iMyanmarHouse.com - Best Property Website for Myanmar
×

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၁၃) နှစ်အရွယ် ယောက်ျားလေး ၂ ယောက်က အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်မြို့၊ ဇေယျာသီရိ နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်က မော်လမြိုင်မြို့၊လှိုင်ရွှေဝါလမ်း၊ သာယာအေးရပ်ကွက်နေ ဒေါ် – ၏ မြေးဖြစ်သူ အသက်(၇) နှစ်အရွယ် မ — ကို တလမ်းတည်းနေသူ အသက် (၁၂) နှစ်အရွယ် မောင် — နှင့် လှိုင်ထိပ်တင်ခေါင်လမ်းနေ အသက်(၁၃) နှစ်အရွယ် မောင် — တို့ ၂ ဦးမှ မိန်းကလေးငယ်၏ အဖွားဖြစ်သူ၏ နေအိမ် အောက်သို့ ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်ရန် ကြံစည်နေကြောင်း၊ ယင်းသို့လုပ်ဆောင်နေစဉ် အသက် ၁၂ နှစ်အရွယ် ကောင်လေး၏ အဒေါ်ဖြစ်သူမှ အခင်းဖြစ်နေအိမ်အနီးရောက်ရှိလာပြီး တူဖြစ်သူအား အော်ခေါ်သံကို ကြားရသဖြင့် ပြစ်မှုကျူးလွန်သူ ၂ ယောက်လုံး အိမ်အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။





#Unicode Version#
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၁၃) နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်က အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်မြို့၊ ဇေယျာသီရိ နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်က မော်လမြိုင်မြို့၊လှိုင်ရွှေဝါလမ်း၊ သာယာအေးရပ်ကွက်နေ ဒေါ် – ၏ မြေးဖြစ်သူ အသက်(၇) နှစ်အရွယ် မ — ကို တလမ်းတည်းနေသူ အသက် (၁၂) နှစ်အရွယ် မောင် — နှင့် လှိုင်ထိပ်တင်ခေါင်လမ်းနေ အသက်(၁၃) နှစ်အရွယ် မောင် — တို့ ၂ ဦးမှ မိန်းကလေးငယ်၏ အဖွားဖြစ်သူ၏ နေအိမ်ျအာက်သို့ ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်ရန် ကြံစည်နေကြောင်း၊ ယင်းသို့လုပ်ဆောင်နေစဉ် အသက် ၁၂ နှစ်အရွယ် ကောင်လေး၏ အဒေါ်ဖြစ်သူမှ အခင်းဖြစ်နေအိမ်အနီးရောက်ရှိလာပြီး တူဖြစ်သူအား အော်ခေါ်သံကို ကြားရသဖြင့် ပြစ်မှုကျူးလွန်သူ ၂ ယောက်လုံး အိမ်အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“သူမကို ဘောင်းဘီချွတ်တယ်၊ချွတ်ပြီး စကပ်ကိုဆွဲတယ်၊ပြီးတော့ ပါးစပ်ပိတ်ပြီးတော့ တယောက်က အဓ္ဓမ ပြုကျင့်တယ်။ သူ့အဒေါ် ခေါ်လိုက်တဲ့အချိန်မှာ ကလေး ၂ ယောက်က ထွက်ပြေးသွားတယ်။ ကလေးမလေးကို ဒီလိုမျိုးခေါ်ယူနှိပ်စက်ပြီးတော့ မတရားပြုကျင့်တာကို ဥပဒေအရ အရေးယူပေးဖို့ဆိုပြီးတော့ အဖွားဖြစ်တဲ့သူက တရားလိုပြုပြီးတော့ စခန်းမှာ တိုင်ချက်ဖွင့်ခဲ့တယ်”ဟု လူ့အခွင့်အရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့်ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်နေသည့် မေတ္တာဆုံဆည်း အရပ်ဖက်လူမှုအဖွဲ့အစည်း၏ မော်လမြိုင်ခရိုင်တာဝန်ခံ ဦးသက်ထွန်းက News Watch သို့ ပြောသည်။

ယခုကဲ့သို့ ကျူးလွန်မှုကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ တရားဥပဒေအရ အရေးယူရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ငယ်မုဒိမ်းကို သေဒဏ်ချမှတ်ရေးအတွက် တောင်းဆိုနေကြသော်လည်း လက်တွေ့တွင် တရားသူကြီး၏ ဆင်ခြင်တုံတရားအပေါ်မူတည်သည် ဆိုသည်အချက်နှင့်ပင် ဖြေသိမ့်နေရကြောင်း မေတ္တာဆုံဆည်း အရပ်ဖက်လူမှုအဖွဲ့အစည်း၏ ဥက္ကဌ ဒေါ်သီသီနွယ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အဖွားဖြစ်သူ မှ ဖေဖော်ဝါရီ (၁၃) ရက်တွင် ဇေယျာသီရိနယ်မြေရဲစခန်းတိုင်ကြားခဲ့ပြီးနောက် မိန်းကလေးငယ်အား သား/မယားအဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့သည့် ကလေး ၂ ယောက်ကို နမစ(ဇေယျာသီရိ) (ပ) ၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: NewsWatchJournal
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top