×

"မင္းတို႔ထမင္းဝေအာင္စားထား"စာတန္းပါ အက်ႌေတြဝတ္ၿပီး မုန္႔ဟင္းခါးစတုဒိသာေကြၽးေမြးကာ ေသနတ္သမားၾကည္လင္းက ဦးကိုနီကို လုပ္ႀကံခဲ့တဲ့ ျမင္ကြင္းအတိုင္း ပံုေဖာ္ျပဳလုပ္ခဲ့တဲ့ အိမ္ရွင္ တင္လင္းထိုက္ကို ပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈဖြင့္ ဖမ္းဝရမ္းထုတ္ထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔က ရန္ုကုန္တိုင္းသာေကတၿမိဳ႕နယ္မွာေနထိုင္တဲ့ အမ်ိဳးသားေရးလႈပ္ရွားသူ မ်ိဳးခ်စ္ေသြးဓမၼကြန္ရက္ တင္လင္းထိုက္ရဲ႕ေနအိမ္မွာ သူ႔ရဲ႕သားေမြးေန႔အလွဴမွာ "မင္းတို႔ထမင္းဝေအာင္စားထား"ဆိုတဲ့ စာသားပါတီရွပ္ေတြ ၀တ္ဆင္ၿပီး ေရွ႕ေနဦးကုိနီကုိ ေသနတ္သမားၾကည္လင္းက လုပ္ႀကံခဲ့တဲ့ ပံုစံအတိုင္းသရုပ္ျပခဲ့တဲ့ ဓာတ္ပံုေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွ႔ံခဲ့ၿပီးေနာက္ပိုင္း အခုလုိဖမ္း၀ရမ္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

"ဥပေဒေၾကာင္းအရေျပာရင္ ဒါမ်ိဳးေတြလည္း တျခားသူေတြက်ဴးလြန္ခ်င္လာေအာင္ လမ္းျပလုပ္ရာေရာက္တဲ့ သေဘာျဖစ္ေနတယ္။ ေစတနာမပါေပမယ့္ ကာယကံအားျဖင့္ ျပဳမႈလႈပ္ရွားမႈမ်ိဳးမလုပ္သင့္ဘူး။ လူသတ္မႈေတြ၊ မုဒိမ္းမႈေတြျဖစ္ပြားမႈႏႈန္းမ်ားလာလုိ႔ ရဲတပ္ဖြဲ႕က တိုင္းနဲ႔ျပည္နယ္အားလံုးမွာ စီမံခ်က္ခ်ၿပီးေဆာင္ရြက္ေနရတဲ့ အေနအထားမွာ ဒီလို လူသတ္မႈေတြ ထပ္မံျဖစ္ေပၚေစႏိုင္မယ့္ ေဆာင္ရြက္ခ်က္ ေတြကေတာ့ မလုပ္သင့္ဘူးလို႔ ျမင္တယ္"လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ဓူ၀ံကုိ ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သာေကတၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးက တရားလိုျပဳလုပ္ကာ တရား႐ံုးမွာဦးတိုက္ေလွ်ာက္ထားခဲ့လို႔ တရားသူ ႀကီးက ေဖေဖာ္ဝါရီ ၁၃ ရက္မွာ ပုဒ္မ ၅၀၅ (ခ)နဲ႔ ဖမ္းဝရမ္း ထုတ္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ လဆန္းကလည္း အင္းစိန္ၿမိဳနယ္ ေျမာက္ပိုုင္းခရိုုင္ရံုုးမွာ တရားလႊြတ္ေတာ္ေရွ႕ေနဦးကိုနီလုပ္ႀကံခံရမႈ ၾကားနာေနတုန္းမွာ “မင္းတို႔ထမင္း၀ေအာင္စားထား”ဆိုတဲ့ စာသားေတြပါတဲ့ တီရွပ္ေတြ၀တ္ဆင္လာၿပီး လူသတ္တရားခံၾကည္လင္းကိုု လာေရာက္အားေပးခဲ့သူ ေလးဦးကိုု ရာဇသတ္ႀကီး ပုုဒ္မ ၅၀၅ (ခ)နဲ႔ ျပည္သူ႔၀န္ထမ္းကို နစ္နာေစရန္ၿခိမ္းေျခာက္မွႈ ရာဇသတ္ႀကီးပုဒ္မ ၁၈၉ တို႔နဲ႔ တရားစြဲဆိုဖမ္း၀ရမ္းထုတ္ခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
"မင်းတို့ထမင်းဝအောင်စားထား"စာတန်းပါ အကျႌတွေဝတ်ပြီး မုန့်ဟင်းခါးစတုဒိသာကျွေးမွေးကာ သေနတ်သမားကြည်လင်းက ဦးကိုနီကို လုပ်ကြံခဲ့တဲ့ မြင်ကွင်းအတိုင်း ပုံဖော်ပြုလုပ်ခဲ့တဲ့ အိမ်ရှင် တင်လင်းထိုက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ုကုန်တိုင်းသာကေတမြို့နယ်မှာနေထိုင်တဲ့ အမျိုးသားရေးလှုပ်ရှားသူ မျိုးချစ်သွေးဓမ္မကွန်ရက် တင်လင်းထိုက်ရဲ့နေအိမ်မှာ သူ့ရဲ့သားမွေးနေ့အလှူမှာ "မင်းတို့ထမင်းဝအောင်စားထား"ဆိုတဲ့ စာသားပါတီရှပ်တွေ ဝတ်ဆင်ပြီး ရှေ့နေဦးကိုနီကို သေနတ်သမားကြည်လင်းက လုပ်ကြံခဲ့တဲ့ ပုံစံအတိုင်းသရုပ်ပြခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း အခုလိုဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

"ဥပဒေကြောင်းအရပြောရင် ဒါမျိုးတွေလည်း တခြားသူတွေကျူးလွန်ချင်လာအောင် လမ်းပြလုပ်ရာရောက်တဲ့ သဘောဖြစ်နေတယ်။ စေတနာမပါပေမယ့် ကာယကံအားဖြင့် ပြုမှုလှုပ်ရှားမှုမျိုးမလုပ်သင့်ဘူး။ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေဖြစ်ပွားမှုနှုန်းများလာလို့ ရဲတပ်ဖွဲ့က တိုင်းနဲ့ပြည်နယ်အားလုံးမှာ စီမံချက်ချပြီးဆောင်ရွက်နေရတဲ့ အနေအထားမှာ ဒီလို လူသတ်မှုတွေ ထပ်မံဖြစ်ပေါ်စေနိုင်မယ့် ဆောင်ရွက်ချက် တွေကတော့ မလုပ်သင့်ဘူးလို့ မြင်တယ်"လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဓူဝံကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားရုံးမှာဦးတိုက်လျှောက်ထားခဲ့လို့ တရားသူ ကြီးက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လဆန်းကလည်း အင်းစိန်မြိုနယ် မြောက်ပိုုင်းခရိုုင်ရုံုးမှာ တရားလွှွတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရမှု ကြားနာနေတုန်းမှာ “မင်းတို့ထမင်းဝအောင်စားထား”ဆိုတဲ့ စာသားတွေပါတဲ့ တီရှပ်တွေဝတ်ဆင်လာပြီး လူသတ်တရားခံကြည်လင်းကိုု လာရောက်အားပေးခဲ့သူ လေးဦးကိုု ရာဇသတ်ကြီး ပုုဒ်မ ၅၀၅ (ခ)နဲ့ ပြည်သူ့ဝန်ထမ်းကို နစ်နာစေရန်ခြိမ်းခြောက်မှှု ရာဇသတ်ကြီးပုဒ်မ ၁၈၉ တို့နဲ့ တရားစွဲဆိုဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top