ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အလြန္ရက္စက္တဲ့ မဒိန္းမႈေတြကို က်ဳးလြန္ခဲ့တဲ့ ေတာင္ကိုရီးယားက Mr-lee ဆိုတဲ့ တဏွာလာကကို အရႈးမႈးႀကိဳက္ႏွစ္သက္တဲ့ မုဒိန္းသမားရဲ႕ အေၾကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံရွိ မိခင္တစ္ဦးသည္ ေငးေၾကာင္ေသာ မ်က္လုံးႀကီးမ်ားျဖင့္ အသက္မဲ့သလိုျဖစ္ေနသည္။

“ငိုခ်လိုက္ ေရ ေရေပးၾကပါ”

နံေဘးရွိ သူမေယာက္်ားက ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနသည္။

မိခင္က ဝမ္းနည္းပက္လက္ ငိုခ်လိုက္သည္။ စကားတစ္လုံးမွမေျပာႏိုင္။

” သမီးေလး ဘယ္ေလာက္မ်ား နာက်င္လိုက္မလဲ,ဘယ္ေလာက္မ်ား ကူကယ္ရာမဲ့ ေၾကာက္လန႔္ေနလိမ့္မလဲေတြးမိတိုင္း ကြၽန္ေတာ္ ႐ူးရပါၿပီဗ်ာ”

ဖခင္ႀကီးသည္ သူတို႔၏ ၾကင္နာတတ္ေသာ သမီးေလးအား ဘယ္ေသာအခါမွ ျပန္ေတြ႕ခြင့္ရမည္မဟုတ္ေတာ့ေပ။

မိဘႏွစ္ဦး၏ ပူေဆြးေသာကႏွင့္ နာက်င္မႈတို႔သည္ ေတာင္ကိုရီးယားျပည္သူတို႔ထံကူး စက္လာသည္။

အဲဒီေန႔

“အေဖ သမီး ရီဟဲရာ ( Lee Haera )တို႔အိမ္ သြားလည္ခြင့္ေပးပါအေဖ”

“မသြားပါနဲ႔လား သမီးရယ္”

“ဘာလို႔လဲ အေဖရယ္ သူငယ္ခ်င္းသနားပါတယ္အေမဆုံးသြားတာ မၾကာေသးလို႔ အားငယ္ေနရွာမယ္”

ကြၽန္ေတာ္ စိတ္ထင့္ေနခဲ့တယ္။ ေနာက္ဆုံးေတာ့ ကူညီခ်င္စိတ္ရွိတဲ့ သမီးေလးရဲ႕ စိတ္ဓာတ္ကို အသိအမွတ္ျပဳနဲ႔ အေနနဲ႔ ကြၽန္ေတာ္ကိုယ္တိုင္ခြင့္ျပဳခဲ့တာဗ်။

ေက်ာင္းသူေလး Kim ၏ဖခင္က အ႐ူးတစ္ေယာက္လို ငိုယိုေျပာၾကားခဲ့သည္

ထိုေန႔က သူငယ္ခ်င္း ရီဟဲရာ၏ အိမ္၌ ေက်ာင္းသူေလး Kim ၏ဘဝ သည္လို အဆုံးသတ္ခဲ့ရသည္။

၂၀၁၇ ခုႏွစ္ ၉ လပိုင္း ၃၀ ရက္သည္ ေတာင္ကိုရီးယားႏိုင္ငံတြင္ Chuseok ဟုခၚေသာ ႐ိုးရာ သီးႏွံရိတ္သိမ္းပြဲမ်ား (harvest festival) ျပဳလုပ္သည့္ ပိတ္ရက္ရွည္၏ ပထမေန႔ျဖစ္သည္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ Mr. Lee က သူ၏သမီး ရီဟဲရာ( Lee Haera ) အား သူငယ္ခ်င္း Kim ဆီ ဖုန္းဆက္၍ သူတို႔အိမ္လာလည္ရန္ ဖိတ္ေခၚခိုင္းလိုက္ေလသည္။

ေန႔လည္ ၁၂ နာရီ ၂၀ မိနစ္

က႐ုဏာရွင္မေလး Kimသည္ ဒုကၡိတမေလး ရီဟဲရာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေန၍ သူငယ္ခ်င္းမ်ားမရွိခင္ မူလတန္းကတည္းက အေဖာ္လုပ္ေပးေသာ သူငယ္ခ်င္းေကာင္း တစ္ေယာက္ျဖစ္သည္။ ရီဟဲရာအား အစစ အရာရာကူညီေပးခဲ့သူျဖစ္သည္။

ယခုအခါ ရီဟဲရာက အသက္ ၁၅ ႏွစ္ သူမက အသက္ ၁၄ ႏွစ္အ႐ြယ္ အလယ္တန္းေက်ာင္းသူမ်ားျဖစ္လာၾကၿပီ။ ရီဟဲရာက ေက်ာင္းအပ္ေနာက္က်၍ တစ္ႏွစ္ႀကီးသည္။

ရီဟဲရာတြင္လည္း သူငယ္ခ်င္းအသစ္မ်ားစြာရွိေနေပၿပီ။

သို႔ေသာ္ ငယ္သူငယ္ခ်င္းႏွင့္မွေတြ႕ခ်င္သည္ဆိုသည့္ ရီဟဲရာထံ ေက်ာင္းသူေလး Kim အလည္လာခဲ့ေတာ့သည္။

ေန႔လည္ ၁၂ နာရီ ၃၇ မိနစ္

ေက်ာင္းသူေလး Kim က မိခင္ထံဖုန္းဆက္သည္။ မိခင္က ဆံပင္ညႇပ္ဆိုင္ဖြင့္ထားသည္။

” အေမ သမီးတို႔ DVD Room သြားၿပီး ႐ုပ္ရွင္ၾကည့္မလိုအေမ ဘယ္လိုသေဘာရလဲ?”

“မသြားရဘူးသမီး..။ DVD အခန္းေတြက အႏၲရာယ္ရွိတယ္။”

“အေမကလည္း သူငယ္ခ်င္းေတြ သြားေနတာပဲ”

“ဟင့္အင္း သမီး အေမစိတ္ပူတယ္”

၃ နာရီ အၾကာ။

CCTV တြင္ ရီဟဲရာ တစ္ေယာက္တည္း အိမ္မွထြက္လာသည္ကိုေတြ႕ရသည္။ ရီဟဲရာသည္ အျခားသူငယ္ခ်င္းအသစ္မ်ားႏွင့္ ခ်ိန္း၍ ေလွ်ာက္လည္ရန္ အျပင္ထြက္သြားသည္။

အိမ္ထဲတြင္ ရီဟဲရာအေဖ Mr. Lee ႏွင့္ ေက်ာင္းသူေလး Kim ႏွစ္ဦးသာက်န္ခဲ့သည္။

ညေန ၅ နာရီ

ေက်ာင္းသူေလး Kim ၏ဖုန္း ပိတ္ေနသည္။ မိခင္က အႀကိမ္ႀကိမ္ ဖုန္းဆက္သည္။

ည ၇ နာရီ

ေနာက္ဆုံး မိခင္ျဖစ္သူက ရီဟဲရာထံ ဖုန္းဆက္ေတာ့သည္။

” အန္တီ့သမီးေလး Kimက သမီးအိမ္သြားလည္မယ္ေျပာၿပီ ျပန္မလာလို႔ ဖုန္းဆက္ၾကည့္တာပါ”

ရီဟဲရာက သည္လိုလိမ္ေျပာခဲ့သည္။

“ဟင္!?! ဟုတ္လား? အန္တီ့သမီး Kim က ေန႔လည္ ၂ နာရီေလာက္ထဲက အိမ္ ျပန္သြားတာ..”

ည ၁၁ နာရီ ၂၀ မိနစ္

သမီးေလး Kim ျပန္မလာ။ မိဘမ်ား အလြန္တုန္လႈပ္ေနၾကသည္။

ရဲစခန္း၌ လူေပ်ာက္မႈ ဖြင့္ေတာ့သည္။

“ျပန္လာမွာပါဗ်ာ… သူငယ္ခ်င္းေတြနဲ႔ေနမွာေပါ့”

ရဲမ်ားက ခ်က္ခ်င္း မရွာခဲ့ပါ.။

၂၀၁၇ ခုႏွစ္ ၁၀ လပိုင္း ၁ ရက္

ေနာက္တေန႔ မနက္ ၁၀ နာရီ သို႔ေရာက္လာသည္။ သမီးေလး Kim ၏ အရိပ္အေယာင္ေတာင္မေတြ။

မနက္ ၁၁ နာရီ ၅၃ မိနစ္

ရီဟဲရာကေတာ့ အျခား သူငယ္ခ်င္း အသစ္မ်ားထံ ဖုန္းမက္ေဆ့ခ်္ ပို႔၍ ေပ်ာ္ေပ်ာ္ပါးပါးေလွ်ာက္လည္ျပန္သည္။

“ငါတို႔ ေတြ႕ၾကရေအာင္ေဟ့”

မိဘမ်ားက ေက်ာင္းသူေလး Kim ေပ်ာက္ဆုံးေၾကာင္း လူမႈကြန္ယက္မ်ားတြင္ ဓာတ္ပုံထည့္၍ လူေပ်ာက္ေၾကျငာခဲ့သည္။

ရဲစခန္းကေတာ့ ဥပေဒအရ လူေပ်ာက္ၿပီး၂၄ နာရီေက်ာ္ၿပီးေနာက္ အိမ္ျပန္မလာမွ ရွာရမည္ဟူ၍ မကူညီခဲ့ပါ။

ထိုအခ်ိန္တြင္ ေက်ာင္းသူ သမီးေလး Kim မွာ လူယုတ္မာ Mr. Lee ၏အိမ္တြင္ရွိေနသည္။ သူမအား ေရာက္ေရာက္ျခင္း Mr.Lee က အိပ္ေဆးခတ္ အေအးတိုက္ခဲ့သည္။

မအိပ္ႏိုင္ေသာ ေက်ာင္းသူေလး Kim အား Mr.Lee သည္ အေအးထဲ၌ အိပ္ေဆးထပ္ခတ္၍ သူ႔သမီးမွတဆင့္ ထပ္တိုက္သည္။

ေက်ာင္းသူေလး Kim အိပ္ေပ်ာ္သြားသည္။ထိုသို႔ အိပ္ေပ်ာ္ေနေသာ ေက်ာင္းသူေလး အား Mr.Lee ကထပ္၍ အိပ္ေဆးထိုးခဲ့သည္။

သူငယ္ခ်င္းျဖစ္သူ ရီဟဲရာ ကလည္း အိပ္ေပ်ာ္ေနေသာ သူငယ္ခ်င္း Kim ၏ ပါးစပ္ထဲ အိပ္ေဆးႏွစ္ျပားကို အေဖမခိုင္းပဲ ထပ္ထည့္ျပန္သည္။

ထို႔ေနာက္ ရီဟဲရာသည္ အိမ္အျပင္သို႔ ေရွာင္ထြက္သြားေပးသည္။

ထို႔ေနာက္ Mr.Lee သည္ သမီးေလး Kim အား နာရီေပါင္းမ်ားစြာ မဖြယ္မရာျပဳက်င့္ခဲ့သည္။

ေန႔လည္ ၁၂:၃၀ မိနစ္

အိပ္ယာမွ ႏိုးလာေသာ ေက်ာင္းသူေလး Kim သည္ ေၾကာက္လန႔္၍ ေအာ္ဟစ္ေလသည္။

ထိုသို႔ အသိရွိေနစဥ္ပင္ Mr. Lee ကထပ္၍ မဖြယ္မရာလုပ္သည္။ ျငင္းဆန္ေသာအခါအိပ္ေဆးတိုက္ရန္ႀကိဳးစားရင္း နံ႐ိုးက်ိဳးသည္အထိ ႐ိုက္ႏွက္ေတာ့သည္။

ေနာက္ဆုံးတြင္ ေၾကာက္လန႔္ေအာ္ဟစ္ေနေသာ ေက်ာင္းသူမေလး Kim အား ေရစို မ်က္ႏွာသုတ္ပဝါျဖင့္အုပ္၍ နက္ကတိုင္ ( Necktie )ကို အသုံးျပဳကာ လည္ပင္းညႇစ္ သတ္ပစ္လိုက္သည္။

ေက်ာင္းသူေလး Kim ေသဆုံးၿပီး ၅ နာရီ အၾကာျဖစ္သည္။

Mr. Lee ႏွင့္ သမီး ရီဟဲရာသည္ ေက်ာင္းသူေလး ကင္မ္ အေလာင္းထည့္ထားသည့္ ခရီးေဆာင္အိတ္ကို ကား ( BMW) ေနာက္ဖုံးထဲသို႔ ထည့္ေနသည္ကို CCTV တြင္ ေတြ႕ရသည္။

ထို႔ေနာက္ သမီးျဖစ္သူ ရီဟဲရာက ေသဆုံးသြားေသာ မိခင္၏ ဓာတ္ပုံကို ကိုင္၍ ကားထဲသို႔ဝင္သည္။

Mr.Lee က ကားေမာင္းရင္း သူ႔ကိုယ္သူ ဗီဒီယို႐ိုက္ကူးသည္။

” မိုက္လိုက္တဲ့ကေလးမေလး Kim! ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ သတ္ေသမလို႔ အားေဆးနဲ႔အဆိပ္ေရာထားတာကို ေသာက္ပစ္လိုက္တယ္ဗ်ာ!

အခုေတာ့ ေသၿပီေပါ့အီးဟီးဟီးဟီး!!!”

(မိန္းမ ဓာတ္ပုံကို ဗီဒီယိုထဲတြင္ျပရင္း…)

” မိန္းမေရ ငါေသခ်င္ေနတာ မင္းရွိတဲ့ေနရာ လိုက္ခဲ့မလို”

ထိုဗီဒီယိုသည္ အလီဘိုင္ (alibi ) အတြက္အသုံးျပဳရန္ ရည္႐ြယ္ခ်က္ရွိရွိ ႐ိုက္ကူးခဲ့သည္။

CCTV ျဖင့္ ရီ ၏ ကား ဘယ္ကိုသြားသည္ကို စစ္ေဆးခဲ့သည္။

၂၀၁၇ ခုႏွစ္ ၁၀ လပိုင္း ၅ ရက္

ေက်ာင္းသူေလး Kim ၏အေလာင္းကိုရွာေဖြေတြ႕ခဲ့သည္။

ေနရာကား ဂန္ဝန္ဒို (Gangwon Province) တြင္ျဖစ္သည္။

ေက်ာင္းသူေလး Kim ၏ နားထဲတြင္ Mr. Lee ၏ သုတ္ရည္ကို စစ္ေဆးေတြ႕ရွိရသည္။

၎ကို သက္ေသယူ၍ Mr. Lee ႏွင့္ သမီး ရီဟဲရာအား ဖမ္းဆီးလိုက္သည္။

မည္သို႔ေသာ ကေလးမ်ားသည္ ေနာင္တစ္ခ်ိန္တြင္ မုဒိမ္း လူသတ္သမား ကလိမ္ကက်စ္ Mr. Lee မ်ား ျဖစ္လာႏိုင္သနည္း?

Mr. Lee ငယ္စဥ္က မိဘမ်ားက ခ်မ္းသာသည္။ သားသမီး ၃ ေယာက္အနက္ ကင္ဆာေရာဂါရေနေသာ သားငယ္ Mr. Lee အား အလြန္အလိုလိုက္သည္။

သားျဖစ္သူ က်ဴးလြန္ေသာ မတရားမႈအားလုံးကို မိခင္က ေငြျဖင့္ ေျဖရွင္းေပးသည္။ ထို႔ေၾကာင့္ သည္ဇာတ္လမ္းတြင္ ပထမဆုံး အမွားျပဳလုပ္သူမွာ မိခင္ျဖစ္သည္။

Mr. Lee သည္ေက်ာင္းသားဘဝကပင္ ႏွာဘူးဟု နာမည္ႀကီးသည္။

အလယ္တန္းေက်ာင္းမွ သူငယ္ခ်င္း-1 ၏ ထြက္ဆိုခ်က္

“ငါ မူလတန္း ေက်ာင္းသူတေယာက္ကို မုန႔္ေကြၽးၿပီး မုဒိမ္းက်င့္ခဲ့တယ္ကြ ဒီမွာၾကည့္ အဲ့ေကာင္မ ေသြးေတြ”

အက်ႌမွ ေသြးမ်ားကို သူငယ္ခ်င္း-1 ႏွင့္ အျခားသူငယ္ခ်င္းမ်ားအား ႂကြား၍လိုက္ျပသည္။

သူငယ္ခ်င္း-1 က ဆရာမႏွင့္သြားတိုင္သည္။ ေက်ာင္အုပ္ႀကီးထံေရာက္သည္။ သို႔ေသာ္ မည္သို႔မည္ပုံ မိခင္ကေျဖရွင္းလိုက္သည္မသိ ေက်ာင္းထုတ္သည္အထိ မေရာက္ခဲ့ေပ..။

အလယ္တန္းေက်ာင္းမွ သူငယ္ခ်င္း-2 ၏ ထြက္ဆိုခ်က္

ကြၽန္ေတာ့္ကို သူက ဒီလိုေျပာတယ္ဗ်။

“၅ ႏွစ္အ႐ြယ္ကေလးမေလးေတြကို ငါ စိတ္ႀကိဳက္ကိုင္တြယ္ၿပီး ျပန္လႊတ္ေပးလိုက္တာ မနည္းေတာ့ဘူးကြ ဟားဟား”

ကြၽန္ေတာ္ သိသေလာက္ေတာ့ သူ ေစာ္ကားခဲ့တဲ့ ကေလးေလးေတြ မနည္းဘူးဗ်။

အလယ္တန္းက်ာင္းမွ သူငယ္ခ်င္း -3 ၏ ထြက္ဆိုခ်က္

“မူလတန္းေက်ာင္းသူေလး တေယာက္ပဲအိမ္မွာက်န္ခဲ့တာကြ ငါနဲ႔ အားလုံး ၃ ေယာက္ မုဒိမ္းက်င့္တာ။ ဟို ၂ ေကာင္က ေကာင္မေလးေသမွာစိုးလို႔ သနားလို႔ ျပန္ထြက္ခဲ့ေတာ့ ငါပါျပန္ခဲ့ရတာ”

Mr. Lee တက္ခဲ့ေသာ အလယ္တန္းေက်ာင္းမွ အတန္းပိုင္ ဆရာမ၏ ထြက္ဆိုခ်က္

“ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မိန္းကေလးျမင္တိုင္းဖ်က္ဆီးခ်င္တဲ့အက်င့္ဆိုးေၾကာင့္ ကြၽန္မ သူ႔ကိုေက်ာင္းအုပ္ႀကီးထံပို႔ခဲ့ပါတယ္။ ဘာလို႔ေက်ာင္းမထုတ္တာလဲ ကြၽန္မလည္း မေျပာတတ္ေတာ့ပါဘူး”

Mr. Lee သည္ ထိုကဲ့သို႔ႀကီးျပင္းလာသည္။

မိခင္က မုန႔္ဖိုး တစ္ေန႔ တစ္ေသာင္း ေပးသည္။ (ထိုစဥ္က ခ်မ္းသာေသာမိသားစုမွ အလယ္တန္းကေလးမ်ား မုန႔္ဖိုး တစ္လ တစ္ေသာင္း ရေသာေခတ္ျဖစ္သည္။)

အလယ္တန္းေက်ာင္းသား Mr. Lee သည္ ထိုေငြႏွင့္မေလာက္ မိခင္၏ စိန္ေ႐ႊမ်ားကိုခ်ေရာင္း၍ သုံးသည္။ စႏၵရား ( piano )ကဲ့သို႔ ႀကီးမားေသာ ပစၥည္းမ်ားကိုပင္ ေရာင္းစားသည္။

Mr. Lee အသက္ ၁၈ ႏွစ္တြင္ ၁၄ ႏွစ္အ႐ြယ္ အိမ္ေျပး ( လက္ရွိမိန္းမ ) Choi အား အိမ္ေပၚေခၚတင္၍ လူမသိ သူမသိ ေပါင္းသင္းထားသည္။ Mr. Lee အားတားမည့္သူမရွိ။

ထို႔ေနာက္ ဖခင္ျဖစ္သူက စီးပြားပ်က္သည္။ မိခင္ႏွင့္ဖခင္ အိမ္ေထာင္ကြဲသည္။ Mr. Lee သည္ အိမ္တြင္းရွိေသာ ပစၥည္း TV မွအစ ေရာင္း၍သုံးပစ္ေတာ့သည္။

အထည္ႀကီးပ်က္တို႔ ထုံးစံအတိုင္း ဆင္းရဲေသာဒါဏ္ကို မခံႏိုင္ၾက။ မိခင္က ခ်မ္းသာေသာ ေယာက္်ား A ႏွင့္ ေနာက္အိမ္ေထာင္ျပဳသည္။

Mr. Lee သည္ Choi ႏွင့္ ယူၿပီး စေပၚတင္စရာပင္ေငြမရွိ၍ လေပးအိမ္ငွားခဲ့ရသည္..။အစ္မ အစ္ကိုတို႔ျဖင့္ အတူ ေနရသည္။

Mr. Lee အသက္ ၂၀ ႏွစ္အ႐ြယ္တြင္ မိန္းမ Choi အသက္ ၁၆ ႏွစ္အ႐ြယ္ျဖစ္ၿပီး ကိုယ္ဝန္ရသည္။

သမီးကေလး ရီဟဲရာသည္ ၂ ႏွစ္အ႐ြယ္မွစ၍ ဖခင္ထံမွ ကင္ဆာေရာဂါအေမြရခဲ့သည္။ ရီဟဲရာ ႐ုက္ပ်က္ဆင္းပ်က္ျဖစ္လာသည္။

ထို႔ေနာက္ သူတို႔မိသားစုအား သနား၍ အစိုးရက TV တို႔တြင္ ေဖၚျပ၍ အလႉခံေပးခဲ့သည္။ ထိုနည္းျဖင့္ေငြရွာကာ ျပန္လည္ ခ်မ္းသာလာသည္။ သမီးေလး ရီဟဲရာသည္ Mr. Lee ၏ ေငြတြင္းျဖစ္လာသည္။

ေငြရလာေသာအခါ သူ႔အတြက္သုံးသည္။တစ္ကိုယ္လုံး တက္တူးမ်ားထိုး၍ သူ႔မ်က္ႏွာအား ပလပ္စတစ္ဆဂ်ဴရီမ်ားျပဳလုပ္ခဲ့သည္။

ထို႔ေနာက္ ဆယ္ေက်ာ္သက္ အ႐ြယ္ကေလးမမ်ားကို ပစ္မွတ္ထား၍ ကာမဆက္ဆံရန္ နည္းလမ္းအမ်ိဳးမ်ိဳးကို သုံးေတာ့သည္။

Mr.Lee သည္ တဏွာႀကီးသူျဖစ္သည့္အေလွ်ာက္ သူ၏ လိင္အဂၤါကို ခြဲစိတ္မႈ ကိုလည္း( Enlargement Surgery) ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ ေလာကႀကီးက သူ႔အားအျပစ္ စ, ေပးေတာ့သည္။

Mr. Lee ၏ လိင္အဂၤါခြဲစိတ္မႈမွာမေအာင္ျမင္သည့္အျပင္ မိန္းမႏွင့္ ကာမဆက္ဆံရန္ လုံးဝ မျဖစ္ႏိုင္ေလာက္ေအာင္ ခဲယဥ္းသြားသည့္ ေရာဂါတစ္မ်ိဳး ရသြားေတာ့သည္။

Mr. Lee ေသာက္ေနရေသာ ကင္ဆာေရာဂါ ေဆးမ်ားေၾကာင့္လည္း အေျခအေန ပိုဆိုးလာသည္။

ထိုအခါ သူသည္ပို၍ ေဒါသႀကီးလာသည္။ ျဖစ္ခ်င္ေသာ ဆႏၵအတိုင္း မျဖစ္ႏိုင္သည့္အခါ ပို၍ ရမက္ႀကီးလာသည္။

သူ၏ တဏွာရာဂစိတ္ကို ေျပေအာင္ မိန္းမျဖစ္သူ Choi အား နည္းမ်ိဳးစုံျဖင့္ ေစခိုင္းေတာ့သည္။

မိန္းမျဖစ္သူ Choi သည္ လူယုတ္မာလက္ထဲတြင္ အရွင္လတ္လတ္ ငရဲျပည္ေရာက္ေနခဲ့သည္။

( ေနာင္တြင္ ေက်ာင္းသူေလး Kim အားလည္း မိန္းမအား ဆက္ဆံခဲ့သည့္ နည္းအတိုင္း အဓမၼက်င့္ခဲ့သည္။)

မ်က္ႏွာ ႏွစ္ခုႏွင့္ Mr. Lee သည္ ေတာင္ကိုရီးယား ျပည္သူ ျပည္သားတို႔အား သနားစရာ မ်က္ႏွာေပးျဖင့္ အလႉေငြဆက္ခံသည္။

သူ၏နာမည္ျဖင့္ အိမ္ ကားတို႔ကို ဝယ္လွ်င္ ထပ္၍ အလႉေငြမရႏိုင္ေသာေၾကာင့္ အိမ္၊ ကားတို႔ကို အစ္ကို အစ္မတို႔ နာမည္ျဖင့္ဝယ္သည္။

ေနာက္ပိုင္းတြင္ Mr. Lee သည္ အိမ္ရွိ မိခင္၊ အစ္မ၊ အစ္ကို၊ မိန္းမ၊ သမီး အားလုံးကို မိမိ ေငြေပးထားေသာအေစခံမ်ားကဲ့သို႔ဆက္ဆံလာသည္။

ငယ္စဥ္ကတည္းက Mr. Lee ၏ မတရားမႈ၊ ရာဇဝတ္မႈမ်ားကို တခြန္းတပါဒမွ မေျပာရဲခဲ့ေသာ ထိုမိသားစုသည္ ယခုအခါ ပို၍ ဆိုးေတာ့သည္။

ဒါကို လက္မခံေသာ သူ၏ ပေထြး A ကို Mr. Lee မုန္းသည္။

ငယ္စဥ္ကတည္းမွ အက်င့္မေကာင္းေသာ Mr. Leeသည္ တေန႔ထက္တေန႔ ပိုမို ေကာက္က်စ္ ယုတ္မာလာသည္။

မိခင္သည္ ငယ္စဥ္ကတည္းက မျပဳျပင္ မကူညီခဲ့သည့္အတြက္ Mr. Lee တစ္ေယာက္ ႐ြံရွာစရာ ႏွာဘူး ရာဇဝတ္ေကာင္ႀကီးျဖစ္လာေတာ့သည္။

သားအတြက္ ယခုအခါ ယူက်ဳံးမရျဖစ္ေတာ့သည္။

ေမြးရာပါဗီဇက ယုတ္မာေသာ္လည္း ေကာင္းမြန္သည့္ပတ္ဝန္းက်င္တြင္ Mr. Lee သည္ ႀကီးျပင္းခဲ့လွ်င္ ထိုယုတ္မာသည့္စိတ္ဓာတ္ကို အရွက္တရားျဖင့္ အတန္အသင့္ ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေပသည္။

မည္သို႔ေသာ မိန္းကေလးမ်ားသည္ Choi မ်ားျဖစ္လာႏိုင္သနည္း?

သူမ ၁၄ ႏွစ္အ႐ြယ္တြင္ အိမ္ေျပး တစ္ေယာက္ျဖစ္ခဲ့သည္။ အပ်ိဳေဖာ္ဝင္စ မိဘမ်ားကို မေက်နပ္…ခ်ဳပ္ျခယ္သည္ဟုထင္ခဲ့သည္။

ေလာကႀကီးျပင္ပသို႔ ငွက္ေလးတစ္ေကာင္လို လြတ္လပ္စြာ ပ်ံသန္းခ်င္ခဲ့သည္။

Mr. Lee ႏွင့္ေတြ႕ခဲ့သည္။

ေၾကာင္ခံတြင္းပ်က္ႏွင့္ ဇရက္ေတာင္ပံက်ိဳး။

ထို႔ေနာက္ သမီးေလး ေမြးဖြားလာသည္။

ကင္ဆာေရာဂါေၾကာင့္ သြားမ်ားမရွိ၍ ထမင္းမစားႏိုင္ေသာ ဒုကၡိတသမီးေလး ရီဟဲရာ အားသူမ၏ႏို႔ရည္ကို ၅ ႏွစ္ေက်ာ္ တိုက္ခဲ့ရသည္။

သူမ၏ ရင္သားတြင္ သမီးက သြားဖုံး သြားအစအနတို႔ကိုက္ေသာ ဒါဏ္ရာတို႔ျဖင့္ ေပပြေနခဲ့သည္။

သမီးေလး အစာေပ်ာ့စားႏိုင္၍ ႏို႔ျပတ္သည့္အခါ Mr.Lee က Choi အား ရင္သားခြဲစိတ္မႈ ျပဳေစခဲ့သည္။

Mr. Lee သည္ ရင္သားအလွျပဳျပင္၍ လွပလာေသာ မိန္းမျဖစ္သူ Choi ကိုၾကည့္၍ အႀကံတစ္ခုရလာသည္။

Choi အား ေၾကးစား အမ်ိဳးသမီး (sex worker ) မ်ားတြင္ ထိုးေလ့ရွိေသာ တက္တူး (tattoo ) အမ်ိဳးအစားမ်ားအား ေ႐ြးခ်ယ္၍ သူမတကိုယ္လုံးတြင္ ထိုးေစသည္။

မိန္းမအား အႏွိပ္ပညာသင္ေစ၍ အႏွိပ္ခန္းဖြင့္လိုက္သည္။

Mr. Lee သည္ သူ႔မိန္းမအား မ်က္ႏွာအလွ ခြဲစိတ္ကုသမႈ ( plastic surgery) မ်ားစြာလုပ္ေပးခဲ့သည္။

ထို႔ေနာက္ Mr. Lee သည္ မိန္းမျဖစ္သူ Choi အား ေယာက္်ားတေယာက္လွ်င္ ၃ သိန္းဆီျဖင့္သူမကိုယ္ခႏၶာကိုယ္အား ေရာင္းစားပစ္သည္။

၎တို႔အား ကင္မရာျဖင့္ခိုး႐ိုက္၍ ရရွိေသာညစ္ညမ္းဗီဒီယိုတို႔အား ေရာင္းစားျပန္သည္။

ယခုအခါ ရဲေထာက္လွမ္းေရးတို႔က ဗီဒီယိုထဲ၌ပါေသာ အမ်ိဳးသား ၁၂ ဦးအား ဖမ္းမိ၍ ဒါဏ္ေငြ ေဆာင္ေစခဲ့သည္။ ေတာင္ကိုရီးယားတြင္ sex business သည္ တရားမဝင္ပါ။

တဏွာ႐ူး Mr. Lee သည္ သူ႔မိန္းမ၏ ထိုဗီဒီယိုမ်ားၾကည့္ျခင္းကိုႏွစ္သက္သည္။

၂၀၁၇ခုႏွစ္ ၉ လပိုင္း ၂ ရက္ေန႔

Mr. Lee သည္ မိန္းမျဖစ္သူ Choi အား ပေထြးျဖစ္သူ A အားျမဴဆြယ္ရန္ ခိုင္းေစခဲ့ျပန္သည္။

Mr. Lee သည္ ပေထြး အားေထာင္ထဲသြင္း အရွက္ခြဲခ်င္သည္။ ဒီပေထြးမရွိမွျဖစ္မည္။ သူ႔ေငြေတြကိုလည္း ေမာင္ပိုင္စီးမည္။

ထို႔ေၾကာင့္ Mr. Lee သည္ ပေထြး ႏွင့္ သူ႔မိန္းမ Choi တို႔ မသိေအာင္ ကင္မရာကိုဖြက္၍ ပေထြး အိပ္ခန္းတြင္ တပ္ဆင္ထားခဲ့သည္။

Choi သည္ ပေထြးအား ျမဴဆြယ္၍ ကာမဆက္ဆံသည္၎ကို ဗီဒီယို ခိုး႐ိုက္ထားသည္။

ထို႔ေနာက္ရဲစခန္းသို႔သြားကာ ပေထြးကို မုဒိမ္းမႈျဖင့္ တရားစြဲသည္။

” မုဒိမ္းက်င့္တာ သက္ေသရွိပါသလားခင္ဗ်ား?”

ထိုအခါ Mr. Lee သည္ မိန္းမ အတြင္းခံေဘာင္းဘီႏွင့္ ဗီဒီယို အားေပးအပ္ခဲ့သည္။

တကယ့္ျပႆနာမွာ ထိုေနရာမွ စသည္။

ရဲေထာက္လွမ္းေရးတို႔က ပေထြးျဖစ္သူ ႏွင့္ မိန္းမ Choi တို႔ ဗီဒီယိုကိုၾကည့္၍ ႏွစ္ဦးသေဘာတူ ကာမဆက္ဆံသည္ဟု ဆုံးျဖတ္ခဲ့ၾကသည္။

ထို႔ေၾကာင့္ ပေထြး အဖမ္းမခံရပါ။ ေလ်ာ္ေၾကးသာေပးရၿပီး အမႈၿပီးသြားသည္။

Mr. Lee အရွက္ရသည္။

မိန္းမအား ေဒါသူပုန္ထေလသည္။

၂ ရက္ခန႔္ၾကာေသာအခါ

၂၀၁၇ ခုႏွစ္ ၈ လပိုင္း ၄ ရက္ေန႔

အလြန္အမင္းႏွိပ္စက္ခံရေသာ Choi သည္ ျပဴတင္းေပါက္မွ ခုန္ခ်၍ မိမိကိုယ္မိမိသတ္ေသသည္။

မိန္းမ Choi ေသၿပီး တစ္လခန႔္အၾကာ Mr. Lee သည္ ေက်ာင္းသူေလး Kimအား အထက္ေဖၚျပပါအတိုင္း မုဒိမ္းက်င့္၍ သတ္ပစ္လိုက္ျခင္းျဖစ္သည္။

Choi သည္ သူမေနထိုင္သည့္ ၅ ထပ္တိုက္ အိမ္သာျပတင္းေပါက္ အေသးေလး မွ ခုန္ခ်ေသဆုံးခဲ့သည္ဟု ရီ ကထြက္ဆိုသည္။

Choi သည္ခုန္ခ်လွ်င္ ေမွာက္ခုံ က်ရမည္ျဖစ္ေသာ္လည္း ပက္လက္က်ေနသည္။

ေထာက္လွမ္းေရးမ်ားက Mr. Lee ကတြန္းခ်သတ္ပစ္သည္ဟုခန႔္မွန္းေသာ္လည္း သက္ေသမျပည့္စုံမတတ္သာ၍ လူေသမႈစာရင္းထဲထည့္လိုက္ရသည္။

႐ိုးသားႀကိဳးစားစြာေနခဲ့ေသာ္လည္း မလုပ္သင့္သည္ကို လုပ္ခဲ့မိသည့္ Mr. Lee ၏ ပေထြးျဖစ္သူ A။

ထိုပရမ္းပတာမိသားစုတြင္ အမွန္တရားဘက္သို႔ အနည္းငယ္ရပ္တည္သူမွာ Mr. Lee ၏ပေထြးျဖစ္သည္။ သူသည္ Mr. Lee ဦးေဆာင္သည့္ လိမ္လည္ေငြရွာျခင္းတို႔ကို သေဘာမက်။

၂၀၁၇ ခုႏွစ္ ၉ လပိုင္း ၂ ရက္ေန႔

အရက္ေသာက္မ်ား၍ ပေထြးျဖစ္သူသည္ အိပ္ေပ်ာ္ေနခဲ့သည္။

ထိုစဥ္ ငိုသံသဲ့သဲ့ၾကားရသည္။

ပေထြးျဖစ္သူ သည္ အိပ္ခ်င္မူးတူးျဖစ္ေနခ်ိန္တြင္ သူ႔အား သူ၏မိန္းမ ကဖက္ထားသည္ထင္၍ အေသအခ်ာၾကည့္လိုက္ရာ ေခြၽးမ Choi ျဖစ္ေနသည္။

အရက္မူးမေျပေသးေသာ ပေထြးျဖစ္သူသည္ ေခြၽးမကို မလြန္ဆန္ႏိုင္ေခြၽးမႏွင့္ ကာမ မွားမိသည္။

Mr. Lee ကမုဒိမ္းမႈျဖင့္တရားစြဲသည္။ သို႔ေသာ္ အထက္တြင္ေဖၚျပထားသကဲ့သို႔ မေအာင္ျမင္ခဲ့။

Choi က တိုက္ေပၚမွခုန္ခ်ေသဆုံးသြား၍ ပေထြးျဖစ္သူသည္ အလြန္တရာ စိတ္မေကာင္းျဖစ္ခဲ့သည္။ သူလည္း အျပစ္ရွိသည္ဟု ခံစားကာ စိတ္ေဝဒနာျဖစ္ေနခဲ့သည္။

တစ္လအၾကာတြင္ Mr. Lee က ေက်ာင္းသူေလး Kim အားသတ္ေသာ အမႈသည္ တစ္တိုင္းျပည္လုံး ဟိုးေလးတေက်ာ္ျဖစ္သြားသည္။

ထိုအခါ Mr. Lee က သည္လိုေျပာသည္

“ကြၽန္ေတာ့္ပေထြး ႏွင့္ ကြၽန္ေတာ့္ မိန္းမ Choi ကာမဆက္ဆံခဲ့တာကို ရဲတပ္ဖြဲ႕ကအေရးမယူေပးဘူး ကြၽန္ေတာ့္မိန္းမေသသြားတယ္ဗ်ာဒါေၾကာင့္ ေဒါသနဲ႔ လုပ္မိလုပ္ရာလုပ္မိတာပါ” ဟု တရား႐ုံးတြင္ ပေထြးအား မပါ ပါေအာင္ ထည့္သြင္း ေျပာဆိုသည္။

ထိုေၾကာင့္ ပေထြး ႏွင့္ ေခြၽးမ Choi ကာမဆက္ဆံသည္မွာလည္း တိုင္းသိ ျပည္သိျဖစ္သြားေတာ့သည္။

ေထာက္လွမ္းေရးတို႔က ပေထြးျဖစ္သူအား ထပ္မံ၍ ေခၚစစ္သည္။

လူေတာထဲ မ်က္ႏွာမျပရဲသည့္ ပေထြးျဖစ္သူ A သည္ ျပည္သူလူထု အေရွ႕ တရား႐ုံးတြင္ အစစ္ခံရမည္ကို ရွက္လြန္း၍ ၂၀၁၇ ခုႏွစ္ ၁၀ လပိုင္း ၂၅ ရက္ တြင္ မိမိကိုယ္ကို ႀကိဳးဆြဲခ်ေသသြားသည္။

ယခုအခါ Mr. Lee ေၾကာင့္ အသက္ ဆုံးရႈံးရသူ ၃ ဦးရွိၿပီျဖစ္သည္။

မိန္းမျဖစ္သူ Choi

ေက်ာင္းသူေလး Kim

ပေထြးျဖစ္သူ A

သင္သည္လည္း Mr. Lee ၏ မိခင္ မျဖစ္သင့္ပါ။

Mr. Lee ၏မိခင္အား ေထာက္လွမ္းေရးတို႔က ေခၚယူစစ္ေဆးခဲ့သည္။

အဲဒီေန႔က ကြၽန္မ သားက ဖုန္းဆက္တယ္။

” အေမ အိမ္အျပင္ထြက္ၾကည့္။အေမ့အိမ္နားမွာ ပလပ္စတစ္ အမဲနဲ႔ အထုပ္တစ္ထုပ္ ေတြ႕လိမ့္မယ္။ မီးရႈိ႕လိုက္”

သားနဲ႔ ဖုန္းေျပာၿပီး ကြၽန္မ ပလပ္စတစ္အိပ္ကို ဖြင့္မၾကည့္ဘဲ မီးရႈိ႕မိပါတယ္”

ဟုထြက္ဆိုသည္။

“အဲ့ဒီ အထုပ္ဟာ ေသဆုံးသူ ေက်ာင္းသူေလး ကင္မ္ရဲ႕အဝတ္အစားနဲ႔ လည္ပင္းညႇစ္သတ္ခဲ့တဲ့ နက္ကတိုင္ ျဖစ္ေၾကာင္း မသိခဲ့ပါဘူးရွင့္”

သို႔ေသာ္ Mr. Lee ၏ပေထြး A က

ကြၽန္ေတာ့္မိန္းမက လိမ္ေနတာပါ။ ဖုန္းေျပာတုန္းက ကြၽန္ေတာ္ ေဘးမွာရွိတယ္။

” သား လူသတ္ခဲ့လို႔ အေမေရ (ရယ္လွ်က္) အေမ အိမ္အျပင္ထြက္ၾကည့္။အေမ့အိမ္နားမွာ ပလပ္စတစ္ အမည္းနဲ႔ အထုပ္တစ္ထုပ္ ေတြ႕လိမ့္မယ္။ မီးရႈိ႕လိုက္”

အဲဒီလိုလဲေျပာေရာ ကြၽန္ေတာ့္မိန္းမက ပလပ္စတစ္အိတ္ကိုယူၿပီး မီးရႈိ႕ပစ္တာပါပဲဗ်ာ။

ထို႔ေၾကာင့္ Mr. Lee ၏အေမသည္ လူသတ္မႈ သက္ေသေဖ်ာက္ဖ်က္ေသာ တရားခံျဖစ္သည္။

သင္သည္ လူသတ္အားေပးေသာ Mr. Lee ၏ အကိုကဲ့သို႔ ကပ္ပါးေကာင္တစ္ေယာက္ မျဖစ္ပါေစႏွင့္။

Mr. Lee ကထိုကဲ့သို႔ ေထာင္ထဲ၌ အစစ္ေဆးခံေနရခ်ိန္ အင္တာနက္ အလႉခံ ေပ့ခ်္တြင္ Mr. Lee ၏ေသတမ္းစာ ဟူေသာ ပို႔စ္က ထြက္ေပၚလာသည္။

Mr. Lee က မိမိကိုယ္မိမိ သတ္ေသလိုေၾကာင္း သက္ေသျပလို၍ျဖစ္သည္။

“ဟင္ ေထာင္ထဲေနတဲ့သူက ဘယ္လိုလုပ္ အင္တာနက္သုံးတာလဲ?”

ေထာက္လွမ္းေရးမ်ားက စစ္ေဆးၾကရာ Mr. Lee ၏အကိုအရင္း ျဖစ္သူက ပို႔စ္ (post) တင္ေၾကာင္းစစ္ေဆးေတြ႕ရွိရသည္။

ထို႔ေၾကာင့္ Mr. Lee ၏အကိုသည္ လူသတ္ တရားခံအား ကူညီသူျဖစ္သည္။ ညီထံမွ ေငြရေနသျဖင့္ ညီျပဳလုပ္သမွ် ကူညီလုပ္ေဆာင္ေပးေသာ ကပ္ပါးေကာင္လို အကိုမ်ိဳး။

Mr. Lee ၏ မိန္းမ Choi တိုက္ေပၚမွခုန္ခ်ၿပီးေနာက္တေန႔ မနက္ေစာေစာတြင္ Mr. Lee ၏အကိုသည္ Choi ခုန္ခ်ေသဆုံးသည့္ ပလက္ေဖာင္းရွိေသြးမ်ားအား ေရျဖင့္ေဆး၍ သန႔္ရွင္းေရးလုပ္ေနသည္ကို CCTV တြင္ေတြ႕ရသည္။

ရဲမ်ားေမးေသာအခါ “လူျမင္မေကာင္းဘူးေလ” ဟု Mr. Lee ၏အကိုကေျပာသည္။

ထို႔ေၾကာင့္ Mr. Lee ၏အကိုသည္ Mr. Lee ၏ ရာဇဝတ္မႈမ်ားအား ကူညီပံ့ပိုးသူတစ္ဦးျဖစ္သည္။

ေထာင္ဒါဏ္ ၄ ႏွစ္။

သစၥာမရွိေသာ ရီ ဟဲရာ (Lee Haera )ကဲသို႔ သူငယ္ခ်င္းမ်ား၏ စိတ္ဓာတ္။

မိခင္တစ္ေယာက္လုံး အျဖစ္ဆိုးစြာ နာက်င္၍ ေသလုေျမာပါးျဖစ္ေနခ်ိန္တြင္ CCTV ၌ သမီးျဖစ္သူ၏ လႈပ္ရွားမႈမ်ားကို သည္လိုေတြ႕ရသည္။

အေမျဖစ္သူ ႐ုတ္တရက္တိုက္ေပၚမွ ခုန္ခ်ေသဆုံးလွ်င္ အနည္းဆုံးေတာ့ အံ့ၾသရမည္မဟုတ္ပါလား?

အံ့ၾသျခင္းအလွ်င္းမရွိသည္က သူမအေမေသဆုံးမည္ကို ႀကိဳသိေန၍ျဖစ္မည္ဟု ခန႔္မွန္းၾကသည္။

မ်က္ရည္ တစ္စက္မွမက်။

သြားလိုက္ လာလိုက္လုပ္ေနေသာ္လည္း မိခင္ဆီသို႔မဟုတ္။ ဖခင္အား မည္သို႔ကူညီရမည္ကိုသာ အေျခအေနေစာင့္ၾကည့္ေနသည္

မေသေသးေသာ အသက္ငင္ေနသည့္ မိခင္အား စိုးရိမ္စိတ္ျဖင့္ အေျပးသြားျခင္းမရွိ။

ဖခင္ ကိုသာ အရိပ္တၾကည့္ၾကည့္ ျဖစ္ေနသည္။

အေဖက ဖုန္းယူခိုင္းသည္ကို ေျပး၍ ဖုန္းယူေပးသည္။

ရီဟဲရာ သူငယ္ခ်င္းမ်ားကို စစ္ေဆးရာတြင္

” ငါ အေဖ့ကိုမုန္းတယ္။ ဒါေပမဲ့ ငါ့ကို ခြဲစိတ္ကုသေပးႏိုင္တာ အေဖပဲရွိတာ။ အေဖ့ကို ေၾကာက္လဲေၾကာက္တယ္။ မလြန္ဆန္ရဲဘူး”

ရီဟဲရာ သည္ သာမန္ မိန္းကေလးတေယာက္ လို ႀကီးျပင္းခဲ့ရသူတစ္ေယာက္ မဟုတ္ပါ။

မိခင္တစ္ေယာက္လုံး ေသဆုံးသည္ကို မ်က္ရည္တစက္မွ မက်ရဲ။

ဖခင္က ခိုင္းသမွ် တေသြမတိမ္းလုပ္ရသည့္ အက်င့္အား ငယ္ငယ္ေလးတည္းက ႐ိုက္သြင္းထားသည္။

ဒုကၡိတ ဘဝတြင္ ဖခင္သည္သာ သူမဘဝ၏ အရွင္သခင္ ကယ္တင္ရွင္။

ေထာက္လွမ္းေရးတို႔က ဖခင္အေၾကာင္းမေကာင္းတခုေျပာလွ်င္ အလြန္ မုန္းတီးစြာတုန႔္ျပန္သည္။ ဖခင္မရွိလွ်င္ သူမ ဘယ္လိုအသက္ရွင္ရမည္မသိ စိုးရိမ္ေသာေၾကာင့္ျဖစ္သည္၊

ယခု အခ်ိန္အထိ သူမ၏ ဖခင္ဘာလုပ္လုပ္ ဖုံးကြယ္ေပးရမည္ဟု အ႐ိုးစြဲေနသည္။

သို႔ေသာ္ ေနာက္ဆုံးတြင္မူ အမွန္တရားကိုဝန္ခံခဲ့သည္။

ဖခင္ျဖစ္သူက သိန္း ၃၀၀ မုန႔္ဖိုးေပးမည္ဆို၍ သူငယ္ခ်င္း Kim အား ဖုန္းဆက္ေခၚယူခဲ့ေၾကာင္း ဝန္ခံခဲ့သည္။

မိမိအား ကူညီခဲ့ေသာ သူငယ္ခ်င္း အားေငြ သိန္း ၃၀၀ ႏွင့္လဲခဲ့သည့္ သူငယ္ခ်င္းယုတ္။ သို႔ေသာ္ အသက္၁၈ ႏွစ္ေအာက္ ရီဟဲရာအား ( Juvenile justice) ႀကီးေလးေသာအျပစ္ေပး၍မရေပ။

ေထာင္ဒါဏ္ ၆ ႏွစ္။

လူယုတ္မာတို႔၏ နိဂုံး

အထက္တြင္ေဖၚျပခဲ့သည့္ ေရာဂါေၾကာင့္ Mr.Lee သည္ ကေလးမေလးအား ကာမဆက္ဆံသည့္အဆင့္အထိ က်ဴးလြန္ဘို႔ငွာ မတတ္ႏိုင္ခဲ့။

သို႔ေသာ္လည္း မိန္းကေလးတစ္ေယာက္ ခြင့္ျပဳခ်က္မရပဲ ၎၏ခႏၶာကိုယ္အားကိုင္တြယ္ျခင္းသည္လည္း ဥပေဒအရ သက္ငယ္မုဒိန္းမႈေျမာက္သည္။

ထို႔ေၾကာင့္ Mr. Lee အား

ျပည္သူ႔ေငြ အလႉခံေငြ အလြဲသုံးစားမႈ။

မိန္းမျဖစ္သူကို ျပည့္တန္ဆာအျဖစ္ အသုံးခ်မႈ။

မိန္းမအား မတရားႏွိပ္စက္မႈ။

သက္ငယ္ မုဒိမ္းမႈ။

လူသတ္မႈ။

လူေသေစမႈတို႔ျဖင့္ ေက်ာင္းသူေလး Kim မိသားစုႏွင့္ ရဲေထာက္လွမ္းေရးတို႔က တရားစြဲဆိုလိုက္သည္။

ရာဇဝတ္မႈဆိုင္ရာ ကြၽမ္းက်င္စိတ္ပညာရွင္တို႔က Mr.Lee အား သနားၾကင္နာမႈ ႏွင့္ ေနာင္တ တရားတို႔ကို မခံစားတတ္ေသာ perverted psychopath ဟုအတည္ျပဳလိုက္သည္။ ျမန္မာလို အလြယ္ေျပာရလွ်င္ ေသြးေအးရက္စက္ေသာ ႏွာဘူးစိတ္ေဝဒနာရွင္ (ဆိုင္ကိုပါ့သ္) ျဖစ္သည္။

သက္ငယ္မုဒိမ္းမႈမ်ားကို ေသဒါဏ္ေပးသင့္ မေပးသင့္။

လူေပါင္းမ်ားစြာသတ္၍ ေထာင္ထဲသို႔ဝင္သြားေသာ လူသတ္ေကာင္ သို႔မဟုတ္ သက္ငယ္ကေလးမ်ားအား မုဒိမ္းက်င့္ လူသတ္ခဲ့ေသာ လူသတ္မုဒိမ္းေကာင္တို႔သည္ ေထာင္ထဲတြင္လည္း လူမိုက္ေခါင္းေဆာင္ျဖစ္လာသည္။

ေထာင္သားမ်ားက ထိုသူတို႔အား ဘုရင္တဆူလိုကိုးကြယ္ၾကသည္။ ေၾကာက္႐ြံ႕ၾကသည္။ ထို႔ေၾကာင့္ သူတို႔အား “ေသသည့္အထိ ေထာင္ထဲတြင္ အလုပ္ၾကမ္းႏွင့္ေနရမည္”ဟူေသာ အျပစ္ေပးမႈသည္ သူတို႔အတြက္ ေပ်ာ္စရာပင္ျဖစ္သည္။

ထိုသူတို႔အတြက္ ေနာင္တသည္ ဘယ္ေသာအခါမွရွိမည္မဟုတ္။

သို႔ေသာ္ထိုသူမ်ားသည္ မိမိေသရမွာေတာ့ ေၾကာက္ၾကသည္။

ထို႔ေၾကာင့္ ေနာင္တဆိုသည္ မခံစားတတ္ေသာ ဆိုင္ကိုပါ့သ္လူသတ္သမားမ်ားအား “ေသဒါဏ္” ေပးသင့္သည္ဟု ေတာင္ကိုရီးယားျပည္သူမ်ားက ေတာင္းဆိုၾကသည္။

Mr. Lee အား “ေသဒါဏ္” ေပးရန္ေတာင္းဆိုၾကသည္။

သို႔မွသာ သက္ငယ္မုဒိမ္းက်င့္လွ်င္ ေသရမည္ဟု အေတြးသူမ်ားအသက္ကိုသတ္လွ်င္ မိမိလည္း ေသရမည္ဟု အေၾကာက္တရားျဖင့္ ေနာင္အနာဂတ္တြင္ လူသတ္မႈမ်ား ေလွ်ာ့နည္းလာမည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ “ေသဒါဏ္” အားလူ႔အခြင့္အေရးဥပေဒျဖင့္ တခဏ ဖ်က္သိမ္းထားျခင္းျဖစ္သည္။ သို႔ေသာ္ တရားသူႀကီးက “ေသဒါဏ္” ေပး၍ ရသည္။

ထို ေသဒါဏ္ က်ခံရ သူမ်ားသည္ အသစ္တက္လာေသာ အစိုးရက ေသဒါဏ္အား ျပန္လည္ခြင့္ျပဳလွ်င္ တစ္ေယာက္ၿပီးတေယာက္ ႀကိဳးစင္တက္ရမည္ျဖစ္သည္။

၂၀၁၈ ခုႏွစ္ ၂ လပိုင္း ၂၁ ရက္ေန႔

ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔ကျဖစ္သည္။

ေန႔လည္ ၂ နာရီ ၃၀ မိနစ္။

Mr. Leeအား တရားသူႀကီးက စီရင္ခ်က္ အျပစ္ဒါဏ္ခ်မွတ္သည္။

“ေသဒါဏ္” ျဖစ္ပါသည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ ၁၉၉၇ ဒီဇင္ဘာလ ၃၀ ရက္မွစ၍ ယေန႔အထိ အႏွစ္၂၀ေက်ာ္ ေသဒါဏ္ကို ဖ်က္သိမ္းခဲ့သည္။

ယခုအခါပထမဆုံးျပန္လည္ခ်မွတ္ေသာ အႀကီးေလးဆုံး အျပစ္ဒါဏ္ျဖစ္သည္။

Mr. Lee သည္ ယခုဘဝတြင္သာမက ေနာင္သံသရာ မည္မွ်ေသာ ဘဝမ်ား အထိ အဖန္ဖန္ အထပ္ထပ္ ပူေလာင္ဆင္းရဲစြာေသဆုံးရမည္ကို ကြၽန္မတို႔ မသိႏိုင္ေတာ့ေလၿပီ။

ကြၽန္မတို႔ ျမန္မာႏိုင္ငံတြင္ သက္ငယ္မုဒိမ္းမ်ား မၾကာခဏျဖစ္ပြားေနပါသည္။ ဗုဒၶဘာသာႏိုင္ငံသားမ်ား ျဖစ္လွ်က္ႏွင့္ ငရဲမေၾကာက္တခဏတာ စိတ္ခံစားမႈအတြက္ အျပစ္မဲ့ေသာ ကေလးငယ္မ်ားအား မုဒိမ္းက်င့္သည္သတ္ပစ္သည္။ ဘာသာတရားျဖင့္ ဆုံးမ၍မရေသာ ထိုသူမ်ားအား တင္းၾကပ္ေသာ ဥပေဒျဖင့္ ဆုံးမရပါမည္။

အေမဆုံးသြားေသာ ခ်စ္သူငယ္ခ်င္းဆီသို႔ စိတ္ထားျဖဴစင္စြာျဖင့္ အားေပးရန္လာေသာ က်ာင္းသူေလးကင္မ္သည္ သူငယ္ခ်င္း၏ သစၥာေဖာက္မႈကို ယခုလို ရက္ရက္စက္စက္ ခံလိုက္ရေလသည္။

တစ္ခါတစ္ေလ ဘဝသည္ ေပ်ာ္ဖို႔ေကာင္းသည္။ ထိုအခါ ကြၽန္မတို႔သည္ လူယုတ္မာတို႔၏ အႏၲရယ္ကို သတိမမူမိပဲ ေနၾကသည္။

တစ္ခါတစ္ေလ ဘဝသည္ ဝမ္းနည္းဖို႔ေကာင္းသည္။ ထိုအခါ ကြၽန္မတို႔သည္ လူယုတ္မာတို႔၏ အႏၲရယ္ကို သတိမျပဳႏိုင္အား။

သို႔ေသာ္

တစ္ေန႔ထက္တစ္ေန႔ အႏၲရယ္မ်ား ေၾကာက္မက္ဖြယ္ေကာင္းလာေသာ ဤေလာကႀကီး၌ မိမိပတ္ဝန္းက်င္ရွိ အႏၲရယ္မိမိရင္ေသြးတို႔ ပတ္ဝန္းက်င္ရွိအႏၲရယ္ကို အစဥ္အၿမဲ သတိထားကာကြယ္ၾကရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mashwemoe korea
# Unicode Version ျဖင့္ ဖတ္ပါ #
အလွန်ရက်စက်တဲ့ မဒိန်းမှုတွေကို ကျုးလွန်ခဲ့တဲ့ တောင်ကိုရီးယားက Mr-lee ဆိုတဲ့ တဏှာလာကကို အရှုးမှုးကြိုက်နှစ်သက်တဲ့ မုဒိန်းသမားရဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရှိ မိခင်တစ်ဦးသည် ငေးကြောင်သော မျက်လုံးကြီးများဖြင့် အသက်မဲ့သလိုဖြစ်နေသည်။

“ငိုချလိုက် ရေ ရေပေးကြပါ”

နံဘေးရှိ သူမယောက်ျားက ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။

မိခင်က ဝမ်းနည်းပက်လက် ငိုချလိုက်သည်။ စကားတစ်လုံးမှမပြောနိုင်။

” သမီးလေး ဘယ်လောက်များ နာကျင်လိုက်မလဲ,ဘယ်လောက်များ ကူကယ်ရာမဲ့ ကြောက်လန့်နေလိမ့်မလဲတွေးမိတိုင်း ကျွန်တော် ရူးရပါပြီဗျာ”

ဖခင်ကြီးသည် သူတို့၏ ကြင်နာတတ်သော သမီးလေးအား ဘယ်သောအခါမှ ပြန်တွေ့ခွင့်ရမည်မဟုတ်တော့ပေ။

မိဘနှစ်ဦး၏ ပူဆွေးသောကနှင့် နာကျင်မှုတို့သည် တောင်ကိုရီးယားပြည်သူတို့ထံကူး စက်လာသည်။

အဲဒီနေ့

“အဖေ သမီး ရီဟဲရာ ( Lee Haera )တို့အိမ် သွားလည်ခွင့်ပေးပါအဖေ”

“မသွားပါနဲ့လား သမီးရယ်”

“ဘာလို့လဲ အဖေရယ် သူငယ်ချင်းသနားပါတယ်အမေဆုံးသွားတာ မကြာသေးလို့ အားငယ်နေရှာမယ်”

ကျွန်တော် စိတ်ထင့်နေခဲ့တယ်။ နောက်ဆုံးတော့ ကူညီချင်စိတ်ရှိတဲ့ သမီးလေးရဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုနဲ့ အနေနဲ့ ကျွန်တော်ကိုယ်တိုင်ခွင့်ပြုခဲ့တာဗျ။

ကျောင်းသူလေး Kim ၏ဖခင်က အရူးတစ်ယောက်လို ငိုယိုပြောကြားခဲ့သည်

ထိုနေ့က သူငယ်ချင်း ရီဟဲရာ၏ အိမ်၌ ကျောင်းသူလေး Kim ၏ဘဝ သည်လို အဆုံးသတ်ခဲ့ရသည်။

၂၀၁၇ ခုနှစ် ၉ လပိုင်း ၃၀ ရက်သည် တောင်ကိုရီးယားနိုင်ငံတွင် Chuseok ဟုခါ်သော ရိုးရာ သီးနှံရိတ်သိမ်းပွဲများ (harvest festival) ပြုလုပ်သည့် ပိတ်ရက်ရှည်၏ ပထမနေ့ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ Mr. Lee က သူ၏သမီး ရီဟဲရာ( Lee Haera ) အား သူငယ်ချင်း Kim ဆီ ဖုန်းဆက်၍ သူတို့အိမ်လာလည်ရန် ဖိတ်ခေါ်ခိုင်းလိုက်လေသည်။

နေ့လည် ၁၂ နာရီ ၂၀ မိနစ်

ကရုဏာရှင်မလေး Kimသည် ဒုက္ခိတမလေး ရီဟဲရာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၍ သူငယ်ချင်းများမရှိခင် မူလတန်းကတည်းက အဖော်လုပ်ပေးသော သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်သည်။ ရီဟဲရာအား အစစ အရာရာကူညီပေးခဲ့သူဖြစ်သည်။

ယခုအခါ ရီဟဲရာက အသက် ၁၅ နှစ် သူမက အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူများဖြစ်လာကြပြီ။ ရီဟဲရာက ကျောင်းအပ်နောက်ကျ၍ တစ်နှစ်ကြီးသည်။

ရီဟဲရာတွင်လည်း သူငယ်ချင်းအသစ်များစွာရှိနေပေပြီ။

သို့သော် ငယ်သူငယ်ချင်းနှင့်မှတွေ့ချင်သည်ဆိုသည့် ရီဟဲရာထံ ကျောင်းသူလေး Kim အလည်လာခဲ့တော့သည်။

နေ့လည် ၁၂ နာရီ ၃၇ မိနစ်

ကျောင်းသူလေး Kim က မိခင်ထံဖုန်းဆက်သည်။ မိခင်က ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည်။

” အမေ သမီးတို့ DVD Room သွားပြီး ရုပ်ရှင်ကြည့်မလိုအမေ ဘယ်လိုသဘောရလဲ?”

“မသွားရဘူးသမီး..။ DVD အခန်းတွေက အန္တရာယ်ရှိတယ်။”

“အမေကလည်း သူငယ်ချင်းတွေ သွားနေတာပဲ”

“ဟင့်အင်း သမီး အမေစိတ်ပူတယ်”

၃ နာရီ အကြာ။

CCTV တွင် ရီဟဲရာ တစ်ယောက်တည်း အိမ်မှထွက်လာသည်ကိုတွေ့ရသည်။ ရီဟဲရာသည် အခြားသူငယ်ချင်းအသစ်များနှင့် ချိန်း၍ လျှောက်လည်ရန် အပြင်ထွက်သွားသည်။

အိမ်ထဲတွင် ရီဟဲရာအဖေ Mr. Lee နှင့် ကျောင်းသူလေး Kim နှစ်ဦးသာကျန်ခဲ့သည်။

ညနေ ၅ နာရီ

ကျောင်းသူလေး Kim ၏ဖုန်း ပိတ်နေသည်။ မိခင်က အကြိမ်ကြိမ် ဖုန်းဆက်သည်။

ည ၇ နာရီ

နောက်ဆုံး မိခင်ဖြစ်သူက ရီဟဲရာထံ ဖုန်းဆက်တော့သည်။

” အန်တီ့သမီးလေး Kimက သမီးအိမ်သွားလည်မယ်ပြောပြီ ပြန်မလာလို့ ဖုန်းဆက်ကြည့်တာပါ”

ရီဟဲရာက သည်လိုလိမ်ပြောခဲ့သည်။

“ဟင်!?! ဟုတ်လား? အန်တီ့သမီး Kim က နေ့လည် ၂ နာရီလောက်ထဲက အိမ် ပြန်သွားတာ..”

ည ၁၁ နာရီ ၂၀ မိနစ်

သမီးလေး Kim ပြန်မလာ။ မိဘများ အလွန်တုန်လှုပ်နေကြသည်။

ရဲစခန်း၌ လူပျောက်မှု ဖွင့်တော့သည်။

“ပြန်လာမှာပါဗျာ… သူငယ်ချင်းတွေနဲ့နေမှာပေါ့”

ရဲများက ချက်ချင်း မရှာခဲ့ပါ.။

၂၀၁၇ ခုနှစ် ၁၀ လပိုင်း ၁ ရက်

နောက်တနေ့ မနက် ၁၀ နာရီ သို့ရောက်လာသည်။ သမီးလေး Kim ၏ အရိပ်အယောင်တောင်မတွေ။

မနက် ၁၁ နာရီ ၅၃ မိနစ်

ရီဟဲရာကတော့ အခြား သူငယ်ချင်း အသစ်များထံ ဖုန်းမက်ဆေ့ချ် ပို့၍ ပျော်ပျော်ပါးပါးလျှောက်လည်ပြန်သည်။

“ငါတို့ တွေ့ကြရအောင်ဟေ့”

မိဘများက ကျောင်းသူလေး Kim ပျောက်ဆုံးကြောင်း လူမှုကွန်ယက်များတွင် ဓာတ်ပုံထည့်၍ လူပျောက်ကြေငြာခဲ့သည်။

ရဲစခန်းကတော့ ဥပဒေအရ လူပျောက်ပြီး၂၄ နာရီကျော်ပြီးနောက် အိမ်ပြန်မလာမှ ရှာရမည်ဟူ၍ မကူညီခဲ့ပါ။

ထိုအချိန်တွင် ကျောင်းသူ သမီးလေး Kim မှာ လူယုတ်မာ Mr. Lee ၏အိမ်တွင်ရှိနေသည်။ သူမအား ရောက်ရောက်ခြင်း Mr.Lee က အိပ်ဆေးခတ် အအေးတိုက်ခဲ့သည်။

မအိပ်နိုင်သော ကျောင်းသူလေး Kim အား Mr.Lee သည် အအေးထဲ၌ အိပ်ဆေးထပ်ခတ်၍ သူ့သမီးမှတဆင့် ထပ်တိုက်သည်။

ကျောင်းသူလေး Kim အိပ်ပျော်သွားသည်။ထိုသို့ အိပ်ပျော်နေသော ကျောင်းသူလေး အား Mr.Lee ကထပ်၍ အိပ်ဆေးထိုးခဲ့သည်။

သူငယ်ချင်းဖြစ်သူ ရီဟဲရာ ကလည်း အိပ်ပျော်နေသော သူငယ်ချင်း Kim ၏ ပါးစပ်ထဲ အိပ်ဆေးနှစ်ပြားကို အဖေမခိုင်းပဲ ထပ်ထည့်ပြန်သည်။

ထို့နောက် ရီဟဲရာသည် အိမ်အပြင်သို့ ရှောင်ထွက်သွားပေးသည်။

ထို့နောက် Mr.Lee သည် သမီးလေး Kim အား နာရီပေါင်းများစွာ မဖွယ်မရာပြုကျင့်ခဲ့သည်။

နေ့လည် ၁၂:၃၀ မိနစ်

အိပ်ယာမှ နိုးလာသော ကျောင်းသူလေး Kim သည် ကြောက်လန့်၍ အော်ဟစ်လေသည်။

ထိုသို့ အသိရှိနေစဉ်ပင် Mr. Lee ကထပ်၍ မဖွယ်မရာလုပ်သည်။ ငြင်းဆန်သောအခါအိပ်ဆေးတိုက်ရန်ကြိုးစားရင်း နံရိုးကျိုးသည်အထိ ရိုက်နှက်တော့သည်။

နောက်ဆုံးတွင် ကြောက်လန့်အော်ဟစ်နေသော ကျောင်းသူမလေး Kim အား ရေစို မျက်နှာသုတ်ပဝါဖြင့်အုပ်၍ နက်ကတိုင် ( Necktie )ကို အသုံးပြုကာ လည်ပင်းညှစ် သတ်ပစ်လိုက်သည်။

ကျောင်းသူလေး Kim သေဆုံးပြီး ၅ နာရီ အကြာဖြစ်သည်။

Mr. Lee နှင့် သမီး ရီဟဲရာသည် ကျောင်းသူလေး ကင်မ် အလောင်းထည့်ထားသည့် ခရီးဆောင်အိတ်ကို ကား ( BMW) နောက်ဖုံးထဲသို့ ထည့်နေသည်ကို CCTV တွင် တွေ့ရသည်။

ထို့နောက် သမီးဖြစ်သူ ရီဟဲရာက သေဆုံးသွားသော မိခင်၏ ဓာတ်ပုံကို ကိုင်၍ ကားထဲသို့ဝင်သည်။

Mr.Lee က ကားမောင်းရင်း သူ့ကိုယ်သူ ဗီဒီယိုရိုက်ကူးသည်။

” မိုက်လိုက်တဲ့ကလေးမလေး Kim! ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေမလို့ အားဆေးနဲ့အဆိပ်ရောထားတာကို သောက်ပစ်လိုက်တယ်ဗျာ!

အခုတော့ သေပြီပေါ့အီးဟီးဟီးဟီး!!!”

(မိန်းမ ဓာတ်ပုံကို ဗီဒီယိုထဲတွင်ပြရင်း…)

” မိန်းမရေ ငါသေချင်နေတာ မင်းရှိတဲ့နေရာ လိုက်ခဲ့မလို”

ထိုဗီဒီယိုသည် အလီဘိုင် (alibi ) အတွက်အသုံးပြုရန် ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးခဲ့သည်။

CCTV ဖြင့် ရီ ၏ ကား ဘယ်ကိုသွားသည်ကို စစ်ဆေးခဲ့သည်။

၂၀၁၇ ခုနှစ် ၁၀ လပိုင်း ၅ ရက်

ကျောင်းသူလေး Kim ၏အလောင်းကိုရှာဖွေတွေ့ခဲ့သည်။

နေရာကား ဂန်ဝန်ဒို (Gangwon Province) တွင်ဖြစ်သည်။

ကျောင်းသူလေး Kim ၏ နားထဲတွင် Mr. Lee ၏ သုတ်ရည်ကို စစ်ဆေးတွေ့ရှိရသည်။

၎င်းကို သက်သေယူ၍ Mr. Lee နှင့် သမီး ရီဟဲရာအား ဖမ်းဆီးလိုက်သည်။

မည်သို့သော ကလေးများသည် နောင်တစ်ချိန်တွင် မုဒိမ်း လူသတ်သမား ကလိမ်ကကျစ် Mr. Lee များ ဖြစ်လာနိုင်သနည်း?

Mr. Lee ငယ်စဉ်က မိဘများက ချမ်းသာသည်။ သားသမီး ၃ ယောက်အနက် ကင်ဆာရောဂါရနေသော သားငယ် Mr. Lee အား အလွန်အလိုလိုက်သည်။

သားဖြစ်သူ ကျူးလွန်သော မတရားမှုအားလုံးကို မိခင်က ငွေဖြင့် ဖြေရှင်းပေးသည်။ ထို့ကြောင့် သည်ဇာတ်လမ်းတွင် ပထမဆုံး အမှားပြုလုပ်သူမှာ မိခင်ဖြစ်သည်။

Mr. Lee သည်ကျောင်းသားဘဝကပင် နှာဘူးဟု နာမည်ကြီးသည်။

အလယ်တန်းကျောင်းမှ သူငယ်ချင်း-1 ၏ ထွက်ဆိုချက်

“ငါ မူလတန်း ကျောင်းသူတယောက်ကို မုန့်ကျွေးပြီး မုဒိမ်းကျင့်ခဲ့တယ်ကွ ဒီမှာကြည့် အဲ့ကောင်မ သွေးတွေ”

အကျႌမှ သွေးများကို သူငယ်ချင်း-1 နှင့် အခြားသူငယ်ချင်းများအား ကြွား၍လိုက်ပြသည်။

သူငယ်ချင်း-1 က ဆရာမနှင့်သွားတိုင်သည်။ ကျောင်အုပ်ကြီးထံရောက်သည်။ သို့သော် မည်သို့မည်ပုံ မိခင်ကဖြေရှင်းလိုက်သည်မသိ ကျောင်းထုတ်သည်အထိ မရောက်ခဲ့ပေ..။

အလယ်တန်းကျောင်းမှ သူငယ်ချင်း-2 ၏ ထွက်ဆိုချက်

ကျွန်တော့်ကို သူက ဒီလိုပြောတယ်ဗျ။

“၅ နှစ်အရွယ်ကလေးမလေးတွေကို ငါ စိတ်ကြိုက်ကိုင်တွယ်ပြီး ပြန်လွှတ်ပေးလိုက်တာ မနည်းတော့ဘူးကွ ဟားဟား”

ကျွန်တော် သိသလောက်တော့ သူ စော်ကားခဲ့တဲ့ ကလေးလေးတွေ မနည်းဘူးဗျ။

အလယ်တန်းကျာင်းမှ သူငယ်ချင်း -3 ၏ ထွက်ဆိုချက်

“မူလတန်းကျောင်းသူလေး တယောက်ပဲအိမ်မှာကျန်ခဲ့တာကွ ငါနဲ့ အားလုံး ၃ ယောက် မုဒိမ်းကျင့်တာ။ ဟို ၂ ကောင်က ကောင်မလေးသေမှာစိုးလို့ သနားလို့ ပြန်ထွက်ခဲ့တော့ ငါပါပြန်ခဲ့ရတာ”

Mr. Lee တက်ခဲ့သော အလယ်တန်းကျောင်းမှ အတန်းပိုင် ဆရာမ၏ ထွက်ဆိုချက်

“ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းကလေးမြင်တိုင်းဖျက်ဆီးချင်တဲ့အကျင့်ဆိုးကြောင့် ကျွန်မ သူ့ကိုကျောင်းအုပ်ကြီးထံပို့ခဲ့ပါတယ်။ ဘာလို့ကျောင်းမထုတ်တာလဲ ကျွန်မလည်း မပြောတတ်တော့ပါဘူး”

Mr. Lee သည် ထိုကဲ့သို့ကြီးပြင်းလာသည်။

မိခင်က မုန့်ဖိုး တစ်နေ့ တစ်သောင်း ပေးသည်။ (ထိုစဉ်က ချမ်းသာသောမိသားစုမှ အလယ်တန်းကလေးများ မုန့်ဖိုး တစ်လ တစ်သောင်း ရသောခေတ်ဖြစ်သည်။)

အလယ်တန်းကျောင်းသား Mr. Lee သည် ထိုငွေနှင့်မလောက် မိခင်၏ စိန်ရွှေများကိုချရောင်း၍ သုံးသည်။ စန္ဒရား ( piano )ကဲ့သို့ ကြီးမားသော ပစ္စည်းများကိုပင် ရောင်းစားသည်။

Mr. Lee အသက် ၁၈ နှစ်တွင် ၁၄ နှစ်အရွယ် အိမ်ပြေး ( လက်ရှိမိန်းမ ) Choi အား အိမ်ပေါ်ခေါ်တင်၍ လူမသိ သူမသိ ပေါင်းသင်းထားသည်။ Mr. Lee အားတားမည့်သူမရှိ။

ထို့နောက် ဖခင်ဖြစ်သူက စီးပွားပျက်သည်။ မိခင်နှင့်ဖခင် အိမ်ထောင်ကွဲသည်။ Mr. Lee သည် အိမ်တွင်းရှိသော ပစ္စည်း TV မှအစ ရောင်း၍သုံးပစ်တော့သည်။

အထည်ကြီးပျက်တို့ ထုံးစံအတိုင်း ဆင်းရဲသောဒါဏ်ကို မခံနိုင်ကြ။ မိခင်က ချမ်းသာသော ယောက်ျား A နှင့် နောက်အိမ်ထောင်ပြုသည်။

Mr. Lee သည် Choi နှင့် ယူပြီး စပေါ်တင်စရာပင်ငွေမရှိ၍ လပေးအိမ်ငှားခဲ့ရသည်..။အစ်မ အစ်ကိုတို့ဖြင့် အတူ နေရသည်။

Mr. Lee အသက် ၂၀ နှစ်အရွယ်တွင် မိန်းမ Choi အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး ကိုယ်ဝန်ရသည်။

သမီးကလေး ရီဟဲရာသည် ၂ နှစ်အရွယ်မှစ၍ ဖခင်ထံမှ ကင်ဆာရောဂါအမွေရခဲ့သည်။ ရီဟဲရာ ရုက်ပျက်ဆင်းပျက်ဖြစ်လာသည်။

ထို့နောက် သူတို့မိသားစုအား သနား၍ အစိုးရက TV တို့တွင် ဖေါ်ပြ၍ အလှူခံပေးခဲ့သည်။ ထိုနည်းဖြင့်ငွေရှာကာ ပြန်လည် ချမ်းသာလာသည်။ သမီးလေး ရီဟဲရာသည် Mr. Lee ၏ ငွေတွင်းဖြစ်လာသည်။

ငွေရလာသောအခါ သူ့အတွက်သုံးသည်။တစ်ကိုယ်လုံး တက်တူးများထိုး၍ သူ့မျက်နှာအား ပလပ်စတစ်ဆဂျူရီများပြုလုပ်ခဲ့သည်။

ထို့နောက် ဆယ်ကျော်သက် အရွယ်ကလေးမများကို ပစ်မှတ်ထား၍ ကာမဆက်ဆံရန် နည်းလမ်းအမျိုးမျိုးကို သုံးတော့သည်။

Mr.Lee သည် တဏှာကြီးသူဖြစ်သည့်အလျှောက် သူ၏ လိင်အင်္ဂါကို ခွဲစိတ်မှု ကိုလည်း( Enlargement Surgery) ပြုလုပ်ခဲ့သည်။

သို့သော် လောကကြီးက သူ့အားအပြစ် စ, ပေးတော့သည်။

Mr. Lee ၏ လိင်အင်္ဂါခွဲစိတ်မှုမှာမအောင်မြင်သည့်အပြင် မိန်းမနှင့် ကာမဆက်ဆံရန် လုံးဝ မဖြစ်နိုင်လောက်အောင် ခဲယဉ်းသွားသည့် ရောဂါတစ်မျိုး ရသွားတော့သည်။

Mr. Lee သောက်နေရသော ကင်ဆာရောဂါ ဆေးများကြောင့်လည်း အခြေအနေ ပိုဆိုးလာသည်။

ထိုအခါ သူသည်ပို၍ ဒေါသကြီးလာသည်။ ဖြစ်ချင်သော ဆန္ဒအတိုင်း မဖြစ်နိုင်သည့်အခါ ပို၍ ရမက်ကြီးလာသည်။

သူ၏ တဏှာရာဂစိတ်ကို ပြေအောင် မိန်းမဖြစ်သူ Choi အား နည်းမျိုးစုံဖြင့် စေခိုင်းတော့သည်။

မိန်းမဖြစ်သူ Choi သည် လူယုတ်မာလက်ထဲတွင် အရှင်လတ်လတ် ငရဲပြည်ရောက်နေခဲ့သည်။

( နောင်တွင် ကျောင်းသူလေး Kim အားလည်း မိန်းမအား ဆက်ဆံခဲ့သည့် နည်းအတိုင်း အဓမ္မကျင့်ခဲ့သည်။)

မျက်နှာ နှစ်ခုနှင့် Mr. Lee သည် တောင်ကိုရီးယား ပြည်သူ ပြည်သားတို့အား သနားစရာ မျက်နှာပေးဖြင့် အလှူငွေဆက်ခံသည်။

သူ၏နာမည်ဖြင့် အိမ် ကားတို့ကို ဝယ်လျှင် ထပ်၍ အလှူငွေမရနိုင်သောကြောင့် အိမ်၊ ကားတို့ကို အစ်ကို အစ်မတို့ နာမည်ဖြင့်ဝယ်သည်။

နောက်ပိုင်းတွင် Mr. Lee သည် အိမ်ရှိ မိခင်၊ အစ်မ၊ အစ်ကို၊ မိန်းမ၊ သမီး အားလုံးကို မိမိ ငွေပေးထားသောအစေခံများကဲ့သို့ဆက်ဆံလာသည်။

ငယ်စဉ်ကတည်းက Mr. Lee ၏ မတရားမှု၊ ရာဇဝတ်မှုများကို တခွန်းတပါဒမှ မပြောရဲခဲ့သော ထိုမိသားစုသည် ယခုအခါ ပို၍ ဆိုးတော့သည်။

ဒါကို လက်မခံသော သူ၏ ပထွေး A ကို Mr. Lee မုန်းသည်။

ငယ်စဉ်ကတည်းမှ အကျင့်မကောင်းသော Mr. Leeသည် တနေ့ထက်တနေ့ ပိုမို ကောက်ကျစ် ယုတ်မာလာသည်။

မိခင်သည် ငယ်စဉ်ကတည်းက မပြုပြင် မကူညီခဲ့သည့်အတွက် Mr. Lee တစ်ယောက် ရွံရှာစရာ နှာဘူး ရာဇဝတ်ကောင်ကြီးဖြစ်လာတော့သည်။

သားအတွက် ယခုအခါ ယူကျုံးမရဖြစ်တော့သည်။

မွေးရာပါဗီဇက ယုတ်မာသော်လည်း ကောင်းမွန်သည့်ပတ်ဝန်းကျင်တွင် Mr. Lee သည် ကြီးပြင်းခဲ့လျှင် ထိုယုတ်မာသည့်စိတ်ဓာတ်ကို အရှက်တရားဖြင့် အတန်အသင့် ထိန်းချုပ်နိုင်မည်ဖြစ်ပေသည်။

မည်သို့သော မိန်းကလေးများသည် Choi များဖြစ်လာနိုင်သနည်း?

သူမ ၁၄ နှစ်အရွယ်တွင် အိမ်ပြေး တစ်ယောက်ဖြစ်ခဲ့သည်။ အပျိုဖော်ဝင်စ မိဘများကို မကျေနပ်…ချုပ်ခြယ်သည်ဟုထင်ခဲ့သည်။

လောကကြီးပြင်ပသို့ ငှက်လေးတစ်ကောင်လို လွတ်လပ်စွာ ပျံသန်းချင်ခဲ့သည်။

Mr. Lee နှင့်တွေ့ခဲ့သည်။

ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုး။

ထို့နောက် သမီးလေး မွေးဖွားလာသည်။

ကင်ဆာရောဂါကြောင့် သွားများမရှိ၍ ထမင်းမစားနိုင်သော ဒုက္ခိတသမီးလေး ရီဟဲရာ အားသူမ၏နို့ရည်ကို ၅ နှစ်ကျော် တိုက်ခဲ့ရသည်။

သူမ၏ ရင်သားတွင် သမီးက သွားဖုံး သွားအစအနတို့ကိုက်သော ဒါဏ်ရာတို့ဖြင့် ပေပွနေခဲ့သည်။

သမီးလေး အစာပျော့စားနိုင်၍ နို့ပြတ်သည့်အခါ Mr.Lee က Choi အား ရင်သားခွဲစိတ်မှု ပြုစေခဲ့သည်။

Mr. Lee သည် ရင်သားအလှပြုပြင်၍ လှပလာသော မိန်းမဖြစ်သူ Choi ကိုကြည့်၍ အကြံတစ်ခုရလာသည်။

Choi အား ကြေးစား အမျိုးသမီး (sex worker ) များတွင် ထိုးလေ့ရှိသော တက်တူး (tattoo ) အမျိုးအစားများအား ရွေးချယ်၍ သူမတကိုယ်လုံးတွင် ထိုးစေသည်။

မိန်းမအား အနှိပ်ပညာသင်စေ၍ အနှိပ်ခန်းဖွင့်လိုက်သည်။

Mr. Lee သည် သူ့မိန်းမအား မျက်နှာအလှ ခွဲစိတ်ကုသမှု ( plastic surgery) များစွာလုပ်ပေးခဲ့သည်။

ထို့နောက် Mr. Lee သည် မိန်းမဖြစ်သူ Choi အား ယောက်ျားတယောက်လျှင် ၃ သိန်းဆီဖြင့်သူမကိုယ်ခန္ဓာကိုယ်အား ရောင်းစားပစ်သည်။

၎င်းတို့အား ကင်မရာဖြင့်ခိုးရိုက်၍ ရရှိသောညစ်ညမ်းဗီဒီယိုတို့အား ရောင်းစားပြန်သည်။

ယခုအခါ ရဲထောက်လှမ်းရေးတို့က ဗီဒီယိုထဲ၌ပါသော အမျိုးသား ၁၂ ဦးအား ဖမ်းမိ၍ ဒါဏ်ငွေ ဆောင်စေခဲ့သည်။ တောင်ကိုရီးယားတွင် sex business သည် တရားမဝင်ပါ။

တဏှာရူး Mr. Lee သည် သူ့မိန်းမ၏ ထိုဗီဒီယိုများကြည့်ခြင်းကိုနှစ်သက်သည်။

၂၀၁၇ခုနှစ် ၉ လပိုင်း ၂ ရက်နေ့

Mr. Lee သည် မိန်းမဖြစ်သူ Choi အား ပထွေးဖြစ်သူ A အားမြူဆွယ်ရန် ခိုင်းစေခဲ့ပြန်သည်။

Mr. Lee သည် ပထွေး အားထောင်ထဲသွင်း အရှက်ခွဲချင်သည်။ ဒီပထွေးမရှိမှဖြစ်မည်။ သူ့ငွေတွေကိုလည်း မောင်ပိုင်စီးမည်။

ထို့ကြောင့် Mr. Lee သည် ပထွေး နှင့် သူ့မိန်းမ Choi တို့ မသိအောင် ကင်မရာကိုဖွက်၍ ပထွေး အိပ်ခန်းတွင် တပ်ဆင်ထားခဲ့သည်။

Choi သည် ပထွေးအား မြူဆွယ်၍ ကာမဆက်ဆံသည်၎င်းကို ဗီဒီယို ခိုးရိုက်ထားသည်။

ထို့နောက်ရဲစခန်းသို့သွားကာ ပထွေးကို မုဒိမ်းမှုဖြင့် တရားစွဲသည်။

” မုဒိမ်းကျင့်တာ သက်သေရှိပါသလားခင်ဗျား?”

ထိုအခါ Mr. Lee သည် မိန်းမ အတွင်းခံဘောင်းဘီနှင့် ဗီဒီယို အားပေးအပ်ခဲ့သည်။

တကယ့်ပြဿနာမှာ ထိုနေရာမှ စသည်။

ရဲထောက်လှမ်းရေးတို့က ပထွေးဖြစ်သူ နှင့် မိန်းမ Choi တို့ ဗီဒီယိုကိုကြည့်၍ နှစ်ဦးသဘောတူ ကာမဆက်ဆံသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် ပထွေး အဖမ်းမခံရပါ။ လျော်ကြေးသာပေးရပြီး အမှုပြီးသွားသည်။

Mr. Lee အရှက်ရသည်။

မိန်းမအား ဒေါသူပုန်ထလေသည်။

၂ ရက်ခန့်ကြာသောအခါ

၂၀၁၇ ခုနှစ် ၈ လပိုင်း ၄ ရက်နေ့

အလွန်အမင်းနှိပ်စက်ခံရသော Choi သည် ပြူတင်းပေါက်မှ ခုန်ချ၍ မိမိကိုယ်မိမိသတ်သေသည်။

မိန်းမ Choi သေပြီး တစ်လခန့်အကြာ Mr. Lee သည် ကျောင်းသူလေး Kimအား အထက်ဖေါ်ပြပါအတိုင်း မုဒိမ်းကျင့်၍ သတ်ပစ်လိုက်ခြင်းဖြစ်သည်။

Choi သည် သူမနေထိုင်သည့် ၅ ထပ်တိုက် အိမ်သာပြတင်းပေါက် အသေးလေး မှ ခုန်ချသေဆုံးခဲ့သည်ဟု ရီ ကထွက်ဆိုသည်။

Choi သည်ခုန်ချလျှင် မှောက်ခုံ ကျရမည်ဖြစ်သော်လည်း ပက်လက်ကျနေသည်။

ထောက်လှမ်းရေးများက Mr. Lee ကတွန်းချသတ်ပစ်သည်ဟုခန့်မှန်းသော်လည်း သက်သေမပြည့်စုံမတတ်သာ၍ လူသေမှုစာရင်းထဲထည့်လိုက်ရသည်။

ရိုးသားကြိုးစားစွာနေခဲ့သော်လည်း မလုပ်သင့်သည်ကို လုပ်ခဲ့မိသည့် Mr. Lee ၏ ပထွေးဖြစ်သူ A။

ထိုပရမ်းပတာမိသားစုတွင် အမှန်တရားဘက်သို့ အနည်းငယ်ရပ်တည်သူမှာ Mr. Lee ၏ပထွေးဖြစ်သည်။ သူသည် Mr. Lee ဦးဆောင်သည့် လိမ်လည်ငွေရှာခြင်းတို့ကို သဘောမကျ။

၂၀၁၇ ခုနှစ် ၉ လပိုင်း ၂ ရက်နေ့

အရက်သောက်များ၍ ပထွေးဖြစ်သူသည် အိပ်ပျော်နေခဲ့သည်။

ထိုစဉ် ငိုသံသဲ့သဲ့ကြားရသည်။

ပထွေးဖြစ်သူ သည် အိပ်ချင်မူးတူးဖြစ်နေချိန်တွင် သူ့အား သူ၏မိန်းမ ကဖက်ထားသည်ထင်၍ အသေအချာကြည့်လိုက်ရာ ချွေးမ Choi ဖြစ်နေသည်။

အရက်မူးမပြေသေးသော ပထွေးဖြစ်သူသည် ချွေးမကို မလွန်ဆန်နိုင်ချွေးမနှင့် ကာမ မှားမိသည်။

Mr. Lee ကမုဒိမ်းမှုဖြင့်တရားစွဲသည်။ သို့သော် အထက်တွင်ဖေါ်ပြထားသကဲ့သို့ မအောင်မြင်ခဲ့။

Choi က တိုက်ပေါ်မှခုန်ချသေဆုံးသွား၍ ပထွေးဖြစ်သူသည် အလွန်တရာ စိတ်မကောင်းဖြစ်ခဲ့သည်။ သူလည်း အပြစ်ရှိသည်ဟု ခံစားကာ စိတ်ဝေဒနာဖြစ်နေခဲ့သည်။

တစ်လအကြာတွင် Mr. Lee က ကျောင်းသူလေး Kim အားသတ်သော အမှုသည် တစ်တိုင်းပြည်လုံး ဟိုးလေးတကျော်ဖြစ်သွားသည်။

ထိုအခါ Mr. Lee က သည်လိုပြောသည်

“ကျွန်တော့်ပထွေး နှင့် ကျွန်တော့် မိန်းမ Choi ကာမဆက်ဆံခဲ့တာကို ရဲတပ်ဖွဲ့ကအရေးမယူပေးဘူး ကျွန်တော့်မိန်းမသေသွားတယ်ဗျာဒါကြောင့် ဒေါသနဲ့ လုပ်မိလုပ်ရာလုပ်မိတာပါ” ဟု တရားရုံးတွင် ပထွေးအား မပါ ပါအောင် ထည့်သွင်း ပြောဆိုသည်။

ထိုကြောင့် ပထွေး နှင့် ချွေးမ Choi ကာမဆက်ဆံသည်မှာလည်း တိုင်းသိ ပြည်သိဖြစ်သွားတော့သည်။

ထောက်လှမ်းရေးတို့က ပထွေးဖြစ်သူအား ထပ်မံ၍ ခေါ်စစ်သည်။

လူတောထဲ မျက်နှာမပြရဲသည့် ပထွေးဖြစ်သူ A သည် ပြည်သူလူထု အရှေ့ တရားရုံးတွင် အစစ်ခံရမည်ကို ရှက်လွန်း၍ ၂၀၁၇ ခုနှစ် ၁၀ လပိုင်း ၂၅ ရက် တွင် မိမိကိုယ်ကို ကြိုးဆွဲချသေသွားသည်။

ယခုအခါ Mr. Lee ကြောင့် အသက် ဆုံးရှုံးရသူ ၃ ဦးရှိပြီဖြစ်သည်။

မိန်းမဖြစ်သူ Choi

ကျောင်းသူလေး Kim

ပထွေးဖြစ်သူ A

သင်သည်လည်း Mr. Lee ၏ မိခင် မဖြစ်သင့်ပါ။

Mr. Lee ၏မိခင်အား ထောက်လှမ်းရေးတို့က ခေါ်ယူစစ်ဆေးခဲ့သည်။

အဲဒီနေ့က ကျွန်မ သားက ဖုန်းဆက်တယ်။

” အမေ အိမ်အပြင်ထွက်ကြည့်။အမေ့အိမ်နားမှာ ပလပ်စတစ် အမဲနဲ့ အထုပ်တစ်ထုပ် တွေ့လိမ့်မယ်။ မီးရှို့လိုက်”

သားနဲ့ ဖုန်းပြောပြီး ကျွန်မ ပလပ်စတစ်အိပ်ကို ဖွင့်မကြည့်ဘဲ မီးရှို့မိပါတယ်”

ဟုထွက်ဆိုသည်။

“အဲ့ဒီ အထုပ်ဟာ သေဆုံးသူ ကျောင်းသူလေး ကင်မ်ရဲ့အဝတ်အစားနဲ့ လည်ပင်းညှစ်သတ်ခဲ့တဲ့ နက်ကတိုင် ဖြစ်ကြောင်း မသိခဲ့ပါဘူးရှင့်”

သို့သော် Mr. Lee ၏ပထွေး A က

ကျွန်တော့်မိန်းမက လိမ်နေတာပါ။ ဖုန်းပြောတုန်းက ကျွန်တော် ဘေးမှာရှိတယ်။

” သား လူသတ်ခဲ့လို့ အမေရေ (ရယ်လျှက်) အမေ အိမ်အပြင်ထွက်ကြည့်။အမေ့အိမ်နားမှာ ပလပ်စတစ် အမည်းနဲ့ အထုပ်တစ်ထုပ် တွေ့လိမ့်မယ်။ မီးရှို့လိုက်”

အဲဒီလိုလဲပြောရော ကျွန်တော့်မိန်းမက ပလပ်စတစ်အိတ်ကိုယူပြီး မီးရှို့ပစ်တာပါပဲဗျာ။

ထို့ကြောင့် Mr. Lee ၏အမေသည် လူသတ်မှု သက်သေဖျောက်ဖျက်သော တရားခံဖြစ်သည်။

သင်သည် လူသတ်အားပေးသော Mr. Lee ၏ အကိုကဲ့သို့ ကပ်ပါးကောင်တစ်ယောက် မဖြစ်ပါစေနှင့်။

Mr. Lee ကထိုကဲ့သို့ ထောင်ထဲ၌ အစစ်ဆေးခံနေရချိန် အင်တာနက် အလှူခံ ပေ့ချ်တွင် Mr. Lee ၏သေတမ်းစာ ဟူသော ပို့စ်က ထွက်ပေါ်လာသည်။

Mr. Lee က မိမိကိုယ်မိမိ သတ်သေလိုကြောင်း သက်သေပြလို၍ဖြစ်သည်။

“ဟင် ထောင်ထဲနေတဲ့သူက ဘယ်လိုလုပ် အင်တာနက်သုံးတာလဲ?”

ထောက်လှမ်းရေးများက စစ်ဆေးကြရာ Mr. Lee ၏အကိုအရင်း ဖြစ်သူက ပို့စ် (post) တင်ကြောင်းစစ်ဆေးတွေ့ရှိရသည်။

ထို့ကြောင့် Mr. Lee ၏အကိုသည် လူသတ် တရားခံအား ကူညီသူဖြစ်သည်။ ညီထံမှ ငွေရနေသဖြင့် ညီပြုလုပ်သမျှ ကူညီလုပ်ဆောင်ပေးသော ကပ်ပါးကောင်လို အကိုမျိုး။

Mr. Lee ၏ မိန်းမ Choi တိုက်ပေါ်မှခုန်ချပြီးနောက်တနေ့ မနက်စောစောတွင် Mr. Lee ၏အကိုသည် Choi ခုန်ချသေဆုံးသည့် ပလက်ဖောင်းရှိသွေးများအား ရေဖြင့်ဆေး၍ သန့်ရှင်းရေးလုပ်နေသည်ကို CCTV တွင်တွေ့ရသည်။

ရဲများမေးသောအခါ “လူမြင်မကောင်းဘူးလေ” ဟု Mr. Lee ၏အကိုကပြောသည်။

ထို့ကြောင့် Mr. Lee ၏အကိုသည် Mr. Lee ၏ ရာဇဝတ်မှုများအား ကူညီပံ့ပိုးသူတစ်ဦးဖြစ်သည်။

ထောင်ဒါဏ် ၄ နှစ်။

သစ္စာမရှိသော ရီ ဟဲရာ (Lee Haera )ကဲသို့ သူငယ်ချင်းများ၏ စိတ်ဓာတ်။

မိခင်တစ်ယောက်လုံး အဖြစ်ဆိုးစွာ နာကျင်၍ သေလုမြောပါးဖြစ်နေချိန်တွင် CCTV ၌ သမီးဖြစ်သူ၏ လှုပ်ရှားမှုများကို သည်လိုတွေ့ရသည်။

အမေဖြစ်သူ ရုတ်တရက်တိုက်ပေါ်မှ ခုန်ချသေဆုံးလျှင် အနည်းဆုံးတော့ အံ့သြရမည်မဟုတ်ပါလား?

အံ့သြခြင်းအလျှင်းမရှိသည်က သူမအမေသေဆုံးမည်ကို ကြိုသိနေ၍ဖြစ်မည်ဟု ခန့်မှန်းကြသည်။

မျက်ရည် တစ်စက်မှမကျ။

သွားလိုက် လာလိုက်လုပ်နေသော်လည်း မိခင်ဆီသို့မဟုတ်။ ဖခင်အား မည်သို့ကူညီရမည်ကိုသာ အခြေအနေစောင့်ကြည့်နေသည်

မသေသေးသော အသက်ငင်နေသည့် မိခင်အား စိုးရိမ်စိတ်ဖြင့် အပြေးသွားခြင်းမရှိ။

ဖခင် ကိုသာ အရိပ်တကြည့်ကြည့် ဖြစ်နေသည်။

အဖေက ဖုန်းယူခိုင်းသည်ကို ပြေး၍ ဖုန်းယူပေးသည်။

ရီဟဲရာ သူငယ်ချင်းများကို စစ်ဆေးရာတွင်

” ငါ အဖေ့ကိုမုန်းတယ်။ ဒါပေမဲ့ ငါ့ကို ခွဲစိတ်ကုသပေးနိုင်တာ အဖေပဲရှိတာ။ အဖေ့ကို ကြောက်လဲကြောက်တယ်။ မလွန်ဆန်ရဲဘူး”

ရီဟဲရာ သည် သာမန် မိန်းကလေးတယောက် လို ကြီးပြင်းခဲ့ရသူတစ်ယောက် မဟုတ်ပါ။

မိခင်တစ်ယောက်လုံး သေဆုံးသည်ကို မျက်ရည်တစက်မှ မကျရဲ။

ဖခင်က ခိုင်းသမျှ တသွေမတိမ်းလုပ်ရသည့် အကျင့်အား ငယ်ငယ်လေးတည်းက ရိုက်သွင်းထားသည်။

ဒုက္ခိတ ဘဝတွင် ဖခင်သည်သာ သူမဘဝ၏ အရှင်သခင် ကယ်တင်ရှင်။

ထောက်လှမ်းရေးတို့က ဖခင်အကြောင်းမကောင်းတခုပြောလျှင် အလွန် မုန်းတီးစွာတုန့်ပြန်သည်။ ဖခင်မရှိလျှင် သူမ ဘယ်လိုအသက်ရှင်ရမည်မသိ စိုးရိမ်သောကြောင့်ဖြစ်သည်၊

ယခု အချိန်အထိ သူမ၏ ဖခင်ဘာလုပ်လုပ် ဖုံးကွယ်ပေးရမည်ဟု အရိုးစွဲနေသည်။

သို့သော် နောက်ဆုံးတွင်မူ အမှန်တရားကိုဝန်ခံခဲ့သည်။

ဖခင်ဖြစ်သူက သိန်း ၃၀၀ မုန့်ဖိုးပေးမည်ဆို၍ သူငယ်ချင်း Kim အား ဖုန်းဆက်ခေါ်ယူခဲ့ကြောင်း ဝန်ခံခဲ့သည်။

မိမိအား ကူညီခဲ့သော သူငယ်ချင်း အားငွေ သိန်း ၃၀၀ နှင့်လဲခဲ့သည့် သူငယ်ချင်းယုတ်။ သို့သော် အသက်၁၈ နှစ်အောက် ရီဟဲရာအား ( Juvenile justice) ကြီးလေးသောအပြစ်ပေး၍မရပေ။

ထောင်ဒါဏ် ၆ နှစ်။

လူယုတ်မာတို့၏ နိဂုံး

အထက်တွင်ဖေါ်ပြခဲ့သည့် ရောဂါကြောင့် Mr.Lee သည် ကလေးမလေးအား ကာမဆက်ဆံသည့်အဆင့်အထိ ကျူးလွန်ဘို့ငှာ မတတ်နိုင်ခဲ့။

သို့သော်လည်း မိန်းကလေးတစ်ယောက် ခွင့်ပြုချက်မရပဲ ၎င်း၏ခန္ဓာကိုယ်အားကိုင်တွယ်ခြင်းသည်လည်း ဥပဒေအရ သက်ငယ်မုဒိန်းမှုမြောက်သည်။

ထို့ကြောင့် Mr. Lee အား

ပြည်သူ့ငွေ အလှူခံငွေ အလွဲသုံးစားမှု။

မိန်းမဖြစ်သူကို ပြည့်တန်ဆာအဖြစ် အသုံးချမှု။

မိန်းမအား မတရားနှိပ်စက်မှု။

သက်ငယ် မုဒိမ်းမှု။

လူသတ်မှု။

လူသေစေမှုတို့ဖြင့် ကျောင်းသူလေး Kim မိသားစုနှင့် ရဲထောက်လှမ်းရေးတို့က တရားစွဲဆိုလိုက်သည်။

ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်စိတ်ပညာရှင်တို့က Mr.Lee အား သနားကြင်နာမှု နှင့် နောင်တ တရားတို့ကို မခံစားတတ်သော perverted psychopath ဟုအတည်ပြုလိုက်သည်။ မြန်မာလို အလွယ်ပြောရလျှင် သွေးအေးရက်စက်သော နှာဘူးစိတ်ဝေဒနာရှင် (ဆိုင်ကိုပါ့သ်) ဖြစ်သည်။

သက်ငယ်မုဒိမ်းမှုများကို သေဒါဏ်ပေးသင့် မပေးသင့်။

လူပေါင်းများစွာသတ်၍ ထောင်ထဲသို့ဝင်သွားသော လူသတ်ကောင် သို့မဟုတ် သက်ငယ်ကလေးများအား မုဒိမ်းကျင့် လူသတ်ခဲ့သော လူသတ်မုဒိမ်းကောင်တို့သည် ထောင်ထဲတွင်လည်း လူမိုက်ခေါင်းဆောင်ဖြစ်လာသည်။

ထောင်သားများက ထိုသူတို့အား ဘုရင်တဆူလိုကိုးကွယ်ကြသည်။ ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့အား “သေသည့်အထိ ထောင်ထဲတွင် အလုပ်ကြမ်းနှင့်နေရမည်”ဟူသော အပြစ်ပေးမှုသည် သူတို့အတွက် ပျော်စရာပင်ဖြစ်သည်။

ထိုသူတို့အတွက် နောင်တသည် ဘယ်သောအခါမှရှိမည်မဟုတ်။

သို့သော်ထိုသူများသည် မိမိသေရမှာတော့ ကြောက်ကြသည်။

ထို့ကြောင့် နောင်တဆိုသည် မခံစားတတ်သော ဆိုင်ကိုပါ့သ်လူသတ်သမားများအား “သေဒါဏ်” ပေးသင့်သည်ဟု တောင်ကိုရီးယားပြည်သူများက တောင်းဆိုကြသည်။

Mr. Lee အား “သေဒါဏ်” ပေးရန်တောင်းဆိုကြသည်။

သို့မှသာ သက်ငယ်မုဒိမ်းကျင့်လျှင် သေရမည်ဟု အတွေးသူများအသက်ကိုသတ်လျှင် မိမိလည်း သေရမည်ဟု အကြောက်တရားဖြင့် နောင်အနာဂတ်တွင် လူသတ်မှုများ လျှော့နည်းလာမည်။

တောင်ကိုရီးယားနိုင်ငံတွင် “သေဒါဏ်” အားလူ့အခွင့်အရေးဥပဒေဖြင့် တခဏ ဖျက်သိမ်းထားခြင်းဖြစ်သည်။ သို့သော် တရားသူကြီးက “သေဒါဏ်” ပေး၍ ရသည်။

ထို သေဒါဏ် ကျခံရ သူများသည် အသစ်တက်လာသော အစိုးရက သေဒါဏ်အား ပြန်လည်ခွင့်ပြုလျှင် တစ်ယောက်ပြီးတယောက် ကြိုးစင်တက်ရမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ၂ လပိုင်း ၂၁ ရက်နေ့

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကဖြစ်သည်။

နေ့လည် ၂ နာရီ ၃၀ မိနစ်။

Mr. Leeအား တရားသူကြီးက စီရင်ချက် အပြစ်ဒါဏ်ချမှတ်သည်။

“သေဒါဏ်” ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် ၁၉၉၇ ဒီဇင်ဘာလ ၃၀ ရက်မှစ၍ ယနေ့အထိ အနှစ်၂၀ကျော် သေဒါဏ်ကို ဖျက်သိမ်းခဲ့သည်။

ယခုအခါပထမဆုံးပြန်လည်ချမှတ်သော အကြီးလေးဆုံး အပြစ်ဒါဏ်ဖြစ်သည်။

Mr. Lee သည် ယခုဘဝတွင်သာမက နောင်သံသရာ မည်မျှသော ဘဝများ အထိ အဖန်ဖန် အထပ်ထပ် ပူလောင်ဆင်းရဲစွာသေဆုံးရမည်ကို ကျွန်မတို့ မသိနိုင်တော့လေပြီ။

ကျွန်မတို့ မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းများ မကြာခဏဖြစ်ပွားနေပါသည်။ ဗုဒ္ဓဘာသာနိုင်ငံသားများ ဖြစ်လျှက်နှင့် ငရဲမကြောက်တခဏတာ စိတ်ခံစားမှုအတွက် အပြစ်မဲ့သော ကလေးငယ်များအား မုဒိမ်းကျင့်သည်သတ်ပစ်သည်။ ဘာသာတရားဖြင့် ဆုံးမ၍မရသော ထိုသူများအား တင်းကြပ်သော ဥပဒေဖြင့် ဆုံးမရပါမည်။

အမေဆုံးသွားသော ချစ်သူငယ်ချင်းဆီသို့ စိတ်ထားဖြူစင်စွာဖြင့် အားပေးရန်လာသော ကျာင်းသူလေးကင်မ်သည် သူငယ်ချင်း၏ သစ္စာဖောက်မှုကို ယခုလို ရက်ရက်စက်စက် ခံလိုက်ရလေသည်။

တစ်ခါတစ်လေ ဘဝသည် ပျော်ဖို့ကောင်းသည်။ ထိုအခါ ကျွန်မတို့သည် လူယုတ်မာတို့၏ အန္တရယ်ကို သတိမမူမိပဲ နေကြသည်။

တစ်ခါတစ်လေ ဘဝသည် ဝမ်းနည်းဖို့ကောင်းသည်။ ထိုအခါ ကျွန်မတို့သည် လူယုတ်မာတို့၏ အန္တရယ်ကို သတိမပြုနိုင်အား။

သို့သော်

တစ်နေ့ထက်တစ်နေ့ အန္တရယ်များ ကြောက်မက်ဖွယ်ကောင်းလာသော ဤလောကကြီး၌ မိမိပတ်ဝန်းကျင်ရှိ အန္တရယ်မိမိရင်သွေးတို့ ပတ်ဝန်းကျင်ရှိအန္တရယ်ကို အစဉ်အမြဲ သတိထားကာကွယ်ကြရမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mashwemoe korea
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top