ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

" တီတီ ... မမ အက်ႌသစ္သစ္ေတြ ဝတ္ေနတယ္ " အသံစာစာေလးႏွင့္ လံုးလံုးေအာ္သံေၾကာင့္ Facebook သံုးရင္းမွ ျမ ေမာ့ၾကည့္လိုက္စဥ္  လံုးလံုးက ေပါင္ေပၚေစြ႕ခနဲ တက္ထိုင္လိုက္သည္။  ျမရဲ႕ အသည္းေက်ာ္ တူမေလးက သနပ္ခါး ပါးကြက္ၾကားေလးႏွင့္။

" နင္ ... အတို႔အေထာင္ မလုပ္နဲ႔ေနာ္ လံုးလံုး " ေျပာရင္း အခန္းထဲမွ ထြက္လာေသာ တူမႀကီး သြန္းသြန္းက စပို႔ရွပ္လွလွေလးကို ဝတ္ထားသည္။

" Couple Shirt ေလးပါလား သြန္း။ တီတီ့နား လာထိုင္ပါဦး။ သြား ... လံုးေလးက အိမ္ေအာက္သြားေဆာ့ေနာ္ " အစ္မကို ေျပာင္ျပၿပီး တဒုန္းဒုန္းႏွင့္ ေျပးဆင္းသြားေသာ လံုးေလးကို လွမ္းၾကည့္စဥ္ သြန္းက ခံုမွာ ဝင္ထိုင္လိုက္သည္။

" သြန္းေလးမွာ ခ်စ္သူ ရွိေနၿပီလား "  ျမ စကားေၾကာင့္ လန္႔သြားသည့္ မ်က္လံုးေလးကို ၾကည့္ရင္း ျမ ၿပံဳးျပလိုက္သည္။

 " မေၾကာက္ပါနဲ႔ ... တီတီက သြန္းကို ဆူမလို႔ မဟုတ္ပါဘူး "  စိတ္သက္သာစရာ ရသြားပံုရေသာ တူမေလးကို ပခံုးေလးတစ္ခ်က္ပုတ္ရင္း ဆံပင္ သပ္တင္ေပးလိုက္သည္။

" Valentine Day မွာ ေလွ်ာက္လည္မလို႔လား သြန္း " တြန္႔ခနဲ ျဖစ္သြားေသာ တူမေလးက ေခါင္းညိတ္ျပသည္။

 " လူငယ္သဘာဝကို တီတီ အျပစ္မေျပာပါဘူး သမီးရယ္။ ဒါေပမဲ့ သမီးကို ဇာတ္လမ္းေလး တစ္ပုဒ္ေတာ့ ေျပာျပခ်င္တယ္။ သမီး ၾကာဖူးေနက် ဇာတ္လမ္းမ်ိဳးပါပဲ။ ဒါေပမဲ့ တကယ့္ အျဖစ္အပ်က္တစ္ခုေပါ့ " စကားကို ခဏရပ္ရင္း  စိတ္ဝင္စားမႈ ရွိ၊ မရွိ အကဲခတ္ကာ ျမ စကားဆက္လိုက္သည္။

" လြန္ခဲ့တဲ့ 10 ႏွစ္ေလာက္က ဒီလို Valentine Day ေတြ စေခတ္စားစ အခ်ိန္ေပါ့။ သမီးလိုပဲ 10 တန္းေအာင္ကာစ မိန္းကေလးတစ္ေယာက္ဟာ ၿမိဳ႕ကလာတဲ႔ ဧည့္သည္တစ္ေယာက္နဲ႔  ခ်စ္ခဲ့ၾကတယ္။ ႐ိုးသားတဲ့မိန္းကေလးဟာ လူလည္တစ္ေယာက္ရဲ႕ လွည့္ကြက္မွာ အေတြ႕ကို မလြန္ဆန္ႏိုင္ဘဲ အခ်စ္နယ္ကၽြံခဲ့မိတယ္။ ဘာမွနားမလည္တဲ့အရြယ္ဆိုေတာ့ ကိုယ့္ကိုယ္ကိုလည္း မကာကြယ္တတ္ခဲ့ဖူးေလ။ ေနာက္ေတာ့ မိန္းကေလးမွာ ကိုယ္ဝန္ ရွိလာတယ္။ သူ႕ခ်စ္သူဆိုတာက ဘယ္ေရာက္သြားမွန္းကို မသိေတာ့ပါဘူး။ အရွက္ကြဲၿပီေပါ့ကြယ္။ မိန္းကေလးဟာ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ေတာင္ စိတ္ကူးခဲ႔မိတယ္။ သူ႔ထက္ ဦးသြားတာက သူ႔အေဖ လူ႐ိုးႀကီးေလ။ အရွက္ကို အသက္နဲ႔ လဲသြားခဲ့တယ္။ သူ႔ေနရာမွာ သမီး စဥ္းစားၾကည့္ပါ "

ေတြးေတြးေငးေငး နားေထာင္ေနေသာ တူမေလးကိုၾကည့္ရင္း ျမ စကားဆက္လိုက္သည္။ " ကိုယ့္ေၾကာင့္ ကိုယ့္မိဘေဆြမ်ိဳးေတြ အရွက္ရ သိမ္ငယ္ရမယ့္အျဖစ္မ်ိဳး သမီး မျဖစ္ေစခ်င္ဖူးဆိုတာ တီတီ သိပါတယ္။ သမီးဟာ ကိုယ့္ကိုယ္ကို တန္ဖိုးထားမယ့္ မိန္းကေလးဆိုတာ တီတီ ယံုၾကည္တယ္။ ဒါေပမဲ့ အေျခအေနဆိုတာကို တီတီ မယံုဘူးကြယ္။ ဒါေၾကာင့္ ခ်စ္သူနဲ႔သြားတဲ့အခါ ဆိတ္ကြယ္ရာကို မသြားဖို႔ တီတီ မွာခ်င္တယ္။ သမီး တီတီ့ကို ကတိေပးႏိုင္မလား ဟင္ "

 ျမရဲ႕ စကားအရွည္ႀကီး အဆံုးမွာေတာ့ သြန္း မ်က္ႏွာေလးက စဥ္းစားေနပံုေလးကို ေတြ႕ရသည္။

" သြန္း ကတိေပးႏိုင္ပါတယ္ တီတီ " မ်က္ႏွာ ၾကည္ၾကည္လင္လင္ႏွင့္ အေလးအနက္ ကတိေပးေနေသာ သြန္း မ်က္ႏွာေလးကို ေငးၾကည့္ရင္း ျမ စိတ္ခ်မ္းသာသြားရသည္။

" အိုေကေလ ... သြန္းေလး သင္တန္းသြားရမွာ မဟုတ္လား၊ သြားျပင္ေတာ့ေလ "  ၿပံဳးၿပံဳးရႊင္ရႊင္ျဖင့္ အခန္းထဲ ဝင္သြားေသာ တူမေလးကိုၾကည့္ရင္း ျမ သက္ပ်င္းတစ္ခ်က္ ခ်လိုက္မိသည္။

" ဘာေတြ သက္ျပင္းခ်ေနတာလဲ ျမရဲ႕ " အသံႏွင့္အတူ ေဘးမွာ ထိုင္ခ်လိုက္ေသာ ေမာင့္ကို လွည့္ၿပံဳးျပလိုက္ရသည္။ " ဘာမွမဟုတ္ပါဘူး ေမာင္ရယ္၊ သြန္းေလးကို ဆံုးမေနတာပါ"  ေမာင္က ျမကို ၿပံဳးၾကည့္ရင္း  " ေမာင့္တူမေလးေတြကို ဒီလိုခ်စ္ေပးတာ ျမကို ေမာင္ အရမ္းေက်းဇူးတင္တာပဲ"  ဟု ဆိုလာသည္။

" ေမာင္ကလည္း ဒါေလးမ်ား၊ သြားေလ အဝတ္အစား သြားလဲ "  ရယ္ရယ္ေမာေမာႏွင့္ ေမာင့္ကို တြန္းလႊတ္လိုက္ရသည္။

" ခ်စ္ရမွာေပါ့ ေမာင္ရယ္။ ေမာင္ေတာင္ အျပစ္ေတြ အမ်ားႀကီးနဲ႔ျမကို ဒီေလာက္ ခ်စ္ခင္ေပးခဲ့တာကိုး။ အေဖ ဆံုးခ်ိန္မွာ စိတ္ဆင္းရဲႀကီးစြာႏွင့္ လူယုတ္မာကိုယ္ဝန္ကို နည္းမ်ိဳးစံုႏွင့္ ဖ်က္ခ်ဖို႔ ႀကိဳးစားခဲ့ေသာ ဒဏ္ေတြေၾကာင့္ ကေလးမရႏိုင္ေတာ့မွန္း သိသိႏွင့္ေတာင္ ေမာင္က ျမကို လက္တြဲခဲ့သည္ေလကြယ္။ ေမာင့္ကို အားနာ၊ သနားရတာႏွင့္ပင္ ျမမွာ ေနာင္တေတြနဲ႔ ရွင္သန္ေနသူပါ ေမာင္ရယ္။ ျမလို အျဖစ္ဆိုးမ်ိဳး တျခားမိန္းကေလးေတြကို ထပ္မေတြ႕ေစခ်င္ေတာ့ပါဘူး။  သြန္းေလးက ျမလို မမိုက္မဲဖို႔ ျမ အေကာင္းဆံုး သြန္သင္ပါ့မယ္ ေမာင္ရယ္ " ဟူေသာ စကားေတြကိုေတာ့ ျမ စိတ္ထဲမွသာ ေရရြတ္လိုက္မိေတာ့သည္။

အလွဆံုး ပြင့္ရမယ့္အခ်ိန္မွာ ေနမေလာင္ပါေစနဲ႔ ပန္းကေလးတို႔ရယ္ ...

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Zero (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
" တီတီ ... မမ အကျႌသစ်သစ်တွေ ဝတ်နေတယ် " အသံစာစာလေးနှင့် လုံးလုံးအော်သံကြောင့် Facebook သုံးရင်းမှ မြ မော့ကြည့်လိုက်စဉ်  လုံးလုံးက ပေါင်ပေါ်စွေ့ခနဲ တက်ထိုင်လိုက်သည်။  မြရဲ့ အသည်းကျော် တူမလေးက သနပ်ခါး ပါးကွက်ကြားလေးနှင့်။

" နင် ... အတို့အထောင် မလုပ်နဲ့နော် လုံးလုံး " ပြောရင်း အခန်းထဲမှ ထွက်လာသော တူမကြီး သွန်းသွန်းက စပို့ရှပ်လှလှလေးကို ဝတ်ထားသည်။

" Couple Shirt လေးပါလား သွန်း။ တီတီ့နား လာထိုင်ပါဦး။ သွား ... လုံးလေးက အိမ်အောက်သွားဆော့နော် " အစ်မကို ပြောင်ပြပြီး တဒုန်းဒုန်းနှင့် ပြေးဆင်းသွားသော လုံးလေးကို လှမ်းကြည့်စဉ် သွန်းက ခုံမှာ ဝင်ထိုင်လိုက်သည်။

" သွန်းလေးမှာ ချစ်သူ ရှိနေပြီလား "  မြ စကားကြောင့် လန့်သွားသည့် မျက်လုံးလေးကို ကြည့်ရင်း မြ ပြုံးပြလိုက်သည်။

 " မကြောက်ပါနဲ့ ... တီတီက သွန်းကို ဆူမလို့ မဟုတ်ပါဘူး "  စိတ်သက်သာစရာ ရသွားပုံရသော တူမလေးကို ပခုံးလေးတစ်ချက်ပုတ်ရင်း ဆံပင် သပ်တင်ပေးလိုက်သည်။

" Valentine Day မှာ လျှောက်လည်မလို့လား သွန်း " တွန့်ခနဲ ဖြစ်သွားသော တူမလေးက ခေါင်းညိတ်ပြသည်။

 " လူငယ်သဘာဝကို တီတီ အပြစ်မပြောပါဘူး သမီးရယ်။ ဒါပေမဲ့ သမီးကို ဇာတ်လမ်းလေး တစ်ပုဒ်တော့ ပြောပြချင်တယ်။ သမီး ကြာဖူးနေကျ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ တကယ့် အဖြစ်အပျက်တစ်ခုပေါ့ " စကားကို ခဏရပ်ရင်း  စိတ်ဝင်စားမှု ရှိ၊ မရှိ အကဲခတ်ကာ မြ စကားဆက်လိုက်သည်။

" လွန်ခဲ့တဲ့ 10 နှစ်လောက်က ဒီလို Valentine Day တွေ စခေတ်စားစ အချိန်ပေါ့။ သမီးလိုပဲ 10 တန်းအောင်ကာစ မိန်းကလေးတစ်ယောက်ဟာ မြို့ကလာတဲ့ ဧည့်သည်တစ်ယောက်နဲ့  ချစ်ခဲ့ကြတယ်။ ရိုးသားတဲ့မိန်းကလေးဟာ လူလည်တစ်ယောက်ရဲ့ လှည့်ကွက်မှာ အတွေ့ကို မလွန်ဆန်နိုင်ဘဲ အချစ်နယ်ကျွံခဲ့မိတယ်။ ဘာမှနားမလည်တဲ့အရွယ်ဆိုတော့ ကိုယ့်ကိုယ်ကိုလည်း မကာကွယ်တတ်ခဲ့ဖူးလေ။ နောက်တော့ မိန်းကလေးမှာ ကိုယ်ဝန် ရှိလာတယ်။ သူ့ချစ်သူဆိုတာက ဘယ်ရောက်သွားမှန်းကို မသိတော့ပါဘူး။ အရှက်ကွဲပြီပေါ့ကွယ်။ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် စိတ်ကူးခဲ့မိတယ်။ သူ့ထက် ဦးသွားတာက သူ့အဖေ လူရိုးကြီးလေ။ အရှက်ကို အသက်နဲ့ လဲသွားခဲ့တယ်။ သူ့နေရာမှာ သမီး စဉ်းစားကြည့်ပါ "

တွေးတွေးငေးငေး နားထောင်နေသော တူမလေးကိုကြည့်ရင်း မြ စကားဆက်လိုက်သည်။ " ကိုယ့်ကြောင့် ကိုယ့်မိဘဆွေမျိုးတွေ အရှက်ရ သိမ်ငယ်ရမယ့်အဖြစ်မျိုး သမီး မဖြစ်စေချင်ဖူးဆိုတာ တီတီ သိပါတယ်။ သမီးဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမယ့် မိန်းကလေးဆိုတာ တီတီ ယုံကြည်တယ်။ ဒါပေမဲ့ အခြေအနေဆိုတာကို တီတီ မယုံဘူးကွယ်။ ဒါကြောင့် ချစ်သူနဲ့သွားတဲ့အခါ ဆိတ်ကွယ်ရာကို မသွားဖို့ တီတီ မှာချင်တယ်။ သမီး တီတီ့ကို ကတိပေးနိုင်မလား ဟင် "

 မြရဲ့ စကားအရှည်ကြီး အဆုံးမှာတော့ သွန်း မျက်နှာလေးက စဉ်းစားနေပုံလေးကို တွေ့ရသည်။

" သွန်း ကတိပေးနိုင်ပါတယ် တီတီ " မျက်နှာ ကြည်ကြည်လင်လင်နှင့် အလေးအနက် ကတိပေးနေသော သွန်း မျက်နှာလေးကို ငေးကြည့်ရင်း မြ စိတ်ချမ်းသာသွားရသည်။

" အိုကေလေ ... သွန်းလေး သင်တန်းသွားရမှာ မဟုတ်လား၊ သွားပြင်တော့လေ "  ပြုံးပြုံးရွှင်ရွှင်ဖြင့် အခန်းထဲ ဝင်သွားသော တူမလေးကိုကြည့်ရင်း မြ သက်ပျင်းတစ်ချက် ချလိုက်မိသည်။

" ဘာတွေ သက်ပြင်းချနေတာလဲ မြရဲ့ " အသံနှင့်အတူ ဘေးမှာ ထိုင်ချလိုက်သော မောင့်ကို လှည့်ပြုံးပြလိုက်ရသည်။ " ဘာမှမဟုတ်ပါဘူး မောင်ရယ်၊ သွန်းလေးကို ဆုံးမနေတာပါ"  မောင်က မြကို ပြုံးကြည့်ရင်း  " မောင့်တူမလေးတွေကို ဒီလိုချစ်ပေးတာ မြကို မောင် အရမ်းကျေးဇူးတင်တာပဲ"  ဟု ဆိုလာသည်။

" မောင်ကလည်း ဒါလေးများ၊ သွားလေ အဝတ်အစား သွားလဲ "  ရယ်ရယ်မောမောနှင့် မောင့်ကို တွန်းလွှတ်လိုက်ရသည်။

" ချစ်ရမှာပေါ့ မောင်ရယ်။ မောင်တောင် အပြစ်တွေ အများကြီးနဲ့မြကို ဒီလောက် ချစ်ခင်ပေးခဲ့တာကိုး။ အဖေ ဆုံးချိန်မှာ စိတ်ဆင်းရဲကြီးစွာနှင့် လူယုတ်မာကိုယ်ဝန်ကို နည်းမျိုးစုံနှင့် ဖျက်ချဖို့ ကြိုးစားခဲ့သော ဒဏ်တွေကြောင့် ကလေးမရနိုင်တော့မှန်း သိသိနှင့်တောင် မောင်က မြကို လက်တွဲခဲ့သည်လေကွယ်။ မောင့်ကို အားနာ၊ သနားရတာနှင့်ပင် မြမှာ နောင်တတွေနဲ့ ရှင်သန်နေသူပါ မောင်ရယ်။ မြလို အဖြစ်ဆိုးမျိုး တခြားမိန်းကလေးတွေကို ထပ်မတွေ့စေချင်တော့ပါဘူး။  သွန်းလေးက မြလို မမိုက်မဲဖို့ မြ အကောင်းဆုံး သွန်သင်ပါ့မယ် မောင်ရယ် " ဟူသော စကားတွေကိုတော့ မြ စိတ်ထဲမှသာ ရေရွတ်လိုက်မိတော့သည်။

အလှဆုံး ပွင့်ရမယ့်အချိန်မှာ နေမလောင်ပါစေနဲ့ ပန်းကလေးတို့ရယ် ...

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Zero (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top