ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အရက္ကို ေသာက္သံုးဖို႕အတြက္ပဲလို႕ လူေတြက ထင္ပါတယ္။တကယ္က အရက္ဟာ တျခားေကာင္းက်ိဳးျပဳတဲ့ နည္းလမ္းေတြရွိပါတယ္။အရမ္းဖ်ားတဲ့အခါ အရက္အနည္းငယ္နဲ႕ ေဆးနီမႈန္႕ကို ေရာေသာရတာရွိသလို ကိုယ္လက္ေတြထံုက်င္ကိုက္ခဲတဲ့အခါ အရက္နဲ႕ ေဆးျမစ္စိမ္ထားတာေတြကို လိမ္းရတာေတြ ရွိျပီး အရက္ရဲ႕ တျခားေနရာမွာ အသံဳးဝင္ပံုေတြ ေဖာ္ျပေပးလိုက္ပါတယ္။

အရက္ဟာ ဘက္တီးရီးယားေတြကို သတ္ႏိုင္တဲ့ စြမ္းအင္ရွိျပီး ေခြ်းထြက္လို႕ စြန္းထင္းေနတဲ့ ခ်ိဳင္းရဲ႕ ေနရာေတြကို ေပ်ာက္ကင္းေစပါတယ္။အျဖဴေရာင္အဝတ္ထည္ေတြကို ေလ်ွာ္ဖြတ္ေရးအတြက္လလည္း အသံုးဝင္တာျဖစ္ပါတယ္။

အရက္ကို ေသာက္သံုးရန္အတြက္ မဟုတ္ပဲ ဟင္းခ်က္တဲ့ေနရာနဲ႕ အသားေတြကို ျပဳတ္တဲ့ေနရာမွာလည္း အသံုးျပဳတာျဖစ္ပါတယ္။ဒါ့အျပင္ မုန္႕ကို လုပ္တဲ့ေနရာမွ မုန္႕ကို ပြေအာင္ မုန္႕ဖုတ္ဆိုဒါထဲ အနည္းငယ္ေရာျပီး ဆိုဒါအရသာ သတ္တဲ့ ေနရာမွာလည္း အသံုးျပဳႏိုင္ပါတယ္။

အရက္ကို အလွအပဆိုင္ရာဘက္မွာလဲ အသံုးျပဳမႈေတြ ရွိပါတယ္။ဒါကေတာ့ green tea နဲ႕ အရက္ကို ေပါင္းစပ္ျပီး မ်က္ႏွာမွာ ေပါင္းတင္တာမ်ိဳး လုပ္ျပီး ဝက္ျခံနဲ႕ ဆားဝက္ျခံေတြကို ဖယ္ရွားပစ္ႏိုင္တာျဖစ္ပါတယ္။

အရက္က စတီးဇြန္းခက္ရင္းေတြကို သန္႕ရွင္းေတာက္ေျပာင္ေစတာျဖစ္ျပီး အရက္ကို ေရအနည္းငယ္ေရာျပီး စတီးဇြန္းေတြကို စိမ္ထားေပးမယ္ဆိုရင္ စက္ရုံက ထြက္လာတဲ့အတိုင္း သန္႕ရွင္းေတာက္ေျပာင္ေစမွာျဖစ္ပါတယ္။

အရက္က သံေခ်းကိုက္ေနတဲ့ အရာေတြကို ျပန္လည္ေကာင္းမြန္လာေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။အရက္နဲ႕ သံေခ်းကိုက္ေနတဲ့ အရာေတြကို စိမ္ေပးထားမယ္ဆိုရင္ သံေခ်းေတြ ကြာက်ကုန္မွာျဖစ္ပါတယ္။ဒါ့အျပင္ လက္သည္း ေျခသည္းေတြ ေျပာင္ဝင္းေအာင္ တိုက္တဲ့ေနရာမွာလည္း အသံုးဝင္ပါတယ္။

အရက္ကို ပန္းအိုးထဲ စတီးဇြန္းတဇြန္းေလာက္ထည့္ျပီး ေရနဲ႕ ေရာကာ ပန္းဖိုးမယ္ အပင္ထိုးမယ္ဆိုရင္ သာမာန္ထက္ ရက္ရွည္ပိုခံျပီး မညိွဳးေတာ့ပါဘူး။

အိမ္တြင္းမွာ ရွိတဲ့ စတီးပစၥည္းနဲ႕ ပတ္သက္တဲ့ အရာေတြကို သန္႕ရွင္းေရး လုပ္တဲ့အခါ အရက္နဲ႕ ပြတ္တိုက္ေပးတာအေကာင္းဆံုးျဖစ္ျပီး မွန္ၾကည္ေဆးအျဖစ္ပါ ေဗာ့ကာ အရက္ကို အသံုးျပဳႏုိင္တာျဖစ္ပါတယ္။

အရက္ဟာ ခႏၶာကိုယ္နဲ႕ ေျခေထာက္က အောကာအခ်ဥ္ေတြအတြက္ ေကာင္းမြန္တဲ့ လိမ္းေဆးတမ်ိဳးျဖစ္ပါတယ္။ဒါေၾကာင့္ တိုင္းရင္းေဆးေတြမွာေတာင္ အရက္နဲ႕ ေဖာ္စပ္တဲ့ လိမ္းေဆးေတြ မ်ားစြာရွိျပီး ဒဏ္ျဖစ္တာနဲ႕ ၾကြက္သားနာက်င္တာေတြကို ေကာင္းမြန္ေစတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’twait2say
# Unicode Version ဖြင့်ဖတ်ရန် #
အရက်ကို သောက်သုံးဖို့အတွက်ပဲလို့ လူတွေက ထင်ပါတယ်။တကယ်က အရက်ဟာ တခြားကောင်းကျိုးပြုတဲ့ နည်းလမ်းတွေရှိပါတယ်။အရမ်းဖျားတဲ့အခါ အရက်အနည်းငယ်နဲ့ ဆေးနီမှုန့်ကို ရောသောရတာရှိသလို ကိုယ်လက်တွေထုံကျင်ကိုက်ခဲတဲ့အခါ အရက်နဲ့ ဆေးမြစ်စိမ်ထားတာတွေကို လိမ်းရတာတွေ ရှိပြီး အရက်ရဲ့ တခြားနေရာမှာ အသုံးဝင်ပုံတွေ ဖော်ပြပေးလိုက်ပါတယ်။

အရက်ဟာ ဘက်တီးရီးယားတွေကို သတ်နိုင်တဲ့ စွမ်းအင်ရှိပြီး ချွေးထွက်လို့ စွန်းထင်းနေတဲ့ ချိုင်းရဲ့ နေရာတွေကို ပျောက်ကင်းစေပါတယ်။အဖြူရောင်အဝတ်ထည်တွေကို လျှော်ဖွတ်ရေးအတွက်လလည်း အသုံးဝင်တာဖြစ်ပါတယ်။

အရက်ကို သောက်သုံးရန်အတွက် မဟုတ်ပဲ ဟင်းချက်တဲ့နေရာနဲ့ အသားတွေကို ပြုတ်တဲ့နေရာမှာလည်း အသုံးပြုတာဖြစ်ပါတယ်။ဒါ့အပြင် မုန့်ကို လုပ်တဲ့နေရာမှ မုန့်ကို ပွအောင် မုန့်ဖုတ်ဆိုဒါထဲ အနည်းငယ်ရောပြီး ဆိုဒါအရသာ သတ်တဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

အရက်ကို အလှအပဆိုင်ရာဘက်မှာလဲ အသုံးပြုမှုတွေ ရှိပါတယ်။ဒါကတော့ green tea နဲ့ အရက်ကို ပေါင်းစပ်ပြီး မျက်နှာမှာ ပေါင်းတင်တာမျိုး လုပ်ပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်နိုင်တာဖြစ်ပါတယ်။

အရက်က စတီးဇွန်းခက်ရင်းတွေကို သန့်ရှင်းတောက်ပြောင်စေတာဖြစ်ပြီး အရက်ကို ရေအနည်းငယ်ရောပြီး စတီးဇွန်းတွေကို စိမ်ထားပေးမယ်ဆိုရင် စက်ရုံက ထွက်လာတဲ့အတိုင်း သန့်ရှင်းတောက်ပြောင်စေမှာဖြစ်ပါတယ်။

အရက်က သံချေးကိုက်နေတဲ့ အရာတွေကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။အရက်နဲ့ သံချေးကိုက်နေတဲ့ အရာတွေကို စိမ်ပေးထားမယ်ဆိုရင် သံချေးတွေ ကွာကျကုန်မှာဖြစ်ပါတယ်။ဒါ့အပြင် လက်သည်း ခြေသည်းတွေ ပြောင်ဝင်းအောင် တိုက်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။

အရက်ကို ပန်းအိုးထဲ စတီးဇွန်းတဇွန်းလောက်ထည့်ပြီး ရေနဲ့ ရောကာ ပန်းဖိုးမယ် အပင်ထိုးမယ်ဆိုရင် သာမာန်ထက် ရက်ရှည်ပိုခံပြီး မညှိုးတော့ပါဘူး။

အိမ်တွင်းမှာ ရှိတဲ့ စတီးပစ္စည်းနဲ့ ပတ်သက်တဲ့ အရာတွေကို သန့်ရှင်းရေး လုပ်တဲ့အခါ အရက်နဲ့ ပွတ်တိုက်ပေးတာအကောင်းဆုံးဖြစ်ပြီး မှန်ကြည်ဆေးအဖြစ်ပါ ဗော့ကာ အရက်ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။

အရက်ဟာ ခန္ဓာကိုယ်နဲ့ ခြေထောက်က အောကာအချဉ်တွေအတွက် ကောင်းမွန်တဲ့ လိမ်းဆေးတမျိုးဖြစ်ပါတယ်။ဒါကြောင့် တိုင်းရင်းဆေးတွေမှာတောင် အရက်နဲ့ ဖော်စပ်တဲ့ လိမ်းဆေးတွေ များစွာရှိပြီး ဒဏ်ဖြစ်တာနဲ့ ကြွက်သားနာကျင်တာတွေကို ကောင်းမွန်စေတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’twait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top