AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×







Source: foxnews.com


# Unicode Version ဖြင့် ဖတ်ပါ #
လာမယ့် ၂၀၃၀ ပြည့်နှစ်မှာဆိုရင် ကမ္ဘာတစ်လွှားမှာရှိနေတဲ့ အမျိုးသမီး ၆၈ သန်းမှာဆိုရင် အမျိုးသမီး အနေဖြင့်   လိင်ပိုင်းဆိုင်ရာ အင်္ဂါဖြတ်တောက်ခံရမှုများနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ကုလသမဂ္ဂ ကောင်စီအကြီးအကဲက သတိပေးပြောကြားထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အထွေထွေအတွင်းရေး မှူး အန်တိုနီယိုဂါတာက အမျိုးသမီး ၆၈ သန်းအရေအတွက် မိန်းမ ကိုယ် အင်္ဂါတွေ ဖြတ်တောက် ခြင်းတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

နိုင်ငံတကာအမျိုးသမီးများ အင်္ဂါဖြတ်တောက်ခံရခြင်းအပေါ် သည်းခံနိုင်မှုလုံးဝမထားရှိရေး သတ်မှတ်ထားတဲ့ အထိမ်းအမှတ်နေ့အတွင်းမှာ ကုလအကြီးအကဲက ပြောကြားလိုက်ပြီးတော့ ဒါဟာ အမျိုးသမီး တွေအခွင့်အရေးနဲ့ မိန်းကလေးများအကြမ်းဖက်ခံရမှု မြင့်မားလာခြင်းအတွက် ဆန့်ကျင်ရှုပ်ချမှု လက် တွေ့လုပ်ဆောင် ပြသတဲ့လုပ်ရပ် လည်း ဖြစ်တယ်လို့ သိရပါတယ်။

မနေ့က အင်္ဂါနေ့တုန်းက ထုတ်ပြန်ပြောကြားလိုက်တဲ့ မိန့်ခွန်းပြောကြားမှုမှာဆိုရင် ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသမီးပေါင်း သန်း ၂၀၀ နီးပါးဟာဆိုရင် အမျိုးသမီးအင်္ဂါများဖြတ် တောက်ခံရမှု အတွေ့အကြုံများ ရရှိခဲ့ပြီးဖြစ်ကြောင်း ဆိုတာကိုလည်း ထုတ်ဖော်ပြောကြား ခဲ့ပါ တယ်။

ကုလအဖွဲ့အစည်း လူဦးရေရန်ပုံငွေ စီမံကိန်းမှာ ခန့်မှန်းထုတ်ပြန်ချက်မှာဆိုရင်လည်း နှစ်စဉ်နှစ် တိုင်း မိန်းကလေး ၃ဒသမ၉ သန်းက ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ အမျိုးသမီးအင်္ဂါအတင်းအကျပ် ဖြတ်တောက်ခံရမှု ကြုံတွေ့နေရပြီးတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်တွေအတွင်း ၄ဒသမ၆ သန်းအထိ မိန်းကလေးဦးရေ တိုးမြင့် လာနိုင်မှာဖြစ်တယ်လို့လည်း ခန့်မှန်းပြောကြားထားတယ်လို့ သိရပါတယ်။

အေဂျင်စီအမှုဆောင် ဒါရိုက်တာ နာတာလီကာကာနန်က ကုလအဖွဲ့အစည်းအနေနဲ့ အမျိုးသမီးထု အကြမ်း ဖက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ လျော့ချပေးနိုင်မယ့် လုပ်ငန်းစဉ်တွေအ တွက် ဥပဒေ စည်းမျဉ်းထုတ် ပြန်ခြင်းတွေနဲ့ လက်တွေ့လုပ်ငန်းတွေနဲ့ အဆုံးသတ်ပေးနိုင်ဖို့ လုပ် ဆောင်ပေးဖို့ကို တိုက် တွန်းပြော ကြားခဲ့တယ်လို့လည်း သိရပါတယ်။

Source: foxnews.com

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top