ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: digestmm

#Unicode Version#
ခုချိန်ထိ သူ့ကိုရင်ခုန်အောင် လုပ်နိုင်တဲ့သူမရှိသေးဘူး ဆိုတဲ့ ရန်အောင်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီရန်အောင်တစ်ယောက်ကတော့ သူဘာကြောင့် မိန်းမ မယူဖြစ်ခဲ့တာလဲ ဆိုတဲ့အကြောင်းကို ပရိတ်သတ်တွေသိအောင် ပြောပြလိုက်ပါတယ်။ ဒီအကြောင်းသတင်းကို ဒီအနေ့ အလင်းတန်းဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ် ယခုထိအောင်မြင်ဆဲ စွယ်စုံရ အကယ်ဒမီများရှင်တစ်ယောက်ဖြစ်တဲ့ ရန်အောင်ကတော့ သူ့ရဲ့ အချစ်ရေး အိမ်ထောင်ရေးနဲ့ ပက်သက်လာရင် ဖြေခဲပါတယ်။ ဒါပေမယ့်လည်း ယခုအင်တာဗျူးထဲမှာတော့ သူငယ်ချင်းဖြစ်သူ ရဲအောင်က မေးတာကြောင့် ဖြေလိုက်ရတာလည်း ဖြစ်ပါတယ်။

ကျွန်တော့်မှာ အရင်တုန်းက ရင်ခုန်ခဲ့ဖူးတဲ့သူ နှစ်ယောက်လောက်ရှိခဲ့ဖူးတယ်။ သို့သော် ၁၉ နှစ်လောက်မှာ အလုပ်က စရှုပ်လာတယ်။ အဲ့အတော့ အချိန်မပေးနိုင်ရင်း မပေးနိုင်ရင်းနဲ့ ရင်ခုန်မှုတွေက ရပ်သွားခဲ့ရတယ် လို့ ရန်အောင်က ပြောပါတယ်။ နောက်ထပ်တော့ ခုချိန်ထိ သူ့ကို ရင်ခုန်အောင် လုပ်နိုင်တဲ့သူ မရှိသေးဘူး လို့လည်း အကယ်ဒမီများရှင် ရန်အောင်က ဆိုပါတယ်။

သူက ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊ ၁၉ ၉ ၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊ ၁၉ ၉ ၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊ ၁၉ ၉ ၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: digestmm
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top