ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

၀က္ၿခံျပႆနာကို ကၽြန္မတို႔ အပ်ိဳ လူပ်ိဳေဖာ္၀င္စကတည္းက ရင္ဆိုင္လာခဲ့ရတာပါ။ ၀က္ၿခံကုသႏိုင္တဲ့ နည္းလမ္းေတြကို ေလ့လာထားသမွ် မွ်ေ၀လိုက္ပါတယ္။

ေရခဲ

ေရခဲကို ၀က္ၿခံေရာင္တာေတြအတြက္အသံုးျပဳႏိုင္ပါတယ္။ ေရခဲတံုးေသးေသးေလးေတြက အေရာင္က်ေစပါတယ္။ ေရခဲတံုးမဟုတ္လည္း ေရခဲေရနဲပ မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။ ေရခဲတံုးနဲ႔ မ်က္ႏွာေပၚမွာ လိမ့္ေပးရမွာျဖစ္ၿပီး အရမ္းေအးေနမွာစိုးရင္ ပု၀ါ (သို႔) အ၀တ္စခံၿပီး အသံုးျပဳႏိုင္ပါတယ္။

နႏြင္း

နႏြင္းက အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါ တကယ္ကို အသံုး၀င္ပါတယ္။ ၀က္ၿခံအတြက္လည္းအထူးေကာင္းမြန္ပါတယ္။
၀က္ၿခံနာတာကိုေပ်ာက္ေစၿပီး တျဖည္းျဖည္း အသားအေရၾကည္လင္လာေစမွာပါ။ နႏြင္းကိုေရနဲ႔ ပ်စ္ပ်စ္ေရာၿပီး မ်က္ႏွာေပၚမွာ မိနစ္ ၂၀ ေလာက္လိမ္းကာ သစ္ခ်ေပးပါ။

ပ်ားရည္

ပ်ားရည္က ခ်ိဳတဲ့အရသာရွိသလို ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိလည္းရွိပါတယ္။ ပ်ားရည္ကို ပံုမွန္လိမ္းေပး၇င္ ၀က္ၿခံသက္သာၿပီး တျဖည္းျဖည္း အသားအေရ၀င္းပလာမွာပါ။

ငွက္ေပ်ာခြံ

ငွက္ေပ်ာခြံကို မ်က္ႏွာေပၚမွာ ပြတ္လိမ္းေပးၿပီး ၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ထားကာ မ်က္ႏွာသစ္ခ်ေပးပါ။ ငွက္ေပ်ာခြံကိုပြတ္တဲ့ေနရာမွာ အတြင္းသားနဲ႔ ပြတ္ေပးရမွာျဖစ္ပါတယ္။

ရွားေစာင္းလက္ပက္

ရွားေစာင္းလက္ပက္ကို ေနေလာင္တာေတြအတြက္ေရာ ၀က္ၿခံအတြက္ပါ အသံုးျပဳႏိုင္ပါတယ္။
ရွားေစာင္းလက္ပက္ကို လိမ္းေပးၿပီး ၁၅ မိနစ္ မိန္ ၂၀ ေလာက္ထားတာျဖစ္ျဖစ္ တညလံုးလိမ္းထားၿပီး အိပ္တာျဖစ္ျဖစ္ တကယ္ကိုအက်ိဳးထူးပါတယ္။ ၀က္ၿခံေပ်ာက္ကင္းၿပီး အသားအေရ စိုေျပလာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle
#Unicode Version#
၀က်ခြံပြဿနာကို ကျွန်မတို့ အပျို လူပျိုဖော်ဝင်စကတည်းက ရင်ဆိုင်လာခဲ့ရတာပါ။ ဝက်ခြံကုသနိုင်တဲ့ နည်းလမ်းတွေကို လေ့လာထားသမျှ မျှဝေလိုက်ပါတယ်။

ရေခဲ

ရေခဲကို ဝက်ခြံရောင်တာတွေအတွက်အသုံးပြုနိုင်ပါတယ်။ ရေခဲတုံးသေးသေးလေးတွေက အရောင်ကျစေပါတယ်။ ရေခဲတုံးမဟုတ်လည်း ရေခဲရေနဲပ မျက်နှာသစ်ပေးနိုင်ပါတယ်။ ရေခဲတုံးနဲ့ မျက်နှာပေါ်မှာ လိမ့်ပေးရမှာဖြစ်ပြီး အရမ်းအေးနေမှာစိုးရင် ပုဝါ (သို့) အဝတ်စခံပြီး အသုံးပြုနိုင်ပါတယ်။

နနွင်း

နနွင်းက အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ တကယ်ကို အသုံးဝင်ပါတယ်။ ဝက်ခြံအတွက်လည်းအထူးကောင်းမွန်ပါတယ်။
ဝက်ခြံနာတာကိုပျောက်စေပြီး တဖြည်းဖြည်း အသားအရေကြည်လင်လာစေမှာပါ။ နနွင်းကိုရေနဲ့ ပျစ်ပျစ်ရောပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ လောက်လိမ်းကာ သစ်ချပေးပါ။

ပျားရည်

ပျားရည်က ချိုတဲ့အရသာရှိသလို ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ ပျားရည်ကို ပုံမှန်လိမ်းပေး၇င် ဝက်ခြံသက်သာပြီး တဖြည်းဖြည်း အသားအရေဝင်းပလာမှာပါ။

ငှက်ပျောခွံ

ငှက်ပျောခွံကို မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားကာ မျက်နှာသစ်ချပေးပါ။ ငှက်ပျောခွံကိုပွတ်တဲ့နေရာမှာ အတွင်းသားနဲ့ ပွတ်ပေးရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို နေလောင်တာတွေအတွက်ရော ဝက်ခြံအတွက်ပါ အသုံးပြုနိုင်ပါတယ်။
ရှားစောင်းလက်ပက်ကို လိမ်းပေးပြီး ၁၅ မိနစ် မိန် ၂၀ လောက်ထားတာဖြစ်ဖြစ် တညလုံးလိမ်းထားပြီး အိပ်တာဖြစ်ဖြစ် တကယ်ကိုအကျိုးထူးပါတယ်။ ဝက်ခြံပျောက်ကင်းပြီး အသားအရေ စိုပြေလာမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top