ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္ေန အသက္ ၂၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးမွ ေဖေဖာ္၀ါရီလ ၂၁ ရက္ေန ့ နံနက္ ၁၁ နာရီအခ်ိန္ခန္ ့က ပဲခင္းထဲမွာ သမီးရည္းစားႏွင့္ ခ်ိန္းေတြ႕စဥ္ အလိုမတူဘဲ သားမယားအျဖစ္ (၂)ႀကိမ္ ျပဳက်င့္ခံရမႈကုိ အေရးယူေပးရန္ တုိင္းတန္းထားေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ျဖစ္စဥ္မွာ ေဖေဖာ္၀ါရီလ ၂၁ ရက္ေန ့ နံနက္ ၁၁ နာရီအခ်ိန္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္ေန မ×××(၂၂)ႏွစ္ သည္ ေနအိမ္၌ရွိေနစဥ္ ရည္စားျဖစ္သူ ေရႊေခ်ာင္းေက်းရြာေန တိုးတက္ထြန္း(၁၈)ႏွစ္မွ ရြာေတာင္ ဘက္ရွိ ပဲခင္းထဲသို႔လာေရာက္ေတြ႕ရန္ ဖုန္းဆက္ခ်ိန္းဆိုခဲ့သျဖင့္ သြားေရာက္ခဲ့သည္။

လမ္း၌ ရည္စားျဖစ္သူ တိုးတက္ထြန္း အား အမ်ိဳးသားတစ္ဦးႏွင့္ ေတြ႕ရွိရၿပီး အဆိုပါအမ်ိဳးသား အား ထားခဲ့ကာ တိုးတက္ထြန္းသည္ မ×××× အား ဆိုင္ကယ္ျဖင့္ တင့္၍ ပဲခင္းထဲသို႔ ေခၚေဆာင္သျဖင့္ လိုက္ပါသြားခဲ့ရာ ပဲခင္းထဲအေရာက္ တိုးတက္ထြန္း မွ အလိုမတူဘဲ သားမယားအျဖစ္(၂)ႀကိမ္ ျပဳက်င့္ခဲ့ေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ တိုးတက္ထြန္း အား မတၱရာၿမိဳ႕မရဲစခန္း (ပ)၇၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အေရးယူထားေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နေ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပဲခင်းထဲမှာ သမီးရည်းစားနှင့် ချိန်းတွေ့စဉ် အလိုမတူဘဲ သားမယားအဖြစ် (၂)ကြိမ် ပြုကျင့်ခံရမှုကို အရေးယူပေးရန် တိုင်းတန်းထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နေ မ×××(၂၂)နှစ် သည် နေအိမ်၌ရှိနေစဉ် ရည်စားဖြစ်သူ ရွှေချောင်းကျေးရွာနေ တိုးတက်ထွန်း(၁၈)နှစ်မှ ရွာတောင် ဘက်ရှိ ပဲခင်းထဲသို့လာရောက်တွေ့ရန် ဖုန်းဆက်ချိန်းဆိုခဲ့သဖြင့် သွားရောက်ခဲ့သည်။

လမ်း၌ ရည်စားဖြစ်သူ တိုးတက်ထွန်း အား အမျိုးသားတစ်ဦးနှင့် တွေ့ရှိရပြီး အဆိုပါအမျိုးသား အား ထားခဲ့ကာ တိုးတက်ထွန်းသည် မ×××× အား ဆိုင်ကယ်ဖြင့် တင့်၍ ပဲခင်းထဲသို့ ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့ရာ ပဲခင်းထဲအရောက် တိုးတက်ထွန်း မှ အလိုမတူဘဲ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ တိုးတက်ထွန်း အား မတ္တရာမြို့မရဲစခန်း (ပ)၇၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top