န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မီးေလာင္ဒဏ္ရာ၊ ခြဲစိတ္ထားတာ ဒါမွမဟုတ္ ဒဏ္ရာအနာတရတစ္ခုခုေၾကာင့္ ခႏၱာကိုယ္ အစိတ္အပိုင္း တစ္ခုခုမွာ အမာရြတ္ေတြရွိေနလား။

အဲဒီအမာရြတ္ေတြကို ေဘးထြက္ဆုိးက်ိဳးကင္းၿပီး ပိုက္ဆံလည္း ေခၽြတာၿပီးသားျဖစ္မဲ့ သဘာ၀နည္းလမ္းေလးနဲ႔ ဖယ္ရွားလို႔ရပါၿပီ။ နည္းလမ္းေလးကိုသိရဖို႔ ဆက္ၿပီးဖတ္ၾကည့္ပါေနာ္။

ပါ၀င္ပစၥည္း

Extra Virgin Olive Oil ( သံလြင္ဆီ အသန္႔စစ္စစ္) ၁/၄ ခြက္

သန္႔စင္တဲ့ သဘာ၀ ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

Lavender Essential Oil ( လာဗန္ဒါအရြက္က ထုတ္လုပ္တဲ့ ဆီ) ၄ စက္ (Super Market ေတြမွာ ၀ယ္ယူလို႔ ရႏိုင္ပါတယ္။)

အုန္းဆီ ၁/၄ ခြက္

ျပင္ဆင္ျခင္း

အိုးတစ္လံုးထဲကို အုန္းဆီထည့္လိုက္ပါ။ အဲဒီေနာက္ မီးဖိုေပၚတင္ၿပီး အေနေတာ္အပူေပးပါ။

ၿပီးရင္ အိုးထဲကို Lavender ဆီ၊ သဘာ၀ ပ်ားရည္ ၊ သန္႔စင္တဲ့ သံလြင္ဆီ ထည့္ၿပီး ေယာင္းမနဲ႔ ေမႊေပးပါ။ အဲဒီေနာက္ ပါ၀င္ပစၥည္းေတြအားလံုး ေသခ်ာစြာ ေရာေႏွာသြားၿပီး ပူလာၿပီဆိုရင္ မီးဖိုေပၚကခ်ၿပီး အေအးခံထားပါ။

မၾကာခင္မွာပဲ အဲဒီအရည္က ေအးသြားမွာျဖစ္ၿပီး အရည္ကို ေရခဲေသတၱာထဲ မိနစ္ ၂၀ ခန္႔ထည့္ထားပါ။

အဲဒီအရည္ကို အမာရြတ္ရွိတဲ့ေနရာမွာ မနက္တစ္ႀကိမ္နဲ႔ ညေနတစ္ႀကိမ္လိမ္းေပးပါ။

ပံုမွန္လိမ္းေပးျခင္းအားျဖင့္ ရက္ေပါင္း ၃၀ အတြင္းမွာ အမာရြတ္ေတြေပ်ာက္ကင္းသြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ထားတာ ဒါမှမဟုတ် ဒဏ်ရာအနာတရတစ်ခုခုကြောင့် ခန္တာကိုယ် အစိတ်အပိုင်း တစ်ခုခုမှာ အမာရွတ်တွေရှိနေလား။

အဲဒီအမာရွတ်တွေကို ဘေးထွက်ဆိုးကျိုးကင်းပြီး ပိုက်ဆံလည်း ချွေတာပြီးသားဖြစ်မဲ့ သဘာဝနည်းလမ်းလေးနဲ့ ဖယ်ရှားလို့ရပါပြီ။ နည်းလမ်းလေးကိုသိရဖို့ ဆက်ပြီးဖတ်ကြည့်ပါနော်။

ပါဝင်ပစ္စည်း

Extra Virgin Olive Oil ( သံလွင်ဆီ အသန့်စစ်စစ်) ၁/၄ ခွက်

သန့်စင်တဲ့ သဘာ၀ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

Lavender Essential Oil ( လာဗန်ဒါအရွက်က ထုတ်လုပ်တဲ့ ဆီ) ၄ စက် (Super Market တွေမှာ ဝယ်ယူလို့ ရနိုင်ပါတယ်။)

အုန်းဆီ ၁/၄ ခွက်

ပြင်ဆင်ခြင်း

အိုးတစ်လုံးထဲကို အုန်းဆီထည့်လိုက်ပါ။ အဲဒီနောက် မီးဖိုပေါ်တင်ပြီး အနေတော်အပူပေးပါ။

ပြီးရင် အိုးထဲကို Lavender ဆီ၊ သဘာ၀ ပျားရည် ၊ သန့်စင်တဲ့ သံလွင်ဆီ ထည့်ပြီး ယောင်းမနဲ့ မွှေပေးပါ။ အဲဒီနောက် ပါဝင်ပစ္စည်းတွေအားလုံး သေချာစွာ ရောနှောသွားပြီး ပူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။

မကြာခင်မှာပဲ အဲဒီအရည်က အေးသွားမှာဖြစ်ပြီး အရည်ကို ရေခဲသေတ္တာထဲ မိနစ် ၂၀ ခန့်ထည့်ထားပါ။

အဲဒီအရည်ကို အမာရွတ်ရှိတဲ့နေရာမှာ မနက်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ်လိမ်းပေးပါ။

ပုံမှန်လိမ်းပေးခြင်းအားဖြင့် ရက်ပေါင်း ၃၀ အတွင်းမှာ အမာရွတ်တွေပျောက်ကင်းသွားပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top