ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အဆိပ္သင့္ ျမန္မာ့ ဗီဒီယို ရုပ္​ရွင္​ ဇာတ္​ကားမ်ား

(1) ပထမ ကားက ' အက္တိုးပစ္ အပ်ိဳစင္ ' ။

အရမ္းေခ်ာ အရမ္းလွၿပီး ခ်စ္စရာ aကာင္းတဲ့၊ ဆရာဝန္မ ေခ်ာေခ်ာေလး နန္းခင္ေဇယ်ာ ရဲ႕ အခ်စ္ကို ႀကိဳးစားလို႔ မရတဲ့ အဆုံး ေဆးခပ္ၿပီး မုဒိန္းက်င့္ လိုက္တယ္။ မုဒိန္းေကာင္ က ေထာင္ မက်ဘူး။ အေရးယူ မခံရဘူး။ တစ္ရွက္ကေန (၂) ရွက္ ျဖစ္မွာ စိုးလို႔ ဆိုၿပီး မိဘေတြက မဂၤလာေဆာင္ၿပီး ေပးစား လိုက္တယ္။ ကဲ မုဒိန္းက်င့္ ၾကဖို႔ မေကာင္းဘူးလား? ခ်စ္ရင္ လိုက္ ။ အႏုနည္း နဲ႕ လိုက္လို႔ မရရင္ အၾကမ္းနည္း သုံးၿပီး မုဒိန္းသာ က်င့္လိုက္။ ခ်စ္တဲ့သူ ကို မဆုံးရွံုး ေစရဘူး။

(2) ေဟာ ေနာက္တကား က " ဤမွန္ေသာ အမုန္း တရားေၾကာင့္ " တဲ့။

စိုးျပည့္သဇင္ ရဲ႕ ရန္လိုမႈ ကို ခ်ိဳးခ်င္ တာနဲ႔ ဟိန္းေဝယံက ကားတင္ေျပးၿပီး မုဒိန္းက်င့္ လိုက္တယ္။ ေထာင္မက်ဘူး။ အေရးယူ မခံရ ဘူး။ ' မုဒိန္းမႈနဲ႕ ဟိန္းေဝယံက ေထာင္က်လည္း စိုးျပည့္ က အပ်ိဳမွ ျပန္မျဖစ္တာ ' တဲ့ ။ ကဲ ဘယ္ေလာက္ မွန္လိုက္ သလဲ။ ကြဲၿပီးတဲ့ ၾကက္ဥ ျပန္ဆက္ မရသလို ... ပါၿပီးတဲ့ ေခ်း ဖင္ထဲျပန္မဝင္ သလို ... ထြက္ၿပီးတဲ့ ေသး ဆက္မေပါက္ရင္ အဆင္မေျပ သလို ... ' မုဒိန္းက်င့္ ခံရၿပီးမွေတာ့ မုဒိန္းသမား လူဆိုးကို လက္ထပ္ ေပေတာ့ ' လို႔ ဆိုတဲ့ အဆိပ္သင့္ အေတြးေတြ လူငယ္ေတြ၊ ပညာနည္း သူေတြကို တလြဲ သင္ေပး သလို ျဖစ္ေနတယ္။

ကမ႓ာေက်ာ္ မင္းသမီး UMA Thur Man ရဲ႕ kill bill ဇာတ္ကားမွာ ... မုဒိန္းက်င့္ဖို႔ ႀကိဳးစားသူကို မိန္းခေလးက သတ္ပစ္ လိုက္တယ္။ ဘာျဖစ္ေသးလဲ? မိန္းကေလး တစ္ေယာက္က မိမိရဲ႕ အရွက္ကို ကာကြယ္ရင္း လက္လြန္ သြားတယ္။ မိန္းခေလးမွာ အျပစ္ မရွိဘူး။ မိမိ ကိုယ္ကိုယ္ ခုခံ ကာကြယ္ခြင့္ ဆိုတာ လူတိုင္းမွာ ရွိတယ္။ Hollywood ကားေတြ ကမ႓ာေက်ာ္တာ ေက်ာ္ ထိုက္တယ္။ ဒါရိုက္တာေတြ ၊ ဇာတ္ညႊန္းေရး ဆရာေတြရဲ႕ ဦးေႏွာက္ဉာဏ္ က လူစင္ မီတာကိုးဗ် ။

ခ်စ္စရာ မိန္းမလွ ကေလး တစ္ေယာက္ရဲ႕ အခ်စ္ကို လိုခ်င္ရင္ လူႀကီး လူေကာင္းလို က်င့္စရာ မလိုဘူး၊ အႏုၾကမ္း စီိးၿပီး လူသား မဆန္စြာ မုဒိန္းသာ က်င့္။ ညားၿပီးရင္ အသည္းကြဲျပ ... အရက္ေတြ ဖိၿပီးေသာက္ျပ ... မုဒိန္းက်င့္ ခံခဲ့ရၿပီးတဲ့ ကိုယ့္မိန္းမပဲ ။ အဆုံးသတ္မွာ ပုံျပင္ေတြ ထဲကလို မင္းသမီး ႏွင့္ မင္းသားတို႔ အသက္ထက္ဆုံး ေပ်ာ္ရႊင္စြာ ေနထိုင္ သြားၾကေလ သတည္း တဲ့။

' ၾကက္တူေ႐ြး စနစ္ ပညာေရး ' မွာေတာင္ ၾကက္တူေ႐ြး ဦးေႏွာက္ေလာက္ မရွိလို႔ (၁၀) တန္း ( ၂ ခါ - ၃ ခါ ) ေျဖၿပီး မေအာင္တဲ့ သူေတြ ဒုနဲ႔ေဒး ျဖစ္ေနတဲ့ နိုင္ငံမွာ .. မိဘေတြ ည့ံဖ်င္းလို႔ ကေလးဘဝမွာ ေက်ာင္းျပင္ပ စာ ဖတ္ဖို႔ မသင္ခဲ့ရတဲ့ နိုင္ငံမွာ ... ေက်ာင္းစာကို ေအာင္မွတ္ ရဖို႔ က်က္ၿပီး ျပင္ပ ဗဟုသုတ လုံးဝ မဖတ္တဲ့ ၊ မေလ့လာတဲ့ သူေတြ မ်ားလို႔ အေတြး အေခၚ ဗဟုသုတ ရွိတဲ့ လူငယ္ေတြ နည္းပါး ေနတဲ့ အခ်ိန္မွာ .. ေပါက္ကရ ေတြ၊ အဆိပ္သင့္ အေတြးအေခၚေတြကို လူငယ္ အမ်ားစု အားက် အတုယူ ၾကည့္႐ႈၾကတဲ့ ႐ုပ္ရွင္ ဗီဒီယိုေတြ ကေန ျဖန့္ေဝ ေနတာကို အလြန္အမင္း စိတ္ပ်က္ မိပါေၾကာင္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Original Writer
#Unicode Version#
အဆိပ်သင့် မြန်မာ့ ဗီဒီယို ရုပ်ရှင် ဇာတ်ကားများ

(1) ပထမ ကားက ' အက်တိုးပစ် အပျိုစင် ' ။

အရမ်းချော အရမ်းလှပြီး ချစ်စရာ aကာင်းတဲ့၊ ဆရာဝန်မ ချောချောလေး နန်းခင်ဇေယျာ ရဲ့ အချစ်ကို ကြိုးစားလို့ မရတဲ့ အဆုံး ဆေးခပ်ပြီး မုဒိန်းကျင့် လိုက်တယ်။ မုဒိန်းကောင် က ထောင် မကျဘူး။ အရေးယူ မခံရဘူး။ တစ်ရှက်ကနေ (၂) ရှက် ဖြစ်မှာ စိုးလို့ ဆိုပြီး မိဘတွေက မင်္ဂလာဆောင်ပြီး ပေးစား လိုက်တယ်။ ကဲ မုဒိန်းကျင့် ကြဖို့ မကောင်းဘူးလား? ချစ်ရင် လိုက် ။ အနုနည်း နဲ့ လိုက်လို့ မရရင် အကြမ်းနည်း သုံးပြီး မုဒိန်းသာ ကျင့်လိုက်။ ချစ်တဲ့သူ ကို မဆုံးရှုံး စေရဘူး။

(2) ဟော နောက်တကား က " ဤမှန်သော အမုန်း တရားကြောင့် " တဲ့။

စိုးပြည့်သဇင် ရဲ့ ရန်လိုမှု ကို ချိုးချင် တာနဲ့ ဟိန်းဝေယံက ကားတင်ပြေးပြီး မုဒိန်းကျင့် လိုက်တယ်။ ထောင်မကျဘူး။ အရေးယူ မခံရ ဘူး။ ' မုဒိန်းမှုနဲ့ ဟိန်းဝေယံက ထောင်ကျလည်း စိုးပြည့် က အပျိုမှ ပြန်မဖြစ်တာ ' တဲ့ ။ ကဲ ဘယ်လောက် မှန်လိုက် သလဲ။ ကွဲပြီးတဲ့ ကြက်ဥ ပြန်ဆက် မရသလို ... ပါပြီးတဲ့ ချေး ဖင်ထဲပြန်မဝင် သလို ... ထွက်ပြီးတဲ့ သေး ဆက်မပေါက်ရင် အဆင်မပြေ သလို ... ' မုဒိန်းကျင့် ခံရပြီးမှတော့ မုဒိန်းသမား လူဆိုးကို လက်ထပ် ပေတော့ ' လို့ ဆိုတဲ့ အဆိပ်သင့် အတွေးတွေ လူငယ်တွေ၊ ပညာနည်း သူတွေကို တလွဲ သင်ပေး သလို ဖြစ်နေတယ်။

ကမ္ဘာကျော် မင်းသမီး UMA Thur Man ရဲ့ kill bill ဇာတ်ကားမှာ ... မုဒိန်းကျင့်ဖို့ ကြိုးစားသူကို မိန်းခလေးက သတ်ပစ် လိုက်တယ်။ ဘာဖြစ်သေးလဲ? မိန်းကလေး တစ်ယောက်က မိမိရဲ့ အရှက်ကို ကာကွယ်ရင်း လက်လွန် သွားတယ်။ မိန်းခလေးမှာ အပြစ် မရှိဘူး။ မိမိ ကိုယ်ကိုယ် ခုခံ ကာကွယ်ခွင့် ဆိုတာ လူတိုင်းမှာ ရှိတယ်။ Hollywood ကားတွေ ကမ္ဘာကျော်တာ ကျော် ထိုက်တယ်။ ဒါရိုက်တာတွေ ၊ ဇာတ်ညွှန်းရေး ဆရာတွေရဲ့ ဦးနှောက်ဉာဏ် က လူစင် မီတာကိုးဗျ ။

ချစ်စရာ မိန်းမလှ ကလေး တစ်ယောက်ရဲ့ အချစ်ကို လိုချင်ရင် လူကြီး လူကောင်းလို ကျင့်စရာ မလိုဘူး၊ အနုကြမ်း စီးပြီး လူသား မဆန်စွာ မုဒိန်းသာ ကျင့်။ ညားပြီးရင် အသည်းကွဲပြ ... အရက်တွေ ဖိပြီးသောက်ပြ ... မုဒိန်းကျင့် ခံခဲ့ရပြီးတဲ့ ကိုယ့်မိန်းမပဲ ။ အဆုံးသတ်မှာ ပုံပြင်တွေ ထဲကလို မင်းသမီး နှင့် မင်းသားတို့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင် သွားကြလေ သတည်း တဲ့။

' ကြက်တူရွေး စနစ် ပညာရေး ' မှာတောင် ကြက်တူရွေး ဦးနှောက်လောက် မရှိလို့ (၁၀) တန်း ( ၂ ခါ - ၃ ခါ ) ဖြေပြီး မအောင်တဲ့ သူတွေ ဒုနဲ့ဒေး ဖြစ်နေတဲ့ နိုင်ငံမှာ .. မိဘတွေ ညံ့ဖျင်းလို့ ကလေးဘဝမှာ ကျောင်းပြင်ပ စာ ဖတ်ဖို့ မသင်ခဲ့ရတဲ့ နိုင်ငံမှာ ... ကျောင်းစာကို အောင်မှတ် ရဖို့ ကျက်ပြီး ပြင်ပ ဗဟုသုတ လုံးဝ မဖတ်တဲ့ ၊ မလေ့လာတဲ့ သူတွေ များလို့ အတွေး အခေါ် ဗဟုသုတ ရှိတဲ့ လူငယ်တွေ နည်းပါး နေတဲ့ အချိန်မှာ .. ပေါက်ကရ တွေ၊ အဆိပ်သင့် အတွေးအခေါ်တွေကို လူငယ် အများစု အားကျ အတုယူ ကြည့်ရှုကြတဲ့ ရုပ်ရှင် ဗီဒီယိုတွေ ကနေ ဖြန့်ဝေ နေတာကို အလွန်အမင်း စိတ်ပျက် မိပါကြောင်း။


ဖိုးသူတော် (www.phothutaw.com)
Credit:  Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top