ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံမွာ ခရီးသည္တင္ေလယာဥ္တစီး ေဖေဖာ္ဝါရီ ၁၈ ရက္ ညေနပိုင္းက ပ်ံသန္းစဥ္ ေဘးႏွစ္ဖက္က ေတာင္ပံမွာ မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။

အဲဒီ ေလယာဥ္ေတာင္ပံ မီးေလာင္ေနတာကို Wee Boonsena အမည္ရွိ ခရီးသည္တဦးက ဗြီဒီယို႐ုိက္ၿပီး သူ႔ရဲ႕ လူမႈကြန္ရက္မွာ “ေက်းဇူးျပဳ၍ သင့္ထိုင္ခံုေရွ႕က ေဘးကင္းလံုၿခံဳေရး လက္စြဲစာအုပ္ကို ေလ့လာဖတ္႐ႈပါ၊ အေရးႀကံဳတဲ့အခါ တကယ္ကို စိတ္လႈပ္ရွားပါတယ္” ဆိုတဲ့ သတိေပးခ်က္နဲ႔အတူ တင္ထားခဲ့တာပါ။

၃ မိနစ္ေက်ာ္ ၾကာျမင့္တဲ့ အဲဒီဗြီဒီယိုဖိုင္ထဲမွာ ေလယာဥ္ေတာင္ပံက မီးခိုးထြက္လာပံု၊ မီးစတင္စြဲေလာင္ပံုေတြ ပါရွိၿပီး ခနအၾကာမွာ ေလယာဥ္မယ္က ေလယာဥ္စက္ခ်ိဳ႕ယြင္းမႈ ရွိေၾကာင္း၊ မၾကာခင္ ဆကြန္းနခြန္းေလဆိပ္ကို အေရးေပၚ ျပန္ဆင္းမွာျဖစ္ေၾကာင္း၊ ခရီးသည္ေတြ ေဘးကင္းေစဖို႔ လုပ္ငန္းစဥ္အဆင့္ဆင့္ ေဆာင္ရြက္ေနတဲ့အတြက္ ခ်က္ခ်င္း မေၾကညာႏိုင္တာကို ေတာင္းပန္ေၾကာင္း ေၾကညာခဲ့ပါတယ္။

လိုက္ပါလာတဲ့ ခရီးသည္ေတြလည္း ထိတ္လန္႔ေအာ္ဟစ္တာေတြ မရွိဘဲ ၿငိမ္သက္စြာ လိုက္ပါလာခဲ့အၿပီး ေလယာဥ္က ေျမျပင္ေျပးလမ္းေၾကာင္းေပၚေရာက္မွ ဗြီဒီယို ရပ္သြားပါတယ္။

ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး စႏြတ္ထုိင္းသတင္းက အဲဒီေလယာဥ္မွာ ႏုတ္အဲ (Nok Air) ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္ DD9521 မွျဖစ္ကာ ခရီးသည္ေပါင္း ၈၄ ဦး စီးနင္းလိုက္ပါလာေၾကာင္း၊ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔က ထိုင္းအေရွ႕ေျမာက္ပိုင္း ဆကြန္းနခြန္းေလဆိပ္မွ ဘန္ေကာက္ ဒြန္ေမာင္းသို႔ ညေန ၃ နာရီ ၁၀ မိနစ္မွာ စတင္ပ်ံသန္း ထြက္ခြာလာရာ ပ်ံသန္းခ်ိန္ ၂ မိနစ္ခန္႔အၾကာ ေလယာဥ္စက္ခ်ိဳ႕ယြင္းမႈ ျဖစ္တာေၾကာင့္ ကပၸတိန္မွ နဂိုထြက္ခြာလာရာ ေလဆိပ္ကိုပဲ ျပန္လည္ဆင္းသက္ဖို႔ ဆံုးျဖတ္ခဲ့ေၾကာင္း ေရးသားေဖာ္ျပထားပါတယ္။

ႏုတ္အဲ ေလေၾကာင္းလိုင္း ကုမၸဏီကလည္း သူတို႔အေနနဲ႔  ေလယာဥ္ မေတာ္တဆ စက္ခ်ိဳ႕ယြင္းရင္ ေဆာင္ရြက္ရမယ့္ လမ္းညႊန္ခ်က္ေတြအတိုင္း အဆင့္ဆင့္ ေဆာင္ရြက္ခဲ့ေၾကာင္း၊ အဲဒီေန႔က ေလယာဥ္ေပၚပါတဲ့ ခရီးသည္ေတြကို နခြန္ဖႏုန္ေလယာဥ္နဲ႔ ည ၉ နာရီ ၁၀ မိနစ္က လႊဲေျပာင္းပို႔ေဆာင္ေပးခဲ့ၿပီး ခရီးသည္ေတြဟာ ဒြန္ေမာင္းေလဆိပ္ကို ည ၁၀ နာရီ မိနစ္ ၂၀ မွာ ေခ်ာေမာစြာ ေရာက္ရွိေၾကာင္း၊ ခရီးစဥ္ဖ်က္သိမ္းလိုက္တဲ့ သူေတြကိုလည္း ေလယာဥ္လက္မွတ္ဖိုးေတြ ျပန္ထုတ္ေပးခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစီး ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ပျံသန်းစဉ် ဘေးနှစ်ဖက်က တောင်ပံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ လေယာဉ်တောင်ပံ မီးလောင်နေတာကို Wee Boonsena အမည်ရှိ ခရီးသည်တဦးက ဗွီဒီယိုရိုက်ပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ “ကျေးဇူးပြု၍ သင့်ထိုင်ခုံရှေ့က ဘေးကင်းလုံခြုံရေး လက်စွဲစာအုပ်ကို လေ့လာဖတ်ရှုပါ၊ အရေးကြုံတဲ့အခါ တကယ်ကို စိတ်လှုပ်ရှားပါတယ်” ဆိုတဲ့ သတိပေးချက်နဲ့အတူ တင်ထားခဲ့တာပါ။

၃ မိနစ်ကျော် ကြာမြင့်တဲ့ အဲဒီဗွီဒီယိုဖိုင်ထဲမှာ လေယာဉ်တောင်ပံက မီးခိုးထွက်လာပုံ၊ မီးစတင်စွဲလောင်ပုံတွေ ပါရှိပြီး ခနအကြာမှာ လေယာဉ်မယ်က လေယာဉ်စက်ချို့ယွင်းမှု ရှိကြောင်း၊ မကြာခင် ဆကွန်းနခွန်းလေဆိပ်ကို အရေးပေါ် ပြန်ဆင်းမှာဖြစ်ကြောင်း၊ ခရီးသည်တွေ ဘေးကင်းစေဖို့ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေတဲ့အတွက် ချက်ချင်း မကြေညာနိုင်တာကို တောင်းပန်ကြောင်း ကြေညာခဲ့ပါတယ်။

လိုက်ပါလာတဲ့ ခရီးသည်တွေလည်း ထိတ်လန့်အော်ဟစ်တာတွေ မရှိဘဲ ငြိမ်သက်စွာ လိုက်ပါလာခဲ့အပြီး လေယာဉ်က မြေပြင်ပြေးလမ်းကြောင်းပေါ်ရောက်မှ ဗွီဒီယို ရပ်သွားပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စနွတ်ထိုင်းသတင်းက အဲဒီလေယာဉ်မှာ နုတ်အဲ (Nok Air) လေကြောင်းလိုင်း ခရီးစဉ်အမှတ် DD9521 မှဖြစ်ကာ ခရီးသည်ပေါင်း ၈၄ ဦး စီးနင်းလိုက်ပါလာကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းအရှေ့မြောက်ပိုင်း ဆကွန်းနခွန်းလေဆိပ်မှ ဘန်ကောက် ဒွန်မောင်းသို့ ညနေ ၃ နာရီ ၁၀ မိနစ်မှာ စတင်ပျံသန်း ထွက်ခွာလာရာ ပျံသန်းချိန် ၂ မိနစ်ခန့်အကြာ လေယာဉ်စက်ချို့ယွင်းမှု ဖြစ်တာကြောင့် ကပ္ပတိန်မှ နဂိုထွက်ခွာလာရာ လေဆိပ်ကိုပဲ ပြန်လည်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။

နုတ်အဲ လေကြောင်းလိုင်း ကုမ္ပဏီကလည်း သူတို့အနေနဲ့  လေယာဉ် မတော်တဆ စက်ချို့ယွင်းရင် ဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေအတိုင်း အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ အဲဒီနေ့က လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေကို နခွန်ဖနုန်လေယာဉ်နဲ့ ည ၉ နာရီ ၁၀ မိနစ်က လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ခရီးသည်တွေဟာ ဒွန်မောင်းလေဆိပ်ကို ည ၁၀ နာရီ မိနစ် ၂၀ မှာ ချောမောစွာ ရောက်ရှိကြောင်း၊ ခရီးစဉ်ဖျက်သိမ်းလိုက်တဲ့ သူတွေကိုလည်း လေယာဉ်လက်မှတ်ဖိုးတွေ ပြန်ထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top