ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ အေထြေထြေရာဂါကုေဆးရုံႀကီးတြင္ မိခင္မွ အမႊာပူး ေမြးဖြားခဲ႔ၿပီး အဆိုပါ အမႊားပူး အငယ္မိန္းကေလးမွ ဗိုက္ထဲတြင္ ေနာက္ထပ္ကေလးငယ္တစ္ဦး သေႏၶတည္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

ပုသိမ္ၿမိဳ႕နယ္ ပ်ဥ္းကတိုးကုန္းေက်းရြာေန ဦးထြန္းႏုိင္ဦးႏွင့္ ေဒၚတင္တင္လတ္တို႔ ဇနီးေမာင္ႏွံသည္ ဇန္နဝါရီလ အတြင္းက ေဆးရံုတြင္တက္ေရာက္ၿပီး ကေလး မီးဖြားခဲ့ရာ အမႊာမိန္းကေလး ၂ ဦးေမြးဖြားခဲ့ၿပီး အငယ္ မိန္းကေလး၏ ဗိုက္တြင္ ေမြးစမွပင္ ပူေနသျဖင့္ ဆရာဝန္မ်ားမွ ဓါတ္မွန္ရုိက္ၾကည့္ခဲ့ရာ ကေလးဟု ယူဆရေသာ အရာကိုေတြ႔ရွိခဲ့ရသည္ဟု ပုသိမ္အေထြေထြေရာဂါကု ေဆးရုံႀကီးတာဝန္ရွိသူမ်ားထံမွ သိရသည္။

အဆိုပါ ကေလးမွာ ငယ္ေနေသးသျဖင့္ ၁ လခန္႔ေစာင့္ၾကည့္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလလယ္ခန္႔က ကေလးအား ဗိုက္ခြဲခဲ့ရာ ဆံပင္မ်က္ႏွာကိုယ္အဂၤါစံုလင္ၿပီး ေအာက္ပိုင္း မစံုလင္သည့္ ကေလးတစ္ဦး ထပ္မံ ေမြးဖြားခဲ့ေသာ္လည္း အသက္ရွင္သန္ျခင္း မရွိခဲ့ေၾကာင္း မိဘမ်ားထံမွ သိရသည္။

“ကေလး ၂၉ ရက္ၾကာမွ ဗိုက္ခြဲတာမွာ ဆံပင္မ်က္ႏွာ ကိုယ္အဂၤါအစံုအလင္ပါတဲ့ ေနာက္ထပ္ ကေလး တစ္ေယာက္ေမြးခဲ့တာပါ။ ဒီအျဖစ္အပ်က္ကို ကြ်န္ေတာ္အပါအဝင္ တျခားလူ ၁၀ ေယာက္ေလာက္လည္း ေတြ႔ခဲ့ပါတယ္။”ဟု ကေလးငယ္၏ ဖခင္ျဖစ္သူ ဦးထြန္းႏုိင္ဦးက ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ အမႊာပူးေမြးဖြားသည့္ ျဖစ္စဥ္ျဖစ္ၿပီး လူတစ္သိန္းတြင္ တစ္ေယာက္ျဖစ္ခဲသည့္ ျဖစ္ရပ္ ျဖစ္သည့္အတြက္ ထူးျခားေနေသာ္လည္း ေဆးပညာသေဘာအရ ျဖစ္ေလ့ျဖစ္ထရွိသည့္အတြက္ ထူးျခား ျဖစ္စဥ္တစ္ခု မဟုတ္ေၾကာင္း ပုသိမ္အေထြေထြေရာဂါကုေဆးရုံအုပ္ႀကီး ေဒါက္တာ မ်ိဳးသန္႔က ေျပာသည္။

“ရင္ခ်င္းဆက္ အမႊာပူးေတြ ေခါင္းခ်င္းဆက္အမႊာပူးေတြလည္း ေမြးတာပါပဲ ေဆးပညာရပ္အေနနဲ႔ ေျပာရရင္ ေတာ့ အေသးစိတ္ကအစ ေျပာရလိမ့္မယ္ လူတစ္သိန္းမွာ တစ္ေယာက္ျဖစ္ခဲေတာ့ သာမာန္လူေတြအတြက္ ထူးျခားေနေပမယ့္ ေဆးပညာရပ္အေနနဲ႔ ထူးျခားျဖစ္စဥ္တစ္ခုေတာ့ မဟုတ္ပါဘူး။”ဟု ပုသိမ္အေထြေထြ ေရာဂါကု ေဆးရုံအုပ္ႀကီး ေဒါက္တာ မ်ိဳးသန္႔က ေျပာသည္။

ဦးထြန္းႏုိင္ဦးႏွင့္ ေဒၚတင္တင္လတ္တို႔ လင္မယားတြင္ ယခုအမႊာမိန္းကေလး ၂ ဦးအပါဝင္ သားသမီး ၅ ဦး ထြန္းကားခဲ့ၿပီး ကေလးေရာမိခင္ပါ က်န္းမာလ်က္ရွိသျဖင့္ ပုသိမ္အေထြေထြေရာဂါကုေဆးရုံမွ ဆင္းသြားၿပီး ေနရပ္ ပ်ဥ္းကတိုးကုန္းေက်းရြာတြင္ ျပန္လည္ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်ိဳးမင္းထြန္း (ျမစ္မခ)
# Unicode Version ျဖင့္ ဖတ္ပါ #
# ZawGyi Version ဖြင့်ဖတ်ရန် #

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် မိခင်မှ အမွှာပူး မွေးဖွားခဲ့ပြီး အဆိုပါ အမွှားပူး အငယ်မိန်းကလေးမှ ဗိုက်ထဲတွင် နောက်ထပ်ကလေးငယ်တစ်ဦး သန္ဓေတည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပုသိမ်မြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာနေ ဦးထွန်းနိုင်ဦးနှင့် ဒေါ်တင်တင်လတ်တို့ ဇနီးမောင်နှံသည် ဇန်နဝါရီလ အတွင်းက ဆေးရုံတွင်တက်ရောက်ပြီး ကလေး မီးဖွားခဲ့ရာ အမွှာမိန်းကလေး ၂ ဦးမွေးဖွားခဲ့ပြီး အငယ် မိန်းကလေး၏ ဗိုက်တွင် မွေးစမှပင် ပူနေသဖြင့် ဆရာဝန်များမှ ဓါတ်မှန်ရိုက်ကြည့်ခဲ့ရာ ကလေးဟု ယူဆရသော အရာကိုတွေ့ရှိခဲ့ရသည်ဟု ပုသိမ်အထွေထွေရောဂါကု ဆေးရုံကြီးတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကလေးမှာ ငယ်နေသေးသဖြင့် ၁ လခန့်စောင့်ကြည့်ခဲ့ပြီးနောက် ဖေဖော်ဝါရီလလယ်ခန့်က ကလေးအား ဗိုက်ခွဲခဲ့ရာ ဆံပင်မျက်နှာကိုယ်အင်္ဂါစုံလင်ပြီး အောက်ပိုင်း မစုံလင်သည့် ကလေးတစ်ဦး ထပ်မံ မွေးဖွားခဲ့သော်လည်း အသက်ရှင်သန်ခြင်း မရှိခဲ့ကြောင်း မိဘများထံမှ သိရသည်။

“ကလေး ၂၉ ရက်ကြာမှ ဗိုက်ခွဲတာမှာ ဆံပင်မျက်နှာ ကိုယ်အင်္ဂါအစုံအလင်ပါတဲ့ နောက်ထပ် ကလေး တစ်ယောက်မွေးခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ကျွန်တော်အပါအဝင် တခြားလူ ၁၀ ယောက်လောက်လည်း တွေ့ခဲ့ပါတယ်။”ဟု ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးထွန်းနိုင်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ အမွှာပူးမွေးဖွားသည့် ဖြစ်စဉ်ဖြစ်ပြီး လူတစ်သိန်းတွင် တစ်ယောက်ဖြစ်ခဲသည့် ဖြစ်ရပ် ဖြစ်သည့်အတွက် ထူးခြားနေသော်လည်း ဆေးပညာသဘောအရ ဖြစ်လေ့ဖြစ်ထရှိသည့်အတွက် ထူးခြား ဖြစ်စဉ်တစ်ခု မဟုတ်ကြောင်း ပုသိမ်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသန့်က ပြောသည်။

“ရင်ချင်းဆက် အမွှာပူးတွေ ခေါင်းချင်းဆက်အမွှာပူးတွေလည်း မွေးတာပါပဲ ဆေးပညာရပ်အနေနဲ့ ပြောရရင် တော့ အသေးစိတ်ကအစ ပြောရလိမ့်မယ် လူတစ်သိန်းမှာ တစ်ယောက်ဖြစ်ခဲတော့ သာမာန်လူတွေအတွက် ထူးခြားနေပေမယ့် ဆေးပညာရပ်အနေနဲ့ ထူးခြားဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။”ဟု ပုသိမ်အထွေထွေ ရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသန့်က ပြောသည်။

ဦးထွန်းနိုင်ဦးနှင့် ဒေါ်တင်တင်လတ်တို့ လင်မယားတွင် ယခုအမွှာမိန်းကလေး ၂ ဦးအပါဝင် သားသမီး ၅ ဦး ထွန်းကားခဲ့ပြီး ကလေးရောမိခင်ပါ ကျန်းမာလျက်ရှိသဖြင့် ပုသိမ်အထွေထွေရောဂါကုဆေးရုံမှ ဆင်းသွားပြီး နေရပ် ပျဉ်းကတိုးကုန်းကျေးရွာတွင် ပြန်လည်နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးမင်းထွန်း (မြစ်မခ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top