န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေလ့လာခ်က္ေတြရဲ႕အဆိုအရဆိုရင္ ကမၻာတဝွမ္းလံုးမွာ တစ္ေန႔ကို ေကာ္ဖီခြက္ေရေပါင္း (၂.၂) ဘီလ်ံဝန္းက်င္ထိ ေသာက္သံုးေနၾကပါတယ္တဲ့။ ဒါဟာ ေကာ္ဖီကို ကမၻာေပၚမွာ လူႀကိဳက္အမ်ားဆံုး ေသာက္စရာ အေဖ်ာ္ယမကာတစ္မ်ိဳး ျဖစ္ေစပါတယ္။ ေကာ္ဖီရဲ႕ အက်ိဳးေက်းဇူးေတြကို ေတာ္ေတာ္မ်ားမ်ား သိၾကၿပီးျဖစ္ေပမဲ့ လူသိပ္မသိေသးတဲ့ ေကာ္ဖီရဲ႕ အက်ိဳးေက်းဇူးေတြလည္း ႐ွိပါေသးတယ္။ အဲဒါေတြကေတာ့...

၁။ ေကာ္ဖီက ဦးေႏွာက္ရဲ႕စြမ္းအားကို လႈံ႕ေဆာ္ေပးတယ္

ကဖင္းနဲ႔ ဂလူးကို႔စ္ ေပါင္းစည္းမႈက ဦးေႏွာက္ထဲမွာ ႐ုတ္တရက္ႏိုးၾကားမႈကို ျဖစ္ေပၚေစပါတယ္။ ေကာ္ဖီတစ္ခြက္ထဲမွာ ပါဝင္တဲ့ ကဖင္းဓာတ္က အာ႐ံုေၾကာမႀကီး ဗဟုိစနစ္ကို လႈံ႔ေဆာ္ေပးႏိုင္ၿပီး ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို တိုးတက္ေစပါတယ္။ အဲဒီလို ဦးေႏွာက္ ႏိုးၾကားလာရာမွ adrealine လို႔ေခၚတဲ့ ဓာတုပစၥည္းတစ္မ်ိဳး ထြက္လာၿပီး ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ ႏွစ္မ်ိဳးလံုးကို ႏိုးၾကားေစပါတယ္။ ႏွလံုးခုန္ျမန္လာမယ္။ ေသြးဖိအား တက္လာမယ္။ အသက္႐ွဴႏႈန္း ပိုျမန္လာမယ္ စတာေတြက ေသြးေၾကာထဲကို ေအာက္ဆီဂ်င္ ပိုေရာက္ေစႏိုင္ၿပီး အာ႐ံုစူးစိုက္ႏိုင္စြမ္းကိုပါ တိုးတက္ေစႏိုင္ပါတယ္။

၂။ ေသြးဖိအားကို တက္ေစႏိုင္တယ္

တကယ္လို႔ သင့္မွာ ေသြးတိုးေရာဂါ ႐ွိတယ္ဆိုရင္ မေသာက္ခင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ၿပီးမွ ေကာ္ဖီေသာက္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေကာ္ဖီေသာက္ျခင္းက ေသြးဖိအားကို တိုးတက္ေစႏိုင္လို႔ပါပဲ။ ေကာ္ဖီအျပင္ တျခားကဖင္းဓာတ္ပါတဲ့ ေဖ်ာ္ရည္ေတြကိုလည္း ေ႐ွာင္႐ွားသင့္ပါတယ္။ ေသြးတိုးရာကေန ေလျဖတ္တဲ့ထိ ျဖစ္သြားေစႏိုင္လို႔ သတိထားသင့္ပါတယ္။

၃။ ေကာ္ဖီက ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္

ေကာ္ဖီဟာ ခြန္အားတိုးေစတဲ့ ကဖင္းဓာတ္ပါဝင္မႈေၾကာင့္ နာမည္ေက်ာ္ၾကားပါတယ္။ ေကာ္ဖီထဲမွာ အာဟာရဓာတ္နဲ႔ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ ဓာတုပစၥည္းေတြလည္း ၾကြယ္ဝစြာ ပါဝင္ပါေသးတယ္။ ႏိုင္ငံအသီးသီးက သိပၸံပညာ႐ွင္ေတြရဲ႕ အဆိုအရဆိုရင္ ေကာ္ဖီက အ႐ြယ္မတိုင္ခင္ ေသဆံုးျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္တဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ေကာ္ဖီက ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစလို႔ပါပဲတဲ့။

၄။ ေကာ္ဖီက ေခါင္းကိုက္ေပ်ာက္ေစတယ္

ေကာ္ဖီထဲမွာ ပါဝင္တဲ့ ကဖင္းဓာတ္ဟာ ေခါင္းကိုက္ေခါင္းခဲျခင္း ေဝဒနာေတြကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ အမွန္ေတာ့ ကဖင္းဓာတ္ဟာ ေခါင္းကိုက္ေပ်ာက္ေဆး ေတာ္ေတာ္မ်ားမ်ားမွာလည္း ထည့္သြင္းရတဲ့ ဓာတုပစၥည္းတစ္မ်ိဳးပါ။ ေဆးေသာက္ၿပီး ေခါင္းကိုက္ေပ်ာက္တာထက္ ေကာ္ဖီေသာက္လို႔ ေခါင္းကိုက္ေပ်ာက္တာက ေဘးထြက္ဆိုးက်ိဳး ပိုနည္းပါတယ္တဲ့။

၅။ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစတယ္

ေကာ္ဖီဟာ စိတ္ခံစားမႈကိုလည္း ျမွင့္တင္ေပးပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ေကာ္ဖီက စိတ္ခံစားခ်က္ကို ပိုမိုေကာင္းမြန္ေစတဲ့ ဒိုပါမင္း (dopamine) နဲ႔ ဆာရာတိုနင္ (serotonin) ဆိုတဲ့ ေဟာ္မုန္းေတြကို ထြက္လာေစႏိုင္လို႔ပါပဲ။ ေကာ္ဖီနံ႔ေလး ရလိုက္တာနဲ႔၊ ေကာ္ဖီေလးတစ္ခြက္ ေသာက္လိုက္႐ံုနဲ႔ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစႏိုင္ၿပီး စိတ္က်ေရာဂါကိုလည္း တိုက္ဖ်က္ႏိုင္ပါတယ္။ တစ္ေန႔ကို ေကာ္ဖီ (၂) ခြက္ကေန (၄) ခြက္ၾကား ေသာက္ေပးျခင္းက အမ်ိဳးသား၊ အမ်ိဳးသမီးေတြမွာ သတ္ေသႏႈန္းကို (၅၀) ရာခိုင္ႏႈန္းထိ ေလ်ာ့နည္းေစႏိုင္ပါတယ္။

Source: Brightside

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လေ့လာချက်တွေရဲ့အဆိုအရဆိုရင် ကမ္ဘာတဝှမ်းလုံးမှာ တစ်နေ့ကို ကော်ဖီခွက်ရေပေါင်း (၂.၂) ဘီလျံဝန်းကျင်ထိ သောက်သုံးနေကြပါတယ်တဲ့။ ဒါဟာ ကော်ဖီကို ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်စရာ အဖျော်ယမကာတစ်မျိုး ဖြစ်စေပါတယ်။ ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကို တော်တော်များများ သိကြပြီးဖြစ်ပေမဲ့ လူသိပ်မသိသေးတဲ့ ကော်ဖီရဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...

၁။ ကော်ဖီက ဦးနှောက်ရဲ့စွမ်းအားကို လှုံ့ဆော်ပေးတယ်

ကဖင်းနဲ့ ဂလူးကို့စ် ပေါင်းစည်းမှုက ဦးနှောက်ထဲမှာ ရုတ်တရက်နိုးကြားမှုကို ဖြစ်ပေါ်စေပါတယ်။ ကော်ဖီတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်က အာရုံကြောမကြီး ဗဟိုစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါတယ်။ အဲဒီလို ဦးနှောက် နိုးကြားလာရာမှ adrealine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ထွက်လာပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ် နှစ်မျိုးလုံးကို နိုးကြားစေပါတယ်။ နှလုံးခုန်မြန်လာမယ်။ သွေးဖိအား တက်လာမယ်။ အသက်ရှူနှုန်း ပိုမြန်လာမယ် စတာတွေက သွေးကြောထဲကို အောက်ဆီဂျင် ပိုရောက်စေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းကိုပါ တိုးတက်စေနိုင်ပါတယ်။

၂။ သွေးဖိအားကို တက်စေနိုင်တယ်

တကယ်လို့ သင့်မှာ သွေးတိုးရောဂါ ရှိတယ်ဆိုရင် မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ ကော်ဖီသောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီသောက်ခြင်းက သွေးဖိအားကို တိုးတက်စေနိုင်လို့ပါပဲ။ ကော်ဖီအပြင် တခြားကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ သွေးတိုးရာကနေ လေဖြတ်တဲ့ထိ ဖြစ်သွားစေနိုင်လို့ သတိထားသင့်ပါတယ်။

၃။ ကော်ဖီက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

ကော်ဖီဟာ ခွန်အားတိုးစေတဲ့ ကဖင်းဓာတ်ပါဝင်မှုကြောင့် နာမည်ကျော်ကြားပါတယ်။ ကော်ဖီထဲမှာ အာဟာရဓာတ်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓာတုပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ နိုင်ငံအသီးသီးက သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ကော်ဖီက အရွယ်မတိုင်ခင် သေဆုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ပါပဲတဲ့။

၄။ ကော်ဖီက ခေါင်းကိုက်ပျောက်စေတယ်

ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ အမှန်တော့ ကဖင်းဓာတ်ဟာ ခေါင်းကိုက်ပျောက်ဆေး တော်တော်များများမှာလည်း ထည့်သွင်းရတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ ဆေးသောက်ပြီး ခေါင်းကိုက်ပျောက်တာထက် ကော်ဖီသောက်လို့ ခေါင်းကိုက်ပျောက်တာက ဘေးထွက်ဆိုးကျိုး ပိုနည်းပါတယ်တဲ့။

၅။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

ကော်ဖီဟာ စိတ်ခံစားမှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေတဲ့ ဒိုပါမင်း (dopamine) နဲ့ ဆာရာတိုနင် (serotonin) ဆိုတဲ့ ဟော်မုန်းတွေကို ထွက်လာစေနိုင်လို့ပါပဲ။ ကော်ဖီနံ့လေး ရလိုက်တာနဲ့၊ ကော်ဖီလေးတစ်ခွက် သောက်လိုက်ရုံနဲ့ စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပြီး စိတ်ကျရောဂါကိုလည်း တိုက်ဖျက်နိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ (၂) ခွက်ကနေ (၄) ခွက်ကြား သောက်ပေးခြင်းက အမျိုးသား၊ အမျိုးသမီးတွေမှာ သတ်သေနှုန်းကို (၅၀) ရာခိုင်နှုန်းထိ လျော့နည်းစေနိုင်ပါတယ်။

Source: Brightside

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top