ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လက္သန္းၾကြယ္မွာ လက္စြပ္၀တ္ထားတဲ့ အဓိပၸယ္ကိုေတာ့ သိၾကေပမယ့္ လက္သန္းမွာ လက္စြပ္စြပ္ထားတဲ့ အဓိပၸာယ္ကိုေတာ့ သိရွိသူနည္းပါတယ္။ လက္သန္းမွာ ပန္းေရာင္လက္စြပ္လွလွေလး ၀တ္တာဟာ ဘယ္လိုအဓိပၸာယ္ကိုေဆာင္သလဲဆိုတာ သိပါသလား။

အဲဒီလို လက္သန္းမွာ လက္စြပ္၀တ္တဲ့အဓိပၸာယ္က သင္ဟာ Single ျဖစ္တယ္ တျခားသူထက္ ကိုယ့္ကိုကိုယ္ပိုခ်စ္တယ္။ ကိုယ့္ကိုကိုယ္ဂုဏ္ယူတယ္ဆိုတဲ့ အဓိပၸာယ္ကိုေဆာင္ပါတယ္။

အဲဒီလိုလက္စြပ္ကို ေရႊေရာင္၊ ေငြေရာင္၊ အ၀ါေရာင္၊ ႏွင္းဆီေရာင္ဆိုၿပီး ထုတ္လုပ္ထားၿပီး Self Love Pinky Ring ဆိုတဲ့ နာမည္နဲ႔ အေမရိကန္ျပည္ေထာင္စု Los Angeles အေျခစိုက္ စိန္၊ ရတနာဆိုင္က ထုတ္လုပ္ဖန္တီးခဲ့တာပါ။ လက္စြပ္ေလးေတြရဲ့ ေစ်းႏုန္းေတြကေတာ့ ေဒၚလာ ၁၅၀ ကေန ၃၀၀ ေက်ာ္ထိရွိၿပီး အမ်ိဳးသမီးေတြရဲ့ ေပ်ာ္ရႊင္မႈနဲ႔ သူတို႔ကိုယ္သူတို႔ ခ်စ္တယ္ဆိုတဲ့ အဓိပၸာယ္ကို ေဖာ္ျပတဲ့သေဘာျဖစ္ပါတယ္။

အဲဒီလက္စြပ္ကို မွာလိုက္ၿပီဆိုတာနဲ႔ ေန႔တိုင္း သင့္ကိုသင္ ခ်စ္မယ္၊ သင့္ကိုယ္သင္  ေရြးခ်ယ္မယ္၊ သင့္ကိုယ္သင္သတိရမယ္ ဆိုၿပီး ကတိေပးရပါတယ္။

လူတိုင္း ေပ်ာ္ရႊင္ဖို႔နဲ႔ ကိုယ့္ရဲ့ အသားအေရာင္အတိုင္း၊ ကိုယ့္ရဲ့ ျဖစ္တည္မႈတိုင္း စိတ္ေက်နပ္မႈအျပည့္ရွိဖို႔ဆိုတာ ကိုယ့္ကိုကိုယ္ ခ်စ္ျမတ္ႏိုးတတ္ဖို႔လိုပါတယ္။ ကိုယ့္ကိုကိုယ္ ခ်စ္ျမတ္ႏိုးမွ သူမ်ားကို ခ်စ္ႏိုင္တာပါ။ ကိုယ့္ကိုကိုယ္ခ်စ္ျမတ္ႏိုးတာဟာ ေပ်ာ္ရႊင္မႈအတြက္ ပထမေျခလွမ္းျဖစ္သလို၊ လူတစ္ေယာက္ကို ခ်စ္မိသြားႏိုင္တဲ့ ပထမအဆင့္တစ္ခုလည္းျဖစ္ပါတယ္။

အဲဒီလို လက္သန္းေလးမွာ လက္စြပ္ေလးစြပ္ထားရင္ သင္ဟာ သင့္ဘ၀ကိုသင္ ဂုဏ္ယူေက်နပ္ၿပီး ေပ်ာ္ရႊင္သလို Single ေလးတစ္ေယာက္ျဖစ္တယ္ဆိုတာ ေဖာ္ျပေနတာပါပဲတဲ့။ စိတ္ကူးဆန္းဆန္းေလးနဲ႔ ပံုေဖာ္ထားတဲ့ ဒီလက္စြပ္ေလးက ဆိုင္ရဲ့ ေစ်းကြက္ထိုးေဖာက္မႈတစ္ခုျဖစ္ေနေပမယ့္လည္း စာဖတ္သူတို႔အတြက္ ရသတစ္စံုတစ္ရာ ရရွိေစဖို႔ ျပန္လည္မွ်ေ၀လိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mylove
# Unicode Version ျဖင့္ ဖတ္ပါ #
လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ထားတဲ့ အဓိပ္ပယ်ကိုတော့ သိကြပေမယ့် လက်သန်းမှာ လက်စွပ်စွပ်ထားတဲ့ အဓိပ္ပာယ်ကိုတော့ သိရှိသူနည်းပါတယ်။ လက်သန်းမှာ ပန်းရောင်လက်စွပ်လှလှလေး ဝတ်တာဟာ ဘယ်လိုအဓိပ္ပာယ်ကိုဆောင်သလဲဆိုတာ သိပါသလား။

အဲဒီလို လက်သန်းမှာ လက်စွပ်ဝတ်တဲ့အဓိပ္ပာယ်က သင်ဟာ Single ဖြစ်တယ် တခြားသူထက် ကိုယ့်ကိုကိုယ်ပိုချစ်တယ်။ ကိုယ့်ကိုကိုယ်ဂုဏ်ယူတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။

အဲဒီလိုလက်စွပ်ကို ရွှေရောင်၊ ငွေရောင်၊ အဝါရောင်၊ နှင်းဆီရောင်ဆိုပြီး ထုတ်လုပ်ထားပြီး Self Love Pinky Ring ဆိုတဲ့ နာမည်နဲ့ အမေရိကန်ပြည်ထောင်စု Los Angeles အခြေစိုက် စိန်၊ ရတနာဆိုင်က ထုတ်လုပ်ဖန်တီးခဲ့တာပါ။ လက်စွပ်လေးတွေရဲ့ ဈေးနုန်းတွေကတော့ ဒေါ်လာ ၁၅၀ ကနေ ၃၀၀ ကျော်ထိရှိပြီး အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ သူတို့ကိုယ်သူတို့ ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြတဲ့သဘောဖြစ်ပါတယ်။

အဲဒီလက်စွပ်ကို မှာလိုက်ပြီဆိုတာနဲ့ နေ့တိုင်း သင့်ကိုသင် ချစ်မယ်၊ သင့်ကိုယ်သင်  ရွေးချယ်မယ်၊ သင့်ကိုယ်သင်သတိရမယ် ဆိုပြီး ကတိပေးရပါတယ်။

လူတိုင်း ပျော်ရွှင်ဖို့နဲ့ ကိုယ့်ရဲ့ အသားအရောင်အတိုင်း၊ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်း စိတ်ကျေနပ်မှုအပြည့်ရှိဖို့ဆိုတာ ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတတ်ဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးမှ သူများကို ချစ်နိုင်တာပါ။ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတာဟာ ပျော်ရွှင်မှုအတွက် ပထမခြေလှမ်းဖြစ်သလို၊ လူတစ်ယောက်ကို ချစ်မိသွားနိုင်တဲ့ ပထမအဆင့်တစ်ခုလည်းဖြစ်ပါတယ်။

အဲဒီလို လက်သန်းလေးမှာ လက်စွပ်လေးစွပ်ထားရင် သင်ဟာ သင့်ဘဝကိုသင် ဂုဏ်ယူကျေနပ်ပြီး ပျော်ရွှင်သလို Single လေးတစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ပြနေတာပါပဲတဲ့။ စိတ်ကူးဆန်းဆန်းလေးနဲ့ ပုံဖော်ထားတဲ့ ဒီလက်စွပ်လေးက ဆိုင်ရဲ့ ဈေးကွက်ထိုးဖောက်မှုတစ်ခုဖြစ်နေပေမယ့်လည်း စာဖတ်သူတို့အတွက် ရသတစ်စုံတစ်ရာ ရရှိစေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: mylove
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top