ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကၽြန္ေတာ္တို႔ရဲ႕ခႏၶာကိုယ္အတြင္းက အေရးႀကီးတဲ့ျဖစ္စဥ္အေတာ္မ်ားမ်ားကို ေဟာ္မုန္းကထိန္းခ်ဳပ္ထားပါတယ္။ ဒါေၾကာင့္ ေဟာ္မုန္းထုတ္လုပ္မႈ ပံုမမွန္တဲ့အခါမွာ ကၽြန္ေတာ္တို႔ရဲ႕ ခံစားခ်က္၊ အျပဳအမူ၊ ေနထိုင္မႈပံုစံ၊ ပံုပန္းသ႑ာန္ အေပၚမွာ ေျပာင္းလဲမႈေတြမ်ားစြာ ျဖစ္ပြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေဟာ္မုန္းမညီမွ်ျဖင္းေၾကာင့္ ျဖစ္ေလ့ရွိတဲ့ လကၡဏာ (၁၁) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ၀က္ျခံ႐ုတ္တရက္ ထြက္ျခင္း
သင့္မ်က္ႏွာမွာ ေခၽြးေပါက္ေတြပိတ္ေနတဲ့အခါ ၀က္ျခံနဲ႔မွဲ႕ေျခာက္ေတြ ျဖစ္လာေစႏိုင္ပါတယ္။ သို႔ေသာ္လည္း ဆရာ၀န္ေတြရဲ႕အဆိုအရ ခႏၶာကိုယ္တြြင္းေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ၀က္ျခံ႐ုတ္တရက္ ထြက္လာရျခင္းျဖစ္ပါတယ္။ ဥပမာအေနနဲ႔ အန္ဒ႐ိုဂ်င္ ပမာဏနည္းလာတာနဲ႔အမွ် ခႏၶာကိုယ္မွာ ၀က္ျခံေတြ ျဖစ္ေပၚလာပါတယ္။ ဒီလို အျဖစ္မ်ားဆံုးဟာ ဆယ္ေက်ာ္သက္အရြယ္မွာ ပိုမိုျဖစ္ပြားေလ့ရွိၿပီး လူတိုင္းစိတ္ညစ္ရေလ့ရွိပါတယ္။

၂။ မၾကာခဏေခါင္းကိုက္ျခင္း
ပညာရွင္ေတြရဲ႕အဆိုအရ စိတ္ဖိစီးမႈႏွင့္ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ မဟုတ္ပဲ မၾကာခဏေခါင္းကိုက္တတ္ျခင္းဟာ estrogen level နိမ့္ေနတာျဖစ္ႏိုင္ပါတယ္။ Estrogen ဟာ သားဥအိမ္ကေနထြက္ရွိတဲ့ အမ်ိဳးသမီးေဟာ္မုန္းျဖစ္ၿပီး ဦးႏွာက္နဲ႔ ေက်ာ႐ိုးမွ ဇီ၀ျဖစ္စဥ္အားလံုးကို ထိန္းခ်ဳပ္ထားပါတယ္။ ဒါေၾကာင့္ estrogen နည္းလာတာနဲ႔အမွ် ေခါက္တျခမ္းကိုက္ျခင္းႏွင့္ စိတ္ေရာကိုယ္ပါ မအီမသာျဖစ္ျခင္းတို႔ကို ၾကံဳေတြ႔ရတာျဖစ္ပါတယ္။

၃။ မၾကာခဏ အိပ္မေပ်ာ္ျခင္း
မၾကာခဏအိပ္မေပ်ာ္ျခင္း (Insomnia) ဟာ အရမ္းကိုအႏၱရာယ္မ်ားတဲ့ လကၡဏာတစ္ရပ္ျဖစ္ၿပီး ဒီလိုျဖစ္ရျခင္းဟာ progesterone level နိမ့္ေနျခင္းေၾကာင့္ ျဖစ္ပါတယ္။ အိပ္စက္ျခင္းႏွင့္ပတ္သတ္ၿပီး အထူးကုျဖစ္သူ Dr. Traci Jhonson က Progesterone ဟာ သဘာ၀အနားယူျခင္းျဖစ္ပါတယ္။ ဒီလိုေရာဂါကို ေပ်ာက္ကင္းဖို႔အတြက္ သင့္စိတ္ကိုေျဖေလ်ာ့ၿပီး ပံုမွန္အိပ္စက္ျခင္းျဖင့္ ေဟာ္မုန္းပမာဏကို ျပန္လည္ထိန္းညွိႏိုင္ပါတယ္ လို႔ေျပာခဲ့ပါတယ္။ Academy of Psychosomatic Medicine ရဲ႕အဆိုအရ estrogen နဲ႔ progesterone ဟာ အမ်ိဳးသမီးေတြ မီးဖြားၿပီးတဲ့ေနာက္မွာ အရမ္းကိုနိမ့္က်သြားတာေၾကာင့္ အခ်ိဳ႕အမ်ိဳးသမီးေတြဟာ အိပ္စက္ျခင္းႏွင့္ ပတ္သတ္ၿပီးဒုကၡေတြခံစားၾကရပါတယ္လို႔ ဆိုခဲ့ပါတယ္။

၃။ ေခၽြးအရမ္းထြက္ျခင္း
႐ုတ္တရက္ ေခၽြးအရမ္းထြက္လာျခင္းဟာ အဖ်ားသို႔မဟုတ္ သင့္ရဲ႕ေဟာ္မုန္းပမာဏ ခ်ိဳ႕ယြင္းခ်က္တစ္ခုခုေၾကာင့္ ျဖစ္ေလ့ရွိတဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ ေဟာ္မုန္းဟာ ခႏၶာကိုယ္အတြင္းက အပူခ်ိန္ကို ထိန္းခ်ဳပ္ေပးပါတယ္။ ဒါေၾကာင့္ ေဟာ္မုန္းပမာဏမညီမွ်တာနဲ႔ အရမ္းပူသလိုခံစားရမွျဖစ္ပါတယ္။ ဆရာ၀န္ေတြရဲ႕အဆိုအရ ေသြးဆံုးၿပီးတဲ့ေနာက္ပိုင္း ေဟာ္မုန္းမတည္ၿငိမ္ျခင္းေၾကာင့္ ယခုလိုလကၡဏာေတြ ျဖစ္ေလ့ရွိၿပီး ဒါဟာခႏၶာကိုယ္တြင္းမွာ ျပႆနာတစ္ခုခုရွိေနေၾကာင္း ေဖာ္ျပေနတာျဖစ္ပါတယ္။

၄။ စဥ္ဆက္မျပတ္ ပင္ပန္းႏြမ္းနယ္ျခင္း
ကၽြန္ေတာ္တုိ႔အားလံုးဟာ အခ်ိန္နဲ႔အမွ် ပင္ပန္းႏြမ္းနယ္မႈကို ၾကံဳရေလ့ရွိပါတယ္။ ဒါေပမယ့္ သင္နားေနတဲ့အခ်ိန္မွာေတာင္မွ အခ်ိန္တိုင္းပင္ပန္းႏြမ္းနယ္သလိုခံစားေနရရင္ေတာ့ ဒါဟာေဟာ္မုန္းမညီမွ်မႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေမရီလန္းျပည္နယ္က ဆရာ၀န္ေတြကေတာ့ ယခုလိုျဖစ္ပြားရျခင္းဟာ သိုင္း႐ြိဳက္ေဟာ္မုန္းထုတ္လုပ္မႈ ျပႆနာနဲ႔ ၾကံဳေတြ႔ေနရတာျဖစ္ေၾကာင္း အဆိုျပဳၾကပါတယ္။

၆။ ႐ုတ္တရက္ အေလးခ်ိန္ေျပာင္းလဲျခင္း
ေဟာ္မုန္းမညီမွ်ျခင္းဟာ သင္ဘယ္အစားအစာကိုပဲစားစား မသက္ဆိုင္ပဲနဲ႔ သင့္ကို၀တ္တက္ေစႏိုင္ပါတယ္။ ေဟာ္မုန္းထုတ္လုပ္မႈ နည္းပါးျခင္း သို႔မဟုတ္ ပိုလွ်ံျခင္းဟာ ခႏၶာကိုယ္တြင္းက အဆီေတြကိုစုေစၿပီး ၾကြက္သားထုထည္ကို ဆံုး႐ႈံးေစႏိုင္ပါတယ္။ ဥပမာအားျဖင့္ estrogen, cortisol သို႔မဟုတ္ insulin စတဲ့ေဟာ္မုန္းေတြ နည္းပါးလာတာနဲ႔ သင့္ရဲ႕၀မ္းဗိုက္မွာ အဆီေတြစုလာတတ္ပါတယ္။ ဒါ့အျပင္ သိုင္း႐ိြဳက္ေဟာ္မုန္း နည္းလာျခင္းေၾကာင့္လည္း ဇီ၀ကမၼျဖစ္စဥ္ေတြကို ေႏွးသြားေစၿပီး ကိုယ္အေလးခ်ိန္တိုးလာေစပါတယ္။

၇။ ဆံပင္ကၽြတ္ျခင္း
ဆံပင္ကၽြတ္ျခင္းဟာလည္း သိုင္း႐ြိဳက္ေဟာ္မုန္း၊ testosterone နဲ႔ အင္ဆူလင္ ေၾကာင့္ ျဖစ္ပြားေလ့ရွိပါတယ္။ ဥပမာအားျဖင့္ testosterone ဟာအမ်ိဳးသားေတြကို ႀကီးေစၿပီးအေမႊးထူေစပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြမွာ အဆိုပါေဟာ္မုန္းမ်ားလာရင္ေတာ့ ထိပ္ေျပာင္ျခင္းကို ၾကံဳေတြ႕ရႏိုင္ပါတယ္။

၈။ အစာေျချပႆနာမ်ား
တကၠဆက္တကၠသိုလ္ရဲ႕ေလ့လာမႈအရ estrogen ေဟာ္မုန္းပမာဏျမင့္မားမႈေၾကာင့္ အူအေပၚမွာသက္ေရာက္မႈရွိၿပီး အစာေျခစနစ္ကို ထိခိုက္ႏိုင္ေၾကာင္း သိရွိရပါတယ္။ အျခားေလ့လာမႈတစ္ခုမွာလည္း သားဥအိမ္ကေန ေဟာ္မုန္းထုတ္လုပ္မႈျမင့္တက္ျခင္းဟာ အစာအိမ္ကို္ခဲမႈႏွင့္ အစာအိမ္ေရာဂါကိုျဖစ္ပြားေစတတ္ပါတယ္။

၉။ ဆာေလာင္မႈကို မထိန္းခ်ဳပ္ႏိုင္ျခင္း
ကၽြန္ေတာ္တို႔ရဲ႕ အစာစားခ်င္စိတ္နဲ႔ ဆာေလာင္မႈအတြက္ synthesize မွာတာ၀န္ရွိေနပါတယ္။ အဆိုပါေဟာ္မုန္း မညီမွ်တာနဲ႔အမွ် ဆာေလာင္မႈကို ထိန္ခ်ဳပ္ဖို႔အတြက္ အထိန္းအကြပ္မဲ့ လာေစပါတယ္။  ဆာေလာင္မႈကို ညီမွ်ဖို႔နဲ႔ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ghrelin နဲ႔ leptin ေဟာ္မုန္း ညီမွ်ဖို႔လိုအပ္ေၾကာင္း ဆရာ၀န္ေတြက ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ Leptin ဟာ ကၽြန္ေတာ္တို႔စားၿပီးတဲ့အခ်ိန္ ဆာေလာင္မႈကိုေလ်ာ့နည္းေစၿပီး ghrelin ကေတာ့ ဆန္႔က်င္ဖက္ျဖစ္ပါတယ္။ အဆိုပါေဟာ္မုန္းကေတာ့ ဘယ္အခ်ိန္စားမယ္ဆိုတာကို ကၽြန္ေတာ္တို႔ကိုသိေစပါတယ္။

၁၀။ ေမ့ေလ်ာ့မႈ
ခဏခဏေမ့တတ္ျခင္းႏွင့္ အာ႐ံုစိုက္ႏိုင္မႈေလ်ာ့နည္းျခင္းဟာ ေဟာ္မုန္းမညီမွ်ျခင္းေၾကာင့္ ျဖစ္ပြားတတ္ပါတယ္။ အဆိုပါျပႆနာဟာ cortisol နဲ႔ estrogen ပမာဏနည္းျခင္းေၾကာင့္ ျဖစ္ပြားႏိုင္ပါတယ္။ Estrogen ပမာဏနည္းပါးျခင္းဟာ ေမ့ေလ်ာ့တတ္ျခင္း၊ အာ႐ံုမစိုက္ႏိုင္ျခင္း၊ နဲ႔ စိတ္မရွင္းလင္းျခင္း ေရတိုေရရွည္မွတ္ဥာဏ္ေတြအေပၚ သက္ေရာက္တတ္ျခင္း စတဲ့ျပႆနာေတြကို ၾကံုေတြ႔ရႏိုင္ပါတယ္။

၁၁။ ရင္သားအေျပာင္းအလဲမ်ား
ရငသားေျပာင္းလဲျခင္းဟာ ခႏၶာကိုယ္အတြက္ estrogen ပမာဏေလ်ာ့နည္းျခင္းေၾကာင့္ ျဖစ္ပြားႏိုင္ၿပီး ပံုသ႑ာန္ပ်က္ယြင္းျခင္းႏွင့္ အရြယ္အစားေျပာင္းလဲျခင္းတို႔ကို ျဖစ္ပြားေလ့ရွိပါတယ္။ ဒီလိုအရြယ္အစားေျပာင္းလဲမႈမ်ိဳးကို ေသြးမဆံုးမီအခ်ိန္ထိ အမ်ိဳးသမီးတိုင္းၾကံဳေတြ႔ရႏိုင္ပါတယ္။ ဒါဟာကင္ဆာနဲ႔ေတာ့ မပတ္သတ္ပါဘူးလို႔ ပညာရွင္ေတြက ေျပာၾကပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: LM_Naung_Naung (Lifestyle_Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွင်းက အရေးကြီးတဲ့ဖြစ်စဉ်အတော်များများကို ဟော်မုန်းကထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဟော်မုန်းထုတ်လုပ်မှု ပုံမမှန်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ခံစားချက်၊ အပြုအမူ၊ နေထိုင်မှုပုံစံ၊ ပုံပန်းသဏ္ဍာန် အပေါ်မှာ ပြောင်းလဲမှုတွေများစွာ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းမညီမျှဖြင်းကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝက်ခြံရုတ်တရက် ထွက်ခြင်း
သင့်မျက်နှာမှာ ချွေးပေါက်တွေပိတ်နေတဲ့အခါ ဝက်ခြံနဲ့မှဲ့ခြောက်တွေ ဖြစ်လာစေနိုင်ပါတယ်။ သို့သော်လည်း ဆရာဝန်တွေရဲ့အဆိုအရ ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံရုတ်တရက် ထွက်လာရခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ အန်ဒရိုဂျင် ပမာဏနည်းလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို အဖြစ်များဆုံးဟာ ဆယ်ကျော်သက်အရွယ်မှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး လူတိုင်းစိတ်ညစ်ရလေ့ရှိပါတယ်။

၂။ မကြာခဏခေါင်းကိုက်ခြင်း
ပညာရှင်တွေရဲ့အဆိုအရ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် မဟုတ်ပဲ မကြာခဏခေါင်းကိုက်တတ်ခြင်းဟာ estrogen level နိမ့်နေတာဖြစ်နိုင်ပါတယ်။ Estrogen ဟာ သားဥအိမ်ကနေထွက်ရှိတဲ့ အမျိုးသမီးဟော်မုန်းဖြစ်ပြီး ဦးနှာက်နဲ့ ကျောရိုးမှ ဇီဝဖြစ်စဉ်အားလုံးကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် estrogen နည်းလာတာနဲ့အမျှ ခေါက်တခြမ်းကိုက်ခြင်းနှင့် စိတ်ရောကိုယ်ပါ မအီမသာဖြစ်ခြင်းတို့ကို ကြုံတွေ့ရတာဖြစ်ပါတယ်။

၃။ မကြာခဏ အိပ်မပျော်ခြင်း
မကြာခဏအိပ်မပျော်ခြင်း (Insomnia) ဟာ အရမ်းကိုအန္တရာယ်များတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဒီလိုဖြစ်ရခြင်းဟာ progesterone level နိမ့်နေခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်စက်ခြင်းနှင့်ပတ်သတ်ပြီး အထူးကုဖြစ်သူ Dr. Traci Jhonson က Progesterone ဟာ သဘာဝအနားယူခြင်းဖြစ်ပါတယ်။ ဒီလိုရောဂါကို ပျောက်ကင်းဖို့အတွက် သင့်စိတ်ကိုဖြေလျော့ပြီး ပုံမှန်အိပ်စက်ခြင်းဖြင့် ဟော်မုန်းပမာဏကို ပြန်လည်ထိန်းညှိနိုင်ပါတယ် လို့ပြောခဲ့ပါတယ်။ Academy of Psychosomatic Medicine ရဲ့အဆိုအရ estrogen နဲ့ progesterone ဟာ အမျိုးသမီးတွေ မီးဖွားပြီးတဲ့နောက်မှာ အရမ်းကိုနိမ့်ကျသွားတာကြောင့် အချို့အမျိုးသမီးတွေဟာ အိပ်စက်ခြင်းနှင့် ပတ်သတ်ပြီးဒုက္ခတွေခံစားကြရပါတယ်လို့ ဆိုခဲ့ပါတယ်။

၃။ ချွေးအရမ်းထွက်ခြင်း
ရုတ်တရက် ချွေးအရမ်းထွက်လာခြင်းဟာ အဖျားသို့မဟုတ် သင့်ရဲ့ဟော်မုန်းပမာဏ ချို့ယွင်းချက်တစ်ခုခုကြောင့် ဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဟော်မုန်းဟာ ခန္ဓာကိုယ်အတွင်းက အပူချိန်ကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ဟော်မုန်းပမာဏမညီမျှတာနဲ့ အရမ်းပူသလိုခံစားရမှဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့အဆိုအရ သွေးဆုံးပြီးတဲ့နောက်ပိုင်း ဟော်မုန်းမတည်ငြိမ်ခြင်းကြောင့် ယခုလိုလက္ခဏာတွေ ဖြစ်လေ့ရှိပြီး ဒါဟာခန္ဓာကိုယ်တွင်းမှာ ပြဿနာတစ်ခုခုရှိနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

၄။ စဉ်ဆက်မပြတ် ပင်ပန်းနွမ်းနယ်ခြင်း
ကျွန်တော်တို့အားလုံးဟာ အချိန်နဲ့အမျှ ပင်ပန်းနွမ်းနယ်မှုကို ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် သင်နားနေတဲ့အချိန်မှာတောင်မှ အချိန်တိုင်းပင်ပန်းနွမ်းနယ်သလိုခံစားနေရရင်တော့ ဒါဟာဟော်မုန်းမညီမျှမှုကြောင့် ဖြစ်နိုင်ပါတယ်။ မေရီလန်းပြည်နယ်က ဆရာဝန်တွေကတော့ ယခုလိုဖြစ်ပွားရခြင်းဟာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု ပြဿနာနဲ့ ကြုံတွေ့နေရတာဖြစ်ကြောင်း အဆိုပြုကြပါတယ်။

၆။ ရုတ်တရက် အလေးချိန်ပြောင်းလဲခြင်း
ဟော်မုန်းမညီမျှခြင်းဟာ သင်ဘယ်အစားအစာကိုပဲစားစား မသက်ဆိုင်ပဲနဲ့ သင့်ကိုဝတ်တက်စေနိုင်ပါတယ်။ ဟော်မုန်းထုတ်လုပ်မှု နည်းပါးခြင်း သို့မဟုတ် ပိုလျှံခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆီတွေကိုစုစေပြီး ကြွက်သားထုထည်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဥပမာအားဖြင့် estrogen, cortisol သို့မဟုတ် insulin စတဲ့ဟော်မုန်းတွေ နည်းပါးလာတာနဲ့ သင့်ရဲ့ဝမ်းဗိုက်မှာ အဆီတွေစုလာတတ်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်း နည်းလာခြင်းကြောင့်လည်း ဇီဝကမ္မဖြစ်စဉ်တွေကို နှေးသွားစေပြီး ကိုယ်အလေးချိန်တိုးလာစေပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း
ဆံပင်ကျွတ်ခြင်းဟာလည်း သိုင်းရွိုက်ဟော်မုန်း၊ testosterone နဲ့ အင်ဆူလင် ကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ ဥပမာအားဖြင့် testosterone ဟာအမျိုးသားတွေကို ကြီးစေပြီးအမွှေးထူစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေမှာ အဆိုပါဟော်မုန်းများလာရင်တော့ ထိပ်ပြောင်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

၈။ အစာခြေပြဿနာများ
တက္ကဆက်တက္ကသိုလ်ရဲ့လေ့လာမှုအရ estrogen ဟော်မုန်းပမာဏမြင့်မားမှုကြောင့် အူအပေါ်မှာသက်ရောက်မှုရှိပြီး အစာခြေစနစ်ကို ထိခိုက်နိုင်ကြောင်း သိရှိရပါတယ်။ အခြားလေ့လာမှုတစ်ခုမှာလည်း သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုမြင့်တက်ခြင်းဟာ အစာအိမ်ကိုခဲမှုနှင့် အစာအိမ်ရောဂါကိုဖြစ်ပွားစေတတ်ပါတယ်။

၉။ ဆာလောင်မှုကို မထိန်းချုပ်နိုင်ခြင်း
ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်နဲ့ ဆာလောင်မှုအတွက် synthesize မှာတာဝန်ရှိနေပါတယ်။ အဆိုပါဟော်မုန်း မညီမျှတာနဲ့အမျှ ဆာလောင်မှုကို ထိန်ချုပ်ဖို့အတွက် အထိန်းအကွပ်မဲ့ လာစေပါတယ်။  ဆာလောင်မှုကို ညီမျှဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ghrelin နဲ့ leptin ဟော်မုန်း ညီမျှဖို့လိုအပ်ကြောင်း ဆရာဝန်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Leptin ဟာ ကျွန်တော်တို့စားပြီးတဲ့အချိန် ဆာလောင်မှုကိုလျော့နည်းစေပြီး ghrelin ကတော့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ အဆိုပါဟော်မုန်းကတော့ ဘယ်အချိန်စားမယ်ဆိုတာကို ကျွန်တော်တို့ကိုသိစေပါတယ်။

၁၀။ မေ့လျော့မှု
ခဏခဏမေ့တတ်ခြင်းနှင့် အာရုံစိုက်နိုင်မှုလျော့နည်းခြင်းဟာ ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဆိုပါပြဿနာဟာ cortisol နဲ့ estrogen ပမာဏနည်းခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ Estrogen ပမာဏနည်းပါးခြင်းဟာ မေ့လျော့တတ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နဲ့ စိတ်မရှင်းလင်းခြင်း ရေတိုရေရှည်မှတ်ဉာဏ်တွေအပေါ် သက်ရောက်တတ်ခြင်း စတဲ့ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

၁၁။ ရင်သားအပြောင်းအလဲများ
ရငသားပြောင်းလဲခြင်းဟာ ခန္ဓာကိုယ်အတွက် estrogen ပမာဏလျော့နည်းခြင်းကြောင့် ဖြစ်ပွားနိုင်ပြီး ပုံသဏ္ဍာန်ပျက်ယွင်းခြင်းနှင့် အရွယ်အစားပြောင်းလဲခြင်းတို့ကို ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုအရွယ်အစားပြောင်းလဲမှုမျိုးကို သွေးမဆုံးမီအချိန်ထိ အမျိုးသမီးတိုင်းကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာကင်ဆာနဲ့တော့ မပတ်သတ်ပါဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: LM_Naung_Naung (Lifestyle_Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top