AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ္၀န္ေဆာင္ေနစဥ္ကာလမွာ ၀မ္းဗိုက္ထဲမွ ပိုေနေသာ အေလးခ်ိန္ေတြ၊ ေဟာ္မုန္းေျပာင္းလဲတာေတြနဲ႔ Center of Gravity ( ကမၻာဆြဲအားတည္ခ်က္) ေျပာင္းလဲတာေတြျဖစ္ႏိုင္တဲ့အျပင္ ဒါေတြက အဆစ္ေတြနဲ႔ ၾကြက္သားေတြကိုေလ်ာ့ရဲသြားေစျပီး လဲက်တာမ်ိဳးကို မၾကာခဏျဖစ္ေစတတ္ပါတယ္။ တကယ္တမ္းေတာ့ Maternal Child Health Journal (မိခင္နွင့္ ကေလးက်န္းမာေရး ဂ်ာနယ္) (2010) မွာပါ၀င္တဲ့ kari Dunningရဲ႕ တင္ျပခ်က္အရေတာ့ ၂၇%ေသာ မိခင္ေလာင္းေတြဟာ ကုိယ္၀န္ေဆာင္ေနစဥ္ အနည္းဆံုးေတာ့ တစ္ၾကိမ္တစ္ခါေလာက္ လဲက်ဖူးတာပါပဲတဲ့။ Cincinnati စင္စီနတီ တကၠသိုလ္ရဲ႕ ေလ့လာခ်က္တစ္ရပ္မွာလည္း ဒီလိုလဲက်မႈေတြဟာ 29%ေသာ ကိုယ္၀န္ေဆာင္စဥ္ ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိမႈေတြရဲ႕ တရားခံပါပဲလို႔ ေဖာ္ျပထားပါတယ္။
ကိုယ္၀န္ေဆာင္ကာလ အေစာပိုင္း

နည္းနည္းေလးေခ်ာ္က်လိုက္တာနဲ႔ေတာ့ အရမ္းကာေရာၾကီး ထိတ္လန္႔ေနစရာမလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ခႏၶာကိုယ္က သေႏၶသားကို ကာကြယ္ဖို႔အတြက္ သားအိမ္နံရံအထူၾကီးေတြ၊ ေရျမႊာေရေတြနဲ႔ ကူရွင္အျဖစ္ တည္ေဆာက္ထားလို႔ပါပဲ။ ကိုယ္၀န္အေစာပိုင္းကာလမွာ သားအိမ္ဟာ တင္ပါးဆံုရိုးအတြင္းမွာပဲ ရွိေနပါေသးတယ္။ ဒါက ပိုျပီးလံုျခံဳစိတ္ခ်ရပါတယ္။ ဒါေၾကာင့္သင္ကတကယ္လို႔ ကိုယ္၀န္ပထမ၃လအတြင္းမွာ လဲက်ခဲ့တယ္ဆိုရင္ သင့္ကေလးဘာမွမျဖစ္ဖို႔ ရာႏႈန္းမ်ားပါတယ္။
ကိုယ္၀န္သက္ ရင့္လာေသာအခါ..

ဒါေပမယ့္ ကိုယ္၀န္ေဆာင္ကာလရဲ႕ ေနာက္ဆံုးရက္သတၱပတ္ေတြေလာက္မွာ လဲက်ခဲ့တယ္ဆိုရင္ ဒါဟာ ေစာေစာေမြးဖြားရဖို႔ျဖစ္လာႏိုင္ပါတယ္။ လဲက်ျပီးတဲ့ေနာက္ နာက်င္မႈေတြခံစားလာရတယ္ ဒါမွမဟုတ္ မိန္းမကိုယ္ကေန ေသြးေတြဆင္းလာမယ္၊ ေရျမႊာေပါက္လာမယ္၊ သားအိမ္ညွစ္လာမယ္ (ၾကံဳ႕လာမယ္) ဆိုရင္ ခ်က္ခ်င္း ေဆးကုသမႈခံယူပါ။ သေႏၶသားထိခိုက္သြားခဲ့ရင္ ဒီအျဖစ္ဟာ အခ်င္းကြာျခင္းေတြကိုေတာင္ျဖစ္ေစႏိုင္ပါတယ္။ ျပင္းထန္တဲ့ကိစၥရပ္ေတြမွာ ရက္မေစ့ဘဲေမြးဖြားရျခင္းေတြျဖစ္ေစႏိုင္ျပီး ပိုျပီးဆိုးတဲ့အေျခအေနေတြမွာေတာ့ မိခင္ေရာ သေႏၶသားပါ ေသဆံုးသြားႏိုင္ပါတယ္။
ဒါကိုစိုးရိမ္ေၾကာက္ရြံ႕ေနသင့္သလား။

ရက္မေစ့ဘဲ ေမြးဖြားျခင္းဟာ သိပ္မျပင္းထန္တဲ့ ၀မ္းဗိုက္ဒဏ္ရာရမႈေၾကာင့္ျဖစ္ေလ့ရွိျပီး မ်ားေသာအားျဖင့္ ေကာင္းေကာင္းအနားယူျခင္းနဲ႔ ေရဓာတ္ျဖည့္ျခင္းတို႔ ျပဳလုပ္ရေလ့ ရွိပါတယ္။ မျပင္းထန္တဲ့ အခ်င္းကြာျခင္းေတြဟာ ကုသမႈမခံယူရဘဲ ျဖည္းျဖည္းခ်င္း ေပ်ာက္ကင္းသြားႏုိင္ပါတယ္။ ျပင္းထန္တဲ့ ဒဏ္ရာေတြကေတာ့ အခ်င္းရဲ႕ အဓိကတြယ္ဆက္ေၾကာင္းကို ထိခိုက္ေစႏိုင္တာေၾကာင့္ ခ်က္ခ်င္းေမြးဖြားလိုက္ရတာမ်ိဳးေတြျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ ေမြးဖြားျပီးရင္ေတာင္မွ ေသြးဆင္းေနဆဲဆိုရင္ေတာ့ ဆရာ၀န္က သားအိမ္ထုတ္ျခင္း သို႔မဟုတ္ သားအိမ္ျခစ္ျခင္း ( Hysterectomy) ကို လုပ္ေဆာင္ဖုိ႔ လိုအပ္ပါတယ္။

လဲက်ျခင္းဆိုတာကေတာ့ မိခင္ေလာင္းတိုင္းကို ေျခာက္လွန္႔ေနတတ္တာပါပဲ။ အသာအယာလဲက်တာဟာ သင့္ကေလးကို မထိခိုက္ေစႏိုင္ဘူးဆိုတာ ယံုၾကည္လိုက္ပါ။ တကယ္လို႔သင္က မေတာ္တဆမႈကို ကာကြယ္လို႔မရဘူးဆိုရင္ေတာင္ ထိခိုက္ဒဏ္ရာေတြေလ်ာ့နည္းသြားေစဖို႔အတြက္ ပတ္၀န္းက်င္ကို သတိၾကီးၾကီးထားပါ။ ဥပမာ ခ်ိဳင့္ခြက္ေတြရွိေနတာနဲ႔ ေခ်ာက်ိတဲ့ မ်က္ႏွာျပင္ေတြကိုေပါ့။ သင္ႏွစ္သက္လွပါတယ္ဆိုတဲ့ ေဒါက္ျမင့္ေတြကို လႊင့္ပစ္လုိက္ပါ။ ပါးလႊာျပီး အေထာက္အပံ့ျဖစ္ေစႏိုင္မယ့္ ရွဴးေတြစီးပါ။ ေလွကားတက္ရဖို႔လိုအပ္လာျပီဆိုရင္ ေလွကားလက္ရန္းေတြကို ေသခ်ာတင္းၾကပ္ေနေအာင္ကိုင္ျပီး ျဖည္းျဖည္းခ်င္းတက္ပါ။ အကူအညီလိုအပ္လာျပီဆိုလည္း လက္ကမ္းခိုင္းဖို႔ ဘယ္ေတာ့မွ ေတြေ၀မေနပါနဲ႔။

ေရးသားသူ Wathun Myat Chal

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဝမ်းဗိုက်ထဲမှ ပိုနေသော အလေးချိန်တွေ၊ ဟော်မုန်းပြောင်းလဲတာတွေနဲ့ Center of Gravity ( ကမ္ဘာဆွဲအားတည်ချက်) ပြောင်းလဲတာတွေဖြစ်နိုင်တဲ့အပြင် ဒါတွေက အဆစ်တွေနဲ့ ကြွက်သားတွေကိုလျော့ရဲသွားစေပြီး လဲကျတာမျိုးကို မကြာခဏဖြစ်စေတတ်ပါတယ်။ တကယ်တမ်းတော့ Maternal Child Health Journal (မိခင်နှင့် ကလေးကျန်းမာရေး ဂျာနယ်) (2010) မှာပါဝင်တဲ့ kari Dunningရဲ့ တင်ပြချက်အရတော့ ၂၇%သော မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် အနည်းဆုံးတော့ တစ်ကြိမ်တစ်ခါလောက် လဲကျဖူးတာပါပဲတဲ့။ Cincinnati စင်စီနတီ တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ရပ်မှာလည်း ဒီလိုလဲကျမှုတွေဟာ 29%သော ကိုယ်ဝန်ဆောင်စဉ် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိမှုတွေရဲ့ တရားခံပါပဲလို့ ဖော်ပြထားပါတယ်။
ကိုယ်ဝန်ဆောင်ကာလ အစောပိုင်း

နည်းနည်းလေးချော်ကျလိုက်တာနဲ့တော့ အရမ်းကာရောကြီး ထိတ်လန့်နေစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓာကိုယ်က သန္ဓေသားကို ကာကွယ်ဖို့အတွက် သားအိမ်နံရံအထူကြီးတွေ၊ ရေမြွှာရေတွေနဲ့ ကူရှင်အဖြစ် တည်ဆောက်ထားလို့ပါပဲ။ ကိုယ်ဝန်အစောပိုင်းကာလမှာ သားအိမ်ဟာ တင်ပါးဆုံရိုးအတွင်းမှာပဲ ရှိနေပါသေးတယ်။ ဒါက ပိုပြီးလုံခြုံစိတ်ချရပါတယ်။ ဒါကြောင့်သင်ကတကယ်လို့ ကိုယ်ဝန်ပထမ၃လအတွင်းမှာ လဲကျခဲ့တယ်ဆိုရင် သင့်ကလေးဘာမှမဖြစ်ဖို့ ရာနှုန်းများပါတယ်။
ကိုယ်ဝန်သက် ရင့်လာသောအခါ..

ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးရက်သတ္တပတ်တွေလောက်မှာ လဲကျခဲ့တယ်ဆိုရင် ဒါဟာ စောစောမွေးဖွားရဖို့ဖြစ်လာနိုင်ပါတယ်။ လဲကျပြီးတဲ့နောက် နာကျင်မှုတွေခံစားလာရတယ် ဒါမှမဟုတ် မိန်းမကိုယ်ကနေ သွေးတွေဆင်းလာမယ်၊ ရေမြွှာပေါက်လာမယ်၊ သားအိမ်ညှစ်လာမယ် (ကြုံ့လာမယ်) ဆိုရင် ချက်ချင်း ဆေးကုသမှုခံယူပါ။ သန္ဓေသားထိခိုက်သွားခဲ့ရင် ဒီအဖြစ်ဟာ အချင်းကွာခြင်းတွေကိုတောင်ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ကိစ္စရပ်တွေမှာ ရက်မစေ့ဘဲမွေးဖွားရခြင်းတွေဖြစ်စေနိုင်ပြီး ပိုပြီးဆိုးတဲ့အခြေအနေတွေမှာတော့ မိခင်ရော သန္ဓေသားပါ သေဆုံးသွားနိုင်ပါတယ်။
ဒါကိုစိုးရိမ်ကြောက်ရွံ့နေသင့်သလား။

ရက်မစေ့ဘဲ မွေးဖွားခြင်းဟာ သိပ်မပြင်းထန်တဲ့ ဝမ်းဗိုက်ဒဏ်ရာရမှုကြောင့်ဖြစ်လေ့ရှိပြီး များသောအားဖြင့် ကောင်းကောင်းအနားယူခြင်းနဲ့ ရေဓာတ်ဖြည့်ခြင်းတို့ ပြုလုပ်ရလေ့ ရှိပါတယ်။ မပြင်းထန်တဲ့ အချင်းကွာခြင်းတွေဟာ ကုသမှုမခံယူရဘဲ ဖြည်းဖြည်းချင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေကတော့ အချင်းရဲ့ အဓိကတွယ်ဆက်ကြောင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းမွေးဖွားလိုက်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ မွေးဖွားပြီးရင်တောင်မှ သွေးဆင်းနေဆဲဆိုရင်တော့ ဆရာဝန်က သားအိမ်ထုတ်ခြင်း သို့မဟုတ် သားအိမ်ခြစ်ခြင်း ( Hysterectomy) ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

လဲကျခြင်းဆိုတာကတော့ မိခင်လောင်းတိုင်းကို ခြောက်လှန့်နေတတ်တာပါပဲ။ အသာအယာလဲကျတာဟာ သင့်ကလေးကို မထိခိုက်စေနိုင်ဘူးဆိုတာ ယုံကြည်လိုက်ပါ။ တကယ်လို့သင်က မတော်တဆမှုကို ကာကွယ်လို့မရဘူးဆိုရင်တောင် ထိခိုက်ဒဏ်ရာတွေလျော့နည်းသွားစေဖို့အတွက် ပတ်ဝန်းကျင်ကို သတိကြီးကြီးထားပါ။ ဥပမာ ချိုင့်ခွက်တွေရှိနေတာနဲ့ ချောကျိတဲ့ မျက်နှာပြင်တွေကိုပေါ့။ သင်နှစ်သက်လှပါတယ်ဆိုတဲ့ ဒေါက်မြင့်တွေကို လွှင့်ပစ်လိုက်ပါ။ ပါးလွှာပြီး အထောက်အပံ့ဖြစ်စေနိုင်မယ့် ရှူးတွေစီးပါ။ လှေကားတက်ရဖို့လိုအပ်လာပြီဆိုရင် လှေကားလက်ရန်းတွေကို သေချာတင်းကြပ်နေအောင်ကိုင်ပြီး ဖြည်းဖြည်းချင်းတက်ပါ။ အကူအညီလိုအပ်လာပြီဆိုလည်း လက်ကမ်းခိုင်းဖို့ ဘယ်တော့မှ တွေဝေမနေပါနဲ့။

ရေးသားသူ Wathun Myat Chal

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top