ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းမ တစ္ေယာက္ရဲ႕👉👧  မာနနဲ႔👈 တန္ဖိုး👈 ကို ေစာ္ကားခဲ့ရင္ သိပ္ခ်စ္ရတဲ့ ေယာက်ာ္းျဖစ္ပါေစ👉👨 စြန္႔လႊတ္လိုက္ပါ ညီမေလး😏

တစ္ေန႔မွာ နာမည္ႀကီး ေဟာေျပာသူ တစ္ေယာက္က လူ ၂၀၀ ေလာက္ ရွိတဲ့ ခန္းမထဲမွာ ေဒၚလာ တစ္ရာတန္ တစ္ရြက္ကို ကိုင္ၿပီး စတင္လိုက္ပါတယ္။ ခန္းမထဲမွာ ရွိတဲ့ လူေတြကို ဒီ ေဒၚလာ ၁၀၀ ကို ဘယ္သူလိုခ်င္လဲ … ? လိုခ်င္တဲ့သူေတြ လက္ေထာင္လိုက္ပါ လို႔ ေျပာပါတယ္ …

အဲဒီအခ်ိန္မွာ အားလံုးက လက္ေထာင္ၿပီးေတာ့ လိုခ်င္ေၾကာင္း ျပၾကပါတယ္။ ပရိတ္သတ္ေတြထဲ က တစ္ေယာက္ ကို ဒီ ေဒၚလာ ၁၀၀ ကို ေပးပါမယ္ … ဒါေပမယ့္ တစ္ခုေတာ့ လုပ္ခြင့္ေပးပါ လို႔ေျပာၿပီးေတာ့ အဲဒီပိုိက္ဆံကို လံုးေခ်လိုက္ပါတယ္။ ၿပီးေတာ့ ဘယ္သူေတြ လိုခ်င္ၾကေသးလဲ လို႔ ေမးျပန္ပါတယ္။ ပရိတ္သတ္ေတြကေတာ့ လက္ေတြကို ေျမႇာက္ထားၾကဆဲပါ …

ဟုတ္ၿပီ … ဒါဆိုရင္  … ဘာဆက္လုပ္မလဲ ၾကည့္ရေအာင္ဗ်ာ … ဆိုၿပီးေတာ့ ပိုက္ဆံကို ၾကမ္းျပင္ေပၚ ပစ္ခ်လိုက္ၿပီးေတာ့ ဖိနပ္နဲ႔ နင္းေခ်လိုက္ပါတယ္ … အဲဒီေၾကမြ ေပေရ ေနတဲ့ ပိုက္ဆံကို ျပန္ေကာက္ၿပီးေတာ့ ဘယ္သူေတြလိုခ်င္ေသးလဲ လို႔ ထပ္ေမးပါတယ္။ ပရိတ္သတ္ေတြကေတာ့ လက္ေတြ ေျမႇာက္ထားဆဲပါပဲ …

အဲဒီေတာ့မွ ပရိတ္သတ္ႀကီးကို…  တန္ဖိုးရွိတဲ့ သင္ခန္းစာတစ္ခုကို ေျပာျပခ်င္လို႔ပါ …  ဒီပိုက္ဆံကို ဘယ္လိုပဲ နင္းေခ် ညစ္ပတ္ေပေရ လုပ္လိုက္ေပမယ့္ ပရိတ္သတ္ႀကီးက လိုခ်င္ေနဆဲပါပဲ … ဘာေၾကာင့္လဲဆိုေတာ့ ပိုက္ဆံကို ညစ္ပတ္ေပေရ တြန္႔ေၾက သြားေအာင္ လုပ္လိုက္္ေပမယ့္ သူရဲ႕ တန္ဖိုးက ေျပာင္းလဲမသြားလို႔ပါ …

ညီမေလး႔ ဘဝမွာ အႀကိမ္ေပါင္းမ်ားစြာ ျပဳတ္က်ႏုိင္တယ္.. ေၾကမြႏိုင္တယ္… ညစ္ပတ္ေပေရ သလိုမ်ိဳး ဘဝေတြ ႏြမ္းပါးႏိုင္တယ္။ ဘာမွ အသံုးမက်ေတာ့ဘူး လို႔ေတာင္ ခံစားရေကာင္း ခံစားရမိႏိုင္တယ္။ ဒါေပမယ့္ ဘာပဲျဖစ္ခဲ့ခဲ့… ဘာေတြပဲ ျဖစ္လာလာ ကိုယ့္ရဲ႕ တန္ဖိုးေတာ့ မမဲ့ပါေစနဲ႔ .. ဒါေလးေတာ့ မေမ့ေစခ်င္ပါဘူး လို႔ ေျပာလိုက္ပါတယ္

ဒီအေၾကာင္းအရာေလးကို အင္တာနက္မွာ ဖတ္မိတဲ့အခါ ဆက္စဥ္းစားျဖစ္ပါတယ္… ပိုက္ဆံ တစ္ရြက္မွာ ၂၀၀… ၅၀၀… ၁၀၀၀.. ၅၀၀၀…. ၁၀၀၀ စသည္ျဖင့္ တန္ဖိုးေတြ ရွိသလို… လူတစ္ေယာက္ရဲ႕ တန္ဖိုးဆိုတာ ဘာလဲ… ကိုယ့္မွာ ဘယ္လိုတန္ဖိုးေတြ ရွိသင့္လဲ…

႐ိုးသားမႈ…

စာနာ နားလည္မႈ…

တရားမွ်တမႈ…

ဥာဏ္ပညာ ႀကီးမားမႈ…

ေခါင္းေဆာင္ႏိုင္မႈ…

ေပးကမ္းစြန္႔ႀကဲႏိုင္မႈ…

ရဲရင့္မႈ …

စြန္႔လႊတ္ အနစ္နာခံႏိုင္မႈ …

စတဲ့ စတဲ့ ေလာကပါလ တရားေတြထဲက ကိုယ့္ရဲ႕ တန္ဖိုးကို ဘယ္လို သတ္မွတ္ၾကမလဲ … အေလးအနက္ထားၿပီး စဥ္းစားၾကည့္ၾက ေစခ်င္ပါတယ္ ….

“ တန္ဖိုးရွိေသာ ဘဝကိုယ္စီကို ပိုင္ဆိုင္ ႏိုင္ၾကပါေစကြယ္ … ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: loveshort
#Unicode Version#
မိန်းမ တစ်ယောက်ရဲ့👉👧  မာနနဲ့👈 တန်ဖိုး👈 ကို စော်ကားခဲ့ရင် သိပ်ချစ်ရတဲ့ ယောကျာ်းဖြစ်ပါစေ👉👨 စွန့်လွှတ်လိုက်ပါ ညီမလေး😏

တစ်နေ့မှာ နာမည်ကြီး ဟောပြောသူ တစ်ယောက်က လူ ၂၀၀ လောက် ရှိတဲ့ ခန်းမထဲမှာ ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို ကိုင်ပြီး စတင်လိုက်ပါတယ်။ ခန်းမထဲမှာ ရှိတဲ့ လူတွေကို ဒီ ဒေါ်လာ ၁၀၀ ကို ဘယ်သူလိုချင်လဲ … ? လိုချင်တဲ့သူတွေ လက်ထောင်လိုက်ပါ လို့ ပြောပါတယ် …

အဲဒီအချိန်မှာ အားလုံးက လက်ထောင်ပြီးတော့ လိုချင်ကြောင်း ပြကြပါတယ်။ ပရိတ်သတ်တွေထဲ က တစ်ယောက် ကို ဒီ ဒေါ်လာ ၁၀၀ ကို ပေးပါမယ် … ဒါပေမယ့် တစ်ခုတော့ လုပ်ခွင့်ပေးပါ လို့ပြောပြီးတော့ အဲဒီပိုက်ဆံကို လုံးချေလိုက်ပါတယ်။ ပြီးတော့ ဘယ်သူတွေ လိုချင်ကြသေးလဲ လို့ မေးပြန်ပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေကို မြှောက်ထားကြဆဲပါ …

ဟုတ်ပြီ … ဒါဆိုရင်  … ဘာဆက်လုပ်မလဲ ကြည့်ရအောင်ဗျာ … ဆိုပြီးတော့ ပိုက်ဆံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီးတော့ ဖိနပ်နဲ့ နင်းချေလိုက်ပါတယ် … အဲဒီကြေမွ ပေရေ နေတဲ့ ပိုက်ဆံကို ပြန်ကောက်ပြီးတော့ ဘယ်သူတွေလိုချင်သေးလဲ လို့ ထပ်မေးပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေ မြှောက်ထားဆဲပါပဲ …

အဲဒီတော့မှ ပရိတ်သတ်ကြီးကို…  တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကို ပြောပြချင်လို့ပါ …  ဒီပိုက်ဆံကို ဘယ်လိုပဲ နင်းချေ ညစ်ပတ်ပေရေ လုပ်လိုက်ပေမယ့် ပရိတ်သတ်ကြီးက လိုချင်နေဆဲပါပဲ … ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကို ညစ်ပတ်ပေရေ တွန့်ကြေ သွားအောင် လုပ်လိုက်ပေမယ့် သူရဲ့ တန်ဖိုးက ပြောင်းလဲမသွားလို့ပါ …

ညီမလေး့ ဘဝမှာ အကြိမ်ပေါင်းများစွာ ပြုတ်ကျနိုင်တယ်.. ကြေမွနိုင်တယ်… ညစ်ပတ်ပေရေ သလိုမျိုး ဘဝတွေ နွမ်းပါးနိုင်တယ်။ ဘာမှ အသုံးမကျတော့ဘူး လို့တောင် ခံစားရကောင်း ခံစားရမိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ခဲ့ခဲ့… ဘာတွေပဲ ဖြစ်လာလာ ကိုယ့်ရဲ့ တန်ဖိုးတော့ မမဲ့ပါစေနဲ့ .. ဒါလေးတော့ မမေ့စေချင်ပါဘူး လို့ ပြောလိုက်ပါတယ်

ဒီအကြောင်းအရာလေးကို အင်တာနက်မှာ ဖတ်မိတဲ့အခါ ဆက်စဉ်းစားဖြစ်ပါတယ်… ပိုက်ဆံ တစ်ရွက်မှာ ၂၀၀… ၅၀၀… ၁၀၀၀.. ၅၀၀၀…. ၁၀၀၀ စသည်ဖြင့် တန်ဖိုးတွေ ရှိသလို… လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဘာလဲ… ကိုယ့်မှာ ဘယ်လိုတန်ဖိုးတွေ ရှိသင့်လဲ…

ရိုးသားမှု…

စာနာ နားလည်မှု…

တရားမျှတမှု…

ဉာဏ်ပညာ ကြီးမားမှု…

ခေါင်းဆောင်နိုင်မှု…

ပေးကမ်းစွန့်ကြဲနိုင်မှု…

ရဲရင့်မှု …

စွန့်လွှတ် အနစ်နာခံနိုင်မှု …

စတဲ့ စတဲ့ လောကပါလ တရားတွေထဲက ကိုယ့်ရဲ့ တန်ဖိုးကို ဘယ်လို သတ်မှတ်ကြမလဲ … အလေးအနက်ထားပြီး စဉ်းစားကြည့်ကြ စေချင်ပါတယ် ….

“ တန်ဖိုးရှိသော ဘဝကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေကွယ် … ”


ဖိုးသူတော် (www.phothutaw.com)
Credit: loveshort
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top