပါဆိုပြီး ကြမ်းပြင်ပေါ်လဲချပြီးငိုတာ အဲ့အချိန်မှှာ ရပ်ကွက်ထဲကလူတစ်ယောက်က ဘုန်းကြီးပြေးခေါ်တာပဲ ဘုန်းကြီးလိုက်လာတော့ ဘုန်းကြီးကခပ်တည်တည်ပဲ ဘုရားစင်ကိုမေးပြီး အိမ်အပေါ်တန်းတက်သွားပြီး နေရာလုပ်ခိုင်းပြီး ထိုင်ပြီး အဒေါ်ကိုခေါ်လာခိုင်တာ ဟိုကမလိုက်ဘူးပဲငြင်းနေတော့ ယောကျာ်ကြီး သုံးယောက်မနည်းပွေ့ခေါ်ရတယ် ဘုရားစင်ရှေ့ရောက်တော့ ဘုန်းကြီးကမေးတာပေါ့ ဘယ်ကလာလဲ ဘယ်လိုဝင်ပူးကပ်တာလဲပေါ့ဆိုတော့ ဟိုကပြောပြတာက သူကတံတားမှာစောင့်တာတဲ့ တံတားထိပ်ကတိုင်မှာသူနေတယ်

စကသူကဘုန်းကြီးကျောင်းမှာနေတယ် ကျောင်းကပြန်အသစ်ဆောက်တော့ ဒီတိုင်ကပါလာတော့ တံတားရောက်တော့ တံတားမှာစောင့်ပေးတယ် သူခြောက်လလောက်စောင့်နေတာ လှေတွေဒီလောက်ဝင်လာလို့ငါးတွေအများကြီးရတာတောင်သူ့ကိုအစာမကျွေးဘူးပေါ့ တစ်နေ့ ဒီမိန်းမက တံတားထိပ်မှာ ငါးကြော်တယ်တဲ့ သူကလည်းစားချင်လို့နှိုက်စားတာပေါ့ သူနှိုက်လို့အောက်ကျသွားတာကို ပြန်ကောက်သွားတော့ အဲ့ဒီကတည်းကမကျေနပ်တာပေါ့ လှေဝင်လာတဲ့နေ့က အဲ့မိန်းမနောက်သူလိုက်လာတာ ကုန်းကျော်တံတားလေးရောက်တော့ သူတွန်းချပြီး ဝင်ပူးကပ်လိုက်တာပေါ့ အကုန်ပြောပြပြီးငိုတော့ ဘုန်းကြီးက ဒီလိုဆိုရင် မင်း ငါးစားရရင် ထွက်မလားဆိုတော့ ခေါင်းညိတ်ပြတယ် ဒါနဲ့ သူ့ကိုဘယ်လိုစားချင်လဲမေးတော့ ငါးအစိမ်းကြီးပဲတောင်းတာ ငါးအကောင်ကြီးခြောက်ကောင်လောက်စားပြီးတော့ အဒေါ်မေ့လဲသွားတယ် ဘုန်းကြီးကသိတယ်ထွက်သွားပြီဆိုတာ ပရိတ်ရေတွေဘာတွေတိုက်တော့ သတိရလာတယ် ဒါပေမယ့် ဘာမှကိုမမှတ်မိတာ နောက်နေ့တော့ တံတားမှာ ပရိတ်ချည်တွေ လိုက်ချည်တယ်ပရိတ်ရွတ်တယ် ကမ္မဝါဖတ်တော့ ဒီလိုမျိုးတွေထပ်မကြုံရတော့တာအမှန်ပါ...

 ပြီးပါပြီ

ဖိုးသူတော် (www.phothutaw.com)
Credit: thayae
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top