ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit: သစ်ထူးလွင်

#Unicdoe Version#
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၀၂း၂၀ အချိန်ခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ (၅)ရပ်ကွက်၊ မြို့နယ် စုပေါင်းရုံးရှေ့၌ လက်ထောက်ဆရာဝန် ပြည့်ဖြိုးအောင်(၂၉)နှစ်မောင်းနှင်သည့် 8K/xxxx Honda Fit ယာဉ်မှာ လမ်းယာဘက်ခြမ်းရှိ ဆက်သွယ်ရေးတိုင်နှင့် သစ်ပင်အား ဝင်ရောက် တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း လက်ထောက်ဆရာဝန် ပြည့်ဖြိုးအောင်ပါ ယာဉ်ပေါ်မှ အလုပ်သင်ဆရာဝန် နိုင်လင်းထွန်း(၂၃)နှစ် တို့(၂)ဦးတွင် နားထင်၊ မျက်ခုံး၊ မေးစေ့ ပေါက်ပြဲ၊ ပါးစပ်သွေးထွက်ဒဏ်ရာ (စိုးရိမ်ရ)နှင့် အလုပ်သင်ဆရာဝန် ဖြိုးမောင်မောင်စိုး(၂၄)နှစ် ပါ ကျား ၂ ဦးတွင် ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိ၍ ဘားအံမြို့ပြည်သူ့ဆေးရုံ ၌ ကုသမှုခံယူနေစဉ် ၀၄း၃၀ အချိန်တွင် အလုပ်သင်ဆရာဝန် နိုင်လင်းထွန်း မှာ သေဆုံးသွားသည်။

၀၈း၃၀ အချိန်တွင် လက်ထောက်ဆရာဝန် ပြည့်ဖြိုးအောင်အား (ဘားအံ)ယာဉ်(ပ)၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top