မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
#Unicode Version#
(၁၂)ဘီးယာဉ်ကခရီးသည်ယာဉ်ကိုဝင်ရောက်တိုုက်မိကာယာဉ်နောက်လိက် သေဆုံးမှု ရွှေတောင်မြို့နယ် အောင်သာကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၁၈)ရက် မနက်(၅)နာရီက အောင်သာကျေးရွာထိပ် ရန်ကုန်-မန္တလေး ကာလမ်းပိုင်း မိုင်တိုင်အမှတ်(၃၈၀)အနီး ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ (၁၂)ဘီးယာဉ်ဟာ ခရီးသည်တွေအပေါ့အပါးသွားဖို့ လမ်းဘေးချ ရပ်ထားတဲ့ မန္တလာထွန်းခရီးသည်တင်ယာဉ်ရဲ့ နောက်ပိုင်းကို ဝင်ရောက်တိုက်မိတာဖြစ်ပါတယ်။
 အဲဒီ ယာဉ်တိုက်မှုကြောင့် မန္တလာထွန်းခရီးသည်တင်ယာဉ်ရှေ့မှာ ရပ်နေတဲ့ ယာဉ်နောက်လိုက်ဟာ တက်ကြိတ်ခံရကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး (၁၂)ဘီးယာဉ်ဟာ အောင်သာကျေးရွာဆိုင်းပုဒ်နဲ့ အောင်သာကျေးရွာက နေအိမ်တို့ကို ထပ်မံဝင်ရောက်တိုက်မိသေးတယ်လို့ မှုခင်းမှတ်တမ်းအရသိရပါတယ်။
 ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ (၁၂)ဘီးယာဉ်မောင်းကို ရွှေတောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ အရ ဖမ်းဆီးအရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒီသတင်းကို ဘိုဘို(မလှိုင်) ကပေးပို့တာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Central News Bureau
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top