မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မိန္းကေလးေတြအေနနဲ႔ မိမိကိုယ္ကိုယံုၾကည္မႈ အျပည့္ရွိေစဖို႔ ခိ်ဳင္းသားေတြ ေဖြးေနဖို႔ လိုပါတယ္ေနာ္။ ဒါ့ေၾကာင့္လည္း နည္းလမ္းေပါင္းစံုနဲ႔ ခ်ိဳင္းသားသန္႔ရွင္းေရးေတြ ျပဳလုပ္လာၾကတာပါ။ Waxing လုပ္တာကေတာ့ အတြင္က်ယ္ဆံုးနည္းလမ္းတစ္ခုပါပဲ။ ဆုိင္မွာသြားၿပီး ျပဳလုပ္တဲ့သူေတြလည္း ရွိသလုိ၊ အိမ္မွာပဲ ကိုယ္တိုင္ေပါင္းတင္ တာမ်ိဳးေတြလည္း ေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ မၾကာခဏ ဆိုင္သြားဖို႔ အဆင္မေျပတဲ့ သူေတြအတြက္ ခ်ိဳင္းသားျဖဴေဖြးေနေစဖို႔ အိမ္မွာအလြယ္တကူ ျပဳလုပ္ႏုိင္မယ့္ သဘာဝနည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ခ်ိဳင္းသားကို ပံုမွန္သန္႔ရွင္းေပးပါ

ခ်ိဳင္းေမႊးႏႈတ္တတ္တဲ့သူေတြကေတာ့ မၾကာခဏဆိုသလို ခ်ိဳင္းသားကို သန္႔ရွင္းေရး ျပဳလုပ္ဖုိ႔ လိုပါတယ္။ တစ္ခါနႈတ္ျပီး သိပ္မၾကာခင္ ျပန္ေပါက္လာတတ္တဲ့ သဘာဝေၾကာင့္ ခ်ိဳင္းသားက အေမႊးအမွ်င္မ်ား ထြက္လာရင္ ထြက္လာသလို အခ်ိန္မွန္မွန္ရွင္းလင္းေပးပါ။ ရိတ္လိုက္တာပဲျဖစ္ျဖစ္၊ ႏႈတ္လိုက္တာပဲျဖစ္ျဖစ္ ကိုယ္အဆင္ေျပမယ့္ နည္းလမ္းကို အသံုးျပဳၿပီး ပံုမွန္သန္႔ရွင္းေပးဖို႔ မေမ့ပါနဲ႔။

(၂) အရည္အေသြးေကာင္းတဲ့ Roll on ေရြးသံုးပါ

ခ်ိဳင္းေခၽြးနံ႔ ေပ်ာက္ကင္းဖို႔အတြက္ Roll On ကိုအသံုးျပဳတဲ့အခါမွာ အနံ႔စူးရွျပင္လြန္းတာကို မသံုးပါနဲ႔။ အရည္အေသြးနိမ့္တဲ့ roll on ေတြကလည္း ခ်ိဳင္းသားကိုညစ္မည္းေစတဲ့အတြက္ အရည္အေသြး ေကာင္းတဲ့ roll on ကို ေသခ်ာေရြးခ်ယ္တတ္ဖုိ႔ အေရးႀကီးပါတယ္။

(၃) ထံုးရည္ၾကည္လိမ္းပါ

ခ်ိဳင္းသားကို သဘာဝအတုိင္း ျဖဴဝင္းေစဖို႔နဲ႔ ခ်ိဳင္းတစ္ဝိုက္မွာ ကပ္ၿငိေနတဲ့ အညစ္အေၾကးမ်ားကို ဖယ္ရွားသန္႔စင္ဖုိိ႔ဆိုရင္ ထံုးရည္ၾကည္ကို သတိရလိုက္ပါ။ ထံုးဘူးထဲကို ေရေလးနဲ႕ေရာျပီး ထြက္လာတဲ႔ အရည္ေလးေတြကို ခ်ိဳင္းၾကား အသားရည္ကို အနည္းဆံုး တစ္ပတ္တစ္ခါ သုတ္လိမ္းေပးမယ္ဆိုရင္ ခ်ိဳင္းသား ျဖဴဝင္းလာတာကို သိသိသာသာေတြ႔ျမင္ရမွာပါ။  ထံုးရည္ၾကည္ကခ်ိဳင္းၾကားက အညစ္အေၾကးေတြကို ေပ်ာက္ကင္းေစႏုိင္တဲ့အျပင္ ခ်ိဳင္းၾကားက ေခၽြးနံ႔ဆိုးေတြကိုပါ ကင္းေ၀းေစပါတယ္။

(၄) သံပုရာသီးစိတ္နဲ႔ပြတ္ပါ

ခ်ိဳင္းၾကားအသားအေရ မည္းတဲ့သူေတြအတြက္ အေကာင္းဆံုးနဲ႔ လြယ္ကူတဲ့ နည္းလမ္းတစ္ရပ္ ပါပဲေနာ္။ ခ်ိဳင္းသားမည္းတဲ႔သူေတြအေနနဲ႔ ေရမခ်ိဳးခင္ မိနစ္ ၂၀ ေလာက္အလိုမွာ သံပုရာသီး ျခမ္းနဲ႔ ခ်ိဳင္းသားကို ပြတ္တိုက္ေပးမယ္ဆိုရင္ တစ္လေလာက္ၾကာရင္ သိသိသာသာ ခ်ိဳင္းသားမည္းတာ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(၅) ပ်ားရည္သုတ္လိမ္းပါ

ပ်ားရည္ကလည္း အလွအပေရးရာမွာ အသံုးတည့္လွတာကို ေတြ႔ရမွာပါ။ ပ်ားရည္တစ္စြန္းစာ ေလာက္ကို မည္းေနတဲ့ ခ်ိဳင္းသားေပၚ သုတ္လိမ္းၿပီး ၁၅မိနစ္ေလာက္အၾကာမွာ ေရနဲ႔ေဆးခ် လိုက္ရံုပါပဲ။ တစ္ပတ္ကိုတစ္ႀကိမ္ ဒီနည္းလမ္းအတုိင္း ပံုမွန္ျပဳလုပ္ေပးမယ္ဆိုုရင္ ခ်ိဳင္းသားျဖဴဝင္း လာေစတဲ့အျပင္ ခ်ိဳင္းၾကား အသားအေရကလည္း နဂိုထက္ ပိုမိုႏူးညံ့လာတာကို ခံစားရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတွေအနေနဲ့ မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိစေဖို့ ချိုင်းသားတွေ ဖွေးနေဖို့ လိုပါတယ်နော်။ ဒါ့ကြောင့်လည်း နည်းလမ်းပေါင်းစုံနဲ့ ချိုင်းသားသန့်ရှင်းရေးတွေ ပြုလုပ်လာကြတာပါ။ Waxing လုပ်တာကတော့ အတွင်ကျယ်ဆုံးနည်းလမ်းတစ်ခုပါပဲ။ ဆိုင်မှာသွားပြီး ပြုလုပ်တဲ့သူတွေလည်း ရှိသလို၊ အိမ်မှာပဲ ကိုယ်တိုင်ပေါင်းတင် တာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် မကြာခဏ ဆိုင်သွားဖို့ အဆင်မပြေတဲ့ သူတွေအတွက် ချိုင်းသားဖြူဖွေးနေစေဖို့ အိမ်မှာအလွယ်တကူ ပြုလုပ်နိုင်မယ့် သဘာဝနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ချိုင်းသားကို ပုံမှန်သန့်ရှင်းပေးပါ

ချိုင်းမွှေးနှုတ်တတ်တဲ့သူတွေကတော့ မကြာခဏဆိုသလို ချိုင်းသားကို သန့်ရှင်းရေး ပြုလုပ်ဖို့ လိုပါတယ်။ တစ်ခါနှုတ်ပြီး သိပ်မကြာခင် ပြန်ပေါက်လာတတ်တဲ့ သဘာဝကြောင့် ချိုင်းသားက အမွှေးအမျှင်များ ထွက်လာရင် ထွက်လာသလို အချိန်မှန်မှန်ရှင်းလင်းပေးပါ။ ရိတ်လိုက်တာပဲဖြစ်ဖြစ်၊ နှုတ်လိုက်တာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုပြီး ပုံမှန်သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။

(၂) အရည်အသွေးကောင်းတဲ့ Roll on ရွေးသုံးပါ

ချိုင်းချွေးနံ့ ပျောက်ကင်းဖို့အတွက် Roll On ကိုအသုံးပြုတဲ့အခါမှာ အနံ့စူးရှပြင်လွန်းတာကို မသုံးပါနဲ့။ အရည်အသွေးနိမ့်တဲ့ roll on တွေကလည်း ချိုင်းသားကိုညစ်မည်းစေတဲ့အတွက် အရည်အသွေး ကောင်းတဲ့ roll on ကို သေချာရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

(၃) ထုံးရည်ကြည်လိမ်းပါ

ချိုင်းသားကို သဘာဝအတိုင်း ဖြူဝင်းစေဖို့နဲ့ ချိုင်းတစ်ဝိုက်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ဖိို့ဆိုရင် ထုံးရည်ကြည်ကို သတိရလိုက်ပါ။ ထုံးဘူးထဲကို ရေလေးနဲ့ရောပြီး ထွက်လာတဲ့ အရည်လေးတွေကို ချိုင်းကြား အသားရည်ကို အနည်းဆုံး တစ်ပတ်တစ်ခါ သုတ်လိမ်းပေးမယ်ဆိုရင် ချိုင်းသား ဖြူဝင်းလာတာကို သိသိသာသာတွေ့မြင်ရမှာပါ။  ထုံးရည်ကြည်ကချိုင်းကြားက အညစ်အကြေးတွေကို ပျောက်ကင်းစေနိုင်တဲ့အပြင် ချိုင်းကြားက ချွေးနံ့ဆိုးတွေကိုပါ ကင်းဝေးစေပါတယ်။

(၄) သံပုရာသီးစိတ်နဲ့ပွတ်ပါ

ချိုင်းကြားအသားအရေ မည်းတဲ့သူတွေအတွက် အကောင်းဆုံးနဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ရပ် ပါပဲနော်။ ချိုင်းသားမည်းတဲ့သူတွေအနေနဲ့ ရေမချိုးခင် မိနစ် ၂၀ လောက်အလိုမှာ သံပုရာသီး ခြမ်းနဲ့ ချိုင်းသားကို ပွတ်တိုက်ပေးမယ်ဆိုရင် တစ်လလောက်ကြာရင် သိသိသာသာ ချိုင်းသားမည်းတာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၅) ပျားရည်သုတ်လိမ်းပါ

ပျားရည်ကလည်း အလှအပရေးရာမှာ အသုံးတည့်လှတာကို တွေ့ရမှာပါ။ ပျားရည်တစ်စွန်းစာ လောက်ကို မည်းနေတဲ့ ချိုင်းသားပေါ် သုတ်လိမ်းပြီး ၁၅မိနစ်လောက်အကြာမှာ ရေနဲ့ဆေးချ လိုက်ရုံပါပဲ။ တစ်ပတ်ကိုတစ်ကြိမ် ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုုရင် ချိုင်းသားဖြူဝင်း လာစေတဲ့အပြင် ချိုင်းကြား အသားအရေကလည်း နဂိုထက် ပိုမိုနူးညံ့လာတာကို ခံစားရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top