စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

မံုရြာၿမိဳ႕အဝင္တိုးဂိတ္ ယာဥ္အခမဲ့ ျဖတ္သန္းခြင့္ကတ္ မ်ားကို ခ႐ိုင္လမ္းဦးစီးဌာနတြင္ ယခုလကုန္ ေနာက္ဆံုးထုတ္ေပး မည္ဟု မံုရြာခ႐ိုင္ လမ္းဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒၚမာလာဝင္းက ေျပာၾကား သည္။

မံုရြာ - မႏၲေလး ကားလမ္း ေျမနဲေက်းရြာအနီး ေရႊေတာင္တိုး ဂိတ္ယာဥ္အခမဲ့ျဖတ္သန္းခြင့္ ကတ္မ်ားကို ဇန္နဝါရီက စတင္၍ မံုရြာခ႐ိုင္ လမ္းဦးစီးဌာနတြင္ ထုတ္ေပးေနရာ ၿမိဳ႕ေပၚရပ္ကြက္ ႏွင့္ ေက်းရြာမ်ားတြင္ အခမဲ့ကတ္ ထုတ္ယူရန္ စာရင္းေပါက္ေသာ ကား ၂,၇၉၉ စီး အနက္ အစီး၅၀၀ ေက်ာ္သာ ထုတ္ယူထားသည္။

‘‘အခုေလာေလာဆယ္ အခ မဲ့လမ္းအသံုးျပဳခကတ္ ထုတ္ယူ တဲ့ကားက နည္းေနေသးတယ္။ ဒီ လကုန္ေနာက္ဆံုးထားၿပီး မံုရြာခ႐ိုင္လမ္းဦးစီးဌာနမွာ ထုတ္ယူ ႏိုင္ပါတယ္။ လာေရာက္ထုတ္ယူ ျခင္း မရွိတဲ့ကတ္ေတြကို ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးကေနတစ္ဆင့္ ရပ္ကြက္၊ ေက်းရြာေတြကိုထုတ္ ယူဖို႔စီစဥ္ေပးမယ္’’ ဟု ေဒၚမာလာဝင္း ကေျပာသည္။

မံုရြာၿမိဳ႕နယ္ရွိ ကားမ်ား သည္ ၿမိဳ႕နယ္အတြင္း ေဗာဓိတစ္ ေထာင္၊ မိုးညႇင္းသမၺဳေဒၶစသည့္ ဘုရားမ်ားသို႔ သြားေရာက္ရာတြင္ လမ္းေၾကး ေပးေဆာင္ရသျဖင့္ တိုးဂိတ္ကို ၿမိဳ႕နယ္ နယ္နိမိတ္အ ဆံုးေနရာအထိ ေရႊ႕ေျပာင္းေပး ရန္ ေဒသခံမ်ားက ေတာင္းဆိုခဲ့ ၿပီးေနာက္ စစ္ကိုင္းတိုင္းေဒသ ႀကီး အစိုးရက တိုးဂိတ္ကို ေျခာက္လ အ တြင္းေျပာင္းေရႊ႕ရန္ ႏွင့္ မေရႊ႕ေျပာင္းမီ အခမဲ့ကတ္ မ်ားထုတ္ေပးရန္ ၫႊန္ၾကား ျခင္းျဖစ္သည္။

အခမဲ့ျဖတ္သန္းခြင့္ ကတ္ ထုတ္ယူရန္ က်န္ရွိေသးေသာ ယာဥ္စာရင္းကို အရပ္ဘက္ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ (မံုရြာ) ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ကူညီေဖာ္ျပမည္ျဖစ္ေၾကာင္းေကာ္မတီအဖြဲ႕ဝင္တစ္ဦးကေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
မုံရွာမြို့အဝင်တိုးဂိတ် ယာဉ်အခမဲ့ ဖြတ်သန်းခွင့်ကတ် များကို ခရိုင်လမ်းဦးစီးဌာနတွင် ယခုလကုန် နောက်ဆုံးထုတ်ပေး မည်ဟု မုံရွာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပြောကြား သည်။

မုံရွာ - မန္တလေး ကားလမ်း မြေနဲကျေးရွာအနီး ရွှေတောင်တိုး ဂိတ်ယာဉ်အခမဲ့ဖြတ်သန်းခွင့် ကတ်များကို ဇန်နဝါရီက စတင်၍ မုံရွာခရိုင် လမ်းဦးစီးဌာနတွင် ထုတ်ပေးနေရာ မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများတွင် အခမဲ့ကတ် ထုတ်ယူရန် စာရင်းပေါက်သော ကား ၂,၇၉၉ စီး အနက် အစီး၅၀၀ ကျော်သာ ထုတ်ယူထားသည်။

‘‘အခုလောလောဆယ် အခ မဲ့လမ်းအသုံးပြုခကတ် ထုတ်ယူ တဲ့ကားက နည်းနေသေးတယ်။ ဒီ လကုန်နောက်ဆုံးထားပြီး မုံရွာခရိုင်လမ်းဦးစီးဌာနမှာ ထုတ်ယူ နိုင်ပါတယ်။ လာရောက်ထုတ်ယူ ခြင်း မရှိတဲ့ကတ်တွေကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေတစ်ဆင့် ရပ်ကွက်၊ ကျေးရွာတွေကိုထုတ် ယူဖို့စီစဉ်ပေးမယ်’’ ဟု ဒေါ်မာလာဝင်း ကပြောသည်။

မုံရွာမြို့နယ်ရှိ ကားများ သည် မြို့နယ်အတွင်း ဗောဓိတစ် ထောင်၊ မိုးညှင်းသမ္ဗုဒ္ဓေစသည့် ဘုရားများသို့ သွားရောက်ရာတွင် လမ်းကြေး ပေးဆောင်ရသဖြင့် တိုးဂိတ်ကို မြို့နယ် နယ်နိမိတ်အ ဆုံးနေရာအထိ ရွှေ့ပြောင်းပေး ရန် ဒေသခံများက တောင်းဆိုခဲ့ ပြီးနောက် စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရက တိုးဂိတ်ကို ခြောက်လ အ တွင်းပြောင်းရွှေ့ရန် နှင့် မရွှေ့ပြောင်းမီ အခမဲ့ကတ် များထုတ်ပေးရန် ညွှန်ကြား ခြင်းဖြစ်သည်။

အခမဲ့ဖြတ်သန်းခွင့် ကတ် ထုတ်ယူရန် ကျန်ရှိသေးသော ယာဉ်စာရင်းကို အရပ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (မုံရွာ) ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကူညီဖော်ပြမည်ဖြစ်ကြောင်းကော်မတီအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top