ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘယ္လိုျဖစ္တာလဲဆရာမရယ္ ေက်ာင္းအုပ္ဆရာမ ဆိုတဲ႔ ဂုဏ္သိကၡာမွမေထာက္

ပဲခူးတိုင္းေဒသႀကီး၊ေဝါၿမိဳ႕နယ္၊သူေဌးကုန္းေက်းရြာက အလယ္တန္း ေက်ာင္းအုပ္ဆရာမတစ္ဦးကို ဆိုင္ကယ္ခိုးမႈ၊ဆိုင္ကယ္လိမ္ယူမႈေတြနဲ႔ ေဖေဖာ္ဝါရီ ၂၂ရက္/မနက္ ၁၁ နာရီေလာက္က ပဲခူးၿမိဳ႕၊ကညနရုံးလမ္းက ဥႆာမင္းစားေသာက္ဆိုင္မွာပဲခူးၿမိဳ႕၊အမွတ္(၂)နယ္ေျမရဲစခန္း ကဖမ္းဆီးလိုက္တယ္ခင္ဗ်။

ျဖစ္ပုံကဒီလိုဗ် –

ေဖေဖာ္ရီ ၁၃ရက္ေန႔၊ နံနက္ ၁၁ နာရီ ၄၅မိနစ္ အခ်ိန္ ေလာက္က ပဲခူးတကၠသိုလ္ တကၠသိုလ္ ပထမႏွစ္၊သတၱေဗဒေက်ာင္းသား ေမာင္……….၊အသက္(၁၇)ႏွစ္နဲ႔ သူငယ္ခ်င္းျဖစ္သူ (၉)တန္းေက်ာင္းသား ေမာင္…….၊အသက္(၁၆)တို႔ ဆိုင္ကယ္အတူစီးလာစဥ္မွာ အသက္ (၄၀)အရြယ္(အမည္မသိ)အမ်ိဳးသမီးတစ္ဦးက လမ္းက ေန တားၿပီး သူ႔ကိုယ္သူ ပဲခူးၿမိဳ႕၊ပန္းလႈိင္ေက်ာင္းကဆရာမတစ္ဦးျဖစ္ေၾကာင္း မိတ္ဆက္ၿပီး မဟာေစတီဘုရားဘက္ကို လမ္းၾကဳံလိုက္ခ်င္တယ္လို႔ အကူအညီေတာင္းတဲ့အတြက္ (၃)ေယာက္တစ္စီး စီးခဲ့ၾကပါတယ္။

ေရႊဂူေလးလမ္းစုံအနီးကစတိုးဆိုင္တစ္ဆိုင္ေရွ႕အေရာက္ ေက်ာင္းသားေလးႏွစ္ ေယာက္ဟာ ဆိုင္ကယ္ကိုေသာ့တန္းလန္းထားၿပီး ေစ်းဆိုင္အတြင္း ေစ်းဆင္းဝယ္ ေနတုန္းလမ္းၾကဳံလိုက္ခဲ့တဲ့ အဲဒီေက်ာင္းဆရာမဆိုသူက ဆိုင္ကယ္ကိုေမာင္းႏွင္ခိုးယူသြားခဲ့ေရာဆိုပါေတာ့။

ဒါတင္ဘဲလားဆိုေတာ့ မကေသးဘူးဗ် –

ေဖေဖာ္ဝါရီ ၂၁ရက္ေန႔၊ညေန ၄နာရီအခ်ိန္ကလည္း အဲဒီအမ်ိဳးသမီးဟာ ပဲခူး ၿမိဳ႕ကပဲ ေမာင္…..၊(၁၉)ႏွစ္ရဲ႕ ဆိုင္ကယ္နဲ႔လမ္းၾကဳံလိုက္ပရေစကြယ္ဆိုၿပီးပဲခူး၊အမွတ္ (၂)နယ္ေျမရဲစခန္းကို ေမာင္းပို႔ခိုင္းခဲ့ပါတယ္။

သူ႔အေၾကာင္းျပခ်က္ကလည္းယုတၱိရွိတယ္ခင္ဗ်။

ေမာင္ေလးတဲ့။မမ ဆိုင္ကယ္တိုက္မႈျဖစ္ခဲ့တယ္တဲ့။အဲ့ဒါကို အမွတ္(၂)ရဲစခန္းက မမရဲ႕ဆိုင္ကယ္လိုင္စင္စာအုပ္ကိုသိမ္းထားတယ္တဲ့။

ဒါေပမဲ့မမရဲ႕ဆိုင္ကယ္နဲ႔ေမာင္ေလးဆိုင္ကယ္က တစ္ပုံစံထဲဆိုေတာ့ မင္းဆိုင္ကယ္ကို ရဲစခန္းမွာမမသြားျပမယ္။ေဟာ့ဒီမွာ က်မဆိုင္ကယ္။ က်မ ဘာယာဥ္တိုက္မႈမွမျဖစ္ဘူးလို႔ေျပာၿပီး ရဲေတြသိမ္းထားတဲ့လိုင္စင္စာအုပ္ကိုျပန္ယူခဲ့မယ္တဲ့။အဲဒီလိုေျပာၿပီး ေကာင္ေလးရဲ႕ ဆိုင္ကယ္ကိုလိမ္ယူသြားခဲ့တယ္ဆိုပါေတာ့။

အဆိုေတာ္ဘိုျဖဴ ရဲ႕သီခ်င္းစာသားလို ကဲ, အခုေတာ့ဘာေျပာမလဲ –

အဆုံးမေတာ့ ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕႕နယ္၊ကန္ေတာ္လမ္း၊အမွတ္(၁၅၆)ေန၊သူေဌးကုန္းေက်းရြာ၊အလယ္တန္းေက်ာင္းအုပ္ဆရာ မေဒၚေသာ္တာဝင္း၊(၃၆)ႏွစ္ (ဘ)ဦးတိုးျမင့္ကို ဆိုင္ကယ္ခိုးယူမႈအတြက္ (ပ)၁၆၄/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၉(ဆိုင္ကယ္)နဲ႔ ဆိုင္ကယ္ကိုမရိုးေျဖာင့္တဲ့သေဘာနဲ႔ယုံၾကည္ ေအာင္ေျပာဆိုၿပီး လိမ္လည္ရယူသြားခဲ့တဲ့အမႈအတြက္ (ပ)၁၃၆/ ၂၀၁၈၊ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၂၀ တို႔နဲ႔ ပဲခူးအမွတ္(၂)နယ္ေျမရဲစခန္းက အမႈဖြင့္လွစ္ၿပီး အမႈစစ္ဒုရဲအုပ္ သန္႔စင္ဝင္း နဲ႔ ဒုရဲအုပ္ေက်ာ္သီဟတို႔က ဒီက ေန႔ ပဲခူးၿမိဳ႕နယ္တရားရုံးမွာ ခ်ဳပ္မိန္႔ရီမန္ ယူၿပီး ဆက္လက္စစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္းပါဗ်ာ။

(ဒီအမႈမွာ သံေဝဂရစရာေတြရွိသလို သတိျပဳေရွာင္က်ဥ္ရမယ့္အခ်က္ေတြလည္းရွိေနတာ သတိျပဳမိၾကမယ္ထင္ပါတယ္)

အားလုံးကိုအစဥ္ေလးစားစြာျဖင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာ(ပဲခူး) (B Channel Media Group)

#Unicode Version#
ဘယ်လိုဖြစ်တာလဲဆရာမရယ် ကျောင်းအုပ်ဆရာမ ဆိုတဲ့ ဂုဏ်သိက္ခာမှမထောက်

ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊သူဌေးကုန်းကျေးရွာက အလယ်တန်း ကျောင်းအုပ်ဆရာမတစ်ဦးကို ဆိုင်ကယ်ခိုးမှု၊ဆိုင်ကယ်လိမ်ယူမှုတွေနဲ့ ဖေဖော်ဝါရီ ၂၂ရက်/မနက် ၁၁ နာရီလောက်က ပဲခူးမြို့၊ကညနရုံးလမ်းက ဥဿာမင်းစားသောက်ဆိုင်မှာပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်း ကဖမ်းဆီးလိုက်တယ်ခင်ဗျ။

ဖြစ်ပုံကဒီလိုဗျ –

ဖေဖော်ရီ ၁၃ရက်နေ့၊ နံနက် ၁၁ နာရီ ၄၅မိနစ် အချိန် လောက်က ပဲခူးတက္ကသိုလ် တက္ကသိုလ် ပထမနှစ်၊သတ္တဗေဒကျောင်းသား မောင်……….၊အသက်(၁၇)နှစ်နဲ့ သူငယ်ချင်းဖြစ်သူ (၉)တန်းကျောင်းသား မောင်…….၊အသက်(၁၆)တို့ ဆိုင်ကယ်အတူစီးလာစဉ်မှာ အသက် (၄၀)အရွယ်(အမည်မသိ)အမျိုးသမီးတစ်ဦးက လမ်းက နေ တားပြီး သူ့ကိုယ်သူ ပဲခူးမြို့၊ပန်းလှိုင်ကျောင်းကဆရာမတစ်ဦးဖြစ်ကြောင်း မိတ်ဆက်ပြီး မဟာစေတီဘုရားဘက်ကို လမ်းကြုံလိုက်ချင်တယ်လို့ အကူအညီတောင်းတဲ့အတွက် (၃)ယောက်တစ်စီး စီးခဲ့ကြပါတယ်။

ရွှေဂူလေးလမ်းစုံအနီးကစတိုးဆိုင်တစ်ဆိုင်ရှေ့အရောက် ကျောင်းသားလေးနှစ် ယောက်ဟာ ဆိုင်ကယ်ကိုသော့တန်းလန်းထားပြီး ဈေးဆိုင်အတွင်း ဈေးဆင်းဝယ် နေတုန်းလမ်းကြုံလိုက်ခဲ့တဲ့ အဲဒီကျောင်းဆရာမဆိုသူက ဆိုင်ကယ်ကိုမောင်းနှင်ခိုးယူသွားခဲ့ရောဆိုပါတော့။

ဒါတင်ဘဲလားဆိုတော့ မကသေးဘူးဗျ –

ဖေဖော်ဝါရီ ၂၁ရက်နေ့၊ညနေ ၄နာရီအချိန်ကလည်း အဲဒီအမျိုးသမီးဟာ ပဲခူး မြို့ကပဲ မောင်…..၊(၁၉)နှစ်ရဲ့ ဆိုင်ကယ်နဲ့လမ်းကြုံလိုက်ပရစေကွယ်ဆိုပြီးပဲခူး၊အမှတ် (၂)နယ်မြေရဲစခန်းကို မောင်းပို့ခိုင်းခဲ့ပါတယ်။

သူ့အကြောင်းပြချက်ကလည်းယုတ္တိရှိတယ်ခင်ဗျ။

မောင်လေးတဲ့။မမ ဆိုင်ကယ်တိုက်မှုဖြစ်ခဲ့တယ်တဲ့။အဲ့ဒါကို အမှတ်(၂)ရဲစခန်းက မမရဲ့ဆိုင်ကယ်လိုင်စင်စာအုပ်ကိုသိမ်းထားတယ်တဲ့။

ဒါပေမဲ့မမရဲ့ဆိုင်ကယ်နဲ့မောင်လေးဆိုင်ကယ်က တစ်ပုံစံထဲဆိုတော့ မင်းဆိုင်ကယ်ကို ရဲစခန်းမှာမမသွားပြမယ်။ဟော့ဒီမှာ ကျမဆိုင်ကယ်။ ကျမ ဘာယာဉ်တိုက်မှုမှမဖြစ်ဘူးလို့ပြောပြီး ရဲတွေသိမ်းထားတဲ့လိုင်စင်စာအုပ်ကိုပြန်ယူခဲ့မယ်တဲ့။အဲဒီလိုပြောပြီး ကောင်လေးရဲ့ ဆိုင်ကယ်ကိုလိမ်ယူသွားခဲ့တယ်ဆိုပါတော့။

အဆိုတော်ဘိုဖြူ ရဲ့သီချင်းစာသားလို ကဲ, အခုတော့ဘာပြောမလဲ –

အဆုံးမတော့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ကန်တော်လမ်း၊အမှတ်(၁၅၆)နေ၊သူဌေးကုန်းကျေးရွာ၊အလယ်တန်းကျောင်းအုပ်ဆရာ မဒေါ်သော်တာဝင်း၊(၃၆)နှစ် (ဘ)ဦးတိုးမြင့်ကို ဆိုင်ကယ်ခိုးယူမှုအတွက် (ပ)၁၆၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၉(ဆိုင်ကယ်)နဲ့ ဆိုင်ကယ်ကိုမရိုးဖြောင့်တဲ့သဘောနဲ့ယုံကြည် အောင်ပြောဆိုပြီး လိမ်လည်ရယူသွားခဲ့တဲ့အမှုအတွက် (ပ)၁၃၆/ ၂၀၁၈၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀ တို့နဲ့ ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီး အမှုစစ်ဒုရဲအုပ် သန့်စင်ဝင်း နဲ့ ဒုရဲအုပ်ကျော်သီဟတို့က ဒီက နေ့ ပဲခူးမြို့နယ်တရားရုံးမှာ ချုပ်မိန့်ရီမန် ယူပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းပါဗျာ။

(ဒီအမှုမှာ သံဝေဂရစရာတွေရှိသလို သတိပြုရှောင်ကျဉ်ရမယ့်အချက်တွေလည်းရှိနေတာ သတိပြုမိကြမယ်ထင်ပါတယ်)

အားလုံးကိုအစဉ်လေးစားစွာဖြင့်

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာ(ပဲခူး) (B Channel Media Group)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top