×

အခုတေလာ အရမ္းကို ေရပန္းစားေနတဲ့ အလွအပအတြက္ ၾကက္ဥအကာရဲ့ အစြမ္းေတြကို တေစ့တေစာင္း ေျပာျပခ်င္လို့ပါ။
ၾကက္ဥအကာဟာဆိုရင္ ပရိုတင္းဓာတ္ေတြ အမ်ားၾကီးပါဝင္ျပီးေတာ့… ကိုလက္စေရာ ပါဝင္မွုမရွိပဲနဲ့ အဆီအနည္းငယ္ပါဝင္ပါတယ္။
ၾကက္ဥအကာက က်န္းမာေရးအတြက္ အေကာင္းဆံုးျဖစ္ပါတယ္။
ၾကြက္သားဖြင့္ျဖိုးျခင္းနဲ့ ထိနး္သိမ္းေပးတဲ့ေနရာေတြမွာဆို အရမ္းကို ထိေရာက္ေစပါတယ္။ ဒါတင္မကဘူးေနာ္ တို့ေတြ အသည္းစြဲ အလွအပျဖစ္တဲ့ ဆံေကသာနဲ့အသားအေရအတြက္ အရမ္းကို အသံုးဝင္တဲ့ အရာလဲျဖစ္ပါတယ္။

1/ အေရအေၾကာင္းေတြကို ဖယ္ရွားမယ္…
ၾကက္ဥအကာက မ်င္နွာ အသားအေရကို တင္းရင္းျပီးေတာ့ လွပေစတဲ့ ေနရာမွာ ဆရာ တစ္ပါးပါပဲ။
ျပဳလုပ္ပံုေလးကလဲ လြယ္ပါတယ္။ ၾကက္ဥကို အနွစ္ဖယ္ျပီးေတာ့ အကာကို အျမုပ္ထေအာင္လုပ္ျပီး… မ်က္နွာေပါ္မွာ လိမ္းထား… ေျခာက္ျပီးေတာ့ တင္းတင္းေလးျဖစ္လာျပီးဆိုရင္ ေရေနြးေနြးေလးနဲ့ မ်က္နွာေလးကို ေဆးခ်လိုက္ပါ။ တစ္ပတ္ကို နွစ္ခါေလာက္ပဲ လုပ္ေပါ့ေနာ္။

2/ ေခ်ြးေပါက္ေတြ က်ယ္ေနရင္…
ေခ်ြးေပါက္ေတြ က်ယ္တဲ့အခါမွာ အလွအပကို ပ်က္ေစျပီးေတာ့ အဲေတာ့ ေခ်ြးေပါက္ေတြကို သက္သာေအာင္လို့… ၾကက္ဥအကာကို အျမုပ္ထေအာင္လုပ္ျပီး ေခ်ြးေပါက္က်ယ္တဲ့ ေနရာေလးေတြမွာပဲ လိမ္းေပးပါ။
ေျခာက္ျပီးဆိုမွ ေရေနြးေနြးေလးနဲ့ အရင္သစ္ေပးျပီး ေရေအးေလးနဲ့ ျပန္သစ္ေပးပါ။
ျပီးတဲ့ အခါမွာ.တဘတ္နဲ့မသုတ္ပစ္ပဲ… သူကို ဒီတိုင္းေလး အေျခာက္ခံထားလိုက္ပါ။

3/ အဆီေတြ အရမ္းျပန္ေနရင္…
အဆီေတြ အရမ္းျပန္တတ္တယ္ဆိုရင္ ကိုယ္ရဲ့ အလွကို ဖ်က္စီးတာကေတာ့ အမွန္ပါပဲ။
ဒီမ်က္နွာေပၚက အဆီေတြကို လြယ္လြယ္ကူကူေျဖရွင္းလို့ ရပါတယ္။
အျမဳပ္ထေအာင္ လုပ္ထားတဲ့ ၾကက္ဥအကာထဲကို အုတ္ဂ်ံဴ နဲ့ေရာျပီးေတာ့ မ်က္နွာေပၚမွာ mask လိုမ်ိုးေလး လိမ္းျပီးေတာ့ မိနစ္အနဲငယ္ထားျပီး ေရေအးနဲ့ ေဆးခ်လိုက္​ပါ။

4/ မ်က္အိပ္ေတြ ေရာင္ေနခဲ့ရင္…
တခ်ို့ေတြက မ်က္အိပ္ေရာင္ေနလို့ ဆိုျပီး ပစည္းေတြကို ေစ်းေတြ အမ်ားၾကီး ေပးျပီး ဝယ္သံုးၾကတာကို ေတြ့ရပါတယ္။
တကယ္ေတာ့ အိမ္မွာ လြယ္လြယ္ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။
​ေငြလဲ မကုန္ဘူး၊ လုပ္ရတာလဲ လြယ္တယ္…. စတဲ့ အားသာခ်က္ေတြ ရွိပါတယ္။
ၾကက္ဥအကာကို မ်က္အိပ္ေပါ္မွာ လိမ္းျပီး ေျခာက္ေအာင္ထားျပီး ေရေနြးေနြးေလးနဲ့ ေဆးခ်ပါ။ တစ္ရက္ျခား တစ္ခါေလာက္ လုပ္ေပးေပါ့။

5/ ဝက္ျခံေတြကို သက္သာေစမယ္…
ၾကက္ဥအကာမွာပါတဲ့ ပရိုတင္းဟာ ေရာင္းရမ္းတာေတြကို ေလ်ာ့နည္းေစပါတယ္။
အနာကိုလဲ အက်က္ျမန္ေစပါတယ္။ ညမအိပ္ခင္မွာ ၾကက္ဥအကာကို ဝက္ျခံဖုေလးေတြေပါ္မွာ တို့လိမ္းျပီး မနက္မိုးလင္းအိပ္ရာက နိုးရင္ မ်က္နွာသစ္လိုက္ေပါ့။ ဝက္ျခံေတြေၾကာင့္ ေရာင္းရမ္းတာေတြကို ေလ်ာ့ေပးတဲ့အျပင္ အမည္းစက္ေတြနဲ့ အမာရြတ္ေတြကိုပါ ဖယ္ရွားေပးနိုင္တယ္။

6/ ဆဲလ္ေသေတ့ကို ဖယ္ရွားမယ္…
မ်က္နွာေပၚမွာ ဆဲလ္ေသေတြက ေနရာယူေနမယ္ဆိုရင္ မ်က္နွာက ညိုေနတာတို့ ေျခာက္ေနတာတို့နဲ့ မလွပဲ ျဖစ္ေနပါလိမ့္မယ္။
ဒီလို ဆဲလ္ေသေတ့ကို ဖယ္လိုက္တဲ့အခါ မ်က္နွာေလးက ၾကည္ျပီးေတာ့ ဝင္လာပါလိမ့္မယ္။ ၾကက္ဥအကာထဲကို အုတ္ဂ်ံုနဲ့ ပ်ားရည္ကို လက္ဖက္စားဇြန္း ၁ ဇြန္းရာ​ေမႊပါ။
လက္ေခ်ာင္းထိပ္ေလးေတြနဲ့ ယူျပီး မ်က္နွာေပၚမွာ စက္ဝိုင္းပံုေလးေတြနဲ့ ညင္သာလိမ္းေပးေပါ့ေနာ္။
မိနစ္နဲနဲၾကာလာရင္ ေရေနြးေနြးေလးနဲ့ ေဆးလိုက္ပါ။
တစ္ပတ္ကို ၂ ၾကိမ္ေလာက္ပဲ လုပ္ေပးပါ။

7/ ဦးေရျပားေပါ္က အဆီေတြကို ဖယ္ရွားမယ္
ဦးေရျပားက အဆီေတြ အရမ္းထြက္ျပီးေတာ့ ဆံပင္ၾကီးက အဆီေတြေၾကာင့္ ျပားကပ္ကပ္ၾကီး ျဖစ္ေနျပီး ရုပ္ဆိုးေနပါလိမ့္မယ္။
အဆီေတြကို ထိန္းသိမ္နိုင္ေအာင္လို့ ၾကက္ဥအကာကို ဦးေရျပားေပါ္တင္ျပီး မိနစ္အနဲငယ္ထားျပီး ေရေဆးခ်လိုက္ပါ။
ျပီးရင္ ေလွ်ာ္ေနက် ေခါင္းေလ်ွာ္ရည္နဲ့ ေလ်ွာ္လိုက္ပါ။ သိသာပါတယ္။

8/ Conditioner အေနနဲ့ေရာ…
ဆံေကသာကို ေပ်ာ့ေပ်ာင္းနူးညံ့သြားေအာင္လဲ ၾကက္ဥအကာက စြမ္းေသးတယ္ေနာ္။
ၾကက္ဥအကာကိုယူျပီးေတာ့ ဒိန္ခ်ဥ္နဲ့ သံလြင္ဆီ လက္ဖက္စားဇြန္း ၁ ဇြန္​းဆီ သမေအာင္  ေမႊ ျပီး ဦးေရျပားေပါ္လိမ္းထားလိုက္ပါ။
ဆံပင္ အတို အရွည္ေပါ္မူတည္ျ​ပီး ၃လံုး ၄ လံုးေလာက္ အသံုးျပဳ​ေပးပါ။
ျပီးရင္ေတာ့ ေလ်ွာ္ေနက် ေခါင္းေလ်ွာ္ရည္နဲ့ ေလွ်ာ္ျပီး ေရာထားတဲ့ အေရကို သန့္စင္ေအာင္ ေဆးခ်ပါ။
တကယ္ကို ထိေရာက္ပါတယ္​။

ဒါေလးေတြကေတာ့ ၾကက္ဥကရတဲ့ အလွအပအတြက္ ေရးရာနည္းလမ္းေလးေတြပါ။ တကယ္ကို လြယ္ျပီးေတာ့ အဆင္ေျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Phyoandshio
# Unicode Version ျဖင့္ ဖတ္ပါ #
အခုတလော အရမ်းကို ရေပန်းစားနေတဲ့ အလှအပအတွက် ကြက်ဥအကာရဲ့ အစွမ်းတွေကို တစေ့တစောင်း ပြောပြချင်လို့ပါ။
ကြက်ဥအကာဟာဆိုရင် ပရိုတင်းဓာတ်တွေ အများကြီးပါဝင်ပြီးတော့… ကိုလက်စရော ပါဝင်မှုမရှိပဲနဲ့ အဆီအနည်းငယ်ပါဝင်ပါတယ်။
ကြက်ဥအကာက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။
ကြွက်သားဖွင့်ဖြိုးခြင်းနဲ့ ထိန်းသိမ်းပေးတဲ့နေရာတွေမှာဆို အရမ်းကို ထိရောက်စေပါတယ်။ ဒါတင်မကဘူးနော် တို့တွေ အသည်းစွဲ အလှအပဖြစ်တဲ့ ဆံကေသာနဲ့အသားအရေအတွက် အရမ်းကို အသုံးဝင်တဲ့ အရာလဲဖြစ်ပါတယ်။

1/ အရေအကြောင်းတွေကို ဖယ်ရှားမယ်…
ကြက်ဥအကာက မျင်နှာ အသားအရေကို တင်းရင်းပြီးတော့ လှပစေတဲ့ နေရာမှာ ဆရာ တစ်ပါးပါပဲ။
ပြုလုပ်ပုံလေးကလဲ လွယ်ပါတယ်။ ကြက်ဥကို အနှစ်ဖယ်ပြီးတော့ အကာကို အမြုပ်ထအောင်လုပ်ပြီး… မျက်နှာပေါ်မှာ လိမ်းထား… ခြောက်ပြီးတော့ တင်းတင်းလေးဖြစ်လာပြီးဆိုရင် ရေနွေးနွေးလေးနဲ့ မျက်နှာလေးကို ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ခါလောက်ပဲ လုပ်ပေါ့နော်။

2/ ချွေးပေါက်တွေ ကျယ်နေရင်…
ချွေးပေါက်တွေ ကျယ်တဲ့အခါမှာ အလှအပကို ပျက်စေပြီးတော့ အဲတော့ ချွေးပေါက်တွေကို သက်သာအောင်လို့… ကြက်ဥအကာကို အမြုပ်ထအောင်လုပ်ပြီး ချွေးပေါက်ကျယ်တဲ့ နေရာလေးတွေမှာပဲ လိမ်းပေးပါ။
ခြောက်ပြီးဆိုမှ ရေနွေးနွေးလေးနဲ့ အရင်သစ်ပေးပြီး ရေအေးလေးနဲ့ ပြန်သစ်ပေးပါ။
ပြီးတဲ့ အခါမှာ.တဘတ်နဲ့မသုတ်ပစ်ပဲ… သူကို ဒီတိုင်းလေး အခြောက်ခံထားလိုက်ပါ။

3/ အဆီတွေ အရမ်းပြန်နေရင်…
အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။
ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူဖြေရှင်းလို့ ရပါတယ်။
အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျူံ နဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်းပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

4/ မျက်အိပ်တွေ ရောင်နေခဲ့ရင်…
တချို့တွေက မျက်အိပ်ရောင်နေလို့ ဆိုပြီး ပစည်းတွေကို ဈေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာကို တွေ့ရပါတယ်။
တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။
ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်…. စတဲ့ အားသာချက်တွေ ရှိပါတယ်။
ကြက်ဥအကာကို မျက်အိပ်ပေါ်မှာ လိမ်းပြီး ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ တစ်ရက်ခြား တစ်ခါလောက် လုပ်ပေးပေါ့။

5/ ဝက်ခြံတွေကို သက်သာစေမယ်…
ကြက်ဥအကာမှာပါတဲ့ ပရိုတင်းဟာ ရောင်းရမ်းတာတွေကို လျော့နည်းစေပါတယ်။
အနာကိုလဲ အကျက်မြန်စေပါတယ်။ ညမအိပ်ခင်မှာ ကြက်ဥအကာကို ဝက်ခြံဖုလေးတွေပေါ်မှာ တို့လိမ်းပြီး မနက်မိုးလင်းအိပ်ရာက နိုးရင် မျက်နှာသစ်လိုက်ပေါ့။ ဝက်ခြံတွေကြောင့် ရောင်းရမ်းတာတွေကို လျော့ပေးတဲ့အပြင် အမည်းစက်တွေနဲ့ အမာရွတ်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်။

6/ ဆဲလ်သေတေ့ကို ဖယ်ရှားမယ်…
မျက်နှာပေါ်မှာ ဆဲလ်သေတွေက နေရာယူနေမယ်ဆိုရင် မျက်နှာက ညိုနေတာတို့ ခြောက်နေတာတို့နဲ့ မလှပဲ ဖြစ်နေပါလိမ့်မယ်။
ဒီလို ဆဲလ်သေတေ့ကို ဖယ်လိုက်တဲ့အခါ မျက်နှာလေးက ကြည်ပြီးတော့ ဝင်လာပါလိမ့်မယ်။ ကြက်ဥအကာထဲကို အုတ်ဂျုံနဲ့ ပျားရည်ကို လက်ဖက်စားဇွန်း ၁ ဇွန်းရာမွှေပါ။
လက်ချောင်းထိပ်လေးတွေနဲ့ ယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံလေးတွေနဲ့ ညင်သာလိမ်းပေးပေါ့နော်။
မိနစ်နဲနဲကြာလာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။
တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ လုပ်ပေးပါ။

7/ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားမယ်
ဦးရေပြားက အဆီတွေ အရမ်းထွက်ပြီးတော့ ဆံပင်ကြီးက အဆီတွေကြောင့် ပြားကပ်ကပ်ကြီး ဖြစ်နေပြီး ရုပ်ဆိုးနေပါလိမ့်မယ်။
အဆီတွေကို ထိန်းသိမ်နိုင်အောင်လို့ ကြက်ဥအကာကို ဦးရေပြားပေါ်တင်ပြီး မိနစ်အနဲငယ်ထားပြီး ရေဆေးချလိုက်ပါ။
ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ သိသာပါတယ်။

8/ Conditioner အနေနဲ့ရော…
ဆံကေသာကို ပျော့ပျောင်းနူးညံ့သွားအောင်လဲ ကြက်ဥအကာက စွမ်းသေးတယ်နော်။
ကြက်ဥအကာကိုယူပြီးတော့ ဒိန်ချဉ်နဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းဆီ သမအောင်  မွှေ ပြီး ဦးရေပြားပေါ်လိမ်းထားလိုက်ပါ။
ဆံပင် အတို အရှည်ပေါ်မူတည်ပြီး ၃လုံး ၄ လုံးလောက် အသုံးပြုပေးပါ။
ပြီးရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ရောထားတဲ့ အရေကို သန့်စင်အောင် ဆေးချပါ။
တကယ်ကို ထိရောက်ပါတယ်။

ဒါလေးတွေကတော့ ကြက်ဥကရတဲ့ အလှအပအတွက် ရေးရာနည်းလမ်းလေးတွေပါ။ တကယ်ကို လွယ်ပြီးတော့ အဆင်ပြေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Phyoandshio
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top