ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

Mandalay မွာစိတ္​မ​ေကာင္​းစရာ ျဖစ္​ရပ္​တစ္​ခု​ေတြ႔ခဲ့ပါတယ္​။ ​ေရႊဘဲစား​ေသာက္​ဆိုင္​​ေ႐ွ႕မွာပါ။ ​ေငြတစ္​​ေသာင္​းလႉပါတယ္​။ သူတို႔မိသားစု တကယ္​လိုအပ္​​ေနရင္​ မႏၲေလးက ပရဟိတ လုပ္​ငန္​း​ေတြ ကူညီ​ေပးလို႔ရ​ေအာင္​ ခြင္​့​ေတာင္​းၿပီး ခုလိုတင္ခဲ့ပါတယ္​။

က​ေလးက​ေတာ့ မ်က္​လံုး​ေတာင္ ​မျမင္​ရ​ေတာ့ပါ လို႔​ေျပာပါတယ္​။ ​ေခတၱမႏၲေလးကို ​ေရာက္​တဲ့ ခရီးသြား ဧည္​့သည္​ျဖစ္​လို႔အမွန္​ အမွားကို ​ေစာင္​့မၾကည္​့ႏိုင္ခဲ့ပါ။ က​ေလးကိုဗန္​းျပ​ေတာင္​းစားရင္ေတာ့ သက္ဆိုင္ရာမွ​ ထိုက္​သင္​့​ေသာဥပ​ေဒႏွင္​့ အ​ေရးယူပါလိမ့္မယ္။ တကယ္​လိုအပ္​ရင္​ ကူညီ​ေပးပါမည္​။ original post ပိုင္ရွင္ ကိုခ်စ္ကိုကိုမွ အထက္ပါအတိုင္း ပို႔စ္တင္ထားပါတယ္။

ေယာက္်ားက အိမ္မွာ အတူေနတဲ့ က်ပ္မျပည့္ ၁၅ ႏွစ္သမီးေလးကို မဖြယ္မရာလုပ္လို႔ ေထာင္က်ေနပါတယ္။ ေနရတာ က်ဴးေက်ာ္အိမ္မွာပါ။ ပရဟိတအသင္းေတြကေတာ့ ေဆးရံုတက္စဥ္မွာ ကူညီပါတယ္။ ကုတင္ ၃၀၀ နဲ႔ ၅၀၀ က ေကာင္းပါတယ္။ အလကားကုေပးပါတယ္။ ခုက ႏို႔မႈန္႔ဗူးဖိုးကို မတတ္ႏိုင္လို႔ အန္တီႀကီး တစ္ေယာက္ေျပာခို႔ ဒီလိုေနရာမွာ ကေလးခ်ီၿပီး လာထိုင္ေတာင္းေနရတာပါ ဆိုၿပီး ေျဖထားပါတယ္။

၎း ပို႔စ္ရဲ႕ ေအာက္မွာ အခ်ိဳ႕ကလည္း နားလည္မႈလြဲစြာ comment ေတြမွာ ေရးထားတာေတြ႕ရပါတယ္။ အခ်ိဳ႕ကလည္း “”သဒၵါလို႔ လႉခဲ့ၿပီပဲ ဘာေၾကာင့္ စစ္လားေဆးလား လုပ္ေနရတာလဲဆိုၿပီး ပို႔စ္ပိုင္ရွင္ကို ေမးခြန္းထုတ္ၾကပါတယ္။””” “ဒါက ဒီလိုရွိပါတယ္။ ပရဟိတ လူမႈအဖြဲ႕အစည္းေတြ မ်ားစြာ ေပၚေပါက္လာတဲ့ ခုေခာတ္ႀကီးမွာ အခ်ိဳ႕ကလည္း ရမွန္းသိလို႔ လိမ္ညာၿပီး အလႉခံၾကတယ္ဆိုတာ ပရဟိတကို ထဲထဲဝင္ဝင္ လုပ္ေနတဲ့ ပရဟိတသမားေတြပဲ သိပါတယ္။ ဒါေၾကာင့္ အလိမ္ညာဟန္ေဆာင္ၿပီး ကေလးကို ဗန္းျပကာ ေတာင္းစားေနတာလားဆိုၿပီး သံသယရွင္းေအာင္ အမ်ားအတြက္ ေမးျမန္းေနတာလို႔ ျမင္ပါတယ္။ ဒါမွလည္း အမ်ားက ကူညီႏိုင္မွာပါ။

ေနာက္ ၁ ဦးကလည္း “ေငြ ၁ ေသာင္းလႉတာကို ထည့္ေျပာလို႔ဆိုၿပီး ေဝဖန္ထားတာေတြ႕ရပါတယ္။ ဒါဟာလည္း “အဲ့လို ေငြလႉေၾကာင္း ထည့္မေျပာရင္ “””မင္းက ၁ ျပားသားလႉလို႔လား သူမ်ားကို အြန္လိုင္းမွာ တင္ရေအာင္”” ဆိုၿပီး ေျပာလာမယ့္သူေတြကို ႀကိဳကာထားရတဲ့အေနအထားပါ။

ဘာပဲျဖစ္ျဖစ္ အမ်ားစုကေတာ့ ကေလးရဲ႕ လက္ရွိအေနအထားကို သနားက လႉတန္းႏိုင္မာ့္ေနရာ အတိအက်ကို ေမးေနလွ်က္ရွိပါတယ္။ ထိုကဲ့သို႔ လႉဒါန္းမယ့္ အလႉရွင္မ်ားအတြက္ ပို႔စ္ပိုင္ရွင္မွ ေသခ်ာေအာင္ ေမးျမန္းေနတာကို အေကာင္းျမင္ၾကပ္ရန္ ေျပာၾကားလိုပါတယ္ခင္ဗ်ာ။ ကေလးမိခင္လည္း ကူညီႏိုင္မယ့္သူေတြ႕ပါေစ။ ပရဟိတသမား ပို႔စ္ပိုင္ရွင္ ကိုခ်စ္ကိုကိုလည္း ပရဟိတမ်ား ဆက္လုပ္ႏိုင္ပါေစ။

ပညာတတ္ေဒါက္တာ တစ္ဦးကေတာ့ ယခုလို႔ မွတ္ခ်က္ေပးထားပါတယ္။ “လူနာ အမွန္ျဖစ္မွာပါ အကို သူ႔ေရာဂါက hydrocephalus ေနမွာပါ။ အဲ့ေရာဂါက ေခါင္းထဲမွာ ေရဝင္သြာတား TB ပိုးေၾကာင့္လဲ ျဖစ္ႏိုင္သလို အျခားအေၾကာင္းေတြလဲရွိတယ္။ ဗိုက္ထဲ ကို ပိုက္နဲ႔ လမ္းေၾကာင္း လုပ္ေပးရတယ္။ Shunt လုပ္ေပးရတာေပါ့။ ဦးေႏွာက္ ခြဲစိတ္ စာအုပ္ကေတာ့ ေဆးရံု တက္ရင္ ဗလာစာအုပ္နဲ႔ပဲ ဆင္းေပးတယ္ OpD လူနာ ကေတာ့ စာအုပ္ကေတာ့ ေဆးရံု စာအုပ္နဲ႔ပဲ လုပ္ေပးတာ အကို”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
Mandalay မှာစိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုတွေ့ခဲ့ပါတယ်။ ရွှေဘဲစားသောက်ဆိုင်ရှေ့မှာပါ။ ငွေတစ်သောင်းလှူပါတယ်။ သူတို့မိသားစု တကယ်လိုအပ်နေရင် မန္တလေးက ပရဟိတ လုပ်ငန်းတွေ ကူညီပေးလို့ရအောင် ခွင့်တောင်းပြီး ခုလိုတင်ခဲ့ပါတယ်။

ကလေးကတော့ မျက်လုံးတောင် မမြင်ရတော့ပါ လို့ပြောပါတယ်။ ခေတ္တမန္တလေးကို ရောက်တဲ့ ခရီးသွား ဧည့်သည်ဖြစ်လို့အမှန် အမှားကို စောင့်မကြည့်နိုင်ခဲ့ပါ။ ကလေးကိုဗန်းပြတောင်းစားရင်တော့ သက်ဆိုင်ရာမှ ထိုက်သင့်သောဥပဒေနှင့် အရေးယူပါလိမ့်မယ်။ တကယ်လိုအပ်ရင် ကူညီပေးပါမည်။ original post ပိုင်ရှင် ကိုချစ်ကိုကိုမှ အထက်ပါအတိုင်း ပို့စ်တင်ထားပါတယ်။

ယောက်ျားက အိမ်မှာ အတူနေတဲ့ ကျပ်မပြည့် ၁၅ နှစ်သမီးလေးကို မဖွယ်မရာလုပ်လို့ ထောင်ကျနေပါတယ်။ နေရတာ ကျူးကျော်အိမ်မှာပါ။ ပရဟိတအသင်းတွေကတော့ ဆေးရုံတက်စဉ်မှာ ကူညီပါတယ်။ ကုတင် ၃၀၀ နဲ့ ၅၀၀ က ကောင်းပါတယ်။ အလကားကုပေးပါတယ်။ ခုက နို့မှုန့်ဗူးဖိုးကို မတတ်နိုင်လို့ အန်တီကြီး တစ်ယောက်ပြောခို့ ဒီလိုနေရာမှာ ကလေးချီပြီး လာထိုင်တောင်းနေရတာပါ ဆိုပြီး ဖြေထားပါတယ်။

၎င်းး ပို့စ်ရဲ့ အောက်မှာ အချို့ကလည်း နားလည်မှုလွဲစွာ comment တွေမှာ ရေးထားတာတွေ့ရပါတယ်။ အချို့ကလည်း “”သဒ္ဒါလို့ လှူခဲ့ပြီပဲ ဘာကြောင့် စစ်လားဆေးလား လုပ်နေရတာလဲဆိုပြီး ပို့စ်ပိုင်ရှင်ကို မေးခွန်းထုတ်ကြပါတယ်။””” “ဒါက ဒီလိုရှိပါတယ်။ ပရဟိတ လူမှုအဖွဲ့အစည်းတွေ များစွာ ပေါ်ပေါက်လာတဲ့ ခုခောတ်ကြီးမှာ အချို့ကလည်း ရမှန်းသိလို့ လိမ်ညာပြီး အလှူခံကြတယ်ဆိုတာ ပရဟိတကို ထဲထဲဝင်ဝင် လုပ်နေတဲ့ ပရဟိတသမားတွေပဲ သိပါတယ်။ ဒါကြောင့် အလိမ်ညာဟန်ဆောင်ပြီး ကလေးကို ဗန်းပြကာ တောင်းစားနေတာလားဆိုပြီး သံသယရှင်းအောင် အများအတွက် မေးမြန်းနေတာလို့ မြင်ပါတယ်။ ဒါမှလည်း အများက ကူညီနိုင်မှာပါ။

နောက် ၁ ဦးကလည်း “ငွေ ၁ သောင်းလှူတာကို ထည့်ပြောလို့ဆိုပြီး ဝေဖန်ထားတာတွေ့ရပါတယ်။ ဒါဟာလည်း “အဲ့လို ငွေလှူကြောင်း ထည့်မပြောရင် “””မင်းက ၁ ပြားသားလှူလို့လား သူများကို အွန်လိုင်းမှာ တင်ရအောင်”” ဆိုပြီး ပြောလာမယ့်သူတွေကို ကြိုကာထားရတဲ့အနေအထားပါ။

ဘာပဲဖြစ်ဖြစ် အများစုကတော့ ကလေးရဲ့ လက်ရှိအနေအထားကို သနားက လှူတန်းနိုင်မာ့်နေရာ အတိအကျကို မေးနေလျှက်ရှိပါတယ်။ ထိုကဲ့သို့ လှူဒါန်းမယ့် အလှူရှင်များအတွက် ပို့စ်ပိုင်ရှင်မှ သေချာအောင် မေးမြန်းနေတာကို အကောင်းမြင်ကြပ်ရန် ပြောကြားလိုပါတယ်ခင်ဗျာ။ ကလေးမိခင်လည်း ကူညီနိုင်မယ့်သူတွေ့ပါစေ။ ပရဟိတသမား ပို့စ်ပိုင်ရှင် ကိုချစ်ကိုကိုလည်း ပရဟိတများ ဆက်လုပ်နိုင်ပါစေ။

ပညာတတ်ဒေါက်တာ တစ်ဦးကတော့ ယခုလို့ မှတ်ချက်ပေးထားပါတယ်။ “လူနာ အမှန်ဖြစ်မှာပါ အကို သူ့ရောဂါက hydrocephalus နေမှာပါ။ အဲ့ရောဂါက ခေါင်းထဲမှာ ရေဝင်သွာတား TB ပိုးကြောင့်လဲ ဖြစ်နိုင်သလို အခြားအကြောင်းတွေလဲရှိတယ်။ ဗိုက်ထဲ ကို ပိုက်နဲ့ လမ်းကြောင်း လုပ်ပေးရတယ်။ Shunt လုပ်ပေးရတာပေါ့။ ဦးနှောက် ခွဲစိတ် စာအုပ်ကတော့ ဆေးရုံ တက်ရင် ဗလာစာအုပ်နဲ့ပဲ ဆင်းပေးတယ် OpD လူနာ ကတော့ စာအုပ်ကတော့ ဆေးရုံ စာအုပ်နဲ့ပဲ လုပ်ပေးတာ အကို”


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top