မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×




(၂)နွားနို့


(၃)အသား


(၄)အစေ့အဆန်များ


(၅)ပင်လယ်စာ



# Unicode Version ဖြင့် ဖတ်ပါ #
မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှအပဟာ အဖုအထစ်လေးတွေ   သူ့နေရာနဲ့သူ ရှိနေမှ ကြည့်လို့ကောင်းမှာပါ။ Sexy ကျကျမလှပသော်လည်းပဲ အဝတ်အစားဝတ်တဲ့အခါမှာ အချိုးကျကျနဲ့ လှပနေမှ မိမိကိုယ်ကိုယုံကြည်မှု ရှိမှာပါ။ ဒါကြောင့် ရင်သားနဲ့ တင် သေးပြီး အချိုးမကျဖြစ်နေတာကြောင့် မိမိကိုယ်ကို စိတ်အလိုမကျဖြစ်နေတဲ့ ပျိုမေလေးများအတွက် လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ယခုဖော်ပြပေးမယ့် အစားအစာများကို စားသောက်ရုံနဲ့ သဘာဝအတိုင်း ထွားလာစေမယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

(၁)အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဆဲလ်တစ်သျှူးများ အာဟာရမျှတမှုမရှိရင် ခန္ဓာကိုယ်ကြီးထွားမှုနှုန်း နှေးကွေးစေပါတယ်။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များက သံဓာတ်၊ ကယ်လ်ဆီယံဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဆဲလ်များကို အားဖြည့်ပေးပါတယ်။ ဒါ့ကြောင့် အစိမ်းရောင် ဟင်းသီး ဟင်းရွက်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာဖြစ်တာကြောင့် စားသုံးသင့်ပါတယ်။

(၂)နွားနို့

 နို့ထွက်ပစ္စည်းများက ခန္ဓာကိုယ်ထွားကျိုင်းဖို့အတွက် အထောက်အပံ့ ပေးတယ်ဆိုတာကို လူတိုင်း သိရှိပြီးသား ဖြစ်မှာပါ။ နွားနို့က ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဟော်မုန်းဓာတ်များကို အားဖြည့် ပေးနိုင်ပါတယ်။ ဒါ့အပြင် ရင်သား ကြီးထွားရန်အတွက် လိုအပ်တဲ့ အက်စ်ထရိုဂျင်၊ ပရိုဂက်စ်ထရုန်းနှင့် ပရိုလက်တင် စတဲ့ ဟော်မုန်းများရဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေနိုင်တာကိုလည်း တွေ့ရပါတယ်။

(၃)အသား

  ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေဖို့ များစွာအားဖြည့် ပေးနိုင်တာကတော့ ပရိုတိန်းဓာတ်ပါဝင်တဲ့ အသားများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသားကိုလည်း ချင့်ချိန်မျှတစွာ စားသုံးသင့်ပါတယ်။

(၄)အစေ့အဆန်များ

အက်စ်ထရိုဂျင်ကို သဘာဝအတိုင်း မြှင့်တင်ပေးနိုင်တဲ့ အရာကတော့ အစေ့အဆန်များပဲ ဖြစ်ပါတယ်။ နေကြာစေ့၊ ဖရုံစေ့၊ နှမ်းစေ့၊ ဗန်ဒါစေ့ စတဲ့ အစေ့အဆန်များက ခန္ဓာကိုယ်ကို အချိုးကျစွာ ကြီးထွားဖို့အတွက် အထောက်အကူပြုသလို ရင်သားလှပမှုအတွက် ကောင်းမွန်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

(၅)ပင်လယ်စာ

ပင်လယ်စာက ဟော်မုန်းဓာတ်များကို မြှင့်တင်ပေးနိုင်တာကြောင့် ရင်သားနှင့် တင် ဖွံ့ထွားရန် ဆဲလ်တစ်ရှူးများကို လှုံ့ဆော်ပေးပါတယ်။ ပင်လယ်စာကို နှစ်ခြိုက်တဲ့ပျိုမေများ အတွက်တော့ သတင်းကောင်း လေးပါပဲနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top