မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×







Credit: Hello Myanmar

# Unicode Version ဖြင့် ဖတ်ပါ #

အိန္ဒိယက လယ်သမားကြီး Andhra Pradesh ကတော့ သူ့ရဲ့ယာခင်းထဲက ဂေါ်ဖီထုတ်တွေ ခဏခဏပြောက်လွန်းလို့ အလှမယ် အပြာမင်းသမီးSunny  Leone ရဲ့ ပိုစတာကို ချိပ်စွဲထားပြီး သူခိုးရန်ကို ကာကွယ်ခဲ့ပါတယ်။

သူ့ရဲ လုပ်ဆောင်ချက်က ရယ်ဖွယ်ရာ ဟာသလဲဆန်နေသလို တကယ်လဲ လက်တွေ့မှာ သူခိုးရန်ကို ကာကွယ်နိုင်ခဲ့ပြီး သူခိုးများက Sunny Leone ရဲ့ Sexy ပိုစတာကိုသာ မြင်နေခဲ့ကြပြီး သူ့ယာခင်းထည်းက ဂေါ်ဖီထုတ်တွေကို မမြင်တော့ကြပါဘူး။

Sunny Leone ဟာ အိန္ဒိယနိုင်ငံ ဇာတိဖြစ်ပြီး အမေရိကန် ကနေဒါမှာ ညစ်ညမ်း အပြာကားတွေ ရိုက်ကူးနေတဲ့ အောင်မြင်ကျော်ကြားနေတဲ့ အပြာမင်းသမီးတလက် ဖြစ်ပါတယ်။

“ဒီလှည့်ကွက်က မဆိုးဘူး ထိရောက်တယ်ဗျ။ မည်သူမှ ငါ့အသီးနှံများကို မမြင်ရပါဘူး။ လူတွေရဲ့ အာရုံကို အပြာမင်းသမီး Sunny Leone ရဲ့ ပိုစတာနဲ့ ဖမ်းစားလိုက်တာလေ။ အခုဆိုရင် ကျွန်တော် ယာခင်းအတွက် စိတ်အေးလက်အေး နေနိုင်ပြီလေ။ ဒီနှစ် ကောက်ပဲသီးနှံ ဆယ်ဧကထိ ရှိပါတယ်” ဟု လယ်သမားကြီး Andhra က ဆိုသည်။

dhra သည် ဒီနှစ်မှာ ကောက်ပဲသီးနှံ ဆယ်ဧကထိ တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပြီး Leone ရဲ့ Sexy ပိုစတာကြောင့် သူ့ရဲ့ ယာခင်းတွေကို သူခိုးရန်က စိတ်ချလက်ချ နေနိုင်ခဲ့ပြီး ဂေါ်ဖီထုတ်များလဲ အရင်နှစ်တွေကထက် ဖွံ့ဖြိုးခဲ့ကြောင်း သိရပါတယ်။

Sunny Leone သည် သူမရဲ့ နာမည် အပြည့်အစုံမှာ Leone Karenjit Kaur Vohra ဟု အမည်ခေါ်တွင်ခဲ့ပြီး ညစ်ညမ်းဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်နေသော ဘောလီးဝုဒ်မင်းသမီးအဖြစ် အောင်မြင်ကျော်ကြားနေတဲ့ မင်းသမီး တစ်ဦး ဖြစ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Myanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top