စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကီဝီသီးဟာ အျပင္ဘက္မွာ အေမႊးေလးေတြ ေပါက္ေနတဲ့ ဘယ္ရီသီးႏြယ္ဝင္ အသီးတစ္မ်ိဳးပါ။ ထူးျခားေမႊးပ်ံ႕တဲ့ အနံ႔အရသာနဲ႔ ကီဝီသီးဟာ စားလို႔ေကာင္းတဲ့ သစ္သီးတစ္မ်ိဳးပါ။ တ႐ုတ္ျပည္မွာ စတင္ေပါက္ဖြားၿပီး အခုအခ်ိန္မွာေတာ့ ကမၻာတဝွမ္းလံုးမွာ ရ႐ွိႏိုင္ပါၿပီ။ ကီဝီသီးမွာ အစိမ္းေရာင္အသားနဲ႔ စားလို႔ရတဲ့ အမဲေရာင္အေစ့ေလးေတြ ပါ႐ွိပါတယ္။ စားလို႔ေကာင္း႐ံုတင္မက ကီဝီသီးမွာ က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း ၾကြယ္ဝစြာ ပါ႐ွိပါေသးတယ္။

၁။ Antioxidant ၾကြယ္ဝတယ္

ကီဝီသီးထဲမွာ က်န္းမာေရးအတြက္ အေထာက္အကူျုဖစ္ေစႏိုင္တဲ့ ဗိုက္တာမင္စီနဲ႔ တျခား ကာ႐ိုတီႏြိဳက္ ျဒပ္ေပါင္းေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ကီဝီသီး၊ လိေမၼာ္သီးနဲ႔ ဂရိတ္ဖ႐ုထ္သီးတို႔ကို ႏိႈင္းယွဥ္ေလ့လာခဲ့ရာမွာ ကီဝီသီးက က်န္တဲ့အသီးေတြနဲ႔ ႏႈိင္းစာရင္ ပိုမိုအားေကာင္းတဲ့ antioxidant ေတြ ပါဝင္တယ္လို႔ ေတြ႕႐ွိရပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ထဲမွာ ဓာတုပစၥည္းေတြေၾကာင့္ ဆဲလ္ပ်က္ဆီးမႈေတြကို တားဆီးေပးႏိုင္ပါတယ္။

၂။ ႏွလံုးက်န္းမာေရး ေကာင္းေစတယ္

ဗိုက္တာမင္စီ၊ ဗိုက္တာမင္အီး၊ ပိုတက္စီယမ္နဲ႔ ပိုလီဖီေနာ ျဒပ္ေပါင္းတို႔ ၾကြယ္ဝမႈဟာ ကီဝီသီးကို ႏွလံုးနဲ႔ ေသြးလည္ပတ္မႈစနစ္ က်န္းမာေရးအတြက္ အေကာင္းဆံုးေ႐ြးခ်ယ္မႈတစ္ခု ျဖစ္ေစခဲ့ပါတယ္။ ေလ့လာမႈတစ္ခုအရဆိုရင္ ကီဝီသီးစားေပးျခင္းက ေသြးေၾကာတြင္းမွာ ေသြးခဲျခင္းကို တားဆီးေပးႏိုင္ၿပီး ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါလိုမ်ိဳး ႏွလံုးကို ထိခိုက္ေစတဲ့ ေရာဂါေတြ ျဖစ္မလာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

၃။ အိပ္ေပ်ာ္စားဝင္ေစတယ္

ကီဝီသီးထဲမွာ အိပ္စက္ျခင္းနဲ႔ ေပ်ာ္႐ႊင္မႈကို လႈံ႔ေဆာ္ေပးႏိုင္တဲ့ ေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ ဆာ႐ိုတိုနင္လည္း ၾကြယ္ဝစြာပါဝင္ပါေသးတယ္။ ေလ့လာမႈတစ္ခုအရ ကီဝီသီး စားသံုးျခင္းဟာ လူတစ္ေယာက္ရဲ႕ အိပ္စက္ႏိုင္စြမ္းကို ျမင့္တက္ေစႏိုင္ၿပီး ျပန္ႏိုးလာခ်ိန္မွာလည္း အိပ္ေရးဝေစႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္ေရးပ်က္တတ္တဲ့ သူေတြဆိုရင္ ေရခဲေသတၱာထဲမွာ ကီဝီသီးေလးေတြ ထည့္ထားသင့္ပါတယ္။

၄။ သံဓာတ္စုပ္ယူမႈ အားေကာင္းေစတယ္

ကီဝီသီးရဲ႕ အံ့ဖြယ္အက်ိဳးေက်းဇူး ေနာက္တစ္ခုကေတာ့ ခႏၶာကိုယ္ရဲ႕ အာဟာရ စုပ္ယူႏိုင္စြမ္းကို ျမင့္တက္ေစႏိုင္တာပါပဲ။ ဗိုက္တာမင္စီ၊ လူတိန္းနဲ႔ ဇီဇန္သိန္းတို႔လို ျဒပ္ေပါင္းေတြ ၾကြယ္ဝမႈက ကီဝီသီးကို သံဓာတ္အားနည္းတဲ့ ေရာဂါေဝဒနာ႐ွင္ေတြအတြက္ သဘာဝအားေဆး ျဖစ္ေစခဲ့ပါတယ္။ တကယ္လို႔ ေသြးအားနည္းေနသလို ခံစားေနရရင္ ကီဝီသီးေလးတစ္လံုးကိုသာ အခြံခြာၿပီး ကိုက္စားလိုက္ပါ။

၅။ ကိုယ္ဝန္သည္ေတြအတြက္ အက်ိဳး႐ွိေစတယ္

ကီဝီသီးထဲမွာ သဘာဝအေလ်ာက္ ျဖစ္ေပၚေနတဲ့ ဖိုလိတ္ဆိုတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ၾကြယ္ဝစြာ ပါဝင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြအတြက္ အသင့္ေတာ္ဆံုးပါပဲ။ ဖိုလိတ္ဓာတ္ဟာ ကိုယ္ဝန္သည္မိခင္ေတြနဲ႔ မေမြးရေသးတဲ့ ကေလးေလးေတြမွာ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္မႈ ႐ွိေစႏိုင္ဖုိ႔အတြက္ အေကာင္းဆံုး အေထာက္အကူ ျပဳႏိုင္ပါတယ္။ ဗိုက္တာမင္ စီ၊ အီး နဲ႔ ေကတို႔လို အာဟာရဓာတ္ေတြကလည္း ကေလးနဲ႔ မိခင္ က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္မွာပါ။

Source: Organicfacts

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကီဝီသီးဟာ အပြင်ဘက်မှာ အမွှေးလေးတွေ ပေါက်နေတဲ့ ဘယ်ရီသီးနွယ်ဝင် အသီးတစ်မျိုးပါ။ ထူးခြားမွှေးပျံ့တဲ့ အနံ့အရသာနဲ့ ကီဝီသီးဟာ စားလို့ကောင်းတဲ့ သစ်သီးတစ်မျိုးပါ။ တရုတ်ပြည်မှာ စတင်ပေါက်ဖွားပြီး အခုအချိန်မှာတော့ ကမ္ဘာတဝှမ်းလုံးမှာ ရရှိနိုင်ပါပြီ။ ကီဝီသီးမှာ အစိမ်းရောင်အသားနဲ့ စားလို့ရတဲ့ အမဲရောင်အစေ့လေးတွေ ပါရှိပါတယ်။ စားလို့ကောင်းရုံတင်မက ကီဝီသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ကြွယ်ဝစွာ ပါရှိပါသေးတယ်။

၁။ Antioxidant ကြွယ်ဝတယ်

ကီဝီသီးထဲမှာ ကျန်းမာရေးအတွက် အထောက်အကူြုဖစ်စေနိုင်တဲ့ ဗိုက်တာမင်စီနဲ့ တခြား ကာရိုတီနွိုက် ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကီဝီသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုထ်သီးတို့ကို နှိုင်းယှဉ်လေ့လာခဲ့ရာမှာ ကီဝီသီးက ကျန်တဲ့အသီးတွေနဲ့ နှိုင်းစာရင် ပိုမိုအားကောင်းတဲ့ antioxidant တွေ ပါဝင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေကြောင့် ဆဲလ်ပျက်ဆီးမှုတွေကို တားဆီးပေးနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေး ကောင်းစေတယ်

ဗိုက်တာမင်စီ၊ ဗိုက်တာမင်အီး၊ ပိုတက်စီယမ်နဲ့ ပိုလီဖီနော ဒြပ်ပေါင်းတို့ ကြွယ်ဝမှုဟာ ကီဝီသီးကို နှလုံးနဲ့ သွေးလည်ပတ်မှုစနစ် ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ လေ့လာမှုတစ်ခုအရဆိုရင် ကီဝီသီးစားပေးခြင်းက သွေးကြောတွင်းမှာ သွေးခဲခြင်းကို တားဆီးပေးနိုင်ပြီး နှလုံးသွေးကြောကျဉ်း ရောဂါလိုမျိုး နှလုံးကို ထိခိုက်စေတဲ့ ရောဂါတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ အိပ်ပျော်စားဝင်စေတယ်

ကီဝီသီးထဲမှာ အိပ်စက်ခြင်းနဲ့ ပျော်ရွှင်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ဆာရိုတိုနင်လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ လေ့လာမှုတစ်ခုအရ ကီဝီသီး စားသုံးခြင်းဟာ လူတစ်ယောက်ရဲ့ အိပ်စက်နိုင်စွမ်းကို မြင့်တက်စေနိုင်ပြီး ပြန်နိုးလာချိန်မှာလည်း အိပ်ရေးဝစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တတ်တဲ့ သူတွေဆိုရင် ရေခဲသေတ္တာထဲမှာ ကီဝီသီးလေးတွေ ထည့်ထားသင့်ပါတယ်။

၄။ သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်

ကီဝီသီးရဲ့ အံ့ဖွယ်အကျိုးကျေးဇူး နောက်တစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို မြင့်တက်စေနိုင်တာပါပဲ။ ဗိုက်တာမင်စီ၊ လူတိန်းနဲ့ ဇီဇန်သိန်းတို့လို ဒြပ်ပေါင်းတွေ ကြွယ်ဝမှုက ကီဝီသီးကို သံဓာတ်အားနည်းတဲ့ ရောဂါဝေဒနာရှင်တွေအတွက် သဘာဝအားဆေး ဖြစ်စေခဲ့ပါတယ်။ တကယ်လို့ သွေးအားနည်းနေသလို ခံစားနေရရင် ကီဝီသီးလေးတစ်လုံးကိုသာ အခွံခွာပြီး ကိုက်စားလိုက်ပါ။

၅။ ကိုယ်ဝန်သည်တွေအတွက် အကျိုးရှိစေတယ်

ကီဝီသီးထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဖိုလိတ်ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဖိုလိတ်ဓာတ်ဟာ ကိုယ်ဝန်သည်မိခင်တွေနဲ့ မမွေးရသေးတဲ့ ကလေးလေးတွေမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိစေနိုင်ဖို့အတွက် အကောင်းဆုံး အထောက်အကူ ပြုနိုင်ပါတယ်။ ဗိုက်တာမင် စီ၊ အီး နဲ့ ကေတို့လို အာဟာရဓာတ်တွေကလည်း ကလေးနဲ့ မိခင် ကျန်းမာရေးကို ကောင်းမွန်စေနိုင်မှာပါ။

Source: Organicfacts

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top