ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေလးရွားႏိုင္ငံမွာ သမီးရင္းကို အဓမၼျပဳက်င့္ခဲ့တဲ့ ဖခင္အမ်ိဳးသားကို ျပစ္မႈဆိုင္ရာ ဗဟိုတရား႐ုံးက ဒီကေန႔မွာ ေထာင္ဒဏ္အႏွစ္ ၈၀ နဲ႔ ႀကိမ္ဒဏ္ ၂၄ ခ်က္ ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ဆာရာဝပ္ခ္ျပည္နယ္ တရား႐ုံးက ဒီျပစ္ဒဏ္ခ်မွတ္မႈ မတိုင္ခင္မွာ တရားခံက တရား႐ုံး ၄ ခုမွာ အသနားခံစာတင္သြင္း အယူခံဝင္ခဲ့ၿပီးေနာက္မွာမွ ခုလို အၿပီးသတ္အမိန္႔ ခ်မွတ္ႏုိင္ခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ ျပည္နယ္ၿမိဳ႕ေတာ္ ကူခ်င္းၿမိဳ႕နဲ႔ ၆၅ ကီလိုမီတာအကြာ ပါဒဝမ္ေဒသတြင္း ေနအိမ္မွာ ျဖစ္ခဲ့တာလို႔ မေလးရွားအေျခစိုက္ ဘနားမားသတင္းမွာ ေဖာ္ျပပါတယ္။

အသက္ ၄၀ အရြယ္ တရားခံအမ်ိဳးသားဟာ သမီးျဖစ္သူကို လြန္ခဲ့တဲ့ ၃ ႏွစ္တာကာလ ၂၀၁၅ ခုႏွစ္၊ မတ္လကတည္းက အဓမၼျပဳက်င့္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ သမီးငယ္ဟာ အသက္ ၁၄ ႏွစ္အရြယ္ရွိေနၿပီလုိ႔ ဆုိပါတယ္။

ဒီကာလေတြအတြင္းမွာ သူဟာ သမီးျဖစ္သူကို ၄ ႀကိမ္ လိင္ဆက္ဆံမႈလုပ္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ကာ အႀကိမ္တိုင္းမွာ ပဋိသေႏၶတားေဆးေတြ ေသာက္ခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

အခ်ိန္ကာလ ၾကာရွည္မသိႏိုင္ခဲ့တဲ့ ဒီျပႆနာကို သမီးျဖစ္သူက မိခင္ျဖစ္သူဆီ WechatApp အသံုးျပဳၿပီး ေျပာျပခဲ့ရာကေန ကြင္းဆက္ရခဲ့ၿပီး တိုင္ၾကားခံခဲ့ရတာပါ။

အဲဒီေနာက္မွာေတာ့ တရားခံအမ်ိဳးသားကို ဖမ္းဆီးစစ္ေဆးခဲ့ၾကၿပီး ခုလို အမိန္႔ခ်မွတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

တရားခံဟာ အေထြေထြလုပ္သားတဦးျဖစ္ကာ သူ႔မွာ အခုသမီးျဖစ္သူ အပါအဝင္ ေကၽြးေမြးေစာင့္ေရွာက္ရမယ့္ သမီးသုံးေယာက္နဲ႔ သားတေယာက္ရွိတာမို႔ ျပစ္ဒဏ္ကို ေလွ်ာ့ေပါ့ေပးဖို႔ ေလွ်ာက္လဲခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

အစိုးရ ဒုတိယေရွ႕ေန ဟာရက္ရွ္ပရာကက္ရွ္က တရားခံအမ်ိဳးသားဟာ စိတ္အေျခအေန မူမမွန္ဘဲ ခုလိုက်ဴးလြန္ခဲ့တဲ့အေပၚ သင့္ေတာ္တဲ့ျပစ္ဒဏ္ က်ခံေစဖို႔လိုတယ္လို႔ တရား႐ုံးမွာ ေျပာလိုက္တာပါ။

“သူ႔ကို ေသာ့ပိတ္ၿပီး ေသာ့ေတြကို ေဝးေဝးသာ လႊတ္ပစ္လိုက္ေတာ့” လို႔ အစုိးရ ဒုတိယေရွ႕ေန ဟာရက္ရွ္ပရာကက္ရွ္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB TV News

#Unicode Version#
မလေးရှားနိုင်ငံမှာ သမီးရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်အမျိုးသားကို ပြစ်မှုဆိုင်ရာ ဗဟိုတရားရုံးက ဒီကနေ့မှာ ထောင်ဒဏ်အနှစ် ၈၀ နဲ့ ကြိမ်ဒဏ် ၂၄ ချက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဆာရာဝပ်ခ်ပြည်နယ် တရားရုံးက ဒီပြစ်ဒဏ်ချမှတ်မှု မတိုင်ခင်မှာ တရားခံက တရားရုံး ၄ ခုမှာ အသနားခံစာတင်သွင်း အယူခံဝင်ခဲ့ပြီးနောက်မှာမှ ခုလို အပြီးသတ်အမိန့် ချမှတ်နိုင်ခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ပြည်နယ်မြို့တော် ကူချင်းမြို့နဲ့ ၆၅ ကီလိုမီတာအကွာ ပါဒဝမ်ဒေသတွင်း နေအိမ်မှာ ဖြစ်ခဲ့တာလို့ မလေးရှားအခြေစိုက် ဘနားမားသတင်းမှာ ဖော်ပြပါတယ်။

အသက် ၄၀ အရွယ် တရားခံအမျိုးသားဟာ သမီးဖြစ်သူကို လွန်ခဲ့တဲ့ ၃ နှစ်တာကာလ ၂၀၁၅ ခုနှစ်၊ မတ်လကတည်းက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သမီးငယ်ဟာ အသက် ၁၄ နှစ်အရွယ်ရှိနေပြီလို့ ဆိုပါတယ်။

ဒီကာလတွေအတွင်းမှာ သူဟာ သမီးဖြစ်သူကို ၄ ကြိမ် လိင်ဆက်ဆံမှုလုပ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ အကြိမ်တိုင်းမှာ ပဋိသန္ဓေတားဆေးတွေ သောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အချိန်ကာလ ကြာရှည်မသိနိုင်ခဲ့တဲ့ ဒီပြဿနာကို သမီးဖြစ်သူက မိခင်ဖြစ်သူဆီ WechatApp အသုံးပြုပြီး ပြောပြခဲ့ရာကနေ ကွင်းဆက်ရခဲ့ပြီး တိုင်ကြားခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ တရားခံအမျိုးသားကို ဖမ်းဆီးစစ်ဆေးခဲ့ကြပြီး ခုလို အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တရားခံဟာ အထွေထွေလုပ်သားတဦးဖြစ်ကာ သူ့မှာ အခုသမီးဖြစ်သူ အပါအဝင် ကျွေးမွေးစောင့်ရှောက်ရမယ့် သမီးသုံးယောက်နဲ့ သားတယောက်ရှိတာမို့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ လျှောက်လဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အစိုးရ ဒုတိယရှေ့နေ ဟာရက်ရှ်ပရာကက်ရှ်က တရားခံအမျိုးသားဟာ စိတ်အခြေအနေ မူမမှန်ဘဲ ခုလိုကျူးလွန်ခဲ့တဲ့အပေါ် သင့်တော်တဲ့ပြစ်ဒဏ် ကျခံစေဖို့လိုတယ်လို့ တရားရုံးမှာ ပြောလိုက်တာပါ။

“သူ့ကို သော့ပိတ်ပြီး သော့တွေကို ဝေးဝေးသာ လွှတ်ပစ်လိုက်တော့” လို့ အစိုးရ ဒုတိယရှေ့နေ ဟာရက်ရှ်ပရာကက်ရှ်က ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top