စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဘဝမကူးေသာ ဝဋ္ (ဝဋ္ + အေႀကြး = ဝဋ္ေႀကြး)

ဒီေန႕ Taxi စီးေတာ့ ဒါရိုက္ဘာ ဘဘႀကီးက လက္တစ္ဖက္မရွိဘူး။ ကားထဲေရာက္ေတာ့မွ သတိထားမိတယ္။ စိတ္ထဲမွာ ေတာ္ေတာ္ မေကာင္းျဖစ္သြားတယ္။ ေစ်းဆစ္မိတဲ႕ ကိုယ့္ကိုကိုယ္လည္း ရွက္မိတယ္။ ဆင္းေတာ့ ၄၀၀၀ ေပးရမယ့္ဟာ ၁၀၀၀၀ ေပးျဖစ္ခဲ႕တယ္။ အရွက္ေျပခဲ႕တယ္ဘဲ ဆိုရမွာေပါ့။

စပ္စပ္စုစု မေနတတ္ေပမယ့္ ဒီတစ္ခါေတာ့ ေမးျဖစ္လိုက္တယ္။
အဘ လက္ကေလးက ေမြးရာပါလားလို႕ ဆိုေတာ့ တိုတိုရွင္းရွင္းေလး အေျဖ ျပန္ေျဖခဲ႕တယ္။ အဘ ဝဋ္လိုက္တာပါတဲ႕။

၁၉၇၄ မွာ လိုင္းကားစေမာင္းတယ္။ ၁၉၇၉ မွာ High Way ေမာင္းရင္း ကြ်ဲတစ္ေကာင္ကားလမ္းေပၚ ေျပးတက္လာေတာ့ ဝင္တိုက္မိတယ္။ ဘီး ႀကိတ္မိလို႕ ညာလက္ေလး ရစရာ မရွိေအာင္ စုတ္ျပတ္သတ္သြားတာ ကားေပၚကေနေတြ႕တယ္တဲ႕။ ေလ်ာ္ရမွာစိုးလို႕ အဘေမာင္းေျပးခဲ႕တယ္တဲ႕။ ကိုယ္ ခံရတာ မဟုတ္ေတာ့လည္း အမွတ္တမဲ႕ပါဘဲ။ ေနာက္အႏွစ္္ ၃၀ေက်ာ္ အႀကာ ၂၀၁၃ မွာ တစ္ပံုစံတည္း သႀကၤန္တြင္း အဘကားေရွ႕ ကေလးတစ္ေယာက္ျဖတ္ဝင္လာလို႕ ေရွာင္တာ ကားညာဘက္ျခမ္းကို တိန္းေမွာက္ေတာ့ အဘ ညာဘက္လက္ တစ္စစီေႀကမြျပီး ျဖတ္လိုက္ရတာဘဲတဲ႕။

အဘ ဝဋ္ဆိုတာႀကီးကို ကိုယ္ကိုတိုင္ ခံလိုက္ရမွ ဝဋ္ဆိုတာ တကယ္ ဘဝမကူး အခ်ိန္မဆိုင္းဘဲ လည္တတ္တာပါလားဆိုတာ အဘ ယံုႀကည္သြားတယ္။ အဲ႕ထဲကေန အခုခ်ိန္ထိ အဘ ကိုယ့္လိပ္ျပာ ကိုယ္လံုေအာင္ဘဲ ေနထိုင္က်င့္ႀကံေတာ့တယ္တဲ႕။

နားေထာင္ေနရင္း စိတ္မေကာင္းျဖစ္တဲ႕စိတ္ကတစ္ပိုင္း ကိုယ့္အေတြးတစ္ပိုင္းနဲ႕ ျပံဳးမိတယ္။ အဘစကားေတြက ကိုယ့္ရင္ထဲက အေတြးစိတ္ေတြနဲ႕ တစ္ထပ္ထဲျဖစ္လို႕ေနပါတယ္။

ေနထိုင္ျဖတ္သန္းသြားရတဲ႕ လူဘဝ လူ႕ေလာကႀကီးမွာ မွန္တယ္ထင္လို႕လုပ္တာဘဲျဖစ္ျဖစ္၊ မွားမွန္းသိသိႀကီးနဲ႕ တမင္လုပ္တာဘဲၿဖစ္ျဖစ္ ကိုယ့္လိပ္ျပာ ကိုယ္လံုဖို႕ အေရးႀကီးပါတယ္ ။ ကိုယ္ျပဳေသာကံ ပဲ႕တင္သံ ကိုယ့္ထံျပန္လာမွာ အေသအခ်ာပါ 🙂
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Amara Myat Mon
# Unicode Version ျဖင့္ ဖတ္ပါ#
ဘဝမကူးသော ဝဋ် (ဝဋ် + အကြွေး = ဝဋ်ကြွေး)

ဒီနေ့ Taxi စီးတော့ ဒါရိုက်ဘာ ဘဘကြီးက လက်တစ်ဖက်မရှိဘူး။ ကားထဲရောက်တော့မှ သတိထားမိတယ်။ စိတ်ထဲမှာ တော်တော် မကောင်းဖြစ်သွားတယ်။ ဈေးဆစ်မိတဲ့ ကိုယ့်ကိုကိုယ်လည်း ရှက်မိတယ်။ ဆင်းတော့ ၄၀၀၀ ပေးရမယ့်ဟာ ၁၀၀၀၀ ပေးဖြစ်ခဲ့တယ်။ အရှက်ပြေခဲ့တယ်ဘဲ ဆိုရမှာပေါ့။

စပ်စပ်စုစု မနေတတ်ပေမယ့် ဒီတစ်ခါတော့ မေးဖြစ်လိုက်တယ်။
အဘ လက်ကလေးက မွေးရာပါလားလို့ ဆိုတော့ တိုတိုရှင်းရှင်းလေး အဖြေ ပြန်ဖြေခဲ့တယ်။ အဘ ဝဋ်လိုက်တာပါတဲ့။

၁၉၇၄ မှာ လိုင်းကားစမောင်းတယ်။ ၁၉၇၉ မှာ High Way မောင်းရင်း ကျွဲတစ်ကောင်ကားလမ်းပေါ် ပြေးတက်လာတော့ ဝင်တိုက်မိတယ်။ ဘီး ကြိတ်မိလို့ ညာလက်လေး ရစရာ မရှိအောင် စုတ်ပြတ်သတ်သွားတာ ကားပေါ်ကနေတွေ့တယ်တဲ့။ လျော်ရမှာစိုးလို့ အဘမောင်းပြေးခဲ့တယ်တဲ့။ ကိုယ် ခံရတာ မဟုတ်တော့လည်း အမှတ်တမဲ့ပါဘဲ။ နောက်အနှစ် ၃၀ကျော် အကြာ ၂၀၁၃ မှာ တစ်ပုံစံတည်း သင်္ကြန်တွင်း အဘကားရှေ့ ကလေးတစ်ယောက်ဖြတ်ဝင်လာလို့ ရှောင်တာ ကားညာဘက်ခြမ်းကို တိန်းမှောက်တော့ အဘ ညာဘက်လက် တစ်စစီကြေမွပြီး ဖြတ်လိုက်ရတာဘဲတဲ့။

အဘ ဝဋ်ဆိုတာကြီးကို ကိုယ်ကိုတိုင် ခံလိုက်ရမှ ဝဋ်ဆိုတာ တကယ် ဘဝမကူး အချိန်မဆိုင်းဘဲ လည်တတ်တာပါလားဆိုတာ အဘ ယုံကြည်သွားတယ်။ အဲ့ထဲကနေ အခုချိန်ထိ အဘ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်ဘဲ နေထိုင်ကျင့်ကြံတော့တယ်တဲ့။

နားထောင်နေရင်း စိတ်မကောင်းဖြစ်တဲ့စိတ်ကတစ်ပိုင်း ကိုယ့်အတွေးတစ်ပိုင်းနဲ့ ပြုံးမိတယ်။ အဘစကားတွေက ကိုယ့်ရင်ထဲက အတွေးစိတ်တွေနဲ့ တစ်ထပ်ထဲဖြစ်လို့နေပါတယ်။

နေထိုင်ဖြတ်သန်းသွားရတဲ့ လူဘဝ လူ့လောကကြီးမှာ မှန်တယ်ထင်လို့လုပ်တာဘဲဖြစ်ဖြစ်၊ မှားမှန်းသိသိကြီးနဲ့ တမင်လုပ်တာဘဲဖြစ်ဖြစ် ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ အရေးကြီးပါတယ် ။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာ အသေအချာပါ 🙂

ဖိုးသူတော် (www.phothutaw.com)
Credit: Amara Myat Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top