ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အခုေခတ္ဆိုရင္ အလုပ္ေတြရႈပ္၊ အင္တာနက္ေတြသံုးတာမ်ားတာနဲ႔ အိပ္ေရး ၀၀လင္လင္ အိပ္တဲ့သူေတြဆိုတာ ရွားလာပါတယ္။ တစ္ေန႔လံုး လႈပ္ရွားထားသမွ်ကို အိပ္တဲ့အခါမွ အနားယူရတာေၾကာာင့္ ေကာင္းမြန္စြာအိပ္စက္ႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။

အကယ္၍ အိပ္ေရး၀၀ မအိပ္တာမ်ားလာရင္ က်န္းမာေရးဆိုက်ိဳးေတြအမ်ားႀကီး ခံစားရလာႏိုင္ပါတယ္။

စိတ္ကေတာက္ကဆ ျဖစ္မႈမ်ားလာျခင္း

အိပ္တဲ့အခ်ိန္က်မွ ခႏၶာကိုယ္က ျပန္လည္ျပဳျပင္ၾကတာျဖစ္ပါတယ္။ တစ္ေန႔လံုး စိတ္ဖိစီးမႈေၾကာင့္ ၾကြက္သားေတြ တင္းေနတတ္တာေၾကာင့္ အိပ္တဲ့အခ်ိန္က်မွ ခႏၶာကိုယ္က ျပန္လည္ျပင္ဆင္ေပးၾကတာပါ။

ဒါေၾကာင့္ ေကာင္းမြန္စြာ အိပ္စက္အနားယူမႈမရွိရင္ စိတ္ဖိစီးမႈပိုမ်ားၿပီး ေဒါသထြက္လြယ္၊ စိတ္ကေတာက္ကဆျဖစ္တာေတြမ်ားလာပါလိမ့္မယ္။ အိပ္ေရး၀၀ မအိပ္ရင္ ခႏၶာကိုယ္က Adrenaline ဓာတ္ကို ထုတ္လႊတ္တာေၾကာင့္ ဒီဓာတ္က စိတ္တိုလြယ္၊ စိတ္ကေတာက္ကဆျဖစ္လြယ္ပါတယ္။

ဒါေၾကာင့္ တတ္ႏိုင္သမွ် လံုေလာက္စြာ ေကာင္းေကာင္းမြန္မြန္ အိပ္သင့္ပါတယ္။

စိတ္ဓာတ္က်ျခင္း

ေကာင္းမြန္စြာ အိပ္စက္အနားယူျခင္းမရွိရင္ စိတ္ဓာတ္က်ျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ စိတ္ဓာတ္က်ေနတဲ့အခ်ိန္တိုင္းမွာ တစ္ေန႔ကို ဘယ္ႏွစ္နာရီေလာက္ ေကာင္းေကာင္း အိပ္ျဖစ္ေနလဲဆိုတာကို ျပန္ေတြးၾကည့္ဖို႔ လိုအပ္ပါတယ္။

အာရုံစိုက္ဖို႔ ခက္ခဲျခင္း

အိပ္စက္တာဟာ ကိုယ့္အေတြးအေခၚေတြနဲ႔ ေလ့လာမႈေတြကို တုိက္ရိုက္ထိခိုက္ေနတယ္ဆိုတာ မသိၾကတာမ်ားပါတယ္။ အကယ္၍ တစ္ေန႔ကို အနည္းဆံုး ၇ နာရီေလာက္မအိပ္ဘူးဆုိရင္ အာရုံစူးစိုက္မႈ၊ တက္ၾကြျဖတ္လပ္မႈ ေတြကို အမ်ားႀကီး ထိခိုက္ပါတယ္။ ဒါေၾကာင့္ ေလ့လာတဲ့ေနရာမွာ ေႏွးသြားႏိုင္ပါတယ္။

ဒါေၾကာင့္ အိပ္ေရး၀၀လင္လင္ မအိပ္ရင္ ကိုယ္ေလ့လာတဲ့အေၾကာင္းအရာေတြကို မွတ္မိဖို႔ ခဲယဥ္းပါတယ္။

အ၀လြန္ျခင္း နဲ႔ ေသြးဖိအား

ညဘက္အိပ္တာေနာက္က်တဲ့အခါမွာ ဗိုက္ဆာတတ္ပါတယ္။ မအိပ္ရင္ ဗိုက္ဆာေစတဲ့ Gherlin ေဟာ္မႈန္းထုတ္လုပ္မႈ ျမင့္တက္ၿပီး ဗိုက္ျပည့္ေစတဲ့ Leptin ေဟာ္မႈန္း ထုတ္လုပ္မႈ ေလ်ာ့က်သြားပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ျမင့္တက္ျခင္းနဲ႔ အ၀လြန္ျခင္းတို႔ ျဖစ္လာပါတယ္။

ေကာင္းမြန္စြာ မအိပ္တဲ့သူကလည္း ပင္ပန္းေနတာေၾကာင့္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းကို လုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။ အခ်ိဳဓာတ္ပါတဲ့ အစားအစာေတြကို ပိုစားခ်င္တဲ့စိတ္ျဖစ္လာပါတယ္။

တစ္ေန႔မွ ၅ နာရီကေန ၆နာရီေလာက္ဘဲ အိပ္မယ္ဆိုရင္ ေသြးေပါင္ခ်ိန္ တက္လာႏိုင္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
အခုခေတ်ဆိုရင် အလုပ်တွေရှုပ်၊ အင်တာနက်တွေသုံးတာများတာနဲ့ အိပ်ရေး ၀၀လင်လင် အိပ်တဲ့သူတွေဆိုတာ ရှားလာပါတယ်။ တစ်နေ့လုံး လှုပ်ရှားထားသမျှကို အိပ်တဲ့အခါမှ အနားယူရတာကြောာင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

အကယ်၍ အိပ်ရေး၀၀ မအိပ်တာများလာရင် ကျန်းမာရေးဆိုကျိုးတွေအများကြီး ခံစားရလာနိုင်ပါတယ်။

စိတ်ကတောက်ကဆ ဖြစ်မှုများလာခြင်း

အိပ်တဲ့အချိန်ကျမှ ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ကြတာဖြစ်ပါတယ်။ တစ်နေ့လုံး စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေ တင်းနေတတ်တာကြောင့် အိပ်တဲ့အချိန်ကျမှ ခန္ဓာကိုယ်က ပြန်လည်ပြင်ဆင်ပေးကြတာပါ။

ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူမှုမရှိရင် စိတ်ဖိစီးမှုပိုများပြီး ဒေါသထွက်လွယ်၊ စိတ်ကတောက်ကဆဖြစ်တာတွေများလာပါလိမ့်မယ်။ အိပ်ရေး၀၀ မအိပ်ရင် ခန္ဓာကိုယ်က Adrenaline ဓာတ်ကို ထုတ်လွှတ်တာကြောင့် ဒီဓာတ်က စိတ်တိုလွယ်၊ စိတ်ကတောက်ကဆဖြစ်လွယ်ပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ လုံလောက်စွာ ကောင်းကောင်းမွန်မွန် အိပ်သင့်ပါတယ်။

စိတ်ဓာတ်ကျခြင်း

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းမရှိရင် စိတ်ဓာတ်ကျခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ တစ်နေ့ကို ဘယ်နှစ်နာရီလောက် ကောင်းကောင်း အိပ်ဖြစ်နေလဲဆိုတာကို ပြန်တွေးကြည့်ဖို့ လိုအပ်ပါတယ်။

အာရုံစိုက်ဖို့ ခက်ခဲခြင်း

အိပ်စက်တာဟာ ကိုယ့်အတွေးအခေါ်တွေနဲ့ လေ့လာမှုတွေကို တိုက်ရိုက်ထိခိုက်နေတယ်ဆိုတာ မသိကြတာများပါတယ်။ အကယ်၍ တစ်နေ့ကို အနည်းဆုံး ၇ နာရီလောက်မအိပ်ဘူးဆိုရင် အာရုံစူးစိုက်မှု၊ တက်ကြွဖြတ်လပ်မှု တွေကို အများကြီး ထိခိုက်ပါတယ်။ ဒါကြောင့် လေ့လာတဲ့နေရာမှာ နှေးသွားနိုင်ပါတယ်။

ဒါကြောင့် အိပ်ရေး၀၀လင်လင် မအိပ်ရင် ကိုယ်လေ့လာတဲ့အကြောင်းအရာတွေကို မှတ်မိဖို့ ခဲယဉ်းပါတယ်။

အဝလွန်ခြင်း နဲ့ သွေးဖိအား

ညဘက်အိပ်တာနောက်ကျတဲ့အခါမှာ ဗိုက်ဆာတတ်ပါတယ်။ မအိပ်ရင် ဗိုက်ဆာစေတဲ့ Gherlin ဟော်မှုန်းထုတ်လုပ်မှု မြင့်တက်ပြီး ဗိုက်ပြည့်စေတဲ့ Leptin ဟော်မှုန်း ထုတ်လုပ်မှု လျော့ကျသွားပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်မြင့်တက်ခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်လာပါတယ်။

ကောင်းမွန်စွာ မအိပ်တဲ့သူကလည်း ပင်ပန်းနေတာကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အချိုဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားချင်တဲ့စိတ်ဖြစ်လာပါတယ်။

တစ်နေ့မှ ၅ နာရီကနေ ၆နာရီလောက်ဘဲ အိပ်မယ်ဆိုရင် သွေးပေါင်ချိန် တက်လာနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top