မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
“ဒီစာကိုရေးသင့်မရေးသင့်သေချာစဉ်းစားပါတယ် နောက်ဆုံးတော့ မိန်းကလေးတွေအတွက်ရေးသင့်တယ်ထင်လို့ရေးလိုက်ပါတယ် ညီမက စမ်းချောင်း မှာနေတာပါ လွန်ခဲ့တဲ့ ၁ပတ် ည ၉ နာရီလောက် က ညီမ တိုက်အောက်က g&g မှာ မုန့်ဆင်းဝယ်ပါတယ် ဆိုင်က ညီမအိမ်နဲ့မျက်နှာချင်းဆိုင်မှာပါ ဆိုင်ထဲဝင်ခါနီး ညီမကို အသက် ၅၀ အရွယ် အရပ်မြင့်မြင့် အသားလတ်လတ်ဦးလေးကြီးတယောက်က “ချာတိတ်မ ခဏနေပါအုန်း ” ဆိုပီးလှမ်းခေါ်လို့ ညီမ ရပ်လိုက်တယ်
ဆက်ပြောတယ် “တူတူနေနိုင်မလား” စိတ်ကုးမလွဲနဲ့တဲ့ :3 လူကဇောချွေးတွေပါ ပျံလာတာ အဲ့တာနဲ့ မဖယ်ရင်သေမယ်နော်လို့ပြောပြီးထွက်မလို့အလုပ် Ok ok တဲ့ လက်ဆွဲလေးတော့ နှုတ်ဆက်သွားတဲ့ တို့ဆေးတွေဘာတွေ ခေါင်းထဲရောက်လာတယ် ကံကောင်းတော့ အဲ့ချိန်မှာပဲ ဦးလေးက ရောက်လာပြီး ဒီအချိန်ကြီးဘသူနဲ့ပြောနေတာလဲဆိုမှ တချိုးတည်းလစ်သွားတယ်
Credit: Kumudra
# Unicode Version ဖြင့် ဖတ်ပါ #
လူမှုကွန်ယက်ပေါ်မှာစိတ်ဝင်စားနေတဲ့သမီးပုံစံကို ဦးလေးအရမ်းကြိုက်တယ်တဲ့ ဟိုမှာနေလာတာ ကြာတော့ ပွင့်ပွင့်လင်းလင်းလင်း ပဲပြောတတ်လို့ပါ၊ သမီး ဆန္ဒ ရှိရင် ဦးလေး အတူတူနေချင်ပါတယ် တဲ့ ပြဿနာ
ယခုရက်ပိုင်း facebook ပေါ်မှာ အမျိုးသမီးငယ်မယဉ်မွန်ဦး အကောင့်ပိုင်ရှင် က သူ့ရဲ့အတွေ့အကြုံကို လူမှုကွန်ယက် (facebook) မှာသတိထားရအောင်တင်းပေးထားတဲ့postကိုလူအများစိတ်ဝင်းစာနေကြပါတယ်။
နိုင်ငံခြားမှာ နှစ်၂၀ ကျော်နေခဲ့တယ်ဆိုတဲ့ အသက်၅၀ ကျော်အမျိုးသားတစ်ဦးက နှုတ်အားဖြင့် ပြောဆိုမှုတွေက ကြောက်စရာဖြစ်ခဲံ့တဲ့အကြောင်းရေးတင်ထားတာပါ။
သူကအခုလိုရေးတင်ထားတာဖြစ်ပါတယ်
“ဒီစာကိုရေးသင့်မရေးသင့်သေချာစဉ်းစားပါတယ် နောက်ဆုံးတော့ မိန်းကလေးတွေအတွက်ရေးသင့်တယ်ထင်လို့ရေးလိုက်ပါတယ် ညီမက စမ်းချောင်း မှာနေတာပါ လွန်ခဲ့တဲ့ ၁ပတ် ည ၉ နာရီလောက် က ညီမ တိုက်အောက်က g&g မှာ မုန့်ဆင်းဝယ်ပါတယ် ဆိုင်က ညီမအိမ်နဲ့မျက်နှာချင်းဆိုင်မှာပါ ဆိုင်ထဲဝင်ခါနီး ညီမကို အသက် ၅၀ အရွယ် အရပ်မြင့်မြင့် အသားလတ်လတ်ဥးီလေးကြီးတယောက်က “ချာတိတ်မ ခဏနေပါအုန်း ” ဆိုပီးလှမ်းခေါ်လို့ ညီမ ရပ်လိုက်တယ်
အနားရောက်တော့ ပုံမှာပါတဲ့ card ပေးပြီး သူ့သင်တန်းဖြစ်ကြောင်းကြော်ငြာပါတယ် ညီမလည်း ဟုတ်ကဲ့ပြောပြီး ထွက်မယ်အလုပ် “နေပါဦးတဲ့ ပီးတော့ သမီးကို ပြောစရာရှိတယ် အချိန်ခဏပေးပါတဲ့ နဂိုထဲက အားနာတတ်တာကြောင့်ရော ကိုယ့်အဖိုးအရွယ်လောက်ဖြစ်နေလို့ သူများဘာပြောစရာရှိလဲဆိုပြီး နားထောင်နေလိုက်တယ်
အဲ့တော့မှ ဦးလေးက” အမေရိက မှာ အနှစ်၂၀ကြာနေလာတာတဲ့ အိမ်ထောင်မရှိဘူးတဲ့ မိန်းမက ဖောက်ပြန်လို့ ကွဲသွားပီလို့ပြောတယ် အခု အဆောင်မှာနေတယ်
ဦးလေးက မိုးကုတ်ဇာတိ အမျိုးတွေက မိုးကုတ်မှာ ကျောက်မျက်ရတနာလုပ်တယ် ဆိုပြီး သူ့အကြောင်းတွေ ဆက်တိုက် ပြောပါတယ် ညီမလည်း ကျွန်မ ကိုဘာလို့လာပြောနေတာလဲလို့မေးတော့ သမီးက အရမ်းလှတယ် သမီးပုံစံကို ဦးလေးအရမ်းကြိုက်တယ်တဲ့ :3 ဟိုမှာနေလာတာ ကြာတော့ ပွင့်2လင်း2 ပဲပြောတတ်လို့ပါတဲ့ သမီး ဆန္ဒ ရှိရင် ဦးလေး အတူတူနေချင်ပါတယ် တဲ့  ညီမ အရမ်းလန့်နေပီ လူတော့ အရမ်းမပြတ်ပေမဲ့ ညီမဘေးမှာ လူမရှိဘူး အဝေးက လူတွေလှမ်းကြည့်ရင် သူ့အရွယ်ကြီးနဲ့ဆိုတော့ အသိနဲ့စကားပြောတယ်ပဲထင်ကြမှာ လက်ထဲမှာလည်းသော့တွဲပဲပါလာတယ်
ဆက်ပြောတယ် “တူတူနေနိုင်မလား” စိတ်ကုူးမလွဲနဲ့တဲ့ :3 လူကဇောချွေးတွေပါ ပျံလာတာ အဲ့တာနဲ့ မဖယ်ရင်သေမယ်နော်လို့ပြောပြီးထွက်မလို့အလုပ် Ok ok တဲ့ လက်ဆွဲလေးတော့ နှုတ်ဆက်သွားတဲ့ တို့ဆေးတွေဘာတွေ ခေါင်းထဲရောက်လာတယ် ကံကောင်းတော့ အဲ့ချိန်မှာပဲ ဦးလေးက ရောက်လာပြီး ဒီအချိန်ကြီးဘသူနဲ့ပြောနေတာလဲဆိုမှ တချိုးတည်းလစ်သွားတယ်
တကယ်ပါ အခုပြော အခုလန့်နေတုန်း ရုတ်တရက်ကြောင်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိဘူး သူဘာအကြံလည်းမသိပေမဲ့ ညီမ ကြုံခဲ့ရတာတော့ အရမ်းကြောက်စရာကောင်းပါတယ် ရန်သူဆိုတာ အသက်ရွယ်နဲ့ မဆိုင်ဘူးဆိုတာလည်း သိသွားတယ် အိမ်ကိုပြောပြီး အဲ့ph တွေဆက်ကြည့်တာလည်း မကိုင်ပါဘူးမိန်းခလေးတွေအကုန်လုံးဂရုစိုက်ကြပါ အခုခေတ်ကြီးက ဘသူ့ကိုမှမယုံတာအကောင်းဆုံးပါပဲ”
လို့ရေးသားထားပါတယ်။ စာအပြင် ဦးလေးကြီးပေးထားတယ်ဆိုတဲ့ လိပ်စာကတ်ပါတင်ပေးထားတာဖြစ်ပါတယ်။ တင်ထားတဲ့ post ရဲ့အောက်မှာ မှတ်ချက်ပေးသူတွေထဲမှာ သူလိုပဲကြုံခဲ့သူတွေအများအပြားရှိနေတာကိုတွေ့ရပါတယ်။တချို့က ဦးလေးကြီးဆိုရဲ့facebook account တွေကိုတင်ပေးကြပါတယ်။ အကောင့်ကို ဝင်ကြည့်လိုက်တဲ့အခါ လိပ်စာကတ်ထဲကဖုန်း နံပါတ်နဲ့ ဦးလေးကြီးဆိုသူ သူ့ အကောင့်မှာရေးသားဖော်ပြထားတဲ့ ဖုန်းနံပါတ်တူနေတာကိုတွေ့ရပါတယ်။
ကြုံတွေ့ခဲ့သူအမျိုးသမီးက “နုံနုံအအ တွေဆိုပါသွားမှာစိုးရိမ်တယ်။ သူက တော်ကီနဲ့ချုပ်သွားတာ ။ အန်တီကြီးတွေရောခံရတာ။ ခံခဲ့ရသူတစ်ယောက်လည်းလာပြောတယ်။” လို့ပြောပါတယ်။လိပ်စာကတ်ပါ အမျိုးသားရဲ့ဖုန်းကို သင်တန်းစုံစမ်းသလို ဆက်ကြည့်သူက“သူကဖုန်းကိုင်တယ် ပြန်ဖြေတယ်။ သင်တန်းတစ်ပတ် တစ်ရက် ၁ ရက်သာသင်ကြောင်း မနက် ၁၀ နာရီကနေ ၁၂ ထိသာသင်တယ်။အိမ်လိုက်သင်ကြောင်း။
ဘယ်သူသင်မှာလဲ နာမည်ပြောအသက်ပြော လာတက်မယ်ဆိုအတိအကျပြောဒဂုံစင်တာသင်တဲ့နေရာပြောမယ်လို့ပြန်ပြောတယ်။မူကြိုအကြောင်းမေးကြည့်တဲ့အခါ သက်ဆိုင်ရာ ခွင်ပြုချက်စောင့်နေကြောင်း ပြန့်ပြောပါတယ်။ လို့ပြောပြပါတယ်။လိပ်စာကတ်မှာတဲ့ဖုန်းနံပါတ်အတိုင်း ဦးဇော်သီဟဝင်းဆိုသူကိုသတင်းထောက်ကဆက်သွယ်မေးမြန်းတဲ့အခါ“သူပြောတာတွေမှာ ဟုတ်တာတွေလည်းပါတယ် မဟုတ်တာတွေလည်းပါနေတယ်။
သီးကသီးခံနိုင်ပါတယ်။ရည်းစားစကားလည်းမပြောဘူး။မဟုတ်တမ်းတရားတွေပြောတာ။ ။သိက္ခာချတဲ့သဘောပေါ့။ကိစ္စမရှိပါဘူး ။ကိုယ်မဟုတ်ရင်ပြီးတာပါပဲ။ငါးပါးသီလလုံးဝမချိုးဖောက်ဘူး။သူငယ်ချင်းတွေကလည်းဒါကိုပြောပြတယ်။ဖုန်းပျက်နေလို့မကြည့်ရသေးဘူးတင်ထားတာကို။ ဦးကတကယ်လည်းနိုင်ငံခြားမှာနေခဲ့တယ်ညီအကိုမောင်နှမတွေလည်း နိုင်ငံခြားမှာရှိတယ် သင်တန်းလည်းပေးတယ် အင်္ဂလိပ်စာ ဂျပန်စာသင်တာလည်းဟုတ်တယ်။
သင်တန်းစာရွက်ပေးမိတ်ဆက်ရင်း ကိုယ့်အကြောင်းတွေပြောပြမိတ်ဆက်တယ် ။ကိုယ့်ကိုယ်ရေးကိုယ်တာပြောပြတာ။ ။သူများဟာပြောတာမဟုတ်ဘူးလေ။ မိနိးမနဲ့ကွဲထားကြောင်းတွေပါပါတယ်။ တကယ်လည်းကိုယ်ကလွတ်လပ်နေတဲ့ single ပဲ ။အမှန်။မိန်းမနှစ်ယောက်ယူပြီးဥပဒေချိုးဖောက်နေတာလည်းမဟုတ်ဘူး။ လွတ်လွတ်လပ်လပ်သမားတစ်ယောက်အနေနဲ့ ဘယ်သူ့မဆို့ပရိုပို့စ်လုပ်ခွင့်ရှိတယ်။ သူများသားသမီးကိုလည်းမဖျက်စီးဖို့အရေးကြီးတယ်။ လက်ဆွဲမနှုတ်ဆက်ခဲ့ဘူး။ လက်ဆွဲနှုတ်ဆက်တယ်ဆိုရင်လည်း အင်တာနေရှင်နယ်ယဉ်ကျေးမှုအရ လူမှုရေးအရပဲ ” လို့ ပြောပါတယ်။
ကြုံတွေ့ခဲ့၇တဲ့ကာယံရှင်ကတော့အမှုဖွင့်တာတွေမလုပ်ဘူးလို့ဆိုပါတယ်။တကယ်သာ ပြုလုပ်ခဲ့တယ်ဆို ဒီလိုကိစ္စမျိုးအတွက် ဥပဒေအရလုပ်လို့၇နိုင်လဲဆိုတာ ရဲစခန်းကတာဝန်ရှိသူကိုမေးကြည့်တဲ့အခါ” အဲ့ဒါကပြောရုံပဲရှိသေးတာ။ဒီလိုမျိုးတွေမဖြစ်အောင် မိန်းကလေးတိုင်း ကိုယ်နဲ့ မသိ သိသိဘယ်သူ့ကိုယ်မှမယုံကြည်ဖို့ ပညာပေးတွေလည်းလုပ်နေပါတယ်။ ဒီလိုမျိုးပြောခံရတယ်ဆိုတာ သွေးဆောင်ဖျားယောင်းတဲ့သဘောပါ။ပြောရမယ်ဆိုရင် အမှုမမြောက်သေးဘူးလို့ပြောရမယ်။” လို့ပြန်ဖြေပါတယ်။
ခံရတဲ့ကာယကံရှင်တွေက ပုဒ်မ ၅၀၀ အရ ကာအိနြေ္ဒိပျက်စီးစေမှု နဲ့တိုင်ကြားလို့ရပါတယ်။ထောင်ဒဏ် နှစ်နှစ်ထိကျခံနိုင်ရသလို ငွေဒဏ်ပါ ကျခ့နိုင်ရတယ်လို့သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top