ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi Version ျဖင့္ဖတ္ရန္ #

အေမး။ ။ အရွင္ဘုရား…တပည့္ေတာ္ ဝါတြင္းဥပုသ္ ေန႔ေတြမွာ ဥပုသ္ ေစာင့္ပါတယ္ဘု ရား၊ ဒါေပမဲ့ ႐ုံးသြားရေတာ့ သနပ္ခါးလိမ္းပါတယ္ဘုရား၊ (မိတ္ကပ္ျပင္၊ႏုတ္ခမ္းနီဆိုးျခင္းမဟုတ္ပါ) တရားစခန္းမွာေတာ့ တပည့္ေတာ္မလိမ္းပါဘူး ဘုရား ။

႐ုံးသြားၿပီးအလုပ္လုပ္ရတာျဖစ္ေတာ့ မ်က္ႏွာေျပာင္နဲ႔သြားဖို႔ မေကာင္းဘူးထင္လို႔ပါ၊သနပ္ခါးလိမ္းတဲ့အခါမွာေတာ့ လွပလိုတဲ့အတြက္ လိမ္းျခယ္ျခင္းမဟုတ္ပါဘုရား။ လူျမင္တင့္တယ္႐ုံ သနပ္ခါးလူးတယ္လို႔ ႏွလုံးသြင္းပါတယ္ဘုရား၊ ဒီလိုျပဳလုပ္တာဟာ သီလပ်က္ပါသလားဘုရား။

တပည့္ေတာ္ေတြးမိတာတစ္ခုရွိေသးတယ္ဘုရား၊ တကယ္လို႔ သနပ္ခါးလိမ္းတဲ့သီလတစ္ပါးက်ိဳးရင္ က်န္တဲ့ ၇ ပါး ရႏိူင္ပါေသးတယ္လို႔ ေတြးမိပါတယ္။ အဲဒါဟုတ္ပါသလားဘုရား။

႐ိုေသေလးစားစြာျဖင့္
မသန္းသန္းႏိူင္
ရန္ကုန္

အေျဖ။ ။ဥပုသ္သီလယူၿပီး သနပ္ခါး စတာေတြ လိမ္းေကာင္းသလားဆိုတာနဲ႔စပ္လို႔ ၈-ပါးဥပုသ္သီလကို အရင္ စစ္ၾကည့္ရပါမယ္။ ဒီ ဥပုသ္သီလ မွာ ဌာနာ ပါတဲ့သိကၡာပုဒ္နဲ႔ ဌာနာမပါတဲ့သိကၡာပုဒ္ဆိုၿပီး သိကၡာပုဒ္ ႏွစ္မ်ိဳးရွိပါတယ္။ ဒီရွစ္ပါးအနက္ သုရာေမရယ သိကၡာပုဒ္ဟာ ဌာနာ ပါပါတယ္။ နစၥ ဂီတစတဲ့သိကၡာပုဒ္မွာလဲ ဌာနာပါတယ္။ က်န္တဲ့ ေျခာက္ပါးမွာေတာ့ ဌာနာမပါပါဘူး။

ဌာနာဆိုတဲ့ပုဒ္ဟာ အကုသိုလ္ ျဖစ္ျခင္းရဲ႕အေၾကာင္းသာ ရွိပါေသးတယ္။ အကုသိုလ္မျဖစ္ေသးပါဘူး။ဒါနဲ႔စပ္လို႔ ဌာနာမပါတဲ့သိကၡာပုဒ္ ေတြမွာ ပါဏာတိပါတ သူတစ္ပါးအသက္မသတ္ခင္မွာလဲ ေဒါသျဖစ္တယ္၊ သတ္ဆဲအခါမွာလဲ ေဒါသအကုသိုလ္ျဖစ္တယ္၊ သတ္ၿပီးတဲ့အခါမွာလဲ အကုသိုလ္ျဖစ္တယ္။ ဒါေၾကာင့္ ပါဏာတိပါတစတဲ့ ဌာနာမပါတဲ့သိကၡာပုဒ္ေျခာက္ပါးဟာ မျပဳခင္မွာလဲ အကုသိုလ္ျဖစ္တယ္၊ ျပဳဆဲမွာလဲအကုသိုလ္ျဖစ္တယ္။ ျပဳၿပီးမွာလဲ အကုသိုလ္ျဖစ္တယ္။

ဌာနာဆိုတဲ့ပုဒ္ပါတဲ့ အရက္ေသာက္ျခင္းြဟာ အကုသိုလ္ျဖစ္ခ်င္းရဲ႕အေၾကာင္းပဲရွိပါေသးတယ္။ အရက္ မေသာက္မီကလဲ အကုသိုလ္မျဖစ္ပါဘူး၊ ေသာက္ဆဲမွာလဲ အကုသိုလ္မျဖစ္ဘူး၊ေသာက္ၿပီးတဲ့အခါမွာသာ တကယ္အကုသိုလ္ျဖစ္ေတာ့မွာပါ။

နစၥ၊ ဂီတစတဲ့ ကခုန္၊တီးမႈတ္၊သနပ္ခါးလိမ္းတာေတြဟာလဲ မျပဳမီက အကုသိုလ္မျဖစ္ေပၚေသးပါ၊ ျပဳဆဲမွာလဲ အကုသိုလ္မျဖစ္ေပၚေသး ပါ။ ျပဳၿပီးတဲ့ေနာက္ပိုင္းမွာ အကုသိုလ္ျဖစ္ရတာပါ။ ဒီလို ေနာက္မွျဖစ္ေပၚရတဲ့အတြက္ ဌာနာ သဒၵါ ပါပါတယ္။

ဒါေၾကာင့္ အရက္ေသာက္ျခင္း၊ သနပ္ခါးလိမ္းျခယ္ျခင္းစတာေတြ ျပဳလုပ္ၿပီးမွ သီလာယူတာဟာ မအပ္မဟုတ္၊ အပ္ပါတယ္။သို႔ေသာ္ လည္း သီလခံယူၿပီးတဲ့ေနာက္ သနပ္ခါးလိမ္းဖို႔ရာ မအပ္ေတာ့တဲ့အတြက္ေၾကာင့္ သီလယူၿပီးတဲ့အခါ လိမ္းျခယ္ထားတဲ့သနပ္ခါးေတြကို ပယ္ဖ်က္ရပါမယ္။

ေနာက္တစ္ခုက ရွစ္ပါးသီလကို တစ္ပါးစီဆိုၿပီး ရွစ္ပါးစလုံးယူထားရင္ တစ္ပါးပ်က္က က်န္ခုႏွစ္ပါးရွိပါေသးတယ္။ ဒါေပမဲ့ ရွစ္ပါးစလုံးကို တစ္ၿပိဳင္တည္း ယူလိုက္မယ္ဆိုရင္ တစ္ပါးပ်က္က အားလုံးပ်က္သြားပါေၾကာင္း ထပ္ေလာင္း ေျဖၾကားေပးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စာေရးသူ- ဦးေကာဝိဒ(ၿမိတ္)
# Unicode Version ဖြင့်ဖတ်ရန် #
အမေး။ ။ အရှင်ဘုရား…တပည့်တော် ဝါတွင်းဥပုသ် aန့တွေမှာ ဥပုသ် aစာင့်ပါတယ်ဘု ရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော်မလိမ်းပါဘူး ဘုရား ။

ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူးထင်လို့ပါ၊သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။

တပည့်တော်တွေးမိတာတစ်ခုရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့ ၇ ပါး ရနိူင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။

ရိုသေလေးစားစွာဖြင့်
မသန်းသန်းနိူင်
ရန်ကုန်

အဖြေ။ ။ဥပုသ်သီလယူပြီး သနပ်ခါး စတာတွေ လိမ်းကောင်းသလားဆိုတာနဲ့စပ်လို့ ၈-ပါးဥပုသ်သီလကို အရင် စစ်ကြည့်ရပါမယ်။ ဒီ ဥပုသ်သီလ မှာ ဌာနာ ပါတဲ့သိက္ခာပုဒ်နဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ဆိုပြီး သိက္ခာပုဒ် နှစ်မျိုးရှိပါတယ်။ ဒီရှစ်ပါးအနက် သုရာမေရယ သိက္ခာပုဒ်ဟာ ဌာနာ ပါပါတယ်။ နစ္စ ဂီတစတဲ့သိက္ခာပုဒ်မှာလဲ ဌာနာပါတယ်။ ကျန်တဲ့ ခြောက်ပါးမှာတော့ ဌာနာမပါပါဘူး။

ဌာနာဆိုတဲ့ပုဒ်ဟာ အကုသိုလ် ဖြစ်ခြင်းရဲ့အကြောင်းသာ ရှိပါသေးတယ်။ အကုသိုလ်မဖြစ်သေးပါဘူး။ဒါနဲ့စပ်လို့ ဌာနာမပါတဲ့သိက္ခာပုဒ် တွေမှာ ပါဏာတိပါတ သူတစ်ပါးအသက်မသတ်ခင်မှာလဲ ဒေါသဖြစ်တယ်၊ သတ်ဆဲအခါမှာလဲ ဒေါသအကုသိုလ်ဖြစ်တယ်၊ သတ်ပြီးတဲ့အခါမှာလဲ အကုသိုလ်ဖြစ်တယ်။ ဒါကြောင့် ပါဏာတိပါတစတဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ခြောက်ပါးဟာ မပြုခင်မှာလဲ အကုသိုလ်ဖြစ်တယ်၊ ပြုဆဲမှာလဲအကုသိုလ်ဖြစ်တယ်။ ပြုပြီးမှာလဲ အကုသိုလ်ဖြစ်တယ်။

ဌာနာဆိုတဲ့ပုဒ်ပါတဲ့ အရက်သောက်ခြင်းွဟာ အကုသိုလ်ဖြစ်ချင်းရဲ့အကြောင်းပဲရှိပါသေးတယ်။ အရက် မသောက်မီကလဲ အကုသိုလ်မဖြစ်ပါဘူး၊ သောက်ဆဲမှာလဲ အကုသိုလ်မဖြစ်ဘူး၊သောက်ပြီးတဲ့အခါမှာသာ တကယ်အကုသိုလ်ဖြစ်တော့မှာပါ။

နစ္စ၊ ဂီတစတဲ့ ကခုန်၊တီးမှုတ်၊သနပ်ခါးလိမ်းတာတွေဟာလဲ မပြုမီက အကုသိုလ်မဖြစ်ပေါ်သေးပါ၊ ပြုဆဲမှာလဲ အကုသိုလ်မဖြစ်ပေါ်သေး ပါ။ ပြုပြီးတဲ့နောက်ပိုင်းမှာ အကုသိုလ်ဖြစ်ရတာပါ။ ဒီလို နောက်မှဖြစ်ပေါ်ရတဲ့အတွက် ဌာနာ သဒ္ဒါ ပါပါတယ်။

ဒါကြောင့် အရက်သောက်ခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းစတာတွေ ပြုလုပ်ပြီးမှ သီလာယူတာဟာ မအပ်မဟုတ်၊ အပ်ပါတယ်။သို့သော် လည်း သီလခံယူပြီးတဲ့နောက် သနပ်ခါးလိမ်းဖို့ရာ မအပ်တော့တဲ့အတွက်ကြောင့် သီလယူပြီးတဲ့အခါ လိမ်းခြယ်ထားတဲ့သနပ်ခါးတွေကို ပယ်ဖျက်ရပါမယ်။

နောက်တစ်ခုက ရှစ်ပါးသီလကို တစ်ပါးစီဆိုပြီး ရှစ်ပါးစလုံးယူထားရင် တစ်ပါးပျက်က ကျန်ခုနှစ်ပါးရှိပါသေးတယ်။ ဒါပေမဲ့ ရှစ်ပါးစလုံးကို တစ်ပြိုင်တည်း ယူလိုက်မယ်ဆိုရင် တစ်ပါးပျက်က အားလုံးပျက်သွားပါကြောင်း ထပ်လောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: စာရေးသူ- ဦးကောဝိဒ(မြိတ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top