iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာေဆာင္အႀကိဳပြဲမွာ ေသနတ္နဲ႔ မွားယြင္းပစ္ခတ္မိၿပီး အိမ္နီးခ်င္းတဦး ေသဆံုးခဲ့တဲ့အတြက္ ပစ္ခတ္ခဲ့တဲ့ သတို႔သမီးဖခင္ကို အိႏိၵယရဲေတြက ဖမ္းဆီးလိုက္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ အိႏၵိယႏုိင္ငံ ပန္ဂ်ပ္ျပည္နယ္ ဟုိရွီရာပူရၿမိဳ႕မွာ ျဖစ္ခဲ့ၿပီး အက္ရွ္ေအာ့ခုိ႔စ္လာဆုိသူဟာ က်င္းပေတာ့မယ့္ သူ႔သမီးမဂၤလာပြဲအတြက္ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔က ေသနတ္ကို ေလထဲပစ္ေဖာက္ ဂုဏ္ျပဳခဲ့တာလုိ႔ ရဲေတြက ေျပာပါတယ္။

ေသနတ္ပစ္ခ်ိန္မွာ အိမ္နီးနားခ်င္းျဖစ္သူ အသက္ ၂၂ ႏွစ္အရြယ္ ဆက္ရွီအ႐ုိရာဆုိသူ အမ်ဳိးသမီးဟာ သူမေနအိမ္ဝရန္တာမွာ ရွိေနစဥ္ နဖူးကို က်ည္ဆန္ထိမွန္ၿပီး အဲ့ဒီေနရာမွာပဲ ေသဆံုးသြားတယ္လို႔ ပန္ဂ်ပ္ရဲေတြက ဘီဘီစီသတင္းဌာနကို ေျပာပါတယ္။

မၾကာေသးခင္ႏွစ္ေတြအတြင္း အိႏိၵယေျမာက္ပုိင္းမွာ မဂၤလာေဆာင္ပြဲ က်င္းပတဲ့ အထိမ္းအမွတ္ ေသနတ္ပစ္ခတ္မႈကေန လူအေတာ္မ်ားမ်ား ေသဆံုးခဲ့ပါတယ္။

အခုအခင္းျဖစ္မႈမွာ ပန္ဂ်ပ္ျပည္နယ္ ဟုိရွီရာပူရမွာ က်င္းပတဲ့ မဂၤလာပြဲအတြင္း ေသဆံုးသူကို ထိမွန္တဲ့ ေသနတ္က်ည္ဆန္က မစၥတာခုိ႔စ္လာရဲ႕ ေသနတ္က လာတာလုိ႔ ရဲေတြက ေျပာလုိက္ၿပီး သတို႔သမီးရဲ႕ ဖခင္ျဖစ္သူ မစၥတာခုိ႔စ္လာကို ရဲေတြက ဖမ္းခဲ့တာပါ။

မဂၤလာပြဲအတြင္း ႐ုိင္ဖယ္ေသနတ္ကို ပစ္ခဲ့သူ မစၥတာခုိ႔စ္လာရဲ႕ သူငယ္ခ်င္းျဖစ္သူ အက္ရွ္ေအာ့စီသီကိုလည္း ရဲေတြက အမႈဖြင့္ထားပါတယ္။

“ဖမ္းဆီးတရားစြဲခံရသူေတြက တကယ့္ ေသနတ္ပစ္ခတ္တတ္သူေတြလည္း မဟုတ္ဘူး။ ေသနတ္က်ည္ဆန္က ဘယ္သူ႔ကိုမဆုိ ထိႏုိင္တယ္ဆုိတာ သူတုိ႔ သိခဲ့သင့္တယ္” လုိ႔ ရဲေျပာေရးဆုိခြင့္ရွိသူက ဆုိပါတယ္။

အူတာပရာဒက္ရွ္နဲ႔ ပန္ဂ်ပ္လုိ အိႏိၵယျပည္နယ္ေတြမွာ မဂၤလာပြဲအတြင္း အထိမ္းအမွတ္ ေသနတ္ပစ္ခတ္မႈကေန မေတာ္တဆျဖစ္တာ အခုအႀကိမ္က ပထမဆံုး မဟုတ္ပါဘူး။

ႏွစ္စဥ္ႏွစ္တုိင္း ဒီလုိျဖစ္စဥ္ အေတာ္မ်ားမ်ား ျဖစ္ေနေပမယ့္ ဒီအျဖစ္အပ်က္ကေန ဘယ္ႏွစ္ဦး ေသဆံုးခဲ့ၿပီး ဘယ္ေလာက္အေရအတြက္ ဒဏ္ရာရခဲ့တယ္ ဆုိတာေတာ့ အတိအက် မသိရဘူးလို႔ ဆုိပါတယ္။

၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလက မဂၤလာပြဲမွာ အမ်ိဳးသမီးတဦး ကတဲ့ေနရာကေန ေသနတ္ပစ္ခတ္ခဲ့လုိ႔ မဂၤလာေဆာင္လာသူသုံးဦး အျပင္းအထန္ ဒဏ္ရာရၿပီး တဦး ေသဆံုးခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလတုန္းကလည္း မဂၤလာပြဲမွာ အသက္ ၂၅ ႏွစ္အရြယ္ ကေခ်သည္ အမ်ိဳးသမီး ကေနခ်ိန္ မူးေနတဲ့ အမ်ိဳးသားတဦး ပစ္ခတ္တဲ့ေသနတ္က်ည္ဆန္ ထိမွန္ၿပီး ေသဆံုးခဲ့ကာ အဲဒီမဂၤလာပြဲညေနမွာ ပြဲလာဧည့္သည္ေတာ္ေတာ္မ်ားမ်ားက ေလထဲ ေသနတ္ေတြ ပစ္ခတ္ခဲ့ၾကတယ္လုိ႔ သတင္းေတြမွာ ေရးထားပါတယ္။

၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလတုန္းကလည္း မဂၤလာပြဲအထိမ္းအမွတ္ ေသနတ္ပစ္ခတ္မႈေၾကာင့္ အသက္ ၈ ႏွစ္အရြယ္ ေယာက္်ားေလးတဦး ေသဆံုးၿပီး အိႏိၵယႏုိင္ငံမွာေတာ့ မဂၤလာပြဲ အထိမ္းအမွတ္ ေသနတ္ပစ္ခတ္မႈကို တားျမစ္မႈမရွိဘူးလုိ႔ ဘီဘီစီသတင္းမွာ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
မင်္ဂလာဆောင်အကြိုပွဲမှာ သေနတ်နဲ့ မှားယွင်းပစ်ခတ်မိပြီး အိမ်နီးချင်းတဦး သေဆုံးခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တဲ့ သတို့သမီးဖခင်ကို အိန္ဒိယရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဟိုရှီရာပူရမြို့မှာ ဖြစ်ခဲ့ပြီး အက်ရှ်အော့ခို့စ်လာဆိုသူဟာ ကျင်းပတော့မယ့် သူ့သမီးမင်္ဂလာပွဲအတွက် ဖေဖော်ဝါရီ ၁၀ ရက်နေ့က သေနတ်ကို လေထဲပစ်ဖောက် ဂုဏ်ပြုခဲ့တာလို့ ရဲတွေက ပြောပါတယ်။

သေနတ်ပစ်ချိန်မှာ အိမ်နီးနားချင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ် ဆက်ရှီအရိုရာဆိုသူ အမျိုးသမီးဟာ သူမနေအိမ်ဝရန်တာမှာ ရှိနေစဉ် နဖူးကို ကျည်ဆန်ထိမှန်ပြီး အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်လို့ ပန်ဂျပ်ရဲတွေက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း အိန္ဒိယမြောက်ပိုင်းမှာ မင်္ဂလာဆောင်ပွဲ ကျင်းပတဲ့ အထိမ်းအမှတ် သေနတ်ပစ်ခတ်မှုကနေ လူအတော်များများ သေဆုံးခဲ့ပါတယ်။

အခုအခင်းဖြစ်မှုမှာ ပန်ဂျပ်ပြည်နယ် ဟိုရှီရာပူရမှာ ကျင်းပတဲ့ မင်္ဂလာပွဲအတွင်း သေဆုံးသူကို ထိမှန်တဲ့ သေနတ်ကျည်ဆန်က မစ္စတာခို့စ်လာရဲ့ သေနတ်က လာတာလို့ ရဲတွေက ပြောလိုက်ပြီး သတို့သမီးရဲ့ ဖခင်ဖြစ်သူ မစ္စတာခို့စ်လာကို ရဲတွေက ဖမ်းခဲ့တာပါ။

မင်္ဂလာပွဲအတွင်း ရိုင်ဖယ်သေနတ်ကို ပစ်ခဲ့သူ မစ္စတာခို့စ်လာရဲ့ သူငယ်ချင်းဖြစ်သူ အက်ရှ်အော့စီသီကိုလည်း ရဲတွေက အမှုဖွင့်ထားပါတယ်။

“ဖမ်းဆီးတရားစွဲခံရသူတွေက တကယ့် သေနတ်ပစ်ခတ်တတ်သူတွေလည်း မဟုတ်ဘူး။ သေနတ်ကျည်ဆန်က ဘယ်သူ့ကိုမဆို ထိနိုင်တယ်ဆိုတာ သူတို့ သိခဲ့သင့်တယ်” လို့ ရဲပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အူတာပရာဒက်ရှ်နဲ့ ပန်ဂျပ်လို အိန္ဒိယပြည်နယ်တွေမှာ မင်္ဂလာပွဲအတွင်း အထိမ်းအမှတ် သေနတ်ပစ်ခတ်မှုကနေ မတော်တဆဖြစ်တာ အခုအကြိမ်က ပထမဆုံး မဟုတ်ပါဘူး။

နှစ်စဉ်နှစ်တိုင်း ဒီလိုဖြစ်စဉ် အတော်များများ ဖြစ်နေပေမယ့် ဒီအဖြစ်အပျက်ကနေ ဘယ်နှစ်ဦး သေဆုံးခဲ့ပြီး ဘယ်လောက်အရေအတွက် ဒဏ်ရာရခဲ့တယ် ဆိုတာတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလက မင်္ဂလာပွဲမှာ အမျိုးသမီးတဦး ကတဲ့နေရာကနေ သေနတ်ပစ်ခတ်ခဲ့လို့ မင်္ဂလာဆောင်လာသူသုံးဦး အပြင်းအထန် ဒဏ်ရာရပြီး တဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မင်္ဂလာပွဲမှာ အသက် ၂၅ နှစ်အရွယ် ကချေသည် အမျိုးသမီး ကနေချိန် မူးနေတဲ့ အမျိုးသားတဦး ပစ်ခတ်တဲ့သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့ကာ အဲဒီမင်္ဂလာပွဲညနေမှာ ပွဲလာဧည့်သည်တော်တော်များများက လေထဲ သေနတ်တွေ ပစ်ခတ်ခဲ့ကြတယ်လို့ သတင်းတွေမှာ ရေးထားပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မင်္ဂလာပွဲအထိမ်းအမှတ် သေနတ်ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ယောက်ျားလေးတဦး သေဆုံးပြီး အိန္ဒိယနိုင်ငံမှာတော့ မင်္ဂလာပွဲ အထိမ်းအမှတ် သေနတ်ပစ်ခတ်မှုကို တားမြစ်မှုမရှိဘူးလို့ ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top