ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

AD၃ရာစုတုန္းက ေရာမမွာ နိုင္လိုမင္းထက္ မင္းမွုေနတဲ့ Claudius လို႔ေခၚတဲ့ မင္းတပါး အုပ္စိုးခဲ့တယ္။ နန္းေတာ္နဲ႔ သိပ္မကြာေ၀းတဲ့ ေနရာတခုမွာ လွပတဲ့ ဘုရားေက်ာင္း တေဆာင္ရွိတယ္။ အဲဒီ ေက်ာင္းမွာ Valentine လို႔ ေခၚတဲ့ဘုန္းေတာ္ၾကီးတပါး ေနထိုင္တယ္။ေရာမလူမ်ဳိး ၾကီးငယ္မေရြး၊ ဆင္းရဲခ်မ္းသာမေရြး အဲဒီဘုန္းေတာ္ၾကီးကို ေလးစားၾကတယ္။ ကိုးကြယ္ၾကတယ္။ အျမဲလိုလို လူစု လူေ၀းနဲ႔ ဘုရားေရွ႔ ထြန္းညိွထားတဲ့ မီးလွ်ံေတြ ၾကားမွာ ဘုန္းေတာ္ၾကီးရဲ႔ဆုေတာင္းမွုကို နာယူၾကတယ္။

ေရာမရဲ႔ စစ္ပဲြက အဆက္ျပတ္တယ္လို႔ မရွိခဲ့ဘူး။ ဘုရင္မင္းျမတ္က ျပည္သူေတြကိုအတင္းအက်ပ္ သိမ္းသြင္းျပီး စစ္ေျမျပင္ကို ေစလႊတ္ခဲ့တယ္။ ေယာက္်ားသားေတြကမိသားစုနဲ႔ ခ်စ္သူေတြကို မခဲြခ်င္ၾကဘူး။ Claudius ရဲ႔ ရက္စက္ပံုက လူေတြကိုမဂၤလာ မေဆာင္ရလို႔ အမိန္႔ထုတ္ခဲ့တယ္။ ေစ့စပ္ထားၾကတဲ့ လူေတြကိုလဲ ေစ့စပ္ေၾကာင္းလမ္း ဖ်က္သိမ္းရမယ္လို႔ အမိန္႔ထုတ္ခဲ့တယ္။ လူငယ္အမ်ားက ခ်စ္သူကို ႏုတ္ဆက္ျပီး စစ္ေျမျပင္ကို ထြက္ခဲ့ ၾကရတယ္။ မိန္းကေလးေတြ ကလဲခ်စ္သူေတြကို ဆံုးရွံုး လြမ္းဆြတ္ျပီး က်န္ေနခဲ့ရတယ္။

Claudius ရဲ႔ ရက္စက္ပံုကို ဘုန္းေတာ္ၾကီး Valentine က စိတ္မေကာင္းခဲ့ဘူး။အဲဒီအခ်ိန္မွာ ခ်စ္သူစံုတဲြ တတဲြက ဘုန္းေတာ္ၾကီးကို အကူအညီလာ ေတာင္းခဲ့တယ္။ ဘုန္းေတာ္ၾကီးက သူတို႔ႏွစ္ဦးကို ဘုရားေက်ာင္းမွာ တိုးတိုး တိတ္တိတ္လက္ထပ္ေပးလိုက္တယ္။ဒါကို တေယာက္နား တေယာက္ေပါက္ၾကားျပီး ဘုန္းေတာ္ၾကီးရဲ႔ အကူအညီနဲ႔ ခ်စ္သူေတြဟာ လက္ထပ္ျဖစ္ခဲ့ၾကတယ္။

အဲဒီသတင္း ဘုရင့္ နားဆီ ေရာက္သြားခဲ့တယ္။ ေဒါသမိုးၾကိဳး အျပတ္ျခိမ္းေလျပီေပါ့။ဘုရားေက်ာင္းကို စစ္သည္တခ်ဳိ႔ ေစလႊတ္ျပီး စံုတဲြတတဲြကို လက္ဆက္ေပးေနတဲ့ ဘုန္းေတာ္ၾကီးကို ဖမ္းယူျပီး အခ်ဳပ္ထဲ သြင္းထားလိုက္တယ္။ ဘုရင္မင္းရဲ႔ စြပ္စဲြခ်က္ကို လူေတြက အသနား ခံခဲ့ၾကတယ္။ ဒါေပမဲ့ အရာ မေရာက္ခဲ့ဘူး။ဘုန္းေတာ္ၾကီးဟာ အခ်ဳပ္ထဲမွာပဲ ႏွိပ္စက္ညွင္းပန္းမွုေတြ ခံျပီး ကြယ္လြန္သြားခဲ့
ရတယ္။ လူေတြက သူ႔ကို St. Praxedes ဘုရားေက်ာင္းမွာ ျမဳပ္ႏွံခဲ့ၾကတယ္။

အဲဒီေန႔က ေအဒီ ၂၇၀ ေဖေဖာ္၀ါရီလ (၁၄)ရက္ေန႔ ျဖစ္တယ္။

(တခ်ဳိ႔ဆိုက္ဒ္က ေအဒီ ၁၆၉တဲ့)။

ေနာက္မွုကဲြ တမ်ဳိးက ဒီလို ဆိုထားပါတယ္။ ဘုန္းေတာ္ၾကီး Valentine ဟာခရစ္ယာန္ ဘာသာ၀င္ရဲ႔ ကနဦးအစကတဦးလို႔ ဆိုရပါမယ္။ အဲဒီေခတ္က ခရစ္ယာန္ဘာသာ၀င္ တဦးဟာ ေသမင္းနဲ႔ ေဘးဥပါဒ္ကိုေတာင္ မမွုဘဲ မိမိဘာသာ၀င္ လူမ်ဳိးအတြက္ အသက္ စေတးရဲခဲ့တယ္။ အခ်ဳပ္ထဲ ေရာက္သြားတဲ့ အခ်ိန္မွာလဲ မ်က္စိမျမင္တဲ့ ေထာင္မွဴးရဲ႔ သမီးကို ေဆးကုသ ေပးခဲ့တယ္။ Claudius
က ဒီသတင္းကို ၾကားေတာ့ ေတာ္ေတာ္ တုန္လွဳပ္သြားခဲ့တယ္။ Valentine ကိုလူထုရဲ႔ ေရွ႔မွာ ေသဒဏ္ေပးဖို႔ အမိန္႔ ခ်ခဲ့ျပန္တယ္။ ေသဒဏ္ေပးမဲ့ မနက္မွာValentineဟာ ေထာင္မွဴးသမီးကို ႏုတ္ဆက္စာေလး တေစာင္ေရးေပးခဲ့တယ္။

စာေအာက္ဆံုးမွာ ေရးထားတာကေတာ့ From your Valentine တဲ့။

သမိုင္းမွတ္တမ္းတင္တဲ့ လူေတြက ဒီအျဖစ္အပ်က္ရဲ႔ ရင္းျမစ္ကို ေဖာ္ထုတ္ၾကျပီး လူေတြကို ယံုၾကည္မွုေတြ ေပးခဲ့တယ္။ ေအတီ ၂၇၀ ေရာမဘုရင္ ထီးနန္းတက္စတုန္းက ေရာမျမိဳ႔ အနီးတ၀ိုက္ဟာ ေတာၾကီးျမက္မဲနဲ႔ ၀ံပုေလြေတြ ေပါမ်ားခဲ့တယ္။ ေရာမလူမ်ဳိး ကိုးကြယ္တဲ့ နတ္ဘုရားမွာ Lupercus ဆိုတဲ့ နတ္ဘုရားလဲ ပါ၀င္ျပီး အဲဒီ နတ္ဘုရားဟာ လူနဲ႔ ဆိတ္ေတြကို အကာအကြယ္ေပးတဲ့ နတ္ဘုရားျဖစ္တယ္။ ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္၀ါရီလလယ္မွာ အဲဒီနတ္ဘုရားကိုပသ ပူေဇာ္တဲ့ပဲြ လုပ္ၾကတယ္။ အဲဒီတုန္းက ျပကၡဒိန္ဟာ အခုေခတ္ ျပကၡဒိန္ထက္ အနည္းငယ္ ေနာက္က်တယ္။ အဲတုန္းက နတ္ဘုရားကို ပူေဇာ္တဲ့ပဲြဟာေႏြဦးကို ၾကိဳဆိုတဲ့ပဲြလို႔လဲ ေျပာႏိုင္တယ္။

ဒီပဲြဟာ နတ္ဘုရား Faunus ကို ပူေဇာ္တဲ့ ပဲြလို႔လဲ တခ်ဳိ႔ကေျပာၾကတယ္။ အဲဒီနတ္ဘုရားဟာ လူတပိုင္း ဆိတ္တပိုင္း ျဖစ္ျပီး ေခါင္းမွာ Pan လို႔ေခၚတဲ့ဂ်ဳိေပါက္ေနတယ္။

တိရိစာၦန္နဲ႔လူေတြကိုကာကြယ္ေစာင့္ေရွာက္တယ္။ဒီလို နတ္ဘုရားကို ပူေဇာ္ပသတဲ့ ျဖစ္စဥ္အစဟာ ေရွးကတည္းက ရွိခဲ့တဲ့အတြက္ ေအတီ၁ရာစုက ရွိခဲ့တဲ့ ပညာရွင္ေတြေတာင္ တိတိက်က် မသိခဲ့ၾကဘူး။ ဒါေပမဲ့ ဒီလိုေန႔ျမတ္ရဲ႔ အေရးပါပံုကိုေတာ့ ယံုမွားသံသယ မရွိခဲ့ၾကဘူး။ သမုိင္းမွတ္တမ္းအရ Mark Antony ဟာ ေအတီ ၄၄ခုႏွစ္ရဲ႔ နတ္ဘုရား ပူေဇာ္ပဲြတခုမွာ သရဖူကို Jul ius Caesar လက္ထဲ အပ္ႏွင္းလိုက္တယ္လို႔ သိရတယ္။ႏွစ္စဥ္ႏွစ္တိုင္းရဲ႔ ေဖေဖာ္၀ါရီလ ၁၅ရက္ေန႔မွာ ဘုန္းေတာ္ၾကီးေတြဟာ ေရာမျမိဳ႔မွာရွိတဲ့ Palantine ေတာင္ထိပ္ရဲ႔ ဂူတဂူေဘးမွာ စုေ၀းၾကတယ္။ ဒီဂူမွာ ဟိုးယခင္ နန္းတက္ခဲ့ဖူးတဲ့ Romilus and Remus ညီအစ္ကို ႏွစ္ဦးကို ၀ံပုေလြမတေကာင္က ေကြ်းေမြး ေစာင့္ေရွာက္ျပီး ၾကီးျပင္းခဲ့တဲ့ ေနရာျဖစ္တယ္။ အဲဒီပဲြမွာ ေနာက္တမ်ဳိး က်င္းပပံုက လူကံုထံမ်ားဟာ ဆိတ္သေရ ၾကာပြတ္ကို ကုိင္
ျပီး လမ္းတေလ်ာက္ ေျပးၾကျခင္းပါပဲ။ အမ်ဳိးသမီးေတြက ေျပးလမ္းရဲ႔ ေဘးတဖက္စီမွာ ရပ္ျပီး ေခါင္းကို ၾကာပြတ္နဲ႔ အရိုက္ခံၾကတယ္။ အရိုက္ခံရမွ သူတို႔ဟာ သမီးေလးေမြးမယ္လို႔ ယံုၾကည္ၾကလို႔ပါပဲ။လက္သင္ဘာသာမွာ ဆိတ္သေရ ၾကာပြတ္ကုိ februa လို႔ေခၚတယ္။ ၾကာပြတ္နဲ႔ ရိုက္တာကို fabruatio လို႔ေခၚတယ္။ တကယ္ေတာ့ စင္ၾကယ္ျခင္း ဆိုတဲ့ အဓိပါယ္ျဖစ္တယ္။ ႏွစ္လပိုင္း
February ဆိုတာ အဲဒီကေန ျဖစ္လာတာပါ။

ေရာမရဲ႔ အင္အားဟာ ၾကီးလာျပီး ဥေရာပတခုလံုး ပ်ံ႔ႏွံ႔လာခဲ့တယ္။ နတ္ဘုရားပူေဇာ္ပသတဲ့ အစဥ္အလာဟာ ျပင္သစ္၊ အဂၤလန္စတဲ့ ႏိုင္ငံေတြအထိ ေရာက္ခဲ့တယ္။ အဲလို ပူေဇာ္ပဲြမွာ လူၾကိဳက္မ်ားတာကေတာ့ ကံစမ္းမဲ ႏိုက္တာပါပဲ။

မိန္းကေလးေတြရဲ႔ နာမည္ကို ေသတၱာထဲ ထည့္ျပီး ေယာက္်ားသားေတြက မဲႏိုက္ၾကတယ္။ ႏိုက္မိတဲ့ မိန္းကေလးနဲ႔ အဲဒီ ေယာက္်ားေလးဟာ ခ်စ္သူေတြျဖစ္သြားၾကတယ္။ ႏွစ္ေတြၾကာလာေတာ့ ခရစ္ယာန္ေတြ အမွတ္တရထားတဲ့ဒီလို ထံုးတမ္းစဥ္လာဟာ တေျဖးေျဖးနဲ႔ ေပ်ာက္ကြယ္လာခဲ့တယ္။ ဘုန္းေတာ္ၾကီးေတြက ဒီပဲြကို လူေတြ ေမ့ေလ်ာ့ကုန္မွာ စိုးတာနဲ႔ အရင္က က်င္းပခဲ့တဲ့ Lupercalia ပဲြကို Valentine 's Day လို႔ေျပာင္းျပီး ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔ကို ေရြ႔ခဲ့ၾကတယ္။

ဘုန္းေတာ္ၾကီး Valentineရဲ႔ ရာဇ၀င္နဲ႔ ေရွးယခင္က ရွိခဲ့တဲ့နတ္ဘုရားပူေဇာ္တဲ့ ပဲြႏွစ္ခုကို ေပါင္းစပ္လိုက္ၾကတယ္။

ဒီပဲြဟာ ရာစုႏွစ္လယ္ေလာက္က အဂၤလန္မွာ ေတာ္ေတာ္ ေခတ္စားခဲ့တယ္။ မဲႏိုက္မိတဲ့ အပ်ဳိနဲ႔ လူပ်ဳိႏွစ္ဦးဟာ လက္ေဆာင္ ပစၥည္းေတြ လွဲလွယ္ၾကျပီး မိန္းကေလးက အဲဒီ တႏွစ္အတြင္းမွာ ေယာက္်ားေလးရဲ႔ Valentine ျဖစ္ရတယ္။

ေယာက္်ားေလးရဲ႔ အကၤ်ီမွာေတာ့ မိန္းကေလးနာမည္ကို ဇာထိုးထားရျပီး အဲဒီမိန္းကေလးကို ၾကည့္ရွဴေစာင့္ေရွာက္ဖို႔ တာ၀န္ယူရတယ္။ သမိုင္းအေထာက္အထားအရ ဒီလိုစံုတဲြမ်ဳိးဟာ ၁၅ရာစု ႏွစ္စမွာ ရွိခဲ့တယ္။

ငယ္ရြယ္တဲ့ ျပင္သစ္မင္းသား Duke of Orleans ဟာ Agincourt စစ္ပဲြမွာ အဂၤလိပ္ စစ္သည္တို႔က ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျပီး လန္ဒန္မွာ ႏွစ္အေတာ္ၾကာ ခ်ဳပ္ေႏွာင္ျခင္းကို ခံခဲ့ရတယ္။ မင္းသားဟာ သူ႔ ၾကင္ယာေတာ္အတြက္ ကဗ်ာေတြ စပ္ခဲ့တယ္။သူ႔ ကဗ်ာေပါင္း ၆၀ကို ဒီေန႔ထက္ထိ သိမ္းဆည္းထားပါတယ္။

ႏွစ္၂၀၀ ေနာက္ပိုင္းေရာက္မွ ပန္းေတြနဲ႔ လုပ္ထားတဲ့ စာေတြ၊ ပစၥည္းေတြ ေပၚခဲ့တယ္။ ျပင္သစ္ဘုရင္ Henry IV ရဲ႔ သမီးေတာ္တဦးက Valentine's Day မွာၾကီးက်ယ္တဲ့ ညစာစားပဲြတခု ျပဳလုပ္ခဲ့တယ္။အေရြးခံရတဲ့ မိန္းကေလးက လာေရြးသူ ေယာက္်ားေလးဆီက ပန္းတစည္းကို လက္ေဆာင္ရၾကတယ္။

ဒီလိုနဲ႔ ဒီအစဥ္အလာဟာ အီတလီ၊ ျပင္သစ္၊ အဂၤလန္ စတဲ့ ေနရာအသီးသီး ပ်ံ႔ႏွံ႔ခဲ့တယ္။ ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္၀ါရီလ (၁၄)ရက္ေန႔ဟာ သူငယ္ခ်င္း၊ ခ်စ္သူေတြကို ပန္းစည္းေတြ၊ အသဲပံု ခ်ဳိခ်ဥ္ေတြ၊ အခ်စ္စာလႊာနဲ႔ လက္ေဆာင္ပစၥည္းေတြ ေပးပို႔တဲ့လ ျဖစ္ခဲ့တယ္။ ဒီလို အျပန္အလွန္ လက္ေဆာင္ေတြ ဖလွယ္ၾကျခင္းျဖင့္ ကိုယ္ရဲ႔ စစ္မွန္တဲ့ အခ်စ္ကို သက္ေသျပရံုမက ရက္စက္တဲ့ ဘုရင္ကို ေတာ္လွန္ခဲ့တဲ့ ဘုန္းေတာ္ၾကီး Valentine ကိုလဲ ေအာက္ေမ့ ဂုဏ္ျပဳရင္းနဲ႔ေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zayyar Thura
# Unicode Version ျဖင့္ ဖတ္ပါ#
AD၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေကမိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက လူတွေကိုမင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်သူကို နုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။

Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီလာ တောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့
ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။

အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။

(တချို့ဆိုက်ဒ်က အေဒီ ၁၆၉တဲ့)။

နောက်မှုကွဲ တမျိုးက ဒီလို ဆိုထားပါတယ်။ ဘုန်းတော်ကြီး Valentine ဟာခရစ်ယာန် ဘာသာဝင်ရဲ့ ကနဦးအစကတဦးလို့ ဆိုရပါမယ်။ အဲဒီခေတ်က ခရစ်ယာန်ဘာသာဝင် တဦးဟာ သေမင်းနဲ့ ဘေးဥပါဒ်ကိုတောင် မမှုဘဲ မိမိဘာသာဝင် လူမျိုးအတွက် အသက် စတေးရဲခဲ့တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့ သမီးကို ဆေးကုသ ပေးခဲ့တယ်။ Claudius
က ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကိုလူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့် ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာValentineဟာ ထောင်မှူးသမီးကို နုတ်ဆက်စာလေး တစောင်ရေးပေးခဲ့တယ်။

စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။

သမိုင်းမှတ်တမ်းတင်တဲ့ လူတွေက ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို ဖော်ထုတ်ကြပြီး လူတွေကို ယုံကြည်မှုတွေ ပေးခဲ့တယ်။ အေတီ ၂၇၀ ရောမဘုရင် ထီးနန်းတက်စတုန်းက ရောမမြို့ အနီးတဝိုက်ဟာ တောကြီးမြက်မဲနဲ့ ဝံပုလွေတွေ ပေါများခဲ့တယ်။ ရောမလူမျိုး ကိုးကွယ်တဲ့ နတ်ဘုရားမှာ Lupercus ဆိုတဲ့ နတ်ဘုရားလဲ ပါဝင်ပြီး အဲဒီ နတ်ဘုရားဟာ လူနဲ့ ဆိတ်တွေကို အကာအကွယ်ပေးတဲ့ နတ်ဘုရားဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလလယ်မှာ အဲဒီနတ်ဘုရားကိုပသ ပူဇော်တဲ့ပွဲ လုပ်ကြတယ်။ အဲဒီတုန်းက ပြက္ခဒိန်ဟာ အခုခေတ် ပြက္ခဒိန်ထက် အနည်းငယ် နောက်ကျတယ်။ အဲတုန်းက နတ်ဘုရားကို ပူဇော်တဲ့ပွဲဟာနွေဦးကို ကြိုဆိုတဲ့ပွဲလို့လဲ ပြောနိုင်တယ်။

ဒီပွဲဟာ နတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲလို့လဲ တချို့ကပြောကြတယ်။ အဲဒီနတ်ဘုရားဟာ လူတပိုင်း ဆိတ်တပိုင်း ဖြစ်ပြီး ခေါင်းမှာ Pan လို့ခေါ်တဲ့ဂျိုပေါက်နေတယ်။

တိရိစ္ဆာန်နဲ့လူတွေကိုကာကွယ်စောင့်ရှောက်တယ်။ဒီလို နတ်ဘုရားကို ပူဇော်ပသတဲ့ ဖြစ်စဉ်အစဟာ ရှေးကတည်းက ရှိခဲ့တဲ့အတွက် အေတီ၁ရာစုက ရှိခဲ့တဲ့ ပညာရှင်တွေတောင် တိတိကျကျ မသိခဲ့ကြဘူး။ ဒါပေမဲ့ ဒီလိုနေ့မြတ်ရဲ့ အရေးပါပုံကိုတော့ ယုံမှားသံသယ မရှိခဲ့ကြဘူး။ သမိုင်းမှတ်တမ်းအရ Mark Antony ဟာ အေတီ ၄၄ခုနှစ်ရဲ့ နတ်ဘုရား ပူဇော်ပွဲတခုမှာ သရဖူကို Jul ius Caesar လက်ထဲ အပ်နှင်းလိုက်တယ်လို့ သိရတယ်။နှစ်စဉ်နှစ်တိုင်းရဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ Palantine တောင်ထိပ်ရဲ့ ဂူတဂူဘေးမှာ စုဝေးကြတယ်။ ဒီဂူမှာ ဟိုးယခင် နန်းတက်ခဲ့ဖူးတဲ့ Romilus and Remus ညီအစ်ကို နှစ်ဦးကို ဝံပုလွေမတကောင်က ကျွေးမွေး စောင့်ရှောက်ပြီး ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီပွဲမှာ နောက်တမျိုး ကျင်းပပုံက လူကုံထံများဟာ ဆိတ်သရေ ကြာပွတ်ကို ကိုင်
ပြီး လမ်းတလျောက် ပြေးကြခြင်းပါပဲ။ အမျိုးသမီးတွေက ပြေးလမ်းရဲ့ ဘေးတဖက်စီမှာ ရပ်ပြီး ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံကြတယ်။ အရိုက်ခံရမှ သူတို့ဟာ သမီးလေးမွေးမယ်လို့ ယုံကြည်ကြလို့ပါပဲ။လက်သင်ဘာသာမှာ ဆိတ်သရေ ကြာပွတ်ကို februa လို့ခေါ်တယ်။ ကြာပွတ်နဲ့ ရိုက်တာကို fabruatio လို့ခေါ်တယ်။ တကယ်တော့ စင်ကြယ်ခြင်း ဆိုတဲ့ အဓိပါယ်ဖြစ်တယ်။ နှစ်လပိုင်း
February ဆိုတာ အဲဒီကနေ ဖြစ်လာတာပါ။

ရောမရဲ့ အင်အားဟာ ကြီးလာပြီး ဥရောပတခုလုံး ပျံ့နှံ့လာခဲ့တယ်။ နတ်ဘုရားပူဇော်ပသတဲ့ အစဉ်အလာဟာ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေအထိ ရောက်ခဲ့တယ်။ အဲလို ပူဇော်ပွဲမှာ လူကြိုက်များတာကတော့ ကံစမ်းမဲ နိုက်တာပါပဲ။

မိန်းကလေးတွေရဲ့ နာမည်ကို သေတ္တာထဲ ထည့်ပြီး ယောက်ျားသားတွေက မဲနိုက်ကြတယ်။ နိုက်မိတဲ့ မိန်းကလေးနဲ့ အဲဒီ ယောက်ျားလေးဟာ ချစ်သူတွေဖြစ်သွားကြတယ်။ နှစ်တွေကြာလာတော့ ခရစ်ယာန်တွေ အမှတ်တရထားတဲ့ဒီလို ထုံးတမ်းစဉ်လာဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာခဲ့တယ်။ ဘုန်းတော်ကြီးတွေက ဒီပွဲကို လူတွေ မေ့လျော့ကုန်မှာ စိုးတာနဲ့ အရင်က ကျင်းပခဲ့တဲ့ Lupercalia ပွဲကို Valentine 's Day လို့ပြောင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ရွေ့ခဲ့ကြတယ်။

ဘုန်းတော်ကြီး Valentineရဲ့ ရာဇဝင်နဲ့ ရှေးယခင်က ရှိခဲ့တဲ့နတ်ဘုရားပူဇော်တဲ့ ပွဲနှစ်ခုကို ပေါင်းစပ်လိုက်ကြတယ်။

ဒီပွဲဟာ ရာစုနှစ်လယ်လောက်က အင်္ဂလန်မှာ တော်တော် ခေတ်စားခဲ့တယ်။ မဲနိုက်မိတဲ့ အပျိုနဲ့ လူပျိုနှစ်ဦးဟာ လက်ဆောင် ပစ္စည်းတွေ လှဲလှယ်ကြပြီး မိန်းကလေးက အဲဒီ တနှစ်အတွင်းမှာ ယောက်ျားလေးရဲ့ Valentine ဖြစ်ရတယ်။

ယောက်ျားလေးရဲ့ အင်္ကျီမှာတော့ မိန်းကလေးနာမည်ကို ဇာထိုးထားရပြီး အဲဒီမိန်းကလေးကို ကြည့်ရှူစောင့်ရှောက်ဖို့ တာဝန်ယူရတယ်။ သမိုင်းအထောက်အထားအရ ဒီလိုစုံတွဲမျိုးဟာ ၁၅ရာစု နှစ်စမှာ ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ပြင်သစ်မင်းသား Duke of Orleans ဟာ Agincourt စစ်ပွဲမှာ အင်္ဂလိပ် စစ်သည်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လန်ဒန်မှာ နှစ်အတော်ကြာ ချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ မင်းသားဟာ သူ့ ကြင်ယာတော်အတွက် ကဗျာတွေ စပ်ခဲ့တယ်။သူ့ ကဗျာပေါင်း ၆၀ကို ဒီနေ့ထက်ထိ သိမ်းဆည်းထားပါတယ်။

နှစ်၂၀၀ နောက်ပိုင်းရောက်မှ ပန်းတွေနဲ့ လုပ်ထားတဲ့ စာတွေ၊ ပစ္စည်းတွေ ပေါ်ခဲ့တယ်။ ပြင်သစ်ဘုရင် Henry IV ရဲ့ သမီးတော်တဦးက Valentine's Day မှာကြီးကျယ်တဲ့ ညစာစားပွဲတခု ပြုလုပ်ခဲ့တယ်။အရွေးခံရတဲ့ မိန်းကလေးက လာရွေးသူ ယောက်ျားလေးဆီက ပန်းတစည်းကို လက်ဆောင်ရကြတယ်။

ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Zayyar Thura 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top