iMyanmarHouse.com - Best Property Website for Myanmar
×

ေခြးေလးေတြ ၊ ေၾကာင္ေလးေတြ ခ်စ္တတ္တဲ့ေယာင္းတို႔ေတြ ကိုယ္ကပါပီေလးေတြကို ခ်စ္တဲ့အခါ သူတို႔နဲ႔ ပူးပူးကပ္ကပ္ ေနၾကတယ္ မဟုတ္လား။အဲဒီအခါ ေခြးေလးေတြ ၊ ေၾကာင္ေလးေတြဆီက သန္းေတြက ကိုယ့္ဆီကူးလာတတ္ပါတယ္။ ပံုမွန္ေတြ႕ေနက် ေခါင္းမွာေတြ႕တတ္တဲ့ လူသန္းလည္း မဟုတ္ ၊ ေခြးသန္းေၾကာင္သန္းေတြဆိုေတာ့ ဘယ္လိုလုပ္ရမလဲဆိုၿပီး စိတ္ညစ္ေနရတယ္ဆို ဒါေလးဖတ္ၾကည့္ပါေနာ္။ ဒီနည္းေလးေတြက ကိုယ္ကိုပါ သန္းကင္းေစတဲ့အျပင္ ပါပီေလးေတြ၊ ပူစီေလးေတြကိုလည္း သန္းေတြ ကင္းစင္ေစတယ္ဆိုေတာ့ ကဲ.. ဘာလိုေသးလဲေနာ္..

၁။မုန္႔ဖုတ္ေဆာ္ဒါ

မုန္႔ဖုတ္ေဆာ္ဒါက ဒီျပႆနာ ေျဖရွင္းတဲ့ေနရာမွာ အေတာ္ေလး ထိေရာက္ပါတယ္။ မုန္႕ဖုတ္ေဆာ္ဒါနဲ႔ ေရကို ေရာၿပီး အႏွစ္ျဖစ္ေအာင္ လုပ္ပါ။ ေရာထားတာကို ဆံပင္အႏွံ႔ကို လိမ္းၿပီး ၁၀မိနစ္ေလာက္ ထားပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ပါ။ ရွန္ပူနဲ႔ ထပ္ေလွ်ာ္စရာ မလိုပါဘူး။ ဒီနည္းလမ္းက ရိုးရိုး လူသန္းေတြအတြက္လည္း သံုးလို႔ ရပါတယ္ေနာ္..

၂။သန္းနဲ႔ေဗာက္အတြက္ ထုတ္ထားတဲ့ ေခါင္းေလွ်ာ္ရည္

ဦးေရျပား ျပႆနာေတြအတြက္ ထုတ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ေတြ ရွိပါတယ္။ တစ္ခ်ိဳ႔ ေခါင္းေလွ်ာ္ရည္ေတြဆိုရင္ သန္းနဲ႔ ေဗာက္ျပႆနာေတြအတြက္ သီးသန္႔ထုတ္ထားပါ။ ဒီေခါင္းေလွ်ာ္ရည္မ်ိဳးကလည္း သန္းျပႆနာအတြက္ အေတာ္ထိေရာက္ပါတယ္။ ေခါင္းေလွ်ာ္ရည္ကို ဦးေရျပားအနွံ႔ လိမ္းပါ။ ၁၀မိနစ္ေလာက္ထားၿပီး ေရေႏြးေႏြးနဲ႔ ေဆးခ်ပါ။ ၿပီးရင္ သန္းဥ နဲ႔ သန္းအေသေတြ ဖယ္ရွားဖို႔ ဘီးစိပ္နဲ႔ၿဖီးပါ။

၃။သံပုရာနံ႔ပါတဲ့ပန္းကန္ေဆးဆပ္ျပာ

သံပုရာနံ႔ပါတဲ့ ပန္းကန္ေဆးဆပ္ျပာကလည္း သန္းေတြေပ်ာက္ကင္းဖို႔အတြက္ အေတာ္ေလးကို ထိေရာက္ပါတယ္။ ဆပ္ျပာဆီနဲ႔ ေခါင္းေလွ်ာ္ေပးရုံနဲ႔ သန္းေတြ အေတာ္သက္သာေစပါတယ္။ ေၾကာင္ေလးေတြ ၊ ေခြးေလးေတြကိုလည္း ဒီဆပ္ျပာနဲ႔ ေရခ်ိဳးသန္႔စင္ေပးတာက သူတို႔ ကိုယ္ေပၚက သန္းေတြကို ေပ်ာက္ကင္းေစပါတယ္တဲ့။

၄။ပန္းသီးရွာလကာရည္ (Apple Cider Vinegar)

ပန္းသီးရွာလကာရည္ကလည္း သန္းေတြေပ်ာက္ကင္းေအာင္လုပ္တဲ့ေနရာမွာ တကယ္ထိေရာက္ပါတယ္။ ပန္းသီးရွာလကာရည္ကို ေရေႏြးနဲ႔ေရာၿပီး ဦးေခါင္းအႏွံ႔ ႏွိပ္နယ္ပါ။ ေခါင္းစြပ္နဲ႔ ၁၅မိနစ္ေလာက္ အုပ္ထားပါ။ ၿပီးရင္ေရေဆးခ်ရုံပါပဲ။

ဒီနည္းေတြအားလံုးကေတာ့ သန္းေတြ ၊ သန္းဥေတြ ဖယ္ရွားရာမွာ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေလးေတြပါ။ တိရစာၦန္ခ်စ္တတ္သူ ေယာင္းတို႔ေရ… ကူးလာတဲ့ သန္းေၾကာင့္စိတ္ညစ္ေနရၿပီး ဟိုဟာလည္း လုပ္မရ၊ ဒီဟာလည္းမလုပ္ခ်င္၊ နည္းလမ္းလည္း ရွာမေတြ႕ ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြကို သံုးၾကည့္လုိက္ပါလို႔.. လြယ္လည္းလြယ္ကူၿပီး ထိေရာက္မႈလည္း ရွိတာမို႔ စမ္းၾကည့္ၿပီး ရလဒ္ေလးေတြကို အက္ဒ္မင္တို႔ကို လာေျပာျပဖို႔လည္း မေမ့နဲ႔ဦးေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: For Her Myanmar

#Unicode Version#
ခွေးလေးတွေ ၊ ကြောင်လေးတွေ ချစ်တတ်တဲ့ယောင်းတို့တွေ ကိုယ်ကပါပီလေးတွေကို ချစ်တဲ့အခါ သူတို့နဲ့ ပူးပူးကပ်ကပ် နေကြတယ် မဟုတ်လား။အဲဒီအခါ ခွေးလေးတွေ ၊ ကြောင်လေးတွေဆီက သန်းတွေက ကိုယ့်ဆီကူးလာတတ်ပါတယ်။ ပုံမှန်တွေ့နေကျ ခေါင်းမှာတွေ့တတ်တဲ့ လူသန်းလည်း မဟုတ် ၊ ခွေးသန်းကြောင်သန်းတွေဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်ညစ်နေရတယ်ဆို ဒါလေးဖတ်ကြည့်ပါနော်။ ဒီနည်းလေးတွေက ကိုယ်ကိုပါ သန်းကင်းစေတဲ့အပြင် ပါပီလေးတွေ၊ ပူစီလေးတွေကိုလည်း သန်းတွေ ကင်းစင်စေတယ်ဆိုတော့ ကဲ.. ဘာလိုသေးလဲနော်..

၁။မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါက ဒီပြဿနာ ဖြေရှင်းတဲ့နေရာမှာ အတော်လေး ထိရောက်ပါတယ်။ မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ရောပြီး အနှစ်ဖြစ်အောင် လုပ်ပါ။ ရောထားတာကို ဆံပင်အနှံ့ကို လိမ်းပြီး ၁၀မိနစ်လောက် ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။ ရှန်ပူနဲ့ ထပ်လျှော်စရာ မလိုပါဘူး။ ဒီနည်းလမ်းက ရိုးရိုး လူသန်းတွေအတွက်လည်း သုံးလို့ ရပါတယ်နော်..

၂။သန်းနဲ့ဗောက်အတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်

ဦးရေပြား ပြဿနာတွေအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေ ရှိပါတယ်။ တစ်ချို့ ခေါင်းလျှော်ရည်တွေဆိုရင် သန်းနဲ့ ဗောက်ပြဿနာတွေအတွက် သီးသန့်ထုတ်ထားပါ။ ဒီခေါင်းလျှော်ရည်မျိုးကလည်း သန်းပြဿနာအတွက် အတော်ထိရောက်ပါတယ်။ ခေါင်းလျှော်ရည်ကို ဦးရေပြားအနှံ့ လိမ်းပါ။ ၁၀မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးချပါ။ ပြီးရင် သန်းဥ နဲ့ သန်းအသေတွေ ဖယ်ရှားဖို့ ဘီးစိပ်နဲ့ဖြီးပါ။

၃။သံပုရာနံ့ပါတဲ့ပန်းကန်ဆေးဆပ်ပြာ

သံပုရာနံ့ပါတဲ့ ပန်းကန်ဆေးဆပ်ပြာကလည်း သန်းတွေပျောက်ကင်းဖို့အတွက် အတော်လေးကို ထိရောက်ပါတယ်။ ဆပ်ပြာဆီနဲ့ ခေါင်းလျှော်ပေးရုံနဲ့ သန်းတွေ အတော်သက်သာစေပါတယ်။ ကြောင်လေးတွေ ၊ ခွေးလေးတွေကိုလည်း ဒီဆပ်ပြာနဲ့ ရေချိုးသန့်စင်ပေးတာက သူတို့ ကိုယ်ပေါ်က သန်းတွေကို ပျောက်ကင်းစေပါတယ်တဲ့။

၄။ပန်းသီးရှာလကာရည် (Apple Cider Vinegar)

ပန်းသီးရှာလကာရည်ကလည်း သန်းတွေပျောက်ကင်းအောင်လုပ်တဲ့နေရာမှာ တကယ်ထိရောက်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနွေးနဲ့ရောပြီး ဦးခေါင်းအနှံ့ နှိပ်နယ်ပါ။ ခေါင်းစွပ်နဲ့ ၁၅မိနစ်လောက် အုပ်ထားပါ။ ပြီးရင်ရေဆေးချရုံပါပဲ။

ဒီနည်းတွေအားလုံးကတော့ သန်းတွေ ၊ သန်းဥတွေ ဖယ်ရှားရာမှာ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေပါ။ တိရစ္ဆာန်ချစ်တတ်သူ ယောင်းတို့ရေ… ကူးလာတဲ့ သန်းကြောင့်စိတ်ညစ်နေရပြီး ဟိုဟာလည်း လုပ်မရ၊ ဒီဟာလည်းမလုပ်ချင်၊ နည်းလမ်းလည်း ရှာမတွေ့ ဖြစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သုံးကြည့်လိုက်ပါလို့.. လွယ်လည်းလွယ်ကူပြီး ထိရောက်မှုလည်း ရှိတာမို့ စမ်းကြည့်ပြီး ရလဒ်လေးတွေကို အက်ဒ်မင်တို့ကို လာပြောပြဖို့လည်း မမေ့နဲ့ဦးနော်…


ဖိုးသူတော် (www.phothutaw.com)
Credit: For Her Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top