ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

" လမ္းခြဲမယ္ " " လမ္းခြဲမယ္" နဲ႔ ထစ္ကနဲ႔႐ွိ စိတ္ထဲ ဘဝင္မေတြ႕မိလို႔ ရန္ဖစ္တိုင္း မဆိုမိပါေစနဲ႔။

ႏွလံုးသားနဲ႔ ထံုမႊမ္းထားတဲ့ တို႔ႏွစ္ေယာက္ အခ်စ္ဇတ္လမ္းဟာ လမ္းခြဲမယ္ ေျပာတိုင္း ျပတ္ဆဲ ရေတာ့မွာလား။

ဖုန္းဆက္လို႔ ဖုန္းမကိုင္မိတဲ့ အခိုက္အတန္႔ တဖက္သားအတြက္ ခံရခက္တဲ့ စြတ္စြဲခ်က္ေတြနဲ႔ တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကို သံသယဆူးႀကိဳးနဲ႔ ခတ္ေတာ့မလို႔လား????

Reply ၾကာတိုင္း စိတ္တိုလာၿပီးေနာ္ ဆိုတဲ့ " ေဒါသစိတ္ေလး "ကို တစိတ္ေလာက္ ေလ်ာ့လို႔ ေျဖ႐ွင္းခြင့္ေလးေတာ့ ေခတၱေစာင့္ေပးပါဦး။

Fb Timeline မွာ R.S မတင္လို႔ သို႔ေလာ သို႔ေလာ အထင္ေတြနဲ႔ တို႔ႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းကို အစြန္းမေရာက္မိပါေစနဲ႔……

ခ်စ္တယ္ ဆိုတဲ့ အတိမ္အနက္ကို တို႔ႏွစ္ေယာက္ သိနာလည္းၿပီး သစၥာၿမဲဖို႔ကသာ အဓိကပါ ဘယ္သူ/ ဘယ္ဝါ သိေနဖို႔အတြက္ ေၾကျငာေမာင္းခတ္ ေနစရာမွ အခ်စ္က မလိုတာေလ……

R.S မတင္မိလို႔ ျပႆနာ မႀကီးမားေပမဲ့ တင္လိုက္မိလို႔ မလိုလားအပ္တဲ့ အတားအဆီးေတြ ဆိုတာ ႀကိဳတင္ျမင္ရတာမွ မဟုတ္ေလေတာ့ တို႔ႏွစ္ေယာက္ ခ်စ္ျခင္းအတြက္ လိုသူရယ္ မလိုသူရယ္ ႐ွိေနႏိုင္တယ္ ဆိုတာ ႀကိဳတြက္ထားရမယ္ေလ။

လူစိတ္သဘာဝအရ ခ်ီးမြမ္းရင္သာ ေက်နပ္ေနတတ္ၾကတာ ကဲ့ရဲ႕လို႔ ႐ႈတ္ခ်ရင္ ဘယ္သူမွ ခံႏိုင္ရည္အား မ႐ွိတဲ့အခါ တိုႏွစ္ေယာက္အတြက္ အေရးမပါတဲ့ အေၾကာင္းအရာအတြက္ စိတ္႐ႈပ္ခံသလို မျဖစ္ေစခ်င္လိုပါ။

ခ်စ္လို႔ပါ ဆိုတဲ့ စကားတစ္ခြန္းနဲ႔ အရာရာခ်ည္ေႏွာင္ လႊမ္းမိုး အုပ္စိုးဖို႔က ဘယ္လို ကိစၥမဆို ျဖစ္သင့္ျဖစ္ထိုက္တာကို နားလည္ေအာင္ တေယာက္ကို တေယာက္ အေလးထားၿပီး ႐ွင္းျပရင္ ကိုယ့္ပိုင္ဥေႏွာက္ကိုယ့္စီနဲ႔ အသိတရား ႐ွိေနၾကရမယ္ေလ။

ခ်စ္သူထားတယ္ ဆိုတာ အဓိက က ႏွလံုးသား ႏွစ္ခု ထပ္တူက်ႏိုင္ေအာင္ အေကာင္းဆံုး ခံစားနားလည္
ေပးတတ္ျခင္ဘဲ။

တစ္ေယာက္စိတ္ေကာက္လို႔ တစ္ေယာက္ လိုက္ရြဲေနဖို႔မွ မဟုတ္တာ အဲ့သလို ေျခလွမ္းမညီတဲ့ ခ်စ္ခရီးလမ္း ေက်ာခ်င္းကပ္ လားရားကိုယ္စီ သြားေနတာနဲ႔ တူတယ္ ဆိုတာ သိထားရလိမ့္မယ္။

တစ္ေယာက္စိတ္တို တစ္ေယာက္က ေျဖ႐ွင္းခ်က္နဲ႔ ေျဖေလ်ာ့လို႔ ျဖစ္ေနတာနဲ႔ ျဖစ္သင့္တာမွာ လြဲေနတဲ့ အလြဲကို ျမင္ေအာင္ ႐ွင္းလင္းေျပာျပၿပီး လားရာတူ ပန္းတိုင္ဆီသို႔ ေလ်ွာက္လွမ္းေသာ ခ်စ္ခရီးလမ္းကသာ သာယာေသာအနာဂတ္ကို ဖန္တီးႏိုင္တယ္ဆိုတာကို သိထားရလိမ့္မယ္။

ေလာကမွာ ၿပီးျပည့္စံုတဲ့ လူရယ္လို႔ မ႐ွိတဲ့ သေဘာကို သိထားၾကတယ္ ဆိုရင္ ဘယ္လို က်ဴးလြန္မႈ မ်ဳိးကိုမွ အစြမ္းထက္တဲ့ သံသယလက္နက္နဲ႔ မေျဖ႐ွင္းဘဲ အသိတရားနဲ႔ တာဝန္ယူလိုစိတ္နဲ႔သာ ရန္မ်ားကို ေျဖ႐ွင္းတတ္ရလိမ့္မယ္။

ဘဝအတြက္ လက္တြဲေဖာ္ဆိုတာ ဘယ္အရာမဆို အေကာင္းဆံုး အခ်စ္ေဆးက ႐ုိးသား သိတတ္မႈကို အေျခခံမွသာ သစၥာ႐ွိတဲ့ ထာဝရ " ပါရမီ ျဖည့္ဖက္ " ေကာင္းေတြ ျဖစ္လာေစမွာပါ။

အခ်စ္စစ္ တို႔မွန္ရင္ ေျဖာင့္ေသာလမ္းထက္ ေကာက္ေကြ႔ေသာ လမ္းတေလ်ွာက္ ဆူးေျငာင့္ ခလုတ္နဲ႔ ဝင္တိုးမိတဲ့အခါ တို႔ႏွစ္ေယာက္ အခ်စ္ခြန္အား အတြက္ အေရးႀကီးဆံုး အရာဟာ " ယံုၾကည့္မႉ "ဆိုတာကို အလြဲမေသြ ဆုပ္ကိုင္ ထားရမယ္ ဆိုတာ ေမ့ထားလိုမရပါ။

ဒါေၾကာင့္... ခ်စ္သူတိုင္း ခ်စ္မိတဲ့ စိတ္ကေလး တဒဂၤအေတြးနဲ႔ အရာမေျမာက္တဲ့ ေလထဲက လြင့္တတ္တဲ့ေဘးစကား သာယာမႈေနာက္ ခဏတာ ေပ်ာ္ဝင္တတ္တဲ့ သစၥာတရား စိတ္မိုက္ကို ပံ့ပိုးတတ္ေသာ သံသယ အေတြးမ်ားစြာနဲ႔ တည္ေဆာက္ခဲ့ဖူးေသာ ယံုၾကည္မႈကို ႐ုိက္ခ်ဳိးဖ်က္ဆီးသလို မျဖစ္ပါေစနဲ႔လို႔စ္……

R.S ေလးမ်ားအတြက္ ရည္ရြယ္လ်ွက္……

ဖိုးသူေတာ္ (www.phothutaw.com)
Credit: loveshortnotes

#Unicode Version#
" လမ်းခွဲမယ် " " လမ်းခွဲမယ်" နဲ့ ထစ်ကနဲ့ရှိ စိတ်ထဲ ဘဝင်မတွေ့မိလို့ ရန်ဖစ်တိုင်း မဆိုမိပါစေနဲ့။

နှလုံးသားနဲ့ ထုံမွှမ်းထားတဲ့ တို့နှစ်ယောက် အချစ်ဇတ်လမ်းဟာ လမ်းခွဲမယ် ပြောတိုင်း ပြတ်ဆဲ ရတော့မှာလား။

ဖုန်းဆက်လို့ ဖုန်းမကိုင်မိတဲ့ အခိုက်အတန့် တဖက်သားအတွက် ခံရခက်တဲ့ စွတ်စွဲချက်တွေနဲ့ တို့နှစ်ယောက်ရဲ့ အချစ်ရေးကို သံသယဆူးကြိုးနဲ့ ခတ်တော့မလို့လား????

Reply ကြာတိုင်း စိတ်တိုလာပြီးနော် ဆိုတဲ့ " ဒေါသစိတ်လေး "ကို တစိတ်လောက် လျော့လို့ ဖြေရှင်းခွင့်လေးတော့ ခေတ္တစောင့်ပေးပါဦး။

Fb Timeline မှာ R.S မတင်လို့ သို့လော သို့လော အထင်တွေနဲ့ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အစွန်းမရောက်မိပါစေနဲ့……

ချစ်တယ် ဆိုတဲ့ အတိမ်အနက်ကို တို့နှစ်ယောက် သိနာလည်းပြီး သစ္စာမြဲဖို့ကသာ အဓိကပါ ဘယ်သူ/ ဘယ်ဝါ သိနေဖို့အတွက် ကြေငြာမောင်းခတ် နေစရာမှ အချစ်က မလိုတာလေ……

R.S မတင်မိလို့ ပြဿနာ မကြီးမားပေမဲ့ တင်လိုက်မိလို့ မလိုလားအပ်တဲ့ အတားအဆီးတွေ ဆိုတာ ကြိုတင်မြင်ရတာမှ မဟုတ်လေတော့ တို့နှစ်ယောက် ချစ်ခြင်းအတွက် လိုသူရယ် မလိုသူရယ် ရှိနေနိုင်တယ် ဆိုတာ ကြိုတွက်ထားရမယ်လေ။

လူစိတ်သဘာဝအရ ချီးမွမ်းရင်သာ ကျေနပ်နေတတ်ကြတာ ကဲ့ရဲ့လို့ ရှုတ်ချရင် ဘယ်သူမှ ခံနိုင်ရည်အား မရှိတဲ့အခါ တိုနှစ်ယောက်အတွက် အရေးမပါတဲ့ အကြောင်းအရာအတွက် စိတ်ရှုပ်ခံသလို မဖြစ်စေချင်လိုပါ။

ချစ်လို့ပါ ဆိုတဲ့ စကားတစ်ခွန်းနဲ့ အရာရာချည်နှောင် လွှမ်းမိုး အုပ်စိုးဖို့က ဘယ်လို ကိစ္စမဆို ဖြစ်သင့်ဖြစ်ထိုက်တာကို နားလည်အောင် တယောက်ကို တယောက် အလေးထားပြီး ရှင်းပြရင် ကိုယ့်ပိုင်ဥနှောက်ကိုယ့်စီနဲ့ အသိတရား ရှိနေကြရမယ်လေ။

ချစ်သူထားတယ် ဆိုတာ အဓိက က နှလုံးသား နှစ်ခု ထပ်တူကျနိုင်အောင် အကောင်းဆုံး ခံစားနားလည်
ပေးတတ်ခြင်ဘဲ။

တစ်ယောက်စိတ်ကောက်လို့ တစ်ယောက် လိုက်ရွဲနေဖို့မှ မဟုတ်တာ အဲ့သလို ခြေလှမ်းမညီတဲ့ ချစ်ခရီးလမ်း ကျောချင်းကပ် လားရားကိုယ်စီ သွားနေတာနဲ့ တူတယ် ဆိုတာ သိထားရလိမ့်မယ်။

တစ်ယောက်စိတ်တို တစ်ယောက်က ဖြေရှင်းချက်နဲ့ ဖြေလျော့လို့ ဖြစ်နေတာနဲ့ ဖြစ်သင့်တာမှာ လွဲနေတဲ့ အလွဲကို မြင်အောင် ရှင်းလင်းပြောပြပြီး လားရာတူ ပန်းတိုင်ဆီသို့ လျှောက်လှမ်းသော ချစ်ခရီးလမ်းကသာ သာယာသောအနာဂတ်ကို ဖန်တီးနိုင်တယ်ဆိုတာကို သိထားရလိမ့်မယ်။

လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိတဲ့ သဘောကို သိထားကြတယ် ဆိုရင် ဘယ်လို ကျူးလွန်မှု မျိုးကိုမှ အစွမ်းထက်တဲ့ သံသယလက်နက်နဲ့ မဖြေရှင်းဘဲ အသိတရားနဲ့ တာဝန်ယူလိုစိတ်နဲ့သာ ရန်များကို ဖြေရှင်းတတ်ရလိမ့်မယ်။

ဘဝအတွက် လက်တွဲဖော်ဆိုတာ ဘယ်အရာမဆို အကောင်းဆုံး အချစ်ဆေးက ရိုးသား သိတတ်မှုကို အခြေခံမှသာ သစ္စာရှိတဲ့ ထာဝရ " ပါရမီ ဖြည့်ဖက် " ကောင်းတွေ ဖြစ်လာစေမှာပါ။

အချစ်စစ် တို့မှန်ရင် ဖြောင့်သောလမ်းထက် ကောက်ကွေ့သော လမ်းတလျှောက် ဆူးငြောင့် ခလုတ်နဲ့ ဝင်တိုးမိတဲ့အခါ တို့နှစ်ယောက် အချစ်ခွန်အား အတွက် အရေးကြီးဆုံး အရာဟာ " ယုံကြည့်မှူ "ဆိုတာကို အလွဲမသွေ ဆုပ်ကိုင် ထားရမယ် ဆိုတာ မေ့ထားလိုမရပါ။

ဒါကြောင့်... ချစ်သူတိုင်း ချစ်မိတဲ့ စိတ်ကလေး တဒင်္ဂအတွေးနဲ့ အရာမမြောက်တဲ့ လေထဲက လွင့်တတ်တဲ့ဘေးစကား သာယာမှုနောက် ခဏတာ ပျော်ဝင်တတ်တဲ့ သစ္စာတရား စိတ်မိုက်ကို ပံ့ပိုးတတ်သော သံသယ အတွေးများစွာနဲ့ တည်ဆောက်ခဲ့ဖူးသော ယုံကြည်မှုကို ရိုက်ချိုးဖျက်ဆီးသလို မဖြစ်ပါစေနဲ့လို့စ်……

R.S လေးများအတွက် ရည်ရွယ်လျှက်……

ဖိုးသူတော် (www.phothutaw.com)
Credit: loveshortnotes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top