ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အီဂ်စ္ႏိုင္ငံမွာ ၃ ထပ္အျမင့္ အေဆာက္အအံုတခုေပၚကေန ျပဳတ္က်ခဲ့တဲ့ ကေလးငယ္တဦးကို လူစြမ္းေကာင္း ရဲအရာရွိတစုက ကံေကာင္းေထာက္မစြာ ကယ္တင္ႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ Asyut ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ျဖစ္ခဲ့တာလို႔ ဘီဘီစီသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

အဲဒီရဲအရာရွိေတြဟာ ဘဏ္တခုအနီးမွာ ေစာင့္ၾကပ္ေနခဲ့ခ်ိန္ အထပ္ျမင့္က ျပဳတ္က်လုဆဲဆဲ ျဖစ္ေနတဲ့ ကေလးငယ္ကို လွမ္းျမင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ေျမျပင္ကို ျပဳတ္က်လာခဲ့ရင္ မထိခိုက္ေစဖို႔ ေအာက္ခံအခင္းေတြကို ျပင္ဆင္ထားခဲ့ၿပီး အခ်ိန္ပိုင္းေလးအတြင္းမွာပဲ ကေလးငယ္က ျပဳတ္က်လာခဲ့တာပါ။

ဒါေပမယ့္ ျပဳတ္က်လာခ်ိန္မွာပဲ သူတို႔ထဲက ရဲအရာရွိတဦးရဲ႕ ရင္ခြင္ထဲကို က်လာခဲ့ၿပီး ေျမျပင္အခင္းေပၚ လံုးေထြးက်သြားခဲ့တာပါ။

ရဲအရာရွိဟာ ဒဏ္ရာအနည္းငယ္ ရရွိသြားခဲ့ေပမယ့္ ကေလးငယ္ကေတာ့ ကံေကာင္းေထာက္မစြာပဲ ဘာထိခိုက္မႈမွ မရွိခဲ့ပါဘူး။

ကေလးငယ္ရဲ႕ အသက္အရြယ္နဲ႔ ဘာေၾကာင့္ ခုလိုျဖစ္ခဲ့ရတယ္ဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ သတင္းမွာ ေဖာ္ျပမထားခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အီဂျစ်နိုင်ငံမှာ ၃ ထပ်အမြင့် အဆောက်အအုံတခုပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ကလေးငယ်တဦးကို လူစွမ်းကောင်း ရဲအရာရှိတစုက ကံကောင်းထောက်မစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ Asyut မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဲဒီရဲအရာရှိတွေဟာ ဘဏ်တခုအနီးမှာ စောင့်ကြပ်နေခဲ့ချိန် အထပ်မြင့်က ပြုတ်ကျလုဆဲဆဲ ဖြစ်နေတဲ့ ကလေးငယ်ကို လှမ်းမြင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မြေပြင်ကို ပြုတ်ကျလာခဲ့ရင် မထိခိုက်စေဖို့ အောက်ခံအခင်းတွေကို ပြင်ဆင်ထားခဲ့ပြီး အချိန်ပိုင်းလေးအတွင်းမှာပဲ ကလေးငယ်က ပြုတ်ကျလာခဲ့တာပါ။

ဒါပေမယ့် ပြုတ်ကျလာချိန်မှာပဲ သူတို့ထဲက ရဲအရာရှိတဦးရဲ့ ရင်ခွင်ထဲကို ကျလာခဲ့ပြီး မြေပြင်အခင်းပေါ် လုံးထွေးကျသွားခဲ့တာပါ။

ရဲအရာရှိဟာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပေမယ့် ကလေးငယ်ကတော့ ကံကောင်းထောက်မစွာပဲ ဘာထိခိုက်မှုမှ မရှိခဲ့ပါဘူး။

ကလေးငယ်ရဲ့ အသက်အရွယ်နဲ့ ဘာကြောင့် ခုလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သတင်းမှာ ဖော်ပြမထားခဲ့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top