iMyanmarHouse.com - Best Property Website for Myanmar
×

အဂၤလန္ႏုိင္ငံသား မက္မုိင္လက္စ္ဟာ ေပါင္တစ္သန္း ထီေပါက္ၿပီးတဲ့ေနာက္မွာ ကမၻာ့တစ္၀ွန္းကုိ သြားေရာက္ၿပီး မိန္းမ (၈၇) ဦးနဲ႔ အိပ္စက္ခဲ့ေၾကာင္း သိရပါတယ္။ မက္မုိင္လက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလမွာ ေပါင္တစ္သန္းတန္ ထီေပါက္ခဲ့တာ ျဖစ္ၿပီး ကံထူးၿပီးတဲ့ေနာက္ ကမၻာပတ္ခရီးစဥ္ကုိ စတင္ခဲ့တာ ျဖစ္ပါတယ္။

ကမၻာပတ္ခရီးစဥ္မွာ မိန္းမေတြနဲ႔ အိပ္စက္ခဲ့ၿပီးေနာက္ အဂၤလန္ႏုိင္ငံကုိ ျပန္ေရာက္တဲ့အခါ ခ်စ္သူေပာာင္းျဖစ္သူ ကာလာနဲ႔ လက္တဲြခဲ့ပါတယ္။ ကာလာဟာ မုိင္လက္စ္ရဲ႕ ကာယႀကံ့ခုိင္ေရး အႀကံေပးအျဖစ္ ေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။ အေစာပုိင္းမွာ သူတုိ႔ႏွစ္ဦးပာာ ျပႆနာ မရွိခဲ့ေပမယ့္ တစ္ေန႔မွာေတာ့ မက္မုိင္လက္စ္ဟာ ခ်စ္သူေဟာင္း တစ္ဦးထံ မက္ေဆ့ခ်္ပုိ႔ေနတာကုိ ကာလာက ျပႆနာ ရွာခဲ့တာေၾကာင့္ ရန္ျဖစ္ခဲ့ပါတယ္။

ဒီရန္ပဲြဟာ မထင္မွတ္ဘဲ ႀကီးသြားခဲ့ျပီး တရား႐ုံးေရာက္တဲ့ အထိ ျဖစ္ခဲ့ပါတယ္။ တရား႐ုံးမွာ ကာလာဟာ သူ႔အေနနဲ႔ ထုိးႀကိတ္ခံရေၾကာင္း ထြက္ဆုိခဲ့ပါတယ္။ မက္မုိင္လက္စ္ကလည္း စြပ္စဲြခ်က္ေတြကုိ ျငင္းဆုိခဲ့ၿပီး သူ႔ကို ကာလာကသာ လည္ပင္းကုိညစ္ဖုိ႔ ႀကဳိစားခဲ့ေၾကာင္း ထြက္ဆုိခဲ့ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ အျပန္အလွန္ စြပ္စဲြခ်က္ေတြနဲ႔ ခ်စ္သူေတြအျဖစ္ တစ္ခန္းရပ္သြားေပမယ့္ တရား႐ုံးက သူတို႔ႏွစ္ဦးစလုံးကုိ ဒဏ္ေငြ ျပစ္ဒဏ္ေတြ အသီးသီး ခ်မွတ္သြားဖြယ္ ရွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Messenger News

# Unicode Version ျဖင့္ ဖတ္ပါ #
အင်္ဂလန်နိုင်ငံသား မက်မိုင်လက်စ်ဟာ ပေါင်တစ်သန်း ထီပေါက်ပြီးတဲ့နောက်မှာ ကမ္ဘာ့တစ်ဝှန်းကို သွားရောက်ပြီး မိန်းမ (၈၇) ဦးနဲ့ အိပ်စက်ခဲ့ကြောင်း သိရပါတယ်။ မက်မိုင်လက်စ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပေါင်တစ်သန်းတန် ထီပေါက်ခဲ့တာ ဖြစ်ပြီး ကံထူးပြီးတဲ့နောက် ကမ္ဘာပတ်ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပတ်ခရီးစဉ်မှာ မိန်းမတွေနဲ့ အိပ်စက်ခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံကို ပြန်ရောက်တဲ့အခါ ချစ်သူပောာင်းဖြစ်သူ ကာလာနဲ့ လက်တွဲခဲ့ပါတယ်။ ကာလာဟာ မိုင်လက်စ်ရဲ့ ကာယကြံ့ခိုင်ရေး အကြံပေးအဖြစ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ သူတို့နှစ်ဦးပာာ ပြဿနာ မရှိခဲ့ပေမယ့် တစ်နေ့မှာတော့ မက်မိုင်လက်စ်ဟာ ချစ်သူဟောင်း တစ်ဦးထံ မက်ဆေ့ချ်ပို့နေတာကို ကာလာက ပြဿနာ ရှာခဲ့တာကြောင့် ရန်ဖြစ်ခဲ့ပါတယ်။

ဒီရန်ပွဲဟာ မထင်မှတ်ဘဲ ကြီးသွားခဲ့ပြီး တရားရုံးရောက်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ တရားရုံးမှာ ကာလာဟာ သူ့အနေနဲ့ ထိုးကြိတ်ခံရကြောင်း ထွက်ဆိုခဲ့ပါတယ်။ မက်မိုင်လက်စ်ကလည်း စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ကို ကာလာကသာ လည်ပင်းကိုညစ်ဖို့ ကြိုစားခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ ချစ်သူတွေအဖြစ် တစ်ခန်းရပ်သွားပေမယ့် တရားရုံးက သူတို့နှစ်ဦးစလုံးကို ဒဏ်ငွေ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်သွားဖွယ် ရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Messenger News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top