iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ျပဳၿပီး အိမ္ေထာင္ရွင္ေတြဟာ ေႏြးေထြးတဲ့ မိသားစုဘဝတည္ေဆာက္ဖုိ႔အတြက္ ရင္ေသြးဆုိတဲ့ သံေယာဇဥ္ေလးေတြနဲ႔ထပ္ၿပီးေတာ့ ရစ္ပတ္ေႏွာင္တြယ္ၿပီး အခ်စ္အသစ္ေတြ ထပ္ ထပ္တိုးတည္ေဆာက္ၾကရပါတယ္။ အိမ္မွာ ရင္ေသြးငယ္ေလးေတြရဲ႕ဆည္းလည္း သံေလးေတြ ညံၿပီးေတာ့မွ မိသားစုအသုိက္အၿမံဳဟာ ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့ မိသားစုဘဝ ဆုိတာျဖစ္ လာတာပါ။ ဒါ့ေၾကာင့္မုိ႔ လုိ႔လည္း အိမ္ေထာင္က်ၿပီး အိမ္ေထာင္ရွင္စံုတြဲေတြမွာ ရင္ေသြး၊ သားသ မီးယူဖုိ႔ကုိ အိမ္ေထာင္ေရး အစီအစဥ္နဲ႔ေရးဆြဲၿပီးေတာ့ သားသမီးယူဖုိ႔ စဥ္းစားထားၾကပါတယ္။ အဲ့ဒီေတာ့ အခုေဖာ္ျပမယ့္ အခ်က္ ေတြက အိမ္ေထာင္ရက္သားက်ၿပီးသားစံု တြဲေတြျဖစ္ေန ၾကေပမယ့္ သားသမီးယူဖုိ႔ အဆင္သင့္ မျဖစ္ ေသးတဲ့ အိမ္ေထာင္သည္ စံုတြဲေတြျဖစ္ေနေသး တယ္ဆုိတာ ေဖာ္ျပေပးမွာပါ။ ဒီအခ်က္ေတြ ရွိေနေသး တဲ့ စံုတြဲေတြအေနနဲ႔လည္း သားသမီးယူဖုိ႔ ကုိလည္း မစဥ္းစားသင့္ေသးဘူးဆုိတာ အၾကံျပဳေပးခ်င္ပါတယ္။

၁။ သင္တုိ႔ ဇနီးေမာင္ႏွံႏွစ္ဦးသားမွာ ေကာင္းမြန္တဲ့ ေငြေၾကးစုေဆာင္းထားရွိမႈနဲ႔ တည္ၿငိမ္တဲ့ဝင္ ေငြ မရွိေသးဘူးဆုိရင္ သားသမီးယူဖုိ႔ မစဥ္းစားသင့္ပါဘူး။ ကေလးငယ္တစ္ဦးရဲ႕ စရိတ္ဟာ ထင္ထား တာ ထက္ကုိ မနည္းမ်ားျပားပါတယ္။ ကေလးေမြးၿပီး တစ္သက္တာသူတုိ႔ေတြရဲ႕ အသံုးစရိတ္အတြက္ သင့္ တုိ႔အေနနဲ႔ ပံ့ပုိးေထာက္ပံ့ေပးႏုိင္ဖုိ႔ဆုိတာ ေတာ္တန္ရံုကိစၥေတာ့မဟုတ္ ပါဘူး။ ေမြးၿပီးခ်င္း ေကၽြးေမြး ေစာင့္ေရွာက္ေပးရမယ္။ ကေလးငယ္ရဲ႕ က်န္းမာေရး၊ ပညာေရး၊ အစားအေသာက္၊ အဝတ္အစား၊ ေန ထုိင္မႈပံုစံ၊ မုန္႔ဖုိး၊ အသံုးစရိတ္ အစရွိသျဖင့္ မ်ားျပားလွ စြာေသာ အသံုးစရိတ္ေတြအတြက္ သင္တုိ႔က ရွာေဖြေထာက္ပံ့ ေပးႏုိင္ရပါလိမ့္မယ္။

၂။ သင္တုိ႔ႏွစ္ဦးစလံုးက မရင့္က်က္ၾကေသးဘူးဆုိရင္ ကေလးယူဖုိ႔ မျဖစ္ႏုိင္ေသးပါဘူး။ သားသမီးယူတယ္ဆုိတာ ကုိယ္ဟာတကယ္တမ္း မိဘေနရာကေန အနစ္နာခံ၊ သည္းခံၿပီး ကေလးငယ္ကုိထိန္း သိမ္းေစာင့္ေရွာက္ရမယ္ဆုိတဲ့ မိဘေမတၱာတရားေပါက္ဖြားလာမွသာ ယူတာအေကာင္းဆံုးပါ။ ဒီလုိမ ဟုတ္ပဲ ကုိယ္ဟာ ကုိယ့္အတြက္ပဲ ၾကည့္ေနေသးတယ္။ ကုိယ္ ဟာ ကေလးလုိ စိတ္သေဘာထားေတြ ငယ္ေနေသးတယ္ဆုိရင္လည္း သားသမီးယူဖုိ႔ အဆင္ သင့္မျဖစ္ႏုိင္ေသးပါဘူး။ အသက္အရြယ္အား ျဖင့္လည္း အရမ္းငယ္ေနေသးရင္ သားသမီး ယူဖုိ႔ မျဖစ္ႏုိင္ေသးတဲ့အျပင္ စိတ္ပုိင္းဆုိင္ရာမွာ မရင့္က်က္ ေသးဘူးဆုိရင္ လည္း သားသမီးယူဖုိ႔ မစဥ္းစားသင့္ေသးပါဘူး။

၃။ အိမ္ေထာင္က်ၿပီးတဲ့ အခ်ိန္အထိ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးေနတုန္း၊ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးရတာ ႀကိဳက္ႏွစ္သက္ေနတုန္းဆုိရင္လည္း ကေလးမယူပါနဲ႔အုန္း။ ကုိယ့္အိမ္ေထာင္ဖက္နဲ႔ သားသမီးယူ မယူနဲ႔ ကေလးယူမယ့္ အခ်ိန္ကုိအတူညွိႏႈိင္းၿပီး အခ်ိန္တစ္ခု သတ္မွတ္ထားပါ။ ကုိယ္ ကအေပ်ာ္အပါးေတြ ခုန္မင္ေနတုန္းမလုိ႔ တစ္ကုိယ္တည္းျဖစ္ျဖစ္၊ ႏွစ္ဦးသားျဖစ္ျဖစ္ လုိက္ ဖက္ညီစြာ ကဲလုိ႔ ရပါေသးတယ္။ ဒီလုိမဟုတ္ပဲ သားသမီးယူၿပီး ကေလးေဝယာဝစၥေတြ လုပ္ရပ်င္း တာတစ္ဖက္ အေပ်ာ္အပါးနဲ႔ အျပင္ထြက္ခ်င္တာ တစ္ဖက္ျဖစ္လာမယ္ဆုိရင္ေတာ့ မိသားစုထဲ ေပ်ာ္ရႊင္မႈေတြနဲ႔ အဆင္ေျပေျပေနႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္မုိ႔လုိ႔ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးခ်င္ေသးတယ္ဆုိလည္း သားသမီးယူဖုိ႔ မစဥ္းစားသင့္ေသးပါဘူး။

Source:providr.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်ပြုပြီး အိမ်ထောင်ရှင်တွေဟာ နွေးထွေးတဲ့ မိသားစုဘဝတည်ဆောက်ဖို့အတွက် ရင်သွေးဆိုတဲ့ သံယောဇဉ်လေးတွေနဲ့ထပ်ပြီးတော့ ရစ်ပတ်နှောင်တွယ်ပြီး အချစ်အသစ်တွေ ထပ် ထပ်တိုးတည်ဆောက်ကြရပါတယ်။ အိမ်မှာ ရင်သွေးငယ်လေးတွေရဲ့ဆည်းလည်း သံလေးတွေ ညံပြီးတော့မှ မိသားစုအသိုက်အမြုံဟာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝ ဆိုတာဖြစ် လာတာပါ။ ဒါ့ကြောင့်မို့ လို့လည်း အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်စုံတွဲတွေမှာ ရင်သွေး၊ သားသ မီးယူဖို့ကို အိမ်ထောင်ရေး အစီအစဉ်နဲ့ရေးဆွဲပြီးတော့ သားသမီးယူဖို့ စဉ်းစားထားကြပါတယ်။ အဲ့ဒီတော့ အခုဖော်ပြမယ့် အချက် တွေက အိမ်ထောင်ရက်သားကျပြီးသားစုံ တွဲတွေဖြစ်နေ ကြပေမယ့် သားသမီးယူဖို့ အဆင်သင့် မဖြစ် သေးတဲ့ အိမ်ထောင်သည် စုံတွဲတွေဖြစ်နေသေး တယ်ဆိုတာ ဖော်ပြပေးမှာပါ။ ဒီအချက်တွေ ရှိနေသေး တဲ့ စုံတွဲတွေအနေနဲ့လည်း သားသမီးယူဖို့ ကိုလည်း မစဉ်းစားသင့်သေးဘူးဆိုတာ အကြံပြုပေးချင်ပါတယ်။

၁။ သင်တို့ ဇနီးမောင်နှံနှစ်ဦးသားမှာ ကောင်းမွန်တဲ့ ငွေကြေးစုဆောင်းထားရှိမှုနဲ့ တည်ငြိမ်တဲ့ဝင် ငွေ မရှိသေးဘူးဆိုရင် သားသမီးယူဖို့ မစဉ်းစားသင့်ပါဘူး။ ကလေးငယ်တစ်ဦးရဲ့ စရိတ်ဟာ ထင်ထား တာ ထက်ကို မနည်းများပြားပါတယ်။ ကလေးမွေးပြီး တစ်သက်တာသူတို့တွေရဲ့ အသုံးစရိတ်အတွက် သင့် တို့အနေနဲ့ ပံ့ပိုးထောက်ပံ့ပေးနိုင်ဖို့ဆိုတာ တော်တန်ရုံကိစ္စတော့မဟုတ် ပါဘူး။ မွေးပြီးချင်း ကျွေးမွေး စောင့်ရှောက်ပေးရမယ်။ ကလေးငယ်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်၊ အဝတ်အစား၊ နေ ထိုင်မှုပုံစံ၊ မုန့်ဖိုး၊ အသုံးစရိတ် အစရှိသဖြင့် များပြားလှ စွာသော အသုံးစရိတ်တွေအတွက် သင်တို့က ရှာဖွေထောက်ပံ့ ပေးနိုင်ရပါလိမ့်မယ်။

၂။ သင်တို့နှစ်ဦးစလုံးက မရင့်ကျက်ကြသေးဘူးဆိုရင် ကလေးယူဖို့ မဖြစ်နိုင်သေးပါဘူး။ သားသမီးယူတယ်ဆိုတာ ကိုယ်ဟာတကယ်တမ်း မိဘနေရာကနေ အနစ်နာခံ၊ သည်းခံပြီး ကလေးငယ်ကိုထိန်း သိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ မိဘမေတ္တာတရားပေါက်ဖွားလာမှသာ ယူတာအကောင်းဆုံးပါ။ ဒီလိုမ ဟုတ်ပဲ ကိုယ်ဟာ ကိုယ့်အတွက်ပဲ ကြည့်နေသေးတယ်။ ကိုယ် ဟာ ကလေးလို စိတ်သဘောထားတွေ ငယ်နေသေးတယ်ဆိုရင်လည်း သားသမီးယူဖို့ အဆင် သင့်မဖြစ်နိုင်သေးပါဘူး။ အသက်အရွယ်အား ဖြင့်လည်း အရမ်းငယ်နေသေးရင် သားသမီး ယူဖို့ မဖြစ်နိုင်သေးတဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာ မရင့်ကျက် သေးဘူးဆိုရင် လည်း သားသမီးယူဖို့ မစဉ်းစားသင့်သေးပါဘူး။

၃။ အိမ်ထောင်ကျပြီးတဲ့ အချိန်အထိ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတုန်း၊ လွတ်လွတ်လပ်လပ် ပျော်ပါးရတာ ကြိုက်နှစ်သက်နေတုန်းဆိုရင်လည်း ကလေးမယူပါနဲ့အုန်း။ ကိုယ့်အိမ်ထောင်ဖက်နဲ့ သားသမီးယူ မယူနဲ့ ကလေးယူမယ့် အချိန်ကိုအတူညှိနှိုင်းပြီး အချိန်တစ်ခု သတ်မှတ်ထားပါ။ ကိုယ် ကအပျော်အပါးတွေ ခုန်မင်နေတုန်းမလို့ တစ်ကိုယ်တည်းဖြစ်ဖြစ်၊ နှစ်ဦးသားဖြစ်ဖြစ် လိုက် ဖက်ညီစွာ ကဲလို့ ရပါသေးတယ်။ ဒီလိုမဟုတ်ပဲ သားသမီးယူပြီး ကလေးဝေယာဝစ္စတွေ လုပ်ရပျင်း တာတစ်ဖက် အပျော်အပါးနဲ့ အပြင်ထွက်ချင်တာ တစ်ဖက်ဖြစ်လာမယ်ဆိုရင်တော့ မိသားစုထဲ ပျော်ရွှင်မှုတွေနဲ့ အဆင်ပြေပြေနေနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့်မို့လို့ လွတ်လွတ်လပ်လပ် ပျော်ပါးချင်သေးတယ်ဆိုလည်း သားသမီးယူဖို့ မစဉ်းစားသင့်သေးပါဘူး။

Source:providr.com

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top