ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခရမ္းခ်ဥ္သီးဟာ အသားအေရလွေစတယ္ဆိုတာ လူတိုင္းသိၿပီးသားျဖစ္မွာပါေနာ္။ အသားအေရကို ၾကည္လင္ေစၿပီး အမည္းစက္ေတြ ေနေလာင္ကြက္ေတြကို ဖယ္ရွားေပးပါတယ္။ ဗီတာမင္ C ပါဝင္လို႔ အသားအေရကို ျဖဴဝင္းေစသလို ဝက္ၿခံကိုလည္း သက္သာေစပါတယ္။

နည္းလမ္း (၁)

ခရမ္းခ်ဥ္သီးကို ၿပဲေအာင္လုပ္လိုက္ပါ။ အေစ့ကို ထုတ္လိုက္ပါ။ ၿပီးရင္ ေကြကာအုတ္အၾကမ္းမႈန္႔ကိုထည့္ၿပီး ေရာလိုက္ပါ။ အဲဒီေနာက္ ေဖ်ာ္စက္ထဲထည့္ၿပီး ေသခ်ာေလး က်ိတ္ေပးလိုက္ပါ။ ၿပီးရင္ မ်က္ႏွာေပၚမွာ ေသခ်ာေလး ပြတ္လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားကာ ေရေဆးခ်လိုက္ပါ။

ေနေလာင္ထားတယ္ဆိုရင္ သံပုရာသီးကို အရည္ညွစ္ၿပီးထည့္ႏိုင္ပါတယ္။

နည္းလမ္း (၂)

ေခၽြးေပါက္ပြင့္ၿပီး ေခၽြးေပါက္ထဲထိ အညစ္အေၾကးေတြကို သန္႔စင္ေပးႏိုင္ဖို႔ ခရမ္းခ်ဥ္သီးအရည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သံပုရာရည္စားပြဲတင္ဇြန္း ၂ ဇြန္းကိုေရာလိုက္ပါ။ ၿပီးရင္ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး ခဏေလာက္ ႏွိပ္ေပးပါ။ အဲဒီေနာက္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

နည္းလမ္း (၃)

ခရမ္းခ်ဥ္သီးနဲ႔ သၾကားကိုေရာၿပီး မ်က္ႏွာေပၚမွာပြတ္ေပးရင္ အသားအေရ ယားယံတာအပါအဝင္ အညစ္အေၾကးေတြကို သန္႔စင္ေပးႏုိင္ပါတယ္။

ခရမ္းခ်ဥ္သီးေပၚမွာ သၾကားကိုတင္ေပးလိုက္ၿပီး မ်က္ႏွာေပၚမွာ ပြတ္ေပးလိုက္ပါ။ ၿပီး၇င္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
ခရမ်းချဉ်သီးဟာ အသားအရေလှစေတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါနော်။ အသားအရေကို ကြည်လင်စေပြီး အမည်းစက်တွေ နေလောင်ကွက်တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင် C ပါဝင်လို့ အသားအရေကို ဖြူဝင်းစေသလို ဝက်ခြံကိုလည်း သက်သာစေပါတယ်။

နည်းလမ်း (၁)

ခရမ်းချဉ်သီးကို ပြဲအောင်လုပ်လိုက်ပါ။ အစေ့ကို ထုတ်လိုက်ပါ။ ပြီးရင် ကွေကာအုတ်အကြမ်းမှုန့်ကိုထည့်ပြီး ရောလိုက်ပါ။ အဲဒီနောက် ဖျော်စက်ထဲထည့်ပြီး သေချာလေး ကျိတ်ပေးလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ သေချာလေး ပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။

နေလောင်ထားတယ်ဆိုရင် သံပုရာသီးကို အရည်ညှစ်ပြီးထည့်နိုင်ပါတယ်။

နည်းလမ်း (၂)

ချွေးပေါက်ပွင့်ပြီး ချွေးပေါက်ထဲထိ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ဖို့ ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုရာရည်စားပွဲတင်ဇွန်း ၂ ဇွန်းကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခဏလောက် နှိပ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

နည်းလမ်း (၃)

ခရမ်းချဉ်သီးနဲ့ သကြားကိုရောပြီး မျက်နှာပေါ်မှာပွတ်ပေးရင် အသားအရေ ယားယံတာအပါအဝင် အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးပေါ်မှာ သကြားကိုတင်ပေးလိုက်ပြီး မျက်နှာပေါ်မှာ ပွတ်ပေးလိုက်ပါ။ ပြီး၇င် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top