(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

သားေလး သန္႔ဇင္စိုး၏ ၃ ႏွစ္ျပည့္ေမြးေန႔ ေဆးအလႉႏွင့္အထူးသတိျပဳသင့္ေသာေဆးအေတြ႕အၾကဳံ

19″2″2018 ေန႔ဟာ ဆရာ့သားေလး ေမာင္သန္႔ဇင္စိုးရဲ႕ ၃ ႏွစ္တင္းတင္းျပည့္တဲ့ေမြးေန႔မဂၤလာပါ။ဆရာ့ေမြးေန႔က 16″2″2018 မို႔သားအဖႏွစ္ေယာက္ေမြးေန႔ဟာ၂ရက္ပဲကြာပါတယ္။ သူ႔အေမေမြးေန႔ကလည္း ဒီလထဲမွာမို႔ သားအမိသားအဖ သံုးေယာက္ တစ္လထဲေမြးတာပါ။

ေဖေဖာ္ဝါရီလအစထဲက သားေလးေဆးရံုစတက္ရတာ။ သားေလး အခုေနာက္ထပ္ ေဆးရုံထပ္တက္ရတဲ့အခ်ိန္မွာပဲ ၃ ႏွစ္ျပည့္တာပါ။ လြန္ခဲ့တဲ့ ၁၀ရက္ေလာက္ကပဲ ေဆးရံုကေန ဆရာ့အမ်ိဳးသမီးက ဆရာ့တပည့္ ဦးေအာင္ဆန္းဦး ဦးေဆာင္လႉဒါန္းေနတဲ့ ဆရာ တပည့္ ကာယကံေမတၱာအဖြဲ႕ႏြမ္းပါးလူနာေဆးဝါးေထာက္ပံ့ေရးအဖြဲ႕ကို ဆရာတို႔မိသားစုဆီက ေဆးဖိုး၁၅သိန္းလႉေပးလိုက္ပါတယ္။

လိုတဲ့ေနရာကို ထိထိေရာက္ေရာက္ကူညီႏိုင္ေအာင္ ပညာယွဥ္ၿပီးမွလႉတတ္တဲ့အမ်ိဳးသမီးက ႏြမ္းပါးလူနာအေရးေပၚေရာက္လာရင္ ေဆးဆိုင္ကေနအေႂကြးလႉေနက်ဦးေအာင္ဆန္းဦးမွာ ၃လစာ ေဆးဖိုးငါးသိန္းအလႉရွင္မေပၚလို႔အေႂကြးတင္ေနတာကိုအရင္ဆပ္ေပးလိုက္ပါတယ္။ က်န္ဆယ္သိန္းကေတာ့သူတို႔အဖြဲ႕တကယ္လိုအပ္တဲ့ေနရာမွာ ေဆးဝါးေတြ သြားလႉ၊ ေဆးကုေပးရေအာင္ ဆရာတို႔မိသားစုက မတည္လႉေပးလိုက္တာပါ။

ကိုယ့္ကေလး ေဆးရံုမွာ ေရာဂါ လကၡဏာဒဏ္ အလူးအလဲ ခံေနရခ်ိန္မွာေတာင္ ဆရာတို႔မိသားစုအေနနဲ႔ တျခားေဆးရံုေတြက မိဘေတြ၊ လူနာေတြအတြက္ ကိုယ္ခ်င္းစာစိတ္နဲ႔ ကူညီဖို႔ သတိရွိေပးခဲ့ပါတယ္။ တျခားလူေတြလည္း ကိုယ့္ေဘးပတ္ဝန္းက်င္အတြက္ ကိုယ္ေရးကိုယ္တာ အခက္အခဲၾကားက အခ်င္းခ်င္းရိုင္းပင္းၿပီး ျပန္ငဲ့ကြက္ ကူညီၾကဖို႔နဲ႔ အခုလို ျမန္မာေတြ အခက္အခဲေတြ အဘက္ဘက္က ရင္ဆိုင္ေနရခ်ိန္မွာ အခ်င္းခ်င္း ပိုစည္းလံုးၾကဖို႔ ဆရာ တိုက္တြန္းလိုက္ပါရေစ။

ကိုေအာင္ဆန္းဦးတို႔အဖြဲ႕ဟာ လွည္းကူးကမရမ္းေခ်ာင္းအနာႀကီးေရာဂါသည္ေဂဟာနဲ႔တြံေတးက လူငယ္ျပဳျပင္ေရးေက်ာင္းလိုေနရာေတြမွာဆရာဝန္ေတြ သူနာျပဳေတြအမ်ားႀကီးေခၚသြားၿပီးကြင္းဆင္းကုသေနက်ပါ။ ရန္ကုန္ ေဆးရံုေတြက ႏြမ္းပါးလူနာေတြကို ေသခ်ာစိစစ္ၿပီး လိုအပ္တဲ့ ေဆးဝါးအကူအညီေပးေနက်ပါ။ စာရင္းဇယားလည္း ဆရာသိသေလာက္ ေတာ္ေတာ္ တိက်ပါတယ္။

အရင္ကလည္းၾကဳံရင္ၾကံဳသလို၄သိန္း ၅သိန္း မၾကာခဏလႉျဖစ္ပါတယ္။ဆရာ ရဟန္းဘဝတုန္းက ဦးေအာင္ဆန္းဦးက အေနာက္ပိုင္းေဆးရုံမွာလိုအပ္ေနတဲ့မျဖစ္မေနအသုံးျပဳရမယ့္စက္တစ္လံုးလႉဖို႔ၾကဳံလာပါတယ္။က်ဴရွင္ဆရာျဖစ္တဲ့ဦးေအာင္ဆန္းဦးက သူ႔တပည့္ေတြေရာသူေရာ ဝိုင္းလႉၾကသလို ဆရာနဲ႔ဆရာ့တပည့္ေတြကလည္းဝိုင္းလႉၾကတာ စက္ဖိုးျပည့္သြားတဲ့အျပင္ေငြသိန္းအေတာ္မ်ားမ်ားပိုေနပါတယ္။

ပိုေငြကိုဘာလုပ္ရမလဲလို႔ဆရာ့ကိုလာေမးတဲ့အခါ တကယ္ႏြမ္းပါးတဲ့လူနာေတြအတြက္ေဆးလႉေပးပါလို႔အၾကံေပးလိုက္ပါတယ္ အဲဒီအၾကံျပဳခ်က္အတိုင္း ေထာက္ပံ့လာခဲ့တာႏွစ္အေတာ္ၾကာသြားပါၿပီ။

အားျပင္းတဲ့ပိုးသတ္ေဆးေတြေသာက္မိလို႔ ၂ႏွစ္ေက်ာ္သာရွိေသးတဲ့ သားရဲ႕ အသည္းမွာ အဆိပ္ဓာတ္ေတြ တက္ၿပီး ေဆးရံုႏွစ္ခါ ဆက္တိုက္ တက္ရပါတယ္။ ဒီေန႔ သူ႔ေမြးေန႔မွ ဒုတိယအႀကိမ္ ေဆးရံုကဆင္းရတာပါ။ ေနာက္ထပ္တစ္လေလာက္ၾကာမွ စိတ္ခ်ရမယ္ဆိုတဲ့အတြက္ ျပင္ပလူနာအေနနဲ႔ ဆက္ကုသေန ရဦးမွာပါ။

ကေလးကိုပိုးသတ္ေဆးကစၿပီး ဘယ္ေဆးတိုက္တိုက္ေဆးျပင္းေတြမတိုက္မိေအာင္မိဘေတြအထူးသတိျပဳျကဖို႔တိုက္တြန္းလိုပါတယ္။ ေဆးတိုင္းမွာ ေဘးထြက္ဆိုးက်ိဳးရွိပါတယ္။ ပါရာစီတေမာလို ေဘးထြက္ဆိုးက်ိဳးနည္းတယ္ဆိုတဲ့ ေဆးေတြ၊ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြေတာင္ အသက္ႏုနယ္ငယ္ရြယ္တဲ့ ကေလးေတြကို တိုက္ရင္ အလြန္သတိထားရပါတယ္။

ေလာကမွာအမွားကင္းသူဟာဘုရားရွင္တစ္ပါးပဲရွိပါတယ္ ရဟနၲာျဖစ္တဲ့အရွင္သာရိပုတၱရာေတာင္တရားေပးမွားဖူးပါတယ္ ဆရာဝန္ေတြဟာလည္းပုထုဇဥ္ေတြသာျဖစ္တဲ့အတြက္တစ္ခါတစ္ရံမွားႏိုင္ပါတယ္။သူတို႔မွားတဲ့အခါကိုယ္ပါလိုက္မမွားရေအာင္ ေဆးပညာနဲ႔ပတ္သက္တာကိုထိုက္သေလာက္ေလ့လာထားေစခ်င္ပါတယ္။ ေဘးကင္းၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမတၱာရွင္ ေရႊျပည္သာ

#Unicode  Version#


သားလေး သန့်ဇင်စိုး၏ ၃ နှစ်ပြည့်မွေးနေ့ ဆေးအလှူနှင့်အထူးသတိပြုသင့်သောဆေးအတွေ့အကြုံ

19″2″2018 နေ့ဟာ ဆရာ့သားလေး မောင်သန့်ဇင်စိုးရဲ့ ၃ နှစ်တင်းတင်းပြည့်တဲ့မွေးနေ့မင်္ဂလာပါ။ဆရာ့မွေးနေ့က 16″2″2018 မို့သားအဖနှစ်ယောက်မွေးနေ့ဟာ၂ရက်ပဲကွာပါတယ်။ သူ့အမေမွေးနေ့ကလည်း ဒီလထဲမှာမို့ သားအမိသားအဖ သုံးယောက် တစ်လထဲမွေးတာပါ။

ဖေဖော်ဝါရီလအစထဲက သားလေးဆေးရုံစတက်ရတာ။ သားလေး အခုနောက်ထပ် ဆေးရုံထပ်တက်ရတဲ့အချိန်မှာပဲ ၃ နှစ်ပြည့်တာပါ။ လွန်ခဲ့တဲ့ ၁၀ရက်လောက်ကပဲ ဆေးရုံကနေ ဆရာ့အမျိုးသမီးက ဆရာ့တပည့် ဦးအောင်ဆန်းဦး ဦးဆောင်လှူဒါန်းနေတဲ့ ဆရာ တပည့် ကာယကံမေတ္တာအဖွဲ့နွမ်းပါးလူနာဆေးဝါးထောက်ပံ့ရေးအဖွဲ့ကို ဆရာတို့မိသားစုဆီက ဆေးဖိုး၁၅သိန်းလှူပေးလိုက်ပါတယ်။

လိုတဲ့နေရာကို ထိထိရောက်ရောက်ကူညီနိုင်အောင် ပညာယှဉ်ပြီးမှလှူတတ်တဲ့အမျိုးသမီးက နွမ်းပါးလူနာအရေးပေါ်ရောက်လာရင် ဆေးဆိုင်ကနေအကြွေးလှူနေကျဦးအောင်ဆန်းဦးမှာ ၃လစာ ဆေးဖိုးငါးသိန်းအလှူရှင်မပေါ်လို့အကြွေးတင်နေတာကိုအရင်ဆပ်ပေးလိုက်ပါတယ်။ ကျန်ဆယ်သိန်းကတော့သူတို့အဖွဲ့တကယ်လိုအပ်တဲ့နေရာမှာ ဆေးဝါးတွေ သွားလှူ၊ ဆေးကုပေးရအောင် ဆရာတို့မိသားစုက မတည်လှူပေးလိုက်တာပါ။

ကိုယ့်ကလေး ဆေးရုံမှာ ရောဂါ လက္ခဏာဒဏ် အလူးအလဲ ခံနေရချိန်မှာတောင် ဆရာတို့မိသားစုအနေနဲ့ တခြားဆေးရုံတွေက မိဘတွေ၊ လူနာတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကူညီဖို့ သတိရှိပေးခဲ့ပါတယ်။ တခြားလူတွေလည်း ကိုယ့်ဘေးပတ်ဝန်းကျင်အတွက် ကိုယ်ရေးကိုယ်တာ အခက်အခဲကြားက အချင်းချင်းရိုင်းပင်းပြီး ပြန်ငဲ့ကွက် ကူညီကြဖို့နဲ့ အခုလို မြန်မာတွေ အခက်အခဲတွေ အဘက်ဘက်က ရင်ဆိုင်နေရချိန်မှာ အချင်းချင်း ပိုစည်းလုံးကြဖို့ ဆရာ တိုက်တွန်းလိုက်ပါရစေ။

ကိုအောင်ဆန်းဦးတို့အဖွဲ့ဟာ လှည်းကူးကမရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာနဲ့တွံတေးက လူငယ်ပြုပြင်ရေးကျောင်းလိုနေရာတွေမှာဆရာဝန်တွေ သူနာပြုတွေအများကြီးခေါ်သွားပြီးကွင်းဆင်းကုသနေကျပါ။ ရန်ကုန် ဆေးရုံတွေက နွမ်းပါးလူနာတွေကို သေချာစိစစ်ပြီး လိုအပ်တဲ့ ဆေးဝါးအကူအညီပေးနေကျပါ။ စာရင်းဇယားလည်း ဆရာသိသလောက် တော်တော် တိကျပါတယ်။

အရင်ကလည်းကြုံရင်ကြုံသလို၄သိန်း ၅သိန်း မကြာခဏလှူဖြစ်ပါတယ်။ဆရာ ရဟန်းဘဝတုန်းက ဦးအောင်ဆန်းဦးက အနောက်ပိုင်းဆေးရုံမှာလိုအပ်နေတဲ့မဖြစ်မနေအသုံးပြုရမယ့်စက်တစ်လုံးလှူဖို့ကြုံလာပါတယ်။ကျူရှင်ဆရာဖြစ်တဲ့ဦးအောင်ဆန်းဦးက သူ့တပည့်တွေရောသူရော ဝိုင်းလှူကြသလို ဆရာနဲ့ဆရာ့တပည့်တွေကလည်းဝိုင်းလှူကြတာ စက်ဖိုးပြည့်သွားတဲ့အပြင်ငွေသိန်းအတော်များများပိုနေပါတယ်။

ပိုငွေကိုဘာလုပ်ရမလဲလို့ဆရာ့ကိုလာမေးတဲ့အခါ တကယ်နွမ်းပါးတဲ့လူနာတွေအတွက်ဆေးလှူပေးပါလို့အကြံပေးလိုက်ပါတယ် အဲဒီအကြံပြုချက်အတိုင်း ထောက်ပံ့လာခဲ့တာနှစ်အတော်ကြာသွားပါပြီ။

အားပြင်းတဲ့ပိုးသတ်ဆေးတွေသောက်မိလို့ ၂နှစ်ကျော်သာရှိသေးတဲ့ သားရဲ့ အသည်းမှာ အဆိပ်ဓာတ်တွေ တက်ပြီး ဆေးရုံနှစ်ခါ ဆက်တိုက် တက်ရပါတယ်။ ဒီနေ့ သူ့မွေးနေ့မှ ဒုတိယအကြိမ် ဆေးရုံကဆင်းရတာပါ။ နောက်ထပ်တစ်လလောက်ကြာမှ စိတ်ချရမယ်ဆိုတဲ့အတွက် ပြင်ပလူနာအနေနဲ့ ဆက်ကုသနေ ရဦးမှာပါ။

ကလေးကိုပိုးသတ်ဆေးကစပြီး ဘယ်ဆေးတိုက်တိုက်ဆေးပြင်းတွေမတိုက်မိအောင်မိဘတွေအထူးသတိပြုကြဖို့တိုက်တွန်းလိုပါတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ပါရာစီတမောလို ဘေးထွက်ဆိုးကျိုးနည်းတယ်ဆိုတဲ့ ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေတောင် အသက်နုနယ်ငယ်ရွယ်တဲ့ ကလေးတွေကို တိုက်ရင် အလွန်သတိထားရပါတယ်။

လောကမှာအမှားကင်းသူဟာဘုရားရှင်တစ်ပါးပဲရှိပါတယ် ရဟန္တာဖြစ်တဲ့အရှင်သာရိပုတ္တရာတောင်တရားပေးမှားဖူးပါတယ် ဆရာဝန်တွေဟာလည်းပုထုဇဉ်တွေသာဖြစ်တဲ့အတွက်တစ်ခါတစ်ရံမှားနိုင်ပါတယ်။သူတို့မှားတဲ့အခါကိုယ်ပါလိုက်မမှားရအောင် ဆေးပညာနဲ့ပတ်သက်တာကိုထိုက်သလောက်လေ့လာထားစေချင်ပါတယ်။ ဘေးကင်းကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: မေတ္တာရှင် ရွှေပြည်သ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top