ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ၿမိတ္ၿမိဳ႕၌ အရြယ္မေရာက္ေသးေသာ အိမ္အကူ မိန္းကေလးကို ႐ိုက္ႏွက္ညႇဥ္းပန္းခဲ့သည့္ အိမ္ရွင္လင္မယားကို ကေလးသူငယ္ ညႇဥ္းပန္းႏွိပ္စက္မႈ ျဖင့္ ရဲတပ္ဖြဲ႕က ၿမိဳ႕နယ္တရား႐ံုးသို႔ ဦးတိုက္ေလွ်ာက္ထားၿပီး တရား႐ံုးက စစ္ေဆးေနေၾကာင္း တနသၤာရီတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေနမ်ိဳးက ေျပာၾကားသည္။

‘‘အရြယ္မေရာက္တဲ့ကေလး ကို အႏိုင္က်င့္တာ။ ကေလးကို ေခၚစစ္ေတာ့ ေပၚေပါက္တယ္။ လူကယ္ျပန္က အမႈဖြင့္ၿပီး ရဲတပ္ဖြဲ႕က တရား႐ံုးကို ဦးတိုက္ေလွ်ာက္ေတာ့ တရားသူႀကီးက အခုအဲဒီအမႈကို လက္ခံၿပီး စစ္ေနၿပီ’’ဟု ရဲမွဴးႀကီး ေနမ်ိဳးက ေျပာသည္။

ၿမိဳတ္ၿမိဳ႕နယ္ ႀကံေတာကြက္ သစ္ရပ္ရွိ အဆုိပါလင္မယား၏ ေနအိမ္ တြင္ လုပ္ကိုင္ေနသည့္ အသက္ (၁၁) ႏွစ္အရြယ္ အဆုိပါအိမ္အကူမိန္းကေလးကို ႏွိပ္စက္ညႇဥ္းပန္း ေနေၾကာင္း ရပ္ကြက္ေနျပည္သူ မ်ား တုိင္ၾကားခ်က္အရလူကုန္ ကူးမႈကာကြယ္တားဆီးေရး ရဲတပ္ဖြဲ႕ႏွင့္ ၿမိတ္ၿမိိဳ႕မရဲစခန္းမွရဲတပ္ဖြဲ႕ ဝင္မ်ားက ေဖေဖာ္ဝါရီ ၂၁ ရက္ တြင္ စစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္မ်ားအရ လြန္ ခဲ့သည့္ ႏွစ္လခန္႔ကတည္းက ယင္းလင္မယား၏ ေနအိမ္တြင္တစ္လ လွ်င္ က်ပ္ ၃၀,၀၀၀ ျဖင့္အိမ္အကူ အလုပ္လုပ္ကိုင္ခဲ့ၿပီး ကေလးထိန္းအလုပ္အျပင္ အဝတ္ေလွ်ာ္၊ အိမ္သန္႔ရွင္းေရးအလုပ္မ်ားပါ လုပ္ကိုင္ခဲ့ရကာ ညအခ်ိန္မေတာ္မွ အိပ္ခြင့္ရေၾကာင္း ၎ကထြက္ဆုိသည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန က ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ သတင္းထုတ္ျပန္သည္။

ယင္းသို႔ အိပ္ခ်ိန္နည္း၍ ကေလးထိန္းစဥ္ အိပ္ငိုက္ရာ အိမ္ရွင္လင္မယားက ၎အား ၿခိမ္း ေျခာက္ေျပာဆုိျခင္း၊ လက္သီး ျဖင့္ မ်က္ႏွာကို ထိုးျခင္း၊ ထိုင္ထ အႀကိမ္ ၁,၀၀၀ လုပ္ခုိင္းျခင္း၊ လက္သည္းျဖင့္ ကုတ္ဖဲ့ျခင္း၊ ဟင္းခ်က္ဇြန္းျပားျဖင့္ ႐ိုက္ႏွက္ျခင္းတို႔ ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္။

ထိုသို႔ ႏွိပ္စက္ခံရေသာ ေၾကာင့္ အဆုိပါ အိမ္အကူမိန္း ကေလး၏ လည္ကုပ္ညိဳမည္း၊ ဝဲမ်က္လံုးဖူးေရာင္၊ လက္ပြန္း၊ယာလက္သန္းျပတ္ရွ၊ ေက်ာကုန္း တြင္ နာက်င္ဒဏ္ရာမ်ားရရွိခဲ့ၿပီး မစိုးရိမ္ရေၾကာင္းထုတ္ျပန္သည္။

လက္ရွိတြင္ ၿမိတ္ခ႐ိုင္ လူမႈ ဝန္ထမ္းဦးစီးဌာနအေနျဖင့္ ႏွိပ္ စက္ညႇဥ္းပန္းခံရသည့္ အိမ္အကူ မိန္းကေလးဘက္မွ တရားလိုျပဳ လုပ္၍ ၿမိတ္ၿမိဳ႕နယ္တရား႐ံုးတြင္ က်ဴးလြန္သူမ်ားကို တရားစြဲဆုိ ထားၿပီး သက္ဆုိင္ရာဌာနမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ေနေၾကာင္း တုိင္းလူမႈ ဝန္ထမ္းဦးစီးဌာန ၫႊန္မွဴး ေဒၚခင္ စန္းရီက ေျပာသည္။

အဆုိပါအမႈကို တိုင္းအစိုးရ အဖြဲ႕ ဝန္ႀကီးခ်ဳပ္အပါအဝင္ လူမႈ ေရးဝန္ႀကီးတုိ႔ထံ တင္ျပထား ေၾကာင္း ၎ကဆက္ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
 မြိတ်မြို့၌ အရွယ်မရောက်သေးသော အိမ်အကူ မိန်းကလေးကို ရိုက်နှက်ညှဉ်းပန်းခဲ့သည့် အိမ်ရှင်လင်မယားကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဖြင့် ရဲတပ်ဖွဲ့က မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားရုံးက စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

‘‘အရွယ်မရောက်တဲ့ကလေး ကို အနိုင်ကျင့်တာ။ ကလေးကို ခေါ်စစ်တော့ ပေါ်ပေါက်တယ်။ လူကယ်ပြန်က အမှုဖွင့်ပြီး ရဲတပ်ဖွဲ့က တရားရုံးကို ဦးတိုက်လျှောက်တော့ တရားသူကြီးက အခုအဲဒီအမှုကို လက်ခံပြီး စစ်နေပြီ’’ဟု ရဲမှူးကြီး နေမျိုးက ပြောသည်။

မြိုတ်မြို့နယ် ကြံတောကွက် သစ်ရပ်ရှိ အဆိုပါလင်မယား၏ နေအိမ် တွင် လုပ်ကိုင်နေသည့် အသက် (၁၁) နှစ်အရွယ် အဆိုပါအိမ်အကူမိန်းကလေးကို နှိပ်စက်ညှဉ်းပန်း နေကြောင်း ရပ်ကွက်နေပြည်သူ များ တိုင်ကြားချက်အရလူကုန် ကူးမှုကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့နှင့် မြိတ်မြို့မရဲစခန်းမှရဲတပ်ဖွဲ့ ဝင်များက ဖေဖော်ဝါရီ ၂၁ ရက် တွင် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်များအရ လွန် ခဲ့သည့် နှစ်လခန့်ကတည်းက ယင်းလင်မယား၏ နေအိမ်တွင်တစ်လ လျှင် ကျပ် ၃၀,၀၀၀ ဖြင့်အိမ်အကူ အလုပ်လုပ်ကိုင်ခဲ့ပြီး ကလေးထိန်းအလုပ်အပြင် အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးအလုပ်များပါ လုပ်ကိုင်ခဲ့ရကာ ညအချိန်မတော်မှ အိပ်ခွင့်ရကြောင်း ၎င်းကထွက်ဆိုသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းသို့ အိပ်ချိန်နည်း၍ ကလေးထိန်းစဉ် အိပ်ငိုက်ရာ အိမ်ရှင်လင်မယားက ၎င်းအား ခြိမ်း ခြောက်ပြောဆိုခြင်း၊ လက်သီး ဖြင့် မျက်နှာကို ထိုးခြင်း၊ ထိုင်ထ အကြိမ် ၁,၀၀၀ လုပ်ခိုင်းခြင်း၊ လက်သည်းဖြင့် ကုတ်ဖဲ့ခြင်း၊ ဟင်းချက်ဇွန်းပြားဖြင့် ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထိုသို့ နှိပ်စက်ခံရသော ကြောင့် အဆိုပါ အိမ်အကူမိန်း ကလေး၏ လည်ကုပ်ညိုမည်း၊ ဝဲမျက်လုံးဖူးရောင်၊ လက်ပွန်း၊ယာလက်သန်းပြတ်ရှ၊ ကျောကုန်း တွင် နာကျင်ဒဏ်ရာများရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းထုတ်ပြန်သည်။

လက်ရှိတွင် မြိတ်ခရိုင် လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် နှိပ် စက်ညှဉ်းပန်းခံရသည့် အိမ်အကူ မိန်းကလေးဘက်မှ တရားလိုပြု လုပ်၍ မြိတ်မြို့နယ်တရားရုံးတွင် ကျူးလွန်သူများကို တရားစွဲဆို ထားပြီး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း တိုင်းလူမှု ဝန်ထမ်းဦးစီးဌာန ညွှန်မှူး ဒေါ်ခင် စန်းရီက ပြောသည်။

အဆိုပါအမှုကို တိုင်းအစိုးရ အဖွဲ့ ဝန်ကြီးချုပ်အပါအဝင် လူမှု ရေးဝန်ကြီးတို့ထံ တင်ပြထား ကြောင်း ၎င်းကဆက်ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top