န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေႏြရာသီမွာ ေရေအးေအးေလးေသာက္လိုက္ရတာက ေတာ္ေတာ္ကိုစိတ္ခ်မ္းသာစရာေကာင္းလွပါတယ္။ စကၠန္႔ပိုင္းအတြင္း အပူေတြကိုေလ်ာ့က်သြားေစပါတယ္။ ဒါပမယ့္ ေရခဲေရက ခႏၶာကိုယ္ကို ဘယ္ေလာက္ထိ ထိခိုက္မႈေတြျဖစ္သြားေစလဲဆိုတာကိုေတာ့ ေတာ္ေတာ္မ်ားမ်ားက ေတြးမိမယ္ေတာင္မထင္ပါဘူး။ ေရခဲေရကို ေသာက္လိုက္တဲ့အခါ အစာေခ်လမ္းေၾကာင္းကို ထိခိုက္ေစပါတယ္။ ေသြးေၾကာေတြကို က်ံဳ႕ေစႏိုင္သလို ကိုယ္ခံအားစနစ္ကိုလည္းအားနည္းေစနိုင္ျပီး အစာမေၾကတာမ်ိဳးကိုလည္းျဖစ္ေပၚေစႏိုင္ပါတယ္။ ေရေႏြး (သို႔) အခန္းအပူခ်ိန္မွာထားထားတဲ့ေရကို ေသာက္သံုးတာက က်န္းမာေရးထိခိုက္ႏိုင္မႈကိုေလ်ာ႔ခ်ေပးႏိုင္ပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ေရခဲေရၾကိဳက္ႏွစ္သက္သူေတြအတြက္ သတိထားဆင္ျခင္ႏိုင္စရာအေၾကာင္းအရာေတြကို လက္လွမ္းမီသမွ် စုစညး္မွ်ေဝေပးလိုက္ပါတယ္။

အဆီပိုေတြျဖစ္ေစႏိုင္ျခင္း

ကိုယ္အေလးခ်ိန္က်ခ်င္ရင္ ေရခဲေရေသာက္ေပးပါ။ ေရခဲေရက ခႏၶာကိုယ္ကို လုပ္ငန္းေဆာင္တာေတြ ပိုမိုလုပ္ေဆာင္ရေစျပီး ကယ္လိုရီေတြကို ပိုမိုေလာင္ကၽြမ္းေစတယ္ဆိုတဲ့ ေျပာၾကားေနမႈဗတြက တကယ္ေတာ့မမွန္ပါဘူး။ တကယ္ေတာ့ ခႏၶာကိုယ္ထဲမွာ အပူခ်ိန္ေလ်ာ့က်သြားတဲ့အခါ အဆီေတြကို စုသြားေစျပီး ေခ်ဖ်က္ဖို႔ပိုခက္ခဲသြားေစပါတယ္။ အစာေခ်လမ္းေၾကာင္းထဲမွာ စားသံုးတဲ့အဆီေတြ ကိုခဲသြားေစတာေၾကာင့္ အစာေခ်ဖ်က္မႈကို ပိုမိုခက္ခဲသြားေစပါတယ္။

ဝမ္းခ်ဳပ္ေစႏိုင္ျခင္း

အခန္းအပူခ်ိန္မွာ ထားရွိထားတဲ့ ေရကိုေသာက္သံုးေပးတာက အစာေခ်စနစ္ရဲ႕ လုပ္ငန္းစဥ္ကို အေထာက္အကူျပဳတယ္ဆိုေပမယ့္ ေရခဲေရကို ေသာက္သံုးတာကေတာ့ ဝမ္းခ်ဳပ္ေစႏိုင္ပါတယ္။ ေရခဲေရက စားလိုက္တဲ ့အစားအစာေတြကို ခဲသြားေစျပီး ေခ်ဖ်က္ရခက္ခဲေစသလို အူေတြအေနနဲ႔  ေခ်ဖ်က္လိုက္တဲ့အစာေတြကို ေရာက္ရွိသင့္တဲ့ေနရာကို ေရာက္ေအာင္မပို႔ေဆာင္ႏိုင္တဲ့အခါ ဝမ္းခ်ဳပ္တာကို ျဖစ္ ေပၚေစႏိုင္ပါတယ္။

ေရဓာတ္ျဖည့္တင္းမႈမွာ အဟန္႔အတားျဖစ္ေစႏိုင္ျခင္း

ေရခဲေရေသာက္လိုက္တဲ့ အခါ ခႏၶာကိုယ္ရဲ႕ ေရဓာတ္စုပ္ယူမႈကို ပံုမွန္ထက္ေႏွးေကြးသြားေစပါတယ္။ ခႏၶာကိုယ္က ေရခဲေရကို အပူခ်ိန္တိုးလာေအာင္အရင္လုပ္ေဆာင္ျပီးမွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ေရဓာတ္အျဖစ္ ေျပာင္းလဲရတာျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။ အေျပးသမားေတြအေနနဲ႔ ေရခဲေရ ေသာက္တာမ်ိဳးကိုလံုးဝေရွာင္ရွားသင့္ပါတယ္။ ေရခဲေရက ခႏၶာကိုယ္ေရဓာတ္ကိုထိန္းသိမ္းရာမွာ ပံုမွန္ထက္ ပိုမို ေႏွးေကြးေစႏိုင္တာေၾကာင့္ ခႏၶာကိုယ္ရဲ႕ေရဓာတ္ကို ခ်က္ခ်င္းမျဖည့္တင္းေပးႏိုင္တဲ့ အခါ ဇီဝတြင္းလုပ္ငန္းစဥ္ေတြေႏွးေကြးသြားတာမ်ိဳးခံစားရႏိုင္ပါတယ္။

စြမ္းအင္ဆုတ္ယုတ္ေစႏိုင္ျခင္း

ေရခဲေရေသာက္သံုးတာက  လန္းဆန္းသြားတယ္လို႔ခံစားရႏိုင္ေပမယ့္ ဒါက ခဏတာပဲျဖစ္ပါတယ္။ ေရရွည္မွာေတာ့ အားအင္ကုန္ခမ္းတာမ်ိဳးေတြကို ခံစားရႏိုင္ပါတယ္။ ေရခဲေရေသာက္ခ်လိုက္တဲ့ အခါ ခႏၶာကိုယ္က ေရကို ပ်မ္းမွ်အေႏြးဓာတ္ရရွိေအာင္လုပ္ေဆာင္ဖို႔ ပံုမွန္ထက္ စြမ္းအင္ကိုပိုသံုးလိုက္ရတာေၾကာင့္ ခႏၶကိုယ္ထဲမွာ အားအင္ဆုတ္ယုတ္သလို ခံစားလာရႏိုင္ပါတယ္။

အစာေခ်စနစ္ကို ကေမာက္ကမျဖစ္ေစႏိုင္ျခင္း

ေရခဲေရေသာက္တာက အစာအိမ္ထဲမွာ မအီမသာျဖစ္တာ၊ ဗိုက္နာတာ၊ ေလထတာနဲ႔ မအီမသာျဖစ္တာမ်ိဳးေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ေရခဲေရရဲ႕ အေအးဓာတ္က ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ေရခဲေရရဲ႕ ေနာက္ထပ္ဆိုးက်ိဳးတစ္ရပ္က ေရခဲေ၇ဟာ အစာအိမ္ထဲေရာက္ရွိသြားတဲ့အခါ အစာအိမ္ရဲ႔ အစာေခ်ဖ်က္မႈလုပ္ငန္းစဥ္ေတြကို ပိုမိုခက္ခဲသြားေစႏိုင္တာပဲျဖစ္ပါတယ္။

ႏွလံုးခုန္ႏႈန္း ေႏွးေစႏိုင္ျခင္း

ေရခဲေရေသာက္တာက ရုတ္တရက္ ႏွလံုးခုန္ႏႈန္းက်ဆင္းတာမ်ိဳးျဖစ္ေပၚေစႏိုင္ပါတယ္။ ေရခဲေရကိုေသာက္ခ်လိုက္တဲ့အခါ လည္ပင္းေနာက္ဘက္ပိုင္းမွာရွိတဲ့ vagus nerve ကိုထိခိုက္တာမ်ိဳးေတြျဖစ္ေပၚေစႏိုင္ပါတယ္။ ေရခဲေရေသာက္ခ်လိုက္တဲ့ အခါႏွလံုးခု္ႏႈန္းက ေႏွးသြားျပီး ခႏၶာကိုယ္က ေနာက္တစ္ၾကိမ္ ပံုမွန္အပူခ်ိန္ကို ျပန္မေရာက္မခ်င္း ႏွလံုးခုန္ႏႈန္းမူမမွန္တာက ဆက္လက္ျဖစ္ေပၚေနပါတယ္။

လည္ေခ်ာင္းနာျခင္း

 ေအးျမတဲ့ေဆာင္းမနက္ခင္းက ႏွာေစးတာနဲ႔ႏွာေခါင္းပိတ္တာေတြကို ျဖစ္ေစသလိုမ်ိဳး ေရခဲေရကလည္း ခႏၶာကိုယ္ကို အလားတူ အက်ိဳးသက္ေရာက္မႈေတြျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။ ခႏၶာကိုယ္က ခၽြဲေတြကို ေအးျမတဲ့ ေလေတြနဲ႔ အရည္ေတြကို ေခ်ဖ်က္ရာမွာ အေႏြးဓာတ္ရရွိေစဖို႔အတြက္ သဘာဝအစိုဓာတ္ထိန္းတဲ့အရာအေနနဲ႔ အသံုးျပဳတာျဖစ္ပါတယ္။ ေရခဲေရေသာာက္ခ်လိုက္တဲ့အခါမွာေတာ့ ခႏၶာကိုယ္ကို မလိုအပ္ဘဲတံု႔ျပန္မႈျဖစ္ေစတာေၾကာင့္ ခၽြဲေတြကို ေလျပြန္ေတြထဲမွာ ပိတ္ဆို႔စုပံုမႈေတြျဖစ္ေစရာကေန လည္ေခ်ာင္းနာတာေတြ ကိုခံစားရတာျဖစ္ပါတယ္။

ေခါင္းကိုက္ေစႏိုင္ျခင္း

ေရခဲမုန္႔စားတဲ့အခါ အရမ္းေအးလြန္းတာေၾကာင့္ ေခါင္းကိုက္တာကို ခံစားဖူးမယ္ထင္ပါတယ္။ ေရခဲေရကလည္း ေရခဲမုန္႔လိုပဲ ေခါင္းကိုက္တာကို ျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။ ေရခဲေရရဲ႕ အေအးဓာတ္က ေက်ာရိုးထဲက အာရံုခံ နာဗ္ေၾကာေတြထဲေရာက္ရွိသြားျပီး ဦးေႏွာက္ကို ခ်က္ခ်င္း အခ်က္ျပေပးပို႔မႈလုပ္ဆာင္လိုက္တဲ့အခါ ေခါင္းကိုက္တာကို ခံစားရတာျဖစ္ပါတယ္။
ေရေႏြြးေသာက္တာကေန ဘာအက်ိဳးေက်းဇူးေတြရရွိႏုိင္မလဲ

အစားစားျပီးတဲ့အခါမွာ ေရခဲေရအစားေရေႏြး ဒါမွမဟုတ္ အခန္းအပူခ်ိန္အတိုင္းထားထားတဲ့ေရကို ေသာက္သံုးတာက က်န္းမာေရးအတြက္ ပိုမိုသင့္ေတာ္ပါတယ္။ ေရေႏြး (သို႔) အခန္းအပူခ်ိန္မွာထားထားတဲ့ေရကို ေသာက္သံုးေပးျခင္းေၾကာင့္ရ၇ွိႏိုင္မယ့္ အက်ိဳးေက်းဇူးေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

        အစာေခ်စနစ္ကို ပိုမိုျမန္ဆန္ေစျပီး ေရဓာတ္တိုးေစႏိုင္ျခင္း
        သဘာဝ အစာေခ်အင္ဇိုင္းေတြကို လႈံ႔ေဆာ္ေပးႏိုင္တာေၾကာင့္ အစာေခ်စနစ္ကို တိုးတက္ေကာင္းမြန္ေစႏိုင္ျခင္း
        အစာေတြကို ပံုမွန္ထက္ ပိုမိုလြယ္ကူစြာ ေခ်ဖ်က္ေစႏိုင္ျခင္း
        အူမၾကီးလႈပ္ရွားမႈကို ပိုမိုေကာင္းမြန္ေစႏိုင္ျခင္း
        ေသြးသန္႔ေစျပီး အေရျပား၊ ေက်ာက္ကပ္နဲ႔ ေသြးျဖဴဥဆဲလ္စနစ္ေတြကေနတဆင့္ အဆိပ္အေတာက္ေတြထုတ္လႊတ္ေပးတဲ့ ခႏၶာကိုယ္ရဲ႕ လုပ္ငန္းစဥ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။

ေရေႏြး (သို႔) အခန္းအပူခ်ိန္မွာထားရွိထားတဲ့ေရကိုေသာက္သံုးေပးတာက အစာေခ်စနစ္ကို သိသိသာသာတိုးတက္ေကာင္းမြန္လာေစမွာျဖစ္သလို အစားစားေနခ်ိန္မွာ ေရာအစာစားျပီးခ်ိန္မွာပါ ခႏၶာကိုယ္ကို ေနထိုင္ရေကာင္းမြန္ေနေစမွာျဖစ္ပါတယ္။ အခ်ိဳစားခ်င္စိတ္ကိုလည္း ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version#
နွေရာသီမှာ ရေအေးအေးလေးသောက်လိုက်ရတာက တော်တော်ကိုစိတ်ချမ်းသာစရာကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကိုလျော့ကျသွားစေပါတယ်။ ဒါပမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲဆိုတာကိုတော့ တော်တော်များများက တွေးမိမယ်တောင်မထင်ပါဘူး။ ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်းအားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးထိခိုက်နိုင်မှုကိုလျော့ချပေးနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရေခဲရေကြိုက်နှစ်သက်သူတွေအတွက် သတိထားဆင်ခြင်နိုင်စရာအကြောင်းအရာတွေကို လက်လှမ်းမီသမျှ စုစည်းမျှဝေပေးလိုက်ပါတယ်။

အဆီပိုတွေဖြစ်စေနိုင်ခြင်း

ကိုယ်အလေးချိန်ကျချင်ရင် ရေခဲရေသောက်ပေးပါ။ ရေခဲရေက ခန္ဓာကိုယ်ကို လုပ်ငန်းဆောင်တာတွေ ပိုမိုလုပ်ဆောင်ရစေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတယ်ဆိုတဲ့ ပြောကြားနေမှုဗတွက တကယ်တော့မမှန်ပါဘူး။ တကယ်တော့ ခန္ဓာကိုယ်ထဲမှာ အပူချိန်လျော့ကျသွားတဲ့အခါ အဆီတွေကို စုသွားစေပြီး ချေဖျက်ဖို့ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေ ကိုခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။

ဝမ်းချုပ်စေနိုင်ခြင်း

အခန်းအပူချိန်မှာ ထားရှိထားတဲ့ ရေကိုသောက်သုံးပေးတာက အစာချေစနစ်ရဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြုတယ်ဆိုပေမယ့် ရေခဲရေကို သောက်သုံးတာကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ချေဖျက်ရခက်ခဲစေသလို အူတွေအနေနဲ့  ချေဖျက်လိုက်တဲ့အစာတွေကို ရောက်ရှိသင့်တဲ့နေရာကို ရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကို ဖြစ် ပေါ်စေနိုင်ပါတယ်။

ရေဓာတ်ဖြည့်တင်းမှုမှာ အဟန့်အတားဖြစ်စေနိုင်ခြင်း

ရေခဲရေသောက်လိုက်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ရေဓာတ်စုပ်ယူမှုကို ပုံမှန်ထက်နှေးကွေးသွားစေပါတယ်။ ခန္ဓာကိုယ်က ရေခဲရေကို အပူချိန်တိုးလာအောင်အရင်လုပ်ဆောင်ပြီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်အဖြစ် ပြောင်းလဲရတာဖြစ်တာကြောင့် ဖြစ်ပါတယ်။ အပြေးသမားတွေအနေနဲ့ ရေခဲရေ သောက်တာမျိုးကိုလုံးဝရှောင်ရှားသင့်ပါတယ်။ ရေခဲရေက ခန္ဓာကိုယ်ရေဓာတ်ကိုထိန်းသိမ်းရာမှာ ပုံမှန်ထက် ပိုမို နှေးကွေးစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ချက်ချင်းမဖြည့်တင်းပေးနိုင်တဲ့ အခါ ဇီဝတွင်းလုပ်ငန်းစဉ်တွေနှေးကွေးသွားတာမျိုးခံစားရနိုင်ပါတယ်။

စွမ်းအင်ဆုတ်ယုတ်စေနိုင်ခြင်း

ရေခဲရေသောက်သုံးတာက  လန်းဆန်းသွားတယ်လို့ခံစားရနိုင်ပေမယ့် ဒါက ခဏတာပဲဖြစ်ပါတယ်။ ရေရှည်မှာတော့ အားအင်ကုန်ခမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါ ခန္ဓာကိုယ်က ရေကို ပျမ်းမျှအနွေးဓာတ်ရရှိအောင်လုပ်ဆောင်ဖို့ ပုံမှန်ထက် စွမ်းအင်ကိုပိုသုံးလိုက်ရတာကြောင့် ခန္ဓကိုယ်ထဲမှာ အားအင်ဆုတ်ယုတ်သလို ခံစားလာရနိုင်ပါတယ်။

အစာချေစနစ်ကို ကမောက်ကမဖြစ်စေနိုင်ခြင်း

ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ လေထတာနဲ့ မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ရေခဲရေရဲ့ နောက်ထပ်ဆိုးကျိုးတစ်ရပ်က ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်တာပဲဖြစ်ပါတယ်။

နှလုံးခုန်နှုန်း နှေးစေနိုင်ခြင်း

ရေခဲရေသောက်တာက ရုတ်တရက် နှလုံးခုန်နှုန်းကျဆင်းတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေကိုသောက်ချလိုက်တဲ့အခါ လည်ပင်းနောက်ဘက်ပိုင်းမှာရှိတဲ့ vagus nerve ကိုထိခိုက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါနှလုံးခု်နှုန်းက နှေးသွားပြီး ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပုံမှန်အပူချိန်ကို ပြန်မရောက်မချင်း နှလုံးခုန်နှုန်းမူမမှန်တာက ဆက်လက်ဖြစ်ပေါ်နေပါတယ်။

လည်ချောင်းနာခြင်း

 အေးမြတဲ့ဆောင်းမနက်ခင်းက နှာစေးတာနဲ့နှာခေါင်းပိတ်တာတွေကို ဖြစ်စေသလိုမျိုး ရေခဲရေကလည်း ခန္ဓာကိုယ်ကို အလားတူ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ချွဲတွေကို အေးမြတဲ့ လေတွေနဲ့ အရည်တွေကို ချေဖျက်ရာမှာ အနွေးဓာတ်ရရှိစေဖို့အတွက် သဘာဝအစိုဓာတ်ထိန်းတဲ့အရာအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ရေခဲရေသောာက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

ခေါင်းကိုက်စေနိုင်ခြင်း

ရေခဲမုန့်စားတဲ့အခါ အရမ်းအေးလွန်းတာကြောင့် ခေါင်းကိုက်တာကို ခံစားဖူးမယ်ထင်ပါတယ်။ ရေခဲရေကလည်း ရေခဲမုန့်လိုပဲ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။
ရေနွေးသောက်တာကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

အစားစားပြီးတဲ့အခါမှာ ရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်းထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့်ရ၇ှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

        အစာချေစနစ်ကို ပိုမိုမြန်ဆန်စေပြီး ရေဓာတ်တိုးစေနိုင်ခြင်း
        သဘာဝ အစာချေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း
        အစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ချေဖျက်စေနိုင်ခြင်း
        အူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်း
        သွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့ သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေထုတ်လွှတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

ရေနွေး (သို့) အခန်းအပူချိန်မှာထားရှိထားတဲ့ရေကိုသောက်သုံးပေးတာက အစာချေစနစ်ကို သိသိသာသာတိုးတက်ကောင်းမွန်လာစေမှာဖြစ်သလို အစားစားနေချိန်မှာ ရောအစာစားပြီးချိန်မှာပါ ခန္ဓာကိုယ်ကို နေထိုင်ရကောင်းမွန်နေစေမှာဖြစ်ပါတယ်။ အချိုစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top