iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းလိုလို ခံစားဖူးတဲ့ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ကိုယ္ခႏၶာ မအီမသာျဖစ္ျခင္းကို ခံစားရၾကပါတယ္။ ဝမ္းခ်ဳပ္တဲ့အခါေျခာက္ေသြ႔တဲ့ ဝမ္းသြားျခင္းေၾကာင့္ ဝမ္းလမ္းေၾကာင္းေသြးယိုနာက်င္ျခင္း၊ ခႏၶာကိုယ္ကို မအီမသာျဖစ္ျပီး ေလပြေလထေရာဂါပါ စြဲကပ္ေစႏိုင္ပါတယ္။ ဝမ္းခ်ဳပ္ျခင္းကို ကုသဖို႔ ရွာေဖြလိုက္တဲ့အခါ အူအေလ့အထ ပံုမွန္ျဖစ္ေစေအာင္ စားတဲ့ အစားအေသာက္နဲ႕ ပံုမွန္ ေလ့က်င့္ခန္း ျပဳလုပ္ေပးျခင္းက ထိေရာက္မႈရွိတယ္လို႔ သိရပါတယ္။

… ေရ (သို႔) အခ်ိဳရည္ အမ်ိဳးမ်ိဳးကို မ်ားမ်ားေသာက္ပါ…
… အမွ်င္ဓာတ္ပါဝင္မႈမ်ားတဲ့ အသီးေတြက ပန္းသီး၊ သစ္ေတာ္သီး၊ လိေမၼာ္သီး၊ ဆီးသီးေတြျဖစ္ၿပီး ဟင္းႏုနယ္၊ မုန္လာဥနီလို ဟင္းသီးဟင္းရြက္၊ အသီးအႏွံနဲ႔ ေကာက္ႏွံ ေတြထဲမွာလည္း အမွ်င္ဓာတ္ ပါဝင္မႈမ်ားတဲ့အတြက္ ထမင္းစားတုိင္း ထည့္စားေပးပါ…
… ဝမ္းခ်ဳပ္တဲ့သူဟာ ပီဇာ၊ ေရခဲမုန္႔၊ အသား၊ အာလူးေခ်ာင္းေၾကာ္နဲ႔ အဆင္သင့္မုန္႔ေတြမွာ အမွ်င္ဓာတ္ပါဝင္မႈနည္းတဲ့အတြက္ ေလွ်ာ့စားဖို႔ လိုပါတယ္…
… ပံုမွန္ဝမ္းသြားတတ္တဲ့အခ်ိန္ေရာက္တိုင္း အိမ္သာထဲသြားပါ။ ဝမ္းသြားခ်င္စိတ္ကို ႏႈိးေဆာ္ေပးပါတယ္…
… မွီဝဲေနရတဲ့ ေဆးဝါးေတြေၾကာင့္ဆိုရင္ ဆရာဝန္နဲ႔ေဆြးေႏြးျပီး ညႊန္းၾကားခ်က္အတိုင္းသာ ေသာက္သံုးပါ…


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပိုပိုေဇာ္

#Unicode Version#

လူတိုင်းလိုလို ခံစားဖူးတဲ့ ဝမ်းချုပ်ခြင်းကြောင့် ကိုယ်ခန္ဓာ မအီမသာဖြစ်ခြင်းကို ခံစားရကြပါတယ်။ ဝမ်းချုပ်တဲ့အခါခြောက်သွေ့တဲ့ ဝမ်းသွားခြင်းကြောင့် ဝမ်းလမ်းကြောင်းသွေးယိုနာကျင်ခြင်း၊ ခန္ဓာကိုယ်ကို မအီမသာဖြစ်ပြီး လေပွလေထရောဂါပါ စွဲကပ်စေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို ကုသဖို့ ရှာဖွေလိုက်တဲ့အခါ အူအလေ့အထ ပုံမှန်ဖြစ်စေအောင် စားတဲ့ အစားအသောက်နဲ့ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းက ထိရောက်မှုရှိတယ်လို့ သိရပါတယ်။

… ရေ (သို့) အချိုရည် အမျိုးမျိုးကို များများသောက်ပါ…
… အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးတွေက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆီးသီးတွေဖြစ်ပြီး ဟင်းနုနယ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ကောက်နှံ တွေထဲမှာလည်း အမျှင်ဓာတ် ပါဝင်မှုများတဲ့အတွက် ထမင်းစားတိုင်း ထည့်စားပေးပါ…
… ဝမ်းချုပ်တဲ့သူဟာ ပီဇာ၊ ရေခဲမုန့်၊ အသား၊ အာလူးချောင်းကြော်နဲ့ အဆင်သင့်မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် လျှော့စားဖို့ လိုပါတယ်…
… ပုံမှန်ဝမ်းသွားတတ်တဲ့အချိန်ရောက်တိုင်း အိမ်သာထဲသွားပါ။ ဝမ်းသွားချင်စိတ်ကို နှိုးဆော်ပေးပါတယ်…
… မှီဝဲနေရတဲ့ ဆေးဝါးတွေကြောင့်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးပြီး ညွှန်းကြားချက်အတိုင်းသာ သောက်သုံးပါ…

ဖိုးသူတော် (www.phothutaw.com)
Credit: ပိုပိုဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top