ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit: ဘ၀ခါးခါး
# Unicode Version ဖြင့် ဖတ်ပါ #
ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန်မန့်(comments)များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်…#အစ_အဆုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။
👏 တကယ်ကောင်းတဲ့ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ ။ ဝမ်းသွားရင် သွေးပါတာ ညောင်းတာမအီမလယ်နဲ့နေရတာအရမ်းခက်ခဲ့တာ …အခုဆို အရမ်းကောင်းသွားပါပြီ ။ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ…လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား…
👏 ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကိုအထဲကအသားကိုခြစ်ယြူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မှေွလိုက် ရေခဲထည့်ပြီးစားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomelပြန်ဖြစ်သွားတာ လက်တွေပါဗျ သွေးတိုးသမာတွေအတွက်တော့ဆေးကောင်းတလက်ပါဗျာ…။
👏 ဒို့ကတော့ထြက်ခမ်းခွဲပြီးဇွန်းနဲ့ခြစ်အနှစ်ယူကာပျားရည်နဲ့ခေါက်သောက်ပါတယ်။အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ…။
👏 ရှားစောင်းပင်ဟာအများကြီး ဆေးဘက်ဝင်ပါတယ်…။နောက်ဆုံးHIV. Aidsပိုးကိုလည်းတွန်းလှန်နိုင်ပါတယ် ..။အထဲကအသားကို မတ်ခွက်ထဲထည့် သကြားလိုသလောက်ထည့်သောက်…။တစ်နေ့တစ်ခွက်ပုံမှန်သောက်သွားမယ်ဆိုရင် သက်တမ်းစိ နေရမှာပါ.။
👏 ရှားစောင်းလက်ပတ်ဆေးနည်းများစွာရှိပါတယ်။အမျိုးသမီးများအတွက်ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။ရှားစောင်းလက်ပတ် ၂၅ ကျပ်သားမုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သားမကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသားကြက်သွန်နီ ၅ ကျပ်သားဆား ၁ ကျပ်သား
အထက်ဖေါ်ပြပါငါးမျိုးထဲမှရှေးဦးစွာထန်းလျှက်ကိုဒန်အိုးနှင့်အရင် ကျိုပါထန်းလျှက် ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။ဆေကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။မြေအိုးထဲကိုထန်းလျှက်ရည်ထည့်ပြီးကျိုပါ ။ကြွက်မြီးတန်လိုပျစ်လာလျှင် ကျန်တာတွေထည့်ပြီးမီးမျှင်းမျှင်းဖြင့်ကျိုပါ ။မွှေပေးပါပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှချထားလိုက်ပါ ။အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ်ညတစ်ကြိမ်ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက်သွေးသားနှင့်ပတ်သက်သောရောဂါများနှင့်သွေးသားဖေါက်ပြန်ပြီးသွက်ချာပါဒ ရောဂါများပျောက်ကင်းစေပြီးအသားအရည်ဝင်းပ စေပါသည်။
👏 ရှားစောင်းလက်ပက်ကအပင်ပါ။ လူတော်တော်များများသိပါတယ်။ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ် ။အသားအရေအတွက်ကောင်းလို့အလှကုန် တော်တော်များများမှာပါပါတယ် ။သူကိုသုံးမယ်ဆိုဘေးကစောင်းလေးတွေကို လှီးလိုက်ပါ။
အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကိုအာဟာရပေးပါတယ်။
အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ ။တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ပြောမကုန်ပါဘူး။ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကိုအကျိုးပြုပါတယ် ။ကြိုက်သလို့သုံးပါစားချင်သလိုစားပါ ။အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်းအားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ရပါတယ် ။
👏 ရှားစောင်းလက်ပတ်ကိုသုးံပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီးမျက်နှာတွေ လက်တွေမှာ ပွတ်ရင်အသားအရေ နုချောပြီး ဖြူဖွေးတာတကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင်ပျောက်တယ်တဲ့ ..။သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ်တကယ်စွမ်း…။ အတွင်းသားလေးကိုခြစ်ပြီးသံပုရာရည်လေးညှစ်ကြက်သွန်နီပုဇွန်ခြောက်မူှန့်လေးနဲ့သုပ်စားလည်းကောင်းတယ်..။
👏 ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီးပိန်သူကိုဝ စေပါတယ် ။ ရှားစောင်းလက်ပတ်ကမြန်မာပြည်မှာရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။
👏 ဟုတ်ပါတယ် ထောက်ခံပါတယ်လက်တွေ့ပါ ။ သွေးဒူလာဖြစ်နေတာဆေးနည်းပေါင်းစုံသွားတယ် မပျောက်ဘူး ။ အဲ့ဒါနဲ့အခန်းမှာ ဇီးဖြူသီးအခြောက်က အရံသင့် ရှိနေတော့ ငါးချဉ်ဝယ်လာပြီးအရည်သောက်ချက်စားလိုက်တာ.. ပျောက်သွားတယ် ။အခုထိ2လကျော်ပြီပြန်မဖြစ်သေးဘူး…။
👏 ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်ပျောက်တယ်လက်တွေ့ပါ…။
👏 နားကိုက်လဲ..ကောင်းတယ်..မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..အချောင်းလေးလုပ်ပြီးကြပ်ပေးရင်…{ တစ်ကယ်ပြောတာပါ }
👏 ကြော်ငြာဝင်ခွင့်ပြုပါ။ရှားစောင်းလက်ပတ်ချက်ဆေးအသင့်ဝယ်လို့ရနေပါပြီ။တံဆိပ်အမျိုးမျိုးရှိပါသည်။ ဆေးဆိုင်တိုင်းတွင်မေးဝယ်နှိုင်ပါသည်။တစ်ဘူးကိုks1000/ကျော်လေးပါ။ ၃ ပါတ် ၄ပါတ်စာစားသုံးနှိုင်ပါသည်။
👏 အဲ့ အပင်နဲ့မတည့်တဲ့ အစာရှိရင်ပြောပေးကြပါအုံး ….ကျွန်တော် ညစာမစားမီ အထဲက ဂျယ်လီကိုသကြားနဲ့ရောစားပြီးရေအဝသောက်ပါတယ် ။တနာရီခွဲလောက်ကြာမှ ညစာစားပါတယ် .လေကောင်း၍ ညဘက်ဆီးရွှင် ၊ မနက် ဝမ်းသက်ပါတယ် ။အခွံမှာကပ်ကျန်တဲ့ ဂျယ်လီကိုမျက်နှာမှာလိမ်းပြီးနှစ်နာရီလောက်ကြာမှ ရေနဲ့သစ်ပါသည်။
👏 ပျောက်တယ်ကောင်းတယ် မီးယပ် , ဆီး , အသားယား။ဝမ်းဗိုက်ထဲမကေါင်းတက အရသာအနံ့။ချွဲကျိကျိနဲ့ ။ ဝင်သလောက်တဇွန်းစားကြည့်။ ဒို့တော့ မစားနိုင်။
👏 ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန် တစ်ခုပြောပါရစေ ။ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကိုရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ကို ပေါင်စပ်မှေွပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်းတစ်ဇွန်ခန့်သောက်ပေးပါ ။ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည် ။ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်စပ်လေကောင်းလေပါ..။
👏 ရှားစောင်းလက်ပတ်က ဆီးကျောက်တည်တာကတော့ လက်တွေ့မို့အရမ်းကောင်းတဲ့ဆေးပင်ပါ ။ ၃ ခွက်လောက်သောက်တာနဲ့ကျောက်တွေကျ လာတော့တာပါ..။
ဟုတ်ကဲ့ …လက် ၂ ဆစ်လောက်ဖြတ်ပြီး…ပူရုံလေးလောက်ပဲ ကင်ပါ ၊အကြိမ် သိမ်များများမစားရပဲ ပျောက်တယ်လို့ မှတ်သားဖူးပါတယ် …။
ဖိုးသူတော် (www.phothutaw.com)
Credit: ဘဝခါးခါး✏
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top