စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ပုပၸားေတာင္ကလပ္အ နီး ေျမၿပိဳမႈဆက္လက္ျဖစ္ပြားေန သျဖင့္ ပညာရွင္ ၁၂ ဦးပါဝင္ေသာ အဖြဲ႕က ယင္းျဖစ္စဥ္ကို သြား ေရာက္ေလ့လာေနသည္။

ဘူမိေဗဒဆိုင္ရာ ကြၽမ္းက်င္ ပညာရွင္ ၁၂ ဦးသည္ ပုပၸားေတာင္မႀကီးႏွင့္ ပတ္ဝန္းက်င္ေနရာမ်ား သို႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရ အစီအစဥ္ျဖင့္ သြားေရာက္ေလ့ လာခဲ့သည္။

‘‘အခုတစ္ခါေတာ့ ေျမႀကီး ထဲကို တြင္းေတြတူးၿပီး ေျမသား အေျခအေနကို ၾကည့္မယ္။ ဒီေျမ ၿပိဳတာကို ရပ္လို႔ေတာ့ မရဘူးေပါ့။ ေလ်ာ့နည္းေအာင္ ဘယ္လိုလုပ္ မလဲေပါ့။ အခုေတြ႕ရွိတာေတြကို ကြၽန္ေတာ္တို႔က ျပန္ၿပီး တိုင္းေဒ သႀကီးအစိုးရကို တင္မယ္။ တျခားအခ်က္ေတြကိုေတာ့ အစိုးရက ဆက္လုပ္မယ္ေပါ့’’ဟု ေျမျပင္ ကြင္းဆင္းေလ့လာမႈတြင္ ပါဝင္ခဲ့ ေသာ ျမန္မာႏုိင္ငံ ဘူမိသိပၸံအ သင္းမွ ေဒါက္တာစိုးမိုးေက်ာ္ဝင္း က ေျပာသည္။


ပညာရွင္အဖြဲ႕က ေျမျပင္ကြင္းဆင္းေလ့လာမႈကို ေဖေဖာ္ဝါရီ ၈ ရက္တြင္ စတင္ခဲ့ၿပီး ေဖေဖာ္ဝါရီ ၁၀ ရက္တြင္ ေခတၱရပ္နားကာ ေဖေဖာ္ဝါရီလကုန္တြင္ ေနာက္တစ္ႀကိမ္စစ္ေဆးမည္ျဖစ္သည္။

ပုပၸားေတာင္မႀကီး၏အစိတ္ အပိုင္းျဖစ္ေသာ ပုပၸားေတာင္က လပ္ႏွင့္ ႏွစ္ဖာလံုခန္႔ ေဝးသည့္ ေအာင္သိဒၶိကုန္း ေနရာတြင္ ၂၀၁၇ ေအာက္တိုဘာက ေျမၿပိဳက်ခဲ့ၿပီး  ခရီးသြားဧည့္သည္မ်ား သြားလာေနသည့္ ကတၱရာလမ္း သည္ သံုးေပခန္႔ ျပတ္က်ခဲ့သည္။ ယင္းအခ်ိန္က ပညာရွင္အခ်ိဳ႕ သြားေရာက္ေလ့လာခဲ့ၿပီး ေျမၿပိဳမႈ ဆက္လက္ ျဖစ္ပြားေနဆဲျဖစ္ သည္။

ေဒါက္တာ စိုးမိုးေက်ာ္ဝင္း က ‘‘လက္ရွိကလည္း ေျမၿပိဳတဲ့ အေနအထားရွိေနတယ္။ ကြၽန္ ေတာ္ ပထမတစ္ေခါက္သြားတုန္း ကထက္ သံုးေပေလာက္ထပ္က် သြားတယ္’’ဟု ေျပာသည္။

ပထမတစ္ႀကိမ္ ၿပိဳက်စဥ္က မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီး ခ်ဳပ္ လာေရာက္ၾကည့္႐ႈခဲ့သည္။

  ပုပၸားေတာင္မႀကီးသည္ ၄,၉၈၁ ေပျမင့္ၿပီး လြန္ခဲ့ေသာ ႏွစ္သန္းေပါင္းမ်ားစြာက မီးေတာင္ ရွင္တစ္လံုးျဖစ္ခဲ့ကာ အိႏၵိယ ေက်ာက္ထုခ်ပ္က ျမန္မာေက်ာက္ ထုခ်ပ္ကို တိုးဝင္ရာမွ ျဖစ္ေပၚခဲ့ ေၾကာင္း ဘူမိေဗဒပညာရွင္မ်ားက ဆိုသည္။ ပုပၸားေတာင္ဧရိယာ သည္ သဘာဝအေလ်ာက္ ေျမ ၿပိဳႏိုင္ၿပီး ေျမၿပိဳမႈအႏၲရာယ္ေလ်ာ့ နည္းေစရန္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ ငန္းမ်ား စနစ္တက် ေဆာင္ရြက္ ရန္ လိုအပ္ေၾကာင္း ပညာရွင္မ်ားက အစိုးရႏွင့္ ေဒသခံမ်ားအား အႀကံျပဳထားသည္။

၁၉၉၉ ႏွင့္ ၂၀၀၆ ကလည္း ပုပၸားေတာင္ေျမၿပိဳမႈ ျဖစ္ဖူးၿပီး ယင္းကာလတြင္ ပုပၸားေတာင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေကာင္းမြန္စြာ မလုပ္ေဆာင္ခဲ့ေၾကာင္း ဘူမိေဗဒပညာရွင္အခ်ိဳ႕က ေထာက္ျပေဝဖန္သည္။ ယခုျဖစ္ပြားေနေသာ ေျမၿပိဳမႈသည္ ျဖည္းျဖည္းခ်င္း ေရြ႕လ်ားေနေသာ ပံုစံျဖစ္ၿပီး ေရြ႕လ်ားမႈအရွိန္မ်ားပါက အႏၲရာယ္ရွိေၾကာင္း ပထမ အႀကိမ္ ေျမၿပိဳမႈျဖစ္စဥ္ႏွင့္ပတ္ သက္၍ ေလ့လာေတြ႕ရွိမႈကို ေျမျပင္ကြင္းဆင္းေလ့လာခဲ့သည့္ ပညာရွင္အဖြဲ႕က မႏၲေလးတုိင္း ဝန္ႀကီးခ်ဳပ္ထံ ေပးပို႔ေသာ အစီ ရင္ခံစာတြင္ သတိေပးခဲ့သည္။

 ပုပၸားေတာင္ဧရိယာတြင္ သဘာဝေရထြက္တြင္း ၇၀ ခန္႔ရွိ ေနၿပီး ေတာင္၏ေရစီးေရလာ ေကာင္းမြန္ေရးႏွင့္ အေဆာက္အ အံုမ်ားေဆာက္လုပ္ရာတြင္ စနစ္ တက်တည္ေဆာက္ေရးအတြက္ အစီအစဥ္တက်ေဆာင္ရြက္သင့္ ေၾကာင္း ပညာရွင္အဖြဲ႕က အႀကံ ျပဳသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
 ပုပ္ပားတောင်ကလပ်အ နီး မြေပြိုမှုဆက်လက်ဖြစ်ပွားနေ သဖြင့် ပညာရှင် ၁၂ ဦးပါဝင်သော အဖွဲ့က ယင်းဖြစ်စဉ်ကို သွား ရောက်လေ့လာနေသည်။

ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင် ပညာရှင် ၁၂ ဦးသည် ပုပ္ပားတောင်မကြီးနှင့် ပတ်ဝန်းကျင်နေရာများ သို့ မန္တလေးတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် သွားရောက်လေ့ လာခဲ့သည်။

‘‘အခုတစ်ခါတော့ မြေကြီး ထဲကို တွင်းတွေတူးပြီး မြေသား အခြေအနေကို ကြည့်မယ်။ ဒီမြေ ပြိုတာကို ရပ်လို့တော့ မရဘူးပေါ့။ လျော့နည်းအောင် ဘယ်လိုလုပ် မလဲပေါ့။ အခုတွေ့ရှိတာတွေကို ကျွန်တော်တို့က ပြန်ပြီး တိုင်းဒေ သကြီးအစိုးရကို တင်မယ်။ တခြားအချက်တွေကိုတော့ အစိုးရက ဆက်လုပ်မယ်ပေါ့’’ဟု မြေပြင် ကွင်းဆင်းလေ့လာမှုတွင် ပါဝင်ခဲ့ သော မြန်မာနိုင်ငံ ဘူမိသိပ္ပံအ သင်းမှ ဒေါက်တာစိုးမိုးကျော်ဝင်း က ပြောသည်။


ပညာရှင်အဖွဲ့က မြေပြင်ကွင်းဆင်းလေ့လာမှုကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ခေတ္တရပ်နားကာ ဖေဖော်ဝါရီလကုန်တွင် နောက်တစ်ကြိမ်စစ်ဆေးမည်ဖြစ်သည်။

ပုပ္ပားတောင်မကြီး၏အစိတ် အပိုင်းဖြစ်သော ပုပ္ပားတောင်က လပ်နှင့် နှစ်ဖာလုံခန့် ဝေးသည့် အောင်သိဒ္ဓိကုန်း နေရာတွင် ၂၀၁၇ အောက်တိုဘာက မြေပြိုကျခဲ့ပြီး  ခရီးသွားဧည့်သည်များ သွားလာနေသည့် ကတ္တရာလမ်း သည် သုံးပေခန့် ပြတ်ကျခဲ့သည်။ ယင်းအချိန်က ပညာရှင်အချို့ သွားရောက်လေ့လာခဲ့ပြီး မြေပြိုမှု ဆက်လက် ဖြစ်ပွားနေဆဲဖြစ် သည်။

ဒေါက်တာ စိုးမိုးကျော်ဝင်း က ‘‘လက်ရှိကလည်း မြေပြိုတဲ့ အနေအထားရှိနေတယ်။ ကျွန် တော် ပထမတစ်ခေါက်သွားတုန်း ကထက် သုံးပေလောက်ထပ်ကျ သွားတယ်’’ဟု ပြောသည်။

ပထမတစ်ကြိမ် ပြိုကျစဉ်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် လာရောက်ကြည့်ရှုခဲ့သည်။

  ပုပ္ပားတောင်မကြီးသည် ၄,၉၈၁ ပေမြင့်ပြီး လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မီးတောင် ရှင်တစ်လုံးဖြစ်ခဲ့ကာ အိန္ဒိယ ကျောက်ထုချပ်က မြန်မာကျောက် ထုချပ်ကို တိုးဝင်ရာမှ ဖြစ်ပေါ်ခဲ့ ကြောင်း ဘူမိဗေဒပညာရှင်များက ဆိုသည်။ ပုပ္ပားတောင်ဧရိယာ သည် သဘာဝအလျောက် မြေ ပြိုနိုင်ပြီး မြေပြိုမှုအန္တရာယ်လျော့ နည်းစေရန် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ စနစ်တကျ ဆောင်ရွက် ရန် လိုအပ်ကြောင်း ပညာရှင်များက အစိုးရနှင့် ဒေသခံများအား အကြံပြုထားသည်။

၁၉၉၉ နှင့် ၂၀၀၆ ကလည်း ပုပ္ပားတောင်မြေပြိုမှု ဖြစ်ဖူးပြီး ယင်းကာလတွင် ပုပ္ပားတောင်ထိန်းသိမ်းရေးလုပ်ငန်းများ ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ကြောင်း ဘူမိဗေဒပညာရှင်အချို့က ထောက်ပြဝေဖန်သည်။ ယခုဖြစ်ပွားနေသော မြေပြိုမှုသည် ဖြည်းဖြည်းချင်း ရွေ့လျားနေသော ပုံစံဖြစ်ပြီး ရွေ့လျားမှုအရှိန်များပါက အန္တရာယ်ရှိကြောင်း ပထမ အကြိမ် မြေပြိုမှုဖြစ်စဉ်နှင့်ပတ် သက်၍ လေ့လာတွေ့ရှိမှုကို မြေပြင်ကွင်းဆင်းလေ့လာခဲ့သည့် ပညာရှင်အဖွဲ့က မန္တလေးတိုင်း ဝန်ကြီးချုပ်ထံ ပေးပို့သော အစီ ရင်ခံစာတွင် သတိပေးခဲ့သည်။

 ပုပ္ပားတောင်ဧရိယာတွင် သဘာဝရေထွက်တွင်း ၇၀ ခန့်ရှိ နေပြီး တောင်၏ရေစီးရေလာ ကောင်းမွန်ရေးနှင့် အဆောက်အ အုံများဆောက်လုပ်ရာတွင် စနစ် တကျတည်ဆောက်ရေးအတွက် အစီအစဉ်တကျဆောင်ရွက်သင့် ကြောင်း ပညာရှင်အဖွဲ့က အကြံ ပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top